YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟောရှေအနာဂတ္တိကျမ်း 11

11
အစ္စရေးအပေါ်ထားသော ထာဝရဘုရား၏မေတ္တာတော်
1“​အစ္စရေး​ငယ်​စဉ်က သူ့​ကို​ငါ​ချစ်​၏​။ ငါ့​သား​ကို အီဂျစ်​ပြည်​မှ ငါ​ခေါ်​ခဲ့​ပြီ​။#မ 2:15။ 2သူ​တို့​သည် ခေါ်​လေလေ ထွက်ပြေး​လေလေ ဖြစ်​၏​။ ဗာလ​ဘုရား​ကို ယဇ်ပူဇော်​ကြ​၏​။ ရုပ်တု​များ​အား နံ့သာပေါင်း​ကို​မီးရှို့ပူဇော်​ကြ​၏​။ 3ငါ​သည် ဧဖရိမ်​ကို လမ်းလျှောက်​သင်​ပေး​ခဲ့​၏​။ ပွေ့ချီ​ခဲ့​၏​။ သူ​တို့​အား ငါ​ကုသ​ပေး​ခဲ့​သည်​ကို သူ​တို့ မ​သိ​ကြ​။ 4ငါ​သည် သူ​တို့​ကို ကရုဏာ#11:4 တိုက်ရိုက်ပြန်ဆိုလျှင် “လူ”။​ကြိုး​၊ မေတ္တာ​ကြိုး​ဖြင့် ဆွဲခေါ်​ခဲ့​၏​။ သူ​တို့​မေးရိုး​မှ နဖားကြိုး​ကို ဖယ်ရှား​ပေး​ခဲ့​၏​။ ကိုယ်​ကို​ညွှတ်​၍ သူ​တို့​ကို အစာကျွေး​ခဲ့​၏​။ 5သူ​တို့​သည် ငါ့​ထံသို့ ပြန်​မ​လာ​လို​သောကြောင့် အီဂျစ်​ပြည်​သို့​လည်း ပြန်​မ​သွား​ရ​။ အဆီးရီးယား​သည် သူ​တို့​ကို​အုပ်စိုး​လိမ့်မည်​။ 6ဓားဘေး​သည် သူ​တို့​မြို့​သို့​ရောက်လာ​၍ မြို့​တံခါး​များ​ကို ဖျက်ဆီး​ပစ်​မည်​။ သူ​တို့​၏​အကြံအစည်​တို့​ကို​လည်း ဝါးမျို​ပစ်​မည်​။ 7ငါ့​လူမျိုး​တော်​သည် ငါ့​ထံမှ​လမ်းလွဲဖောက်ပြန်​လို​စိတ်​အားကြီး​ကြ​ပြီ​။ သူ​တို့​သည် ကောင်းကင်ဘုံရှင်​ကို​ခေါ်​သော်လည်း သူ​တို့​တစ်ဦးတစ်ယောက်​မျှ ကိုယ်တော်​ကို မ​ချီးမြှောက်​ကြ​။ 8အို ဧဖရိမ်​၊ သင့်​ကို မည်သို့​စွန့်ပစ်​နိုင်​မည်နည်း​။ အို အစ္စရေး​၊ သင့်​ကို မည်သို့​အပ်နှံ​နိုင်​မည်နည်း​။ အာဒမာ​မြို့​ကဲ့သို့ သင့်​ကို​မည်သို့​ဖြစ်​စေ​နိုင်​မည်နည်း​။ ဇေဘိုင်​မြို့​ကဲ့သို့ သင့်​ကို​မည်သို့​ဖြစ်​စေ​နိုင်​မည်နည်း​။ ငါ​သည် စိတ်ပြောင်း​ပြီး သနားကြင်နာစိတ် တစ်စတစ်စ​တိုးပွား​လာ​ပြီ​။ 9ငါ​သည် အမျက်ထွက်​သည့်​အလျောက် မ​ပြု​။ ဧဖရိမ်​ကို နောက်တစ်ဖန် မ​ဖျက်ဆီး​။ အကြောင်းမှာ ငါ​သည် လူ​မ​ဟုတ်​၊ ဘုရားသခင်​ဖြစ်​၏​။ သင်​တို့​နှင့်အတူ​ရှိ​သည့်​သန့်ရှင်း​သော​အရှင် ဖြစ်​၏​။ သင့်​ထံ အမျက်​ဖြင့်​လာ​မည်​မ​ဟုတ်​။ 10သူ​တို့​သည် ထာဝရဘုရား​နောက်​တော်​သို့ လိုက်​ကြ​လိမ့်မည်​။ ကိုယ်တော်​သည် ခြင်္သေ့​ကဲ့သို့​ဟိန်း​တော်မူ​မည်​။ ဟိန်း​တော်မူ​သောအခါ ကိုယ်တော်​၏​သားသမီး​တို့​သည် အနောက်​အရပ်​မှ​ကြောက်ရွံ့တုန်လှုပ်​လျက် ထွက်လာ​ကြ​မည်​။ 11သူ​တို့​သည် ကြောက်ရွံ့တုန်လှုပ်​လျက်​ငှက်​ကဲ့သို့ အီဂျစ်​ပြည်​မှ​လည်းကောင်း​၊ ချိုးငှက်​ကဲ့သို့ အဆီးရီးယား​ပြည်​မှ​လည်းကောင်း ထွက်လာ​ကြ​လိမ့်မည်​။ ငါ​သည် သူ​တို့​ကို နေရင်းပြည်​၌ နေရာချ​ထား​ပေး​မည်​”​ဟု ထာဝရဘုရား မိန့်​တော်မူ​၏​။ 12“ဧဖရိမ်​သည် မုသား​သုံး​၍ ငါ့​ကို​လှည့်စား​၏​။ အစ္စရေး​အမျိုးအနွယ်​သည် ငါ့​ကို​လိမ်လည်လှည့်ဖြား​၏​။ ယုဒ​သည် သန့်ရှင်း​၍ သစ္စာစောင့်​သော​ဘုရား​ကို ဆန့်ကျင်​လေ​ပြီ​။

လက်ရှိရွေးချယ်ထားမှု

ဟောရှေအနာဂတ္တိကျမ်း 11: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ