YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာကျမ်း 28

28
ယဇ်ပုရောဟိတ်အဝတ်တန်ဆာ
1ယဇ်ပုရောဟိတ်​အဖြစ် ငါ့​ထံ၌​အမှု​တော်​ကို​ဆောင်ရွက်​ရန် အစ္စရေး​အမျိုးသား​တို့​ထဲ​မှ သင့်​အစ်ကို​အာရုန်​နှင့်​သူ့​သား​များ​ဖြစ်​သော နာဒပ်​၊ အဘိဟု​၊ ဧလာဇာ​၊ ဣသမာ တို့​ကို သင့်​ထံသို့​လာ​စေ​လော့​။ 2သင့်​အစ်ကို​အာရုန်​ဂုဏ်သရေ​ရှိ​၍ တင့်တယ်ခန့်ညား​ဖို့ သူ့​အတွက် သန့်ရှင်း​သော​အဝတ်တန်ဆာ​ကို သင်​ချုပ်လုပ်​ပေး​ရ​မည်​။ 3အာရုန်​သည် ယဇ်ပုရောဟိတ်​အဖြစ် ငါ့​ထံ၌​အမှု​တော်​ကို​ဆောင်ရွက်​သောအခါ သန့်ရှင်း​ခြင်း​ရှိ​စေရန် သူ​ဝတ်​ရ​မည့်​အဝတ်တန်ဆာ​ကို ငါ​ပေး​သော​ဉာဏ်ပညာ​ဖြင့် လက်မှုအတတ်​ကျွမ်းကျင်သူ​အပေါင်း​တို့ ချုပ်လုပ်​ပေး​ကြ​မည့်​အကြောင်း သင်​ဆင့်ဆို​ရ​မည်​။ 4သူ​တို့​ပြုလုပ်​ရ​မည့်​အဝတ်တန်ဆာ​များ​ကား ရင်ခံပြား​၊ ဧဖုဒ်#28:4 “ယဇ်ပုရောဟိတ်အတွက် အထူးချုပ်ထားသောအပေါ်ခံအင်္ကျီ”။​၊ ဝတ်လုံ​၊ ရက်လုပ်​ထား​သော​အတွင်းသင်တိုင်း​၊ ခေါင်းပေါင်း​နှင့် ခါးစည်း တို့​ဖြစ်​၏​။ ယဇ်ပုရောဟိတ်​အဖြစ် ငါ့​ထံ၌​အမှု​တော်​ကို​ဆောင်ရွက်​ရန် သင့်​အစ်ကို​အာရုန်​နှင့် သူ့​သား​များ​အတွက် သန့်ရှင်း​သော​အဝတ်တန်ဆာ​ကို​ချုပ်လုပ်​ရ​မည်​။ 5သူ​တို့​သည် ရွှေ​ချည်​၊ အပြာရောင်​ချည်​၊ ခရမ်းရောင်​ချည်​၊ အနီရောင်​ချည်​နှင့် ပိတ်ချောထည် တို့​ကို​အသုံးပြု​ရ​မည်​။
အပြင်သင်တိုင်း
6ဧဖုဒ်#28:6 “ယဇ်ပုရောဟိတ်အတွက် အထူးချုပ်ထားသောအပေါ်ခံအင်္ကျီ”။​ကို ရွှေ​ချည်​၊ အပြာရောင်​ချည်​၊ ခရမ်းရောင်​ချည်​၊ အနီရောင်​ချည် တို့​ဖြင့်​ရက်လုပ်​သော​ပိတ်ချောထည်​ဖြင့် လက်ရာမြောက်​စွာ ချုပ်လုပ်​ရ​မည်​။ 7ပခုံး​အစွန်း​နှစ်​ခု​ကို​ဆက်​ရန် ပခုံးသိုင်းကြိုး​နှစ်​ခု​ရှိ​ရ​မည်​။ 8ဧဖုဒ်#28:8 “ယဇ်ပုရောဟိတ်အတွက် အထူးချုပ်ထားသောအပေါ်ခံအင်္ကျီ”။​ပေါ်ရှိ ခါးပတ်ပြား​ကို​လည်း ဧဖုဒ်​လုပ်​သကဲ့သို့ပင် ရွှေ​ချည်​၊ အပြာရောင်​ချည်​၊ ခရမ်းရောင်​ချည်​၊ အနီရောင်​ချည် တို့​ဖြင့်​ရက်လုပ်​ထား​သော​ပိတ်ချောထည်​ဖြင့် ချုပ်လုပ်​ရ​မည်​။ 9သင်​သည် မဟူရာကြောင်ဝင်​ကျောက်​နှစ်​လုံး​ကို​လည်း​ယူ​၍ ထို​ကျောက်​နှစ်​လုံး​ပေါ်၌ အစ္စရေး​၏​သား​တို့​အမည်​များ​ကို ကမ္ပည်းထိုး​ရ​မည်​။ 10ခြောက်​ယောက်​၏​အမည်​ကို ပထမ​ကျောက်​တစ်​လုံး​အပေါ်​တွင်​လည်းကောင်း​၊ ကျန်​ခြောက်​ယောက်​၏​အမည်​ကို ဒုတိယ​ကျောက်​တစ်​လုံး​အပေါ်​တွင်​လည်းကောင်း ကြီးစဉ်ငယ်လိုက်​ကမ္ပည်းထိုး​ရ​မည်​။ 11အစ္စရေး​၏​သား​တို့​အမည်​များ​ကို ကမ္ပည်း​တံဆိပ်​အဖြစ် ထို​ကျောက်​နှစ်​လုံး​အပေါ်​၌ ကျောက်ဆစ်​အတတ်ပညာ​ဖြင့် ကမ္ပည်းထိုး​၍ ရွှေ​ကျောက်မျက်အိုး​၌ ထည့်​ထား​ရ​မည်​။ 12ထို​ကျောက်​နှစ်​လုံး​ကို အစ္စရေး​အမျိုးသား​တို့​အတွက် အောက်မေ့ဖွယ်​ကျောက်​အဖြစ် ဧဖုဒ်#28:12 “ယဇ်ပုရောဟိတ်အတွက် အထူးချုပ်ထားသောအပေါ်ခံအင်္ကျီ”။​၏​ပခုံးသိုင်းကြိုး​အပေါ်​၌ တပ်​ရ​မည်​။ ထာဝရဘုရား​ရှေ့​တော်​၌ အောက်မေ့ဖွယ်​အဖြစ် သူ​တို့​၏​အမည်​ကို အာရုန်​သည် သူ​၏​ပခုံး​နှစ်​ဖက်​၌ ဆောင်​ရ​မည်​။ 13ရွှေ​ကျောက်မျက်အိုး​များ​ကို​လည်း လုပ်​ရ​မည်​။ 14ကြိုးကျစ်​သကဲ့သို့ ကျစ်​ထား​သော​ရွှေ​စင်​ကြိုး​နှစ်​ချောင်း​ကို လုပ်​၍ ထို​ရွှေစင်​ကြိုး​တို့​ကို ကျောက်မျက်အိုး​ဖြင့် ဆက်​ထား​ရ​မည်​။
ရင်ခံပြား
15တရားစီရင်​ခြင်း​ဆိုင်ရာ​ရင်ခံပြား​ကို ဧဖုဒ်#28:15 “ယဇ်ပုရောဟိတ်အတွက် အထူးချုပ်ထားသောအပေါ်ခံအင်္ကျီ”။​လုပ်​သကဲ့သို့ ရွှေ​ချည်​၊ အပြာရောင်​ချည်​၊ ခရမ်းရောင်​ချည်​၊ အနီရောင်​ချည် တို့​ဖြင့်​ရက်လုပ်​ထား​သော​ပိတ်ချောထည်​ဖြင့် လက်ရာမြောက်​စွာ ချုပ်လုပ်​ရ​မည်​။ 16ထို​ရင်ခံပြား​သည် နှစ်လွှာ​ရှိ​၍ အလျား​တစ်ထွာ#28:16 “9 လက်မ သို့မဟုတ် 22 စင်တီမီတာ”။​၊ အနံ​တစ်ထွာ စတုရန်း​ပုံ​ဖြစ်​ရ​မည်​။ 17ရင်ခံပြား​ပေါ်၌ ကျောက်​ကို လေး​တန်း​စီ​၍ တပ်​ရ​မည်​။ ပထမ​အတန်း​ကား ပတ္တမြား​၊ ဥဿဖရား​၊ ဂေါ်မုတ်နီ ဖြစ်​ရ​မည်​။ 18ဒုတိယ​အတန်း​ကား မြ​၊ နီလာ​၊ စိန် ဖြစ်​ရ​မည်​။ 19တတိယ​အတန်း​ကား ဂေါ်မိတ်နီ​၊ မဟူရာ​၊ ခရမ်းစွဲ ဖြစ်​ရ​မည်​။ 20စတုတ္ထ​အတန်း​ကား ကျောက်မျက်ရွဲ​၊ မဟူရာကြောင်ဝင်​၊ နဂါးသွဲ့ ဖြစ်​ရ​မည်​။ ၎င်း​တို့​ကို ခြယ်လှယ်​ထား​သော​ရွှေ​ကျောက်မျက်အိုး​ထဲ၌ ထားရှိ​ရ​မည်​။ 21ထို​ကျောက်​တစ်ဆယ့်​နှစ်​လုံး​သည် အစ္စရေး​၏​သား​တို့​၏​အမည်​များ​အလိုက် စီထား​ရ​မည်​။ ကမ္ပည်း​တံဆိပ်​အဖြစ် မျိုးနွယ်​တစ်ဆယ့်​နှစ်​နွယ်​၏​နာမည်​ကို ကျောက်​တစ်လုံးစီ​၌ ရေးထိုး​ရ​မည်​။
22ရင်ခံပြား​အတွက် ကျစ်ဆံမြီး​ပုံစံ​ကြိုး​ကို ရွှေ​စင်​ဖြင့် သွန်းလုပ်​ရ​မည်​။ 23ရွှေ​ကွင်း​နှစ်​ကွင်း​ကို​လည်း လုပ်​၍ ထို​ကွင်း​နှစ်​ကွင်း​ကို ရင်ခံပြား​အစွန်း​နှစ်​ဖက်​၌ တပ်​ရ​မည်​။ 24ရွှေ​ကြိုး​နှစ်​ချောင်း​ကို ရင်ခံပြား​အစွန်း​တို့​၌​ရှိ​သော​ကွင်း​နှစ်​ကွင်း​တွင်​တပ်​ပြီး 25ကြိုး​နှစ်​ချောင်း​၏​ကျန်​အစွန်း​နှစ်​ဖက်​ကို ဧဖုဒ်#28:25 “ယဇ်ပုရောဟိတ်အတွက် အထူးချုပ်ထားသောအပေါ်ခံအင်္ကျီ”။​၏​ရှေ့ဘက်ခြမ်း​ပခုံးသိုင်းကြိုး​ပေါ်​ရှိ ကျောက်မျက်အိုး​နှစ်​ခု​၌ တပ်​ရ​မည်​။ 26နောက်ထပ် ရွှေ​ကွင်း​နှစ်​ကွင်း​ကို​လုပ်​၍ ဧဖုဒ်#28:26 “ယဇ်ပုရောဟိတ်အတွက် အထူးချုပ်ထားသောအပေါ်ခံအင်္ကျီ”။​နှင့်​ဆက်​လျက်​ရှိ​သော ရင်ခံပြား​အတွင်း​လွှာ​၏​အနား​စွန်း​နှစ်​ဖက်​၌ တပ်​ရ​မည်​။ 27နောက်ထပ် ရွှေ​ကွင်း​နှစ်​ကွင်း​ကို​လုပ်​၍ ဧဖုဒ်#28:27 “ယဇ်ပုရောဟိတ်အတွက် အထူးချုပ်ထားသောအပေါ်ခံအင်္ကျီ”။​ရှေ့ဘက်ခြမ်း​ပခုံးသိုင်းကြိုး​နှစ်​ချောင်း​၏​အောက်​ဘက်​၊ ဧဖုဒ်​၏​ခါးပတ်ပြား​ဆက်​ရာ​ပေါ်၌ တပ်​ရ​မည်​။ 28ရင်ခံပြား​ကို ဧဖုဒ်#28:28 “ယဇ်ပုရောဟိတ်အတွက် အထူးချုပ်ထားသောအပေါ်ခံအင်္ကျီ”။​မှ​မ​ကွာ​စေ​ဘဲ ဧဖုဒ်#28:28 “ယဇ်ပုရောဟိတ်အတွက် အထူးချုပ်ထားသောအပေါ်ခံအင်္ကျီ”။​၏​ခါးပတ်ပြား အထက်​၌​ရှိ​နေ​စေရန် ထို​ရင်ခံပြား​၏​ကွင်း​များ​နှင့် ဧဖုဒ်#28:28 “ယဇ်ပုရောဟိတ်အတွက် အထူးချုပ်ထားသောအပေါ်ခံအင်္ကျီ”။​၏​ကွင်း​များ​ကို အပြာရောင်​ကြိုး​ဖြင့်​တွဲချည်​ထား​ရ​မည်​။
29အာရုန်​သည် သန့်ရှင်းရာဌာန​တော်​ထဲသို့​ဝင်​သောအခါ အစ္စရေး​၏​သား​တို့​၏​အမည်​များ​ပါ​သည့် တရားစီရင်​ခြင်း​ဆိုင်ရာ​ရင်ခံပြား​ကို ထာဝရဘုရား​ရှေ့​တော်​၌ အစဉ်​အောက်မေ့ဖွယ်​အဖြစ် မိမိ​၏​နှလုံး​ပေါ်တွင် ဆောင်​ထား​ရ​မည်​။ 30တရားစီရင်​ခြင်း​ဆိုင်ရာ​ရင်ခံပြား​ထဲ၌ ဥရိမ်​၊ သုမိမ်​ကို​ထည့်​ထား​ရ​မည်​။ အာရုန်​သည် ထာဝရဘုရား​ရှေ့​တော်​သို့​ဝင်​သောအခါ ဥရိမ်​၊ သုမိမ်​သည် သူ​၏​နှလုံး​ပေါ်တွင်​ရှိ​နေ​ရ​မည်​။ ဤသို့ဖြင့် ထာဝရဘုရား​ရှေ့​တော်​၌ အာရုန်​သည် အစ္စရေး​အမျိုးသား​တို့​နှင့်ဆိုင်သော​တရားစီရင်ချက်​ကို မိမိ​၏​နှလုံး​ပေါ်တွင် အစဉ်​ဆောင်​ထား​ရ​မည်​။
ဝတ်လုံ
31ဧဖုဒ်#28:31 “ယဇ်ပုရောဟိတ်အတွက် အထူးချုပ်ထားသောအပေါ်ခံအင်္ကျီ”။​အောက်​ရှိ​ဝတ်လုံ​ကို အပြာရောင်​ချည်​သက်သက်​ဖြင့် ရက်လုပ်​ရ​မည်​။ 32ဝတ်လုံ​၌ ခေါင်း​စွပ်​ရန် လည်ပင်းပေါက်​ရှိ​ရ​မည်​။ ထို​လည်ပင်းပေါက်​ပတ်ပတ်လည်​၌ အနားပတ်​ရှိ​ရ​မည်​။ လည်ပင်းပေါက်​မ​စုတ်​မ​ပြဲ​စေရန် သံချပ်အင်္ကျီ​လည်ပင်းပေါက်​ကဲ့သို့ ထို​အနားပတ်​ကို ရက်လုပ်​ရ​မည်​။ 33ဝတ်လုံ​၏​အောက်နား​အတွက် အပြာရောင်​ချည်​၊ ခရမ်းရောင်​ချည်​၊ အနီရောင်​ချည်​တို့​ဖြင့် သလဲသီး​ပုံ​များ​ကို လုပ်​ရ​မည်​။ အောက်နား​ပတ်ပတ်လည်​ရှိ သလဲသီး​ပုံ​များ​အကြား​တွင် ရွှေ​ဆည်းလည်း​များ​ကို​လည်း ပတ်ပတ်လည်​တပ်​ရ​မည်​။ 34ဝတ်လုံ​၏​အောက်နား​ပတ်ပတ်လည်​တွင် ရွှေ​ဆည်းလည်း​တစ်​လုံး သလဲသီး​တစ်​လုံး​၊ ရွှေ​ဆည်းလည်း​တစ်​လုံး သလဲသီး​တစ်​လုံး တစ်လုံးခြားစီ တပ်​ရ​မည်​။ 35အာရုန်​သည် အမှု​တော်​ဆောင်ရွက်​သောအခါ ထို​ဝတ်လုံ​ကို​ဝတ်​ရ​မည်​။ သူ​သည် ထာဝရဘုရား​ရှေ့​တော်​ရှိ သန့်ရှင်းရာဌာန​တော်​ထဲသို့​ဝင်​ထွက်​သောအခါ​တိုင်း ဆည်းလည်းသံ​မြည်​နေ​ရ​မည်​။ သို့မှ သေဘေးနှင့်ကင်း​လိမ့်မည်​။
ခေါင်းပေါင်း
36သင်​သည် ရွှေ​စင်​ပြား​ကို​လုပ်​၍ ကမ္ပည်း​တံဆိပ်​အဖြစ် ထို​ရွှေစင်ပြား​ပေါ်၌ ‘ထာဝရဘုရား​၌​သန့်ရှင်း​ခြင်း’​ဟု ကမ္ပည်းထိုး​ရ​မည်​။ 37ထို​ရွှေစင်ပြား​ကို ခေါင်းပေါင်း​ပေါ်၌ အပြာရောင်​ကြိုး​ဖြင့်​ချည်​ပြီး ခေါင်းပေါင်း​ရှေ့ဘက်ခြမ်း​၌​ရှိ​စေ​ရ​မည်​။ 38၎င်း​ကို အာရုန်​၏​နဖူး​ပေါ်၌​ဆင်​ခြင်း​ဖြင့် သန့်ရှင်း​သော​ပူဇော်သက္ကာ​အဝဝ​တို့​ကို အစ္စရေး​အမျိုးသား​တို့​ဆက်ကပ်​ပူဇော်​ရာ​မှ ဖြစ်လာ​သည့် သန့်ရှင်း​သော​ပူဇော်သက္ကာ​ဆိုင်ရာ​အပြစ်​ကို အာရုန်​ဆောင်ယူ​ရ​မည်​။ အစ္စရေး​အမျိုးသား​တို့​အား ထာဝရဘုရား လက်ခံ​တော်မူ​မည့်​အကြောင်း ၎င်း​သည် သူ​၏​နဖူး​ပေါ်၌ အစဉ်​ရှိ​ရ​မည်​။
ယဇ်ပုရောဟိတ်၏အခြားအဝတ်တန်ဆာများ
39ပိတ်ချောထည်​အတွင်းသင်တိုင်း​ကို ရက်လုပ်​ရ​မည်​။ ပိတ်ချောထည်​ခေါင်းပေါင်း​ကို​လည်း လုပ်​ရ​မည်​။ ပန်းထိုး​ခါးစည်း​ကို​လည်း လုပ်​ရ​မည်​။ 40အာရုန်​၏​သား​များ ဂုဏ်သရေ​ရှိ​၍ တင့်တယ်​ခန့်ညား​ဖို့ သူ​တို့​အတွက် အတွင်းသင်တိုင်း​များ​၊ ခါးစည်း​များ​၊ ခေါင်းပေါင်း​များ​ကို ချုပ်လုပ်​ပေး​ရ​မည်​။ 41၎င်း​တို့​ကို သင်​၏​အစ်ကို​အာရုန်​နှင့် သူ​၏​သား​များ​အား ဝတ်ဆင်​စေ​ရ​မည်​။ သူ​တို့​သည် ယဇ်ပုရောဟိတ်​အဖြစ် ငါ့​ထံ၌​အမှု​တော်​ကို​ဆောင်ရွက်​ရန် သူ​တို့​ကို ဘိသိက်ပေး​ရ​မည်​။ သူ​တို့​ကို​ခန့်အပ်​ရ​မည်​။ သူ​တို့​ကို​သန့်ရှင်း​စေ​ရ​မည်​။ 42ကိုယ်ခန္ဓာ​၏​အရှက်​ကို​ဖုံး​ရန် သူ​တို့​အတွက် ခါး​မှ​ပေါင်​အထိ​ရှည်​သော ပိတ်ချော​ဘောင်းဘီ​ကို​လုပ်​ရ​မည်​။ 43အာရုန်​နှင့်​သူ​၏​သား​တို့​သည် တွေ့ဆုံစည်းဝေးရာ​တဲ​တော်​ထဲသို့ ဝင်​သောအခါ​ဖြစ်စေ​၊ သန့်ရှင်းရာဌာန​တော်​၌ အမှု​တော်​ဆောင်ရွက်​ရန် ယဇ်ပလ္လင်​တော်​သို့ ချဉ်းကပ်​သောအခါ​ဖြစ်စေ အပြစ်​သင့်​၍​မ​သေ​စေရန် ထို​ဘောင်းဘီ​ကို​ဝတ်​ရ​မည်​။ ဤသည်ကား အာရုန်​နှင့် နောင်လာမည့်​သူ​၏​သားစဉ်မြေးဆက် အစဉ်အမြဲ​လိုက်နာ​ရ​မည့်​ပြဋ္ဌာန်းချက်​ဖြစ်​၏​။

လက်ရှိရွေးချယ်ထားမှု

ထွက်မြောက်ရာကျမ်း 28: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ