YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေဇကျေလအနာဂတ္တိကျမ်း 14

14
ရုပ်တုကိုးကွယ်သောသက်ကြီးဝါကြီးတို့ကို ဒဏ်ခတ်ခြင်း
1အစ္စရေး​သက်ကြီးဝါကြီး​အချို့​တို့​သည် ငါ့​ထံသို့​လာ​၍ ငါ့​ရှေ့​တွင် ထိုင်​နေ​ကြ​စဉ် 2ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့​ရောက်လာ​၍ 3“​အချင်း​လူသား​၊ ဤ​လူ​တို့​သည် သူ​တို့​စိတ်​ထဲတွင် ရုပ်တု​များ​ကို နေရာပေး​လျက်​၊ သူ​တို့​ရှေ့​တွင် ဒုစရိုက်​ခလုတ်တံသင်း​ကို ချထား​လျက်​နှင့် ငါ့​အား​မေးလျှောက်​သည်​ကို ငါ​ခွင့်ပြု​ရ​မည်လော​။
4သို့ဖြစ်၍ ထို​သူ​တို့​အား ‘ဘုရားရှင်​ထာဝရဘုရား​က မိမိ​စိတ်​ထဲတွင် ရုပ်တု​များ​ကို နေရာပေး​လျက်​၊ မိမိ​တို့​ရှေ့​တွင် ဒုစရိုက်​ခလုတ်တံသင်း​ကို ချထား​လျက်​နှင့် ပရောဖက်​ထံသို့​လာရောက်​မေးမြန်း​သော အစ္စရေး​လူမျိုး​မည်သူမဆို ရုပ်တု​ကို​နေရာပေး​လျှင် ပေးသလောက် သူ့​ကို ငါ​ထာဝရဘုရား တုံ့ပြန်​မည်​။ 5ရုပ်တု​များ​ကြောင့် ငါ​နှင့်​ဝေးကွာ​သွား​သော အစ္စရေး​လူမျိုး​အပေါင်း​တို့​၏​နှလုံးသား​ကို ငါ​ပြန်လည်​ဆွဲယူ​မည်​ဟူ၍ မိန့်​တော်မူ​သည်​’​ဟု ဆင့်ဆို​လော့​။
6သို့ဖြစ်၍ အစ္စရေး​အမျိုးအနွယ်​အား ‘​ဘုရားရှင်​ထာဝရဘုရား​က နောင်တရ​၍ ရုပ်တု​များ​နောက်သို့​လိုက်​ခြင်း​မှ ပြန်လှည့်​လော့​။ သင်​တို့​၏​စက်ဆုပ်ရွံရှာဖွယ်​ရှိသမျှ​တို့​မှ သင်​တို့​မျက်နှာ​ကို​လွှဲ​ကြ​လော့​။ 7ငါ​နှင့်​ဝေးကွာ​၍ မိမိ​စိတ်​ထဲတွင် ရုပ်တု​များ​ကို နေရာပေး​လျက်​၊ မိမိ​တို့​ရှေ့​တွင် ဒုစရိုက်​ခလုတ်တံသင်း​ကို ချထား​လျက်​နှင့် ပရောဖက်​ထံသို့​လာရောက်​မေးမြန်း​သော မည်သည့်​အစ္စရေး​လူမျိုး​မ​ဆို​၊ အစ္စရေး​လူမျိုး​တို့​နှင့်အတူ​နေထိုင်​သော မည်သည့်​တိုင်းတစ်ပါးသား​မ​ဆို ငါ​ထာဝရဘုရား​ကိုယ်တိုင် တုံ့ပြန်​မည်​။ 8သူ့​ကို​မျက်နှာလွှဲ​၍ အမှတ်သညာ​ပြုစရာ​၊ ပုံခိုင်းစရာ ဖြစ်​စေ​မည်​။ ငါ့​လူမျိုး​တော်​ထဲ​မှ​ဖယ်ထုတ်​ပစ်​မည်​။ ထိုမှ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း သင်​တို့​သိ​ကြ​လိမ့်မည်​။
9ပရောဖက်​သည် သွေးဆောင်​ခံရ​ပြီး တစ်စုံတစ်ရာ​ဟောပြော​လျှင် ထို​ပရောဖက်​ကို သွေးဆောင်​သော​သူ​သည် ငါ​ထာဝရဘုရား​ပင်​ဖြစ်​၏​။ ငါ​၏​လက်​ကို​ဆန့်​၍ သူ့​ကို ငါ​၏​လူမျိုး​တော်​အစ္စရေး​အမျိုး​ထဲ​မှ ဖယ်ရှား​ပစ်​မည်​။ 10သူ​တို့​သည် ကိုယ့်​အပြစ်​အတွက် အပြစ်ဒဏ်​ကို​ခံရ​မည်​။ ပရောဖက်​ထံ​မေးမြန်း​သူ​ခံရ​သော​အပြစ်ဒဏ်​သည် ပရောဖက်​ခံရ​သော အပြစ်ဒဏ်​နှင့်​အတူတူ​ပင်​ဖြစ်​၏​။ 11သို့မှ အစ္စရေး​အမျိုးအနွယ်​သည် ငါ့​ထံမှ​လမ်းလွဲ​တော့​မည်​မ​ဟုတ်​။ အပြစ်​ကျူးလွန်​ခြင်း​ဖြင့် ကိုယ်ကို​ညစ်ညူး​စေ​တော့​မည်​မ​ဟုတ်​။ သူ​တို့​သည် ငါ​၏​လူမျိုး​တော်​ဖြစ်​မည်​။ ငါ​သည်​လည်း သူ​တို့​၏​ဘုရား​ဖြစ်​မည်​ဟု မိန့်​တော်မူ​၏​’​ဟူ၍ ဆင့်ဆို​လော့​”​ဟု မိန့်ဆို​၏​။
ဘေးဆိုးလေးမျိုး
12တစ်ဖန် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့​ရောက်လာ​၍ 13“​အချင်း​လူသား​၊ ပြည်​တစ်​ပြည်​ရှိ​ပြည်သား​တို့​သည် ဖောက်ပြန်မှားယွင်း​၍ ငါ့​ကို​ပြစ်မှား​ကြ​လျှင် ငါ​သည် လက်​ကို​ဆန့်​ပြီး ထို​ပြည်​၏​စားနပ်ရိက္ခာ#14:13 တိုက်ရိုက်ပြန်ဆိုလျှင် “တောင်ဝှေး”။​ကို ဖြတ်တောက်​ပစ်​မည်​။ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​ကို ကျရောက်​စေ​ပြီး ထို​ပြည်​ရှိ လူ​နှင့်​တိရစ္ဆာန်​တို့​ကို သုတ်သင်ပယ်ရှင်း​ပစ်​မည်​။ 14ထို​ပြည်​တွင် နောဧ​၊ ဒံယေလ​၊ ယောဘ စသော ပုဂ္ဂိုလ်​သုံး​ဦး​ရှိ​နေ​လျှင်​လည်း သူ​တို့​ဖြောင့်မတ်​ခြင်း​ကြောင့် သူ​တို့​ကိုယ်ကို​သာ​သူ​တို့ ကယ်တင်​နိုင်​မည်​”​ဟု ဘုရားရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။
15“ထို​ပြည်​ထဲသို့ သားရဲတိရစ္ဆာန်​ကို စေလွှတ်​၍​ဖျက်ဆီး​စေ​မည်​၊ ထို​သားရဲတိရစ္ဆာန်​များ​ကြောင့် ထို​ပြည်​သည် ဖြတ်သန်းသွားလာ​မည့်​သူ​မ​ရှိ​၊ လူသူကင်းမဲ့​ရာ​ဖြစ်သွား​မည်​ဆို​ပါစို့​။ 16ငါ​အသက်ရှင်​သည်​နှင့်အညီ ထို​ပုဂ္ဂိုလ်​သုံး​ဦး​သည် ထို​ပြည်​၌​ရှိ​နေ​လျှင်​လည်း သူ​တို့​ကိုယ်ကို​သာ သူ​တို့​ကယ်တင်​နိုင်​မည်​။ သူ​တို့​သား​သမီး​များ​ကို ကယ်တင်​နိုင်​မည်​မ​ဟုတ်​။ ပြည်​သည်​လည်း လူသူကင်းမဲ့​ရာ​ဖြစ်​လိမ့်မည်”​ဟု ဘုရားရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။
17“သို့မဟုတ် တိုင်းပြည်​တွင် ဓားဘေး​ကျရောက်​စေ”​ဟု ငါ​အမိန့်ပေး​သဖြင့် ဓားဘေး​ကျရောက်​၍ လူ​နှင့်​တိရစ္ဆာန်​တို့​ကို သုတ်သင်ပယ်ရှင်း​ပစ်​မည်​ဆို​ပါစို့​။ 18“ငါ​အသက်ရှင်​သည်​နှင့်အညီ ထို​ပုဂ္ဂိုလ်​သုံး​ဦး​သည် ထို​ပြည်​၌​ရှိ​နေ​လျှင်​လည်း သူ​တို့​ကိုယ်ကို​သာ သူ​တို့​ကယ်တင်​နိုင်​မည်​။ သူ​တို့​သား​သမီး​များ​ကို ကယ်တင်​နိုင်​မည်​မ​ဟုတ်”​ဟု ဘုရားရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။
19“သို့မဟုတ် ထို​ပြည်​ထဲသို့ ကပ်ရောဂါ​ဘေး ကျရောက်​စေ​မည်​။ ငါ့​အမျက်​သွေးကြွေး​ကို သွန်ချ​၍ လူ​နှင့်​တိရစ္ဆာန်​တို့​ကို သုတ်သင်ပယ်ရှင်း​ပစ်​မည်​ဆို​ပါစို့​။ 20ငါ​အသက်ရှင်​သည်​နှင့်အညီ ထို​ပြည်​ထဲ​တွင် နောဧ​၊ ဒံယေလ​၊ ယောဘ​တို့​ရှိ​လျှင်​လည်း သူ​တို့​ဖြောင့်မတ်​ခြင်း​ကြောင့် သူ​တို့​ကိုယ်ကို​သာ သူ​တို့​ကယ်တင်​နိုင်​မည်​။ သူ​တို့​သား​သမီး​ကို ကယ်တင်​နိုင်​မည်​မ​ဟုတ်​”​ဟု ဘုရားရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။
21ထို့ကြောင့် ဘုရားရှင်​ထာဝရဘုရား​က “​ဂျေရုဆလင်​မြို့​ထဲသို့ ဓားဘေး​၊ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​၊ သားရဲတိရစ္ဆာန်​ဘေး​၊ ကပ်ရောဂါ​ဘေး စသော ဘေးဆိုး​လေး​မျိုး​ဖြင့်​ဒဏ်ခတ်​ပြီး လူ​နှင့်​တိရစ္ဆာန်​တို့​ကို သုတ်သင်ပယ်ရှင်း​သောအခါ ပို၍​ဆိုးဝါး​ပေ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏​။ 22“သို့သော် ထို​ပြည်​ထဲ၌ လွတ်မြောက်​၍​ကြွင်းကျန်ရစ်​သော သား​သမီး​အချို့​တို့​သည် ထုတ်ဆောင်​သွား​ခြင်း​ခံရ​လိမ့်မည်​။ သူ​တို့​သည် သင်​တို့​ထံ​ရောက်လာ​၍ သူ​တို့​၏​အပြုအမူ​အကျင့်အကြံ​တို့​ကို သင်​တို့​မြင်​ရ​လိမ့်မည်​။ ထိုအခါ ဂျေရုဆလင်​မြို့​အပေါ် ငါ​ကျရောက်​စေ​ခဲ့​သော​ဘေးအန္တရာယ် အလုံးစုံ​တို့​အတွက် သင်​တို့​စိတ်သက်သာ​ရာ​ရ​လိမ့်မည်​။ 23သူ​တို့​၏​အပြုအမူ​အကျင့်အကြံ​တို့​ကို သင်​တို့​မြင်​ရ​သောအခါ သင်​တို့​စိတ်သက်သာ​ရာ​ရ​လိမ့်မည်​။ ဂျေရုဆလင်​မြို့​ကို ငါ​စီရင်​ခဲ့​သည်​မှာ အကြောင်းမဲ့​မ​ဟုတ်​ကြောင်း​ကို သင်​တို့​သိ​ကြ​လိမ့်မည်​”​ဟု ဘုရားရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။

လက်ရှိရွေးချယ်ထားမှု

ယေဇကျေလအနာဂတ္တိကျမ်း 14: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။