YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေဇကျေလအနာဂတ္တိကျမ်း 15

15
အသုံးမဝင်သောစပျစ်ပင်ပုံဥပမာ
1တစ်ဖန် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့​ရောက်လာ​၍ 2“​အချင်း​လူသား​၊ တော​ထဲရှိ​သစ်ပင်​တို့​တွင်​နွယ်​တက်​နေ​သော​စပျစ်ကိုင်းသား​သည် မည်သည့်​သစ်သား​တို့​ထက် ပိုကောင်း​သနည်း​။ 3စပျစ်သား​ဖြင့် တစ်စုံတစ်ခု​ကို ပြုလုပ်​နိုင်​သလော​။ စပျစ်သား​ဖြင့် တစ်စုံတစ်ခု​ကို ချိတ်ဆွဲ​ဖို့​ငုတ်တိုင် ပြုလုပ်​နိုင်​သလော​။ 4လောင်စာ​အဖြစ် မီး​ထဲသို့​ပစ်ချ​လိုက်​လျှင် အရင်း​ရော​အဖျား​ပါ မီးလောင်​၍ အလယ်ပိုင်း​လည်း ကျွမ်းသွား​သောအခါ တစ်စုံတစ်ရာ​အသုံးဝင်​သေး​သလော​။ 5မီးမလောင်​မီ​ကပင် တစ်စုံတစ်ရာ​အသုံး​မ​ဝင်​လျှင် မီး​ကျွမ်း​လောင်​ပြီးမှ တစ်စုံတစ်ရာ​အသုံးဝင်​နိုင်​ဦး​မည်လော​။
6ထို့ကြောင့် ဘုရားရှင်​ထာဝရဘုရား​က ‘တော​သစ်ပင်​များ​ကြား​ရှိ စပျစ်နွယ်​ကို မီး​ဖြင့်​လောင်ကျွမ်း​သွား​စေ​သကဲ့သို့ ဂျေရုဆလင်​မြို့သား​တို့​ကို ငါ​ပြု​မည်​။ 7ငါ​သည် သူ​တို့​ထံမှ မျက်နှာ​လွှဲ​မည်​။ သူ​တို့​သည် မီးဘေး​တစ်​ခု​မှ​လွတ်မြောက်​လျှင်​လည်း နောက်​မီးဘေး​တစ်​ခု​က သူ​တို့​ကို​လောင်ကျွမ်း​နေ​ဦး​မည်​။ ထိုသို့ ငါ​မျက်နှာ​လွှဲ​ထား​သောအခါ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း သင်​တို့​သိ​ကြ​လိမ့်မည်’​ဟု မိန့်​တော်မူ​၏​။ 8‘သူ​တို့​သည် ဖောက်ပြန်မှားယွင်း​သောကြောင့် သူ​တို့​ပြည်​ကို လူသူကင်းမဲ့​ရာ​ဖြစ်​စေ​မည်’​ဟူ၍ ဘုရားရှင်​ထာဝရဘုရား​မိန့်​တော်မူ​သည်”​ဟု မိန့်ဆို​၏​။

လက်ရှိရွေးချယ်ထားမှု

ယေဇကျေလအနာဂတ္တိကျမ်း 15: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ