YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာကျမ်း 29

29
ယဇ်ပုရောဟိတ်အဖြစ်ခန့်အပ်ခြင်းဆိုင်ရာညွှန်ကြားချက်များ
1အာရုန်​နှင့်​သူ​၏​သား​တို့​သည် ယဇ်ပုရောဟိတ်​အဖြစ် ငါ့​ထံ၌​အမှု​တော်​ကို​ဆောင်ရွက်​ရာ​တွင် သူ​တို့​သန့်ရှင်း​ရန် သင်​ပြု​ရ​မည့်​အရာ​ကား ဤသို့​တည်း​။ နွားအုပ်​ထဲမှ နွားထီးပျို​တစ်​ကောင်​နှင့် အပြစ်အနာအဆာကင်း​သော​သိုးထီး​နှစ်​ကောင်​ကို ယူ​လော့​။ 2တဆေးမဲ့​မုန့်​၊ ဆီ​နှင့်​ရော​သော​တဆေးမဲ့​မုန့်ဝိုင်း​၊ ဆီ​နှင့်​လူး​သော​တဆေးမဲ့​မုန့်ကြွပ်​တို့​ကို အကောင်းဆုံး​ဂျုံမှုန့်​ဖြင့်​လုပ်​ပြီးလျှင် 3တောင်း​တစ်​လုံး​ထဲ၌​ထည့်​၍ ထို​တောင်း​ထဲ​ရှိ​မုန့်​များ​နှင့်အတူ နွားထီး​တစ်​ကောင်​နှင့်​သိုးထီး​နှစ်​ကောင်​ကို ယူဆောင်​ခဲ့​ရ​မည်​။ 4အာရုန်​နှင့်​သူ​၏​သား​တို့​ကို​လည်း တွေ့ဆုံစည်းဝေးရာ​တဲ​တော်​အဝင်ဝ​သို့ ခေါ်လာ​၍ သူ​တို့​ကို ရေ​ဖြင့် ဆေးကြော​ရ​မည်​။ 5အဝတ်တန်ဆာ​ကို​ယူ​၍ အာရုန်​အား အတွင်းသင်တိုင်း​၊ ဧဖုဒ်#29:5 “ယဇ်ပုရောဟိတ်အတွက် အထူးချုပ်ထားသောအပေါ်ခံအင်္ကျီ”။​အောက်​ရှိ​ဝတ်လုံ​၊ ဧဖုဒ်#29:5 “ယဇ်ပုရောဟိတ်အတွက် အထူးချုပ်ထားသောအပေါ်ခံအင်္ကျီ”။​နှင့် ရင်ခံပြား​တို့​ကို ဝတ်ဆင်​ပေး​ပြီး ရင်ခံပြား​ကို ဧဖုဒ်#29:5 “ယဇ်ပုရောဟိတ်အတွက် အထူးချုပ်ထားသောအပေါ်ခံအင်္ကျီ”။​၏​ခါးပတ်ပြား​ဖြင့် တွဲချည်​ရ​မည်​။ 6သူ​၏​ခေါင်း​ပေါ်၌ ခေါင်းပေါင်း​ကို​ဆောင်း​ပေး​၍ သန့်ရှင်း​သော​သရဖူ​ကို ခေါင်းပေါင်း​ပေါ်၌​တပ်​ရ​မည်​။ 7ဘိသိက်​ဆီ​ကို​ယူ​၍ သူ​၏​ခေါင်း​ပေါ်၌​လောင်း​လျက် သူ့​ကို​ဘိသိက်ပေး​ရ​မည်​။ 8သူ​၏​သား​တို့​ကို​လည်း ခေါ်လာ​၍ သူ​တို့​အား အတွင်းသင်တိုင်း​ဝတ်ဆင်​ပေး​ရ​မည်​။ 9အာရုန်​နှင့်​သူ​၏​သား​တို့​အား ခါးစည်း​ကို​စည်း​ပေး​ပြီးလျှင် ခေါင်းပေါင်း​ပေါင်း​ပေး​ရ​မည်​။ အစဉ်အမြဲ​လိုက်နာ​ရ​မည့်​ပြဋ္ဌာန်းချက်​နှင့်အညီ ယဇ်ပုရောဟိတ်​အရိုက်အရာ​ကို သူ​တို့​ရရှိ​မည်​။ ဤသို့ဖြင့် အာရုန်​နှင့်​သူ​၏​သား​တို့​ကို ခန့်အပ်​ထား​ရ​မည်​။
10နွားထီး​ကို တွေ့ဆုံစည်းဝေးရာ​တဲ​တော်​အရှေ့​သို့ ဆွဲခေါ်​လာ​၍ အာရုန်​နှင့်​သူ​၏​သား​တို့​သည် နွားထီး​၏​ခေါင်း​ပေါ်၌ သူ​တို့​၏​လက်​ကို​တင်​ရ​မည်​။ 11နွားထီး​ကို တွေ့ဆုံစည်းဝေးရာ​တဲ​တော်​အဝင်ဝ​၊ ထာဝရဘုရား​ရှေ့​တော်​၌ သတ်​ရ​မည်​။ 12နွားထီး​၏​သွေး​အချို့​ကို​ယူ​၍ သင့်​လက်ချောင်း​ဖြင့် ယဇ်ပလ္လင်​၏​ချို​များ​ကို​သုတ်လိမ်း​ပြီးလျှင် ကျန်​သွေး​အားလုံး​ကို ယဇ်ပလ္လင်​၏​အောက်ခြေ​၌ သွန်း​ရ​မည်​။ 13အူ​ကို​ဖုံး​နေ​သည့်​အဆီ​ရှိသမျှ​ကို​လည်းကောင်း​၊ အသည်း​ပေါ်မှ​အဆီပျဉ်​ကို​လည်းကောင်း​၊ ကျောက်ကပ်​နှစ်​ခု​နှင့်​ထို​ကျောက်ကပ်​နှစ်​ခု​အပေါ်​ရှိ​အဆီ​ကို​လည်းကောင်း ယူ​၍ ယဇ်ပလ္လင်​ပေါ်၌​ရှို့​ရ​မည်​။ 14နွားထီး​၏​အသား​၊ အရေခွံ​၊ မစင်​တို့​ကို​ကား တပ်စခန်း​၏​အပြင်ဘက်​၌ မီး​ရှို့​ပစ်​ရ​မည်​။ ဤသည်ကား အပြစ်ဖြေရာယဇ်​ဖြစ်​၏​။
15သိုးထီး​တစ်​ကောင်​ကို​ယူ​၍ အာရုန်​နှင့်​သူ​၏​သား​တို့​သည် ထို​သိုးထီး​၏​ခေါင်း​ပေါ်၌ သူ​တို့​၏​လက်​ကို​တင်​ရ​မည်​။ 16ထို​သိုးထီး​ကို​သတ်​ပြီးလျှင် သွေး​ကို​ယူ​၍ ယဇ်ပလ္လင်​ပတ်ပတ်လည်​ပေါ်၌ ဖျန်း​ရ​မည်​။ 17ထို​သိုးထီး​ကို အပိုင်းပိုင်း​ခုတ်ဖြတ်​ရ​မည်​။ အူ​နှင့်​ခြေထောက်​ကို ဆေးကြော​ပြီးလျှင် ၎င်း​တို့​ကို ဦးခေါင်း​နှင့် ခုတ်ဖြတ်​ထား​သော​အပိုင်း​များ​ပေါ်တွင် ထား​ရ​မည်​။ 18ထို​သိုးထီး​တစ်ကောင်လုံး​ကို ယဇ်ပလ္လင်​ပေါ်၌ ရှို့​ရ​မည်​။ ဤသည်ကား ထာဝရဘုရား​အဖို့ မီးရှို့ရာယဇ်​၊ ထာဝရဘုရား​အဖို့ မီး​ဖြင့်​ပူဇော်​သော​မွှေးကြိုင်​သည့်​ရနံ့​ဖြစ်​၏​။
19နောက်​သိုးထီး​တစ်​ကောင်​ကို​ယူ​၍ အာရုန်​နှင့်​သူ​၏​သား​တို့​သည် ထို​သိုးထီး​၏​ခေါင်း​ပေါ်၌ သူ​တို့​၏​လက်​ကို​တင်​ရ​မည်​။ 20ထို​သိုးထီး​ကို​သတ်​ပြီးလျှင် သွေး​အချို့​ကို​ယူ​၍ အာရုန်​၏​ယာဘက်​နားပျဉ်း​နှင့် သူ့​သား​တို့​၏​ယာဘက်​နားပျဉ်း​၌​လည်းကောင်း​၊ သူ​တို့​၏​ယာဘက်​လက်မ​နှင့်​ယာဘက်​ခြေမ​၌​လည်းကောင်း သုတ်လိမ်း​ပေး​ရ​မည်​။ ယဇ်ပလ္လင်​ပတ်ပတ်လည်​ပေါ်၌​လည်း သွေး​ကို​ဖျန်း​ရ​မည်​။ 21ယဇ်ပလ္လင်​ပေါ်​ရှိ​သွေး​အချို့​နှင့် ဘိသိက်​ဆီ​အချို့​ကို​ယူ​၍ အာရုန်​နှင့်​သူ​၏​အဝတ်တန်ဆာ​ပေါ်၌​လည်းကောင်း​၊ သူ့​သား​တို့​နှင့် သူ့​သား​တို့​၏​အဝတ်တန်ဆာ​ပေါ်၌​လည်းကောင်း ဖျန်း​ရ​မည်​။ သို့ပြုလျှင် အာရုန်​နှင့်​သူ​၏​အဝတ်တန်ဆာ​သည်​လည်းကောင်း​၊ သူ့​သား​တို့​နှင့်​သူ့​သား​တို့​၏​အဝတ်တန်ဆာ​သည်​လည်းကောင်း သန့်ရှင်း​လိမ့်မည်​။
22ထို​သိုးထီး​သည် အရိုက်အရာ​ခန့်အပ်​ခြင်း​ဆိုင်ရာ​သိုးထီး​ဖြစ်​သောကြောင့် ထို​သိုးထီး​၏​အဆီ​နှင့်​အမြီးပိုင်း​အဆီ​ကို​လည်းကောင်း​၊ အူ​ကို​ဖုံး​နေ​သည့်​အဆီ​နှင့် အသည်း​ပေါ်မှ​အဆီပျဉ်​ကို​လည်းကောင်း​၊ ကျောက်ကပ်​နှစ်​ခု​နှင့် ၎င်း​တို့​ပေါ်​ရှိ​အဆီ​ကို​လည်းကောင်း​၊ ယာဘက်​ပေါင်​ကို​လည်းကောင်း ယူ​ရ​မည်​။ 23ထာဝရဘုရား​ရှေ့​တော်​ရှိ တဆေးမဲ့မုန့်​တောင်း​ထဲမှ မုန့်​တစ်​လုံး​၊ ဆီ​ရော​သော​မုန့်ဝိုင်း​တစ်​ခု​နှင့် မုန့်ကြွပ်​တစ်​ခု​ကို​ယူ​ရ​မည်​။ 24ထို​အရာ​အားလုံး​ကို အာရုန်​၏​လက်​ထဲ၌​လည်းကောင်း​၊ သူ့​သား​တို့​၏​လက်​ထဲ၌​လည်းကောင်း ထည့်​၍ ၎င်း​တို့​ကို ထာဝရဘုရား​ရှေ့​တော်​၌ ချီလွှဲရာပူဇော်သက္ကာ​အဖြစ် ချီလွှဲ​ရ​မည်​။ 25ထို​အရာ​တို့​ကို သူ​တို့​၏​လက်​ထဲမှ​ခံယူ​၍ ထာဝရဘုရား​ရှေ့​တော်​၌ မွှေးကြိုင်​သော​ရနံ့​အဖြစ် ယဇ်ပလ္လင်​ပေါ်​ရှိ မီးရှို့ရာယဇ်​ပေါ်၌ ရှို့​ရ​မည်​။ ဤသည်ကား ထာဝရဘုရား​ထံ မီး​ဖြင့်​ပူဇော်​သော​ယဇ်​ဖြစ်​၏​။
26အာရုန်​အား အရိုက်အရာ​ခန့်အပ်​ခြင်း​ဆိုင်ရာ​သိုးထီး​၏​ရင်ပုံ​ကို​ယူ​၍ ထာဝရဘုရား​ရှေ့​တော်​၌ ချီလွှဲရာပူဇော်သက္ကာ​အဖြစ် ထို​ရင်ပုံ​ကို​ချီလွှဲ​ရ​မည်​။ ၎င်း​သည် သင်​၏​ဝေစု​ဖြစ်​၏​။ 27အာရုန်​နှင့်​သူ​၏​သား​တို့​အား အရိုက်အရာ​ခန့်အပ်​ခြင်း​ဆိုင်ရာ​အတွက်​ပေးလှူပူဇော်​သော​သိုးထီး​မှ ချီလွှဲရာပူဇော်သက္ကာ​ဖြစ်​သော ရင်ပုံ​၊ ချီလွှဲ​ရာ​အလှူပစ္စည်း​ဖြစ်​သော ပေါင်​ကို သန့်ရှင်း​စေ​ရ​မည်​။ 28ထို​အရာ​တို့​သည် အစ္စရေး​အမျိုးသား​တို့​ထံ​မှ အာရုန်​နှင့်​သူ​၏​သား​တို့ အစဉ်အမြဲ​ရရှိ​ရ​မည့်​ဝေစု​ဖြစ်​၏​။ အကြောင်းမူကား ထို​အရာ​တို့​သည် အလှူပစ္စည်း​ဖြစ်​၏​။ ထို​အလှူပစ္စည်း​သည် အစ္စရေး​အမျိုးသား​တို့​၏​မိတ်သဟာယယဇ်​များ​မှ ထာဝရဘုရား​အား ပေးလှူ​သော​အလှူပစ္စည်း​ဖြစ်​၏​။
29အာရုန်​၏​သန့်ရှင်း​သော​အဝတ်တန်ဆာ​သည် နောင်လာမည့်​သူ​၏​သားမြေး​များ ဘိသိက်ပေး​ခြင်း​၊ ခန့်အပ်​ခြင်း​ခံ​ရာ​တွင် ဝတ်ဆင်​ရန်​အတွက် ဖြစ်​ရ​မည်​။ 30အာရုန်​၏​သား​များ​ထဲမှ သူ​၏​အရိုက်အရာ​ဆက်ခံ​သော​ယဇ်ပုရောဟိတ်​သည် သန့်ရှင်းရာဌာန​တော်​၌ အမှု​တော်​ဆောင်ရွက်​ရန် တွေ့ဆုံစည်းဝေးရာ​တဲ​တော်​ထဲသို့​ဝင်​သောအခါ ထို​အဝတ်တန်ဆာ​ကို ခုနစ်​ရက်​ပတ်လုံး​ဝတ်ဆင်​ရ​မည်​။
31အရိုက်အရာ​ခန့်အပ်​ခြင်း​ဆိုင်ရာ​သိုးထီး​ကို​ယူ​၍ သန့်ရှင်း​သော​နေရာ​၌ အသား​ကို​ပြုတ်​ရ​မည်​။ 32သိုးထီး​အသား​နှင့်​တောင်း​ထဲ၌​ရှိ​သော​မုန့်​ကို အာရုန်​နှင့်​သူ​၏​သား​တို့​သည် တွေ့ဆုံစည်းဝေးရာ​တဲ​တော်​အဝင်ဝ​၌ စား​ရ​မည်​။ 33သူ​တို့​ကို ခန့်အပ်​ရန်​နှင့်​သန့်ရှင်း​စေရန် သူ​တို့​သည် အပြစ်ဖြေလွှတ်​ခြင်း​အတွက်​ပူဇော်​သော​အရာ​တို့​ကို စား​ကြ​ရ​မည်​။ ထို​အရာ​တို့​သည် သန့်ရှင်းသောအရာ​ဖြစ်၍ မဆိုင်​သော​သူ​မ​စား​ရ​။ 34အရိုက်အရာ​ခန့်အပ်​ခြင်း​ဆိုင်ရာ​အသား​ဖြစ်စေ​၊ မုန့်​ဖြစ်စေ နံနက်​တိုင်အောင်​ကြွင်းကျန်​လျှင် ထို​အကျန်​ကို မီး​ရှို့​ပစ်​ရ​မည်​။ သန့်ရှင်းသောအရာ​ဖြစ်၍ မည်သူ​မျှ​မ​စား​ရ​။
35ငါ​မိန့်မှာ​လေသမျှ​အတိုင်း အာရုန်​နှင့်​သူ​၏​သား​တို့​အတွက် ခန့်အပ်​ခြင်း​မင်္ဂလာ​ကို ခုနစ်​ရက်​ပတ်လုံး ကျင်းပ​ရ​မည်​။ 36အပြစ်ဖြေလွှတ်​ခြင်း​အတွက် နွားထီး​တစ်​ကောင်​ကို အပြစ်ဖြေရာယဇ်​အဖြစ် နေ့စဉ်​ပူဇော်​ရ​မည်​။ ယဇ်ပလ္လင်​အတွက် အပြစ်ဖြေလွှတ်​ခြင်း​ကို​ပြု​ခြင်း​ဖြင့် ယဇ်ပလ္လင်​ကို​သန့်စင်​စေ​ရ​မည်​။ ယဇ်ပလ္လင်​ကို​ဘိသိက်သွန်း​ခြင်း​ဖြင့် ၎င်း​ကို​သန့်ရှင်း​စေ​ရ​မည်​။ 37ခုနစ်​ရက်​ပတ်လုံး ယဇ်ပလ္လင်​အတွက် အပြစ်ဖြေလွှတ်​ခြင်း​ကို​ပြု​၍ ၎င်း​ကို​သန့်ရှင်း​စေ​ရ​မည်​။ ထိုအခါ ယဇ်ပလ္လင်​သည် အထူး​သန့်ရှင်း​ခြင်း​သို့​ရောက်​လိမ့်မည်​။ ထို​ယဇ်ပလ္လင်​ကို​ထိ​သော​အရာ​ဟူသမျှ သန့်ရှင်း​လိမ့်မည်​။
38ယဇ်ပလ္လင်​ပေါ်၌ တစ်​နေ့​လျှင် တစ်နှစ်သားအရွယ်​သိုးသငယ်​နှစ်​ကောင်​ကို နေ့စဉ်​ပူဇော်​ရ​မည်​။ 39သိုးသငယ်​တစ်​ကောင်​ကို နံနက်အချိန်​၌ ပူဇော်​၍ နောက်​သိုးသငယ်​တစ်​ကောင်​ကို နေဝင်ချိန်​၌ ပူဇော်​ရ​မည်​။ 40သိုးသငယ်​တစ်​ကောင်​ကို ညှစ်ယူ​သော​သံလွင်ဆီ​တစ်​ဟိန်#29:40 “4 လီတာ”။​၏​လေးပုံတစ်ပုံ​နှင့်​ရော​ထား​သည့် အကောင်းဆုံး​ဂျုံမှုန့်​တစ်​ဧဖာ​၏​ဆယ်ပုံတစ်ပုံ#29:40 “2.2 လီတာ”။​နှင့်​လည်းကောင်း​၊ သွန်းလောင်းရာပူဇော်သက္ကာ​အဖြစ် စပျစ်ဝိုင်​တစ်​ဟိန်​၏​လေးပုံတစ်ပုံ#29:40 “1 လီတာ”။​နှင့်​လည်းကောင်း ပူဇော်​ရ​မည်​။ 41နောက်​သိုးသငယ်​တစ်​ကောင်​ကို နေဝင်ချိန်​၌ ပူဇော်​ရ​မည်​။ ၎င်း​ကို နံနက်အချိန်​ဘောဇဉ်ပူဇော်သက္ကာ​ကဲ့သို့​လည်းကောင်း​၊ သွန်းလောင်းရာပူဇော်သက္ကာ​ကဲ့သို့​လည်းကောင်း မီး​ဖြင့်​ပူဇော်​သော​မွှေးကြိုင်​သည့်​ရနံ့​အဖြစ် ထာဝရဘုရား​အား ပူဇော်​ရ​မည်​။ 42ထာဝရဘုရား​ရှေ့​တော်​၊ တွေ့ဆုံစည်းဝေးရာ​တဲ​တော်​အဝင်ဝ​၌ ငါ​သည် သင်​တို့​နှင့်​တွေ့ဆုံ​၍ သင်​နှင့်​စကားပြော​မည်​။ ထို​နေရာ​၌ ဤ​မီးရှို့ရာယဇ်​ကို သင်​တို့​မျိုးဆက်​အစဉ်အဆက် အစဉ်မပြတ်​ပူဇော်​ရ​မည်​။ 43ငါ​သည် ထို​နေရာ​၌ အစ္စရေး​အမျိုးသား​တို့​နှင့်​တွေ့ဆုံ​မည်​။ ထို​နေရာ​သည် ငါ​၏​ဘုန်းအသရေ​အားဖြင့် သန့်ရှင်း​လိမ့်မည်​။ 44တွေ့ဆုံစည်းဝေးရာ​တဲ​တော်​နှင့်​ယဇ်ပလ္လင်​ကို ငါ​သန့်ရှင်း​စေ​မည်​။ ယဇ်ပုရောဟိတ်​အဖြစ် ငါ့​ထံ၌​အမှု​တော်​ကို​ဆောင်ရွက်​ရန် အာရုန်​နှင့်​သူ့​သား​တို့​ကို​လည်း ငါ​သန့်ရှင်း​စေ​မည်​။ 45အစ္စရေး​အမျိုးသား​တို့​အလယ်​၌ ငါ​ကိန်းဝပ်​မည်​၊ သူ​တို့​၏​ဘုရား​ဖြစ်​မည်​။ 46ငါ​သည် သူ​တို့​အလယ်​၌​ကိန်းဝပ်​ဖို့​ရန် သူ​တို့​ကို​အီဂျစ်​ပြည်​မှ​ထုတ်ဆောင်​ခဲ့​သော သူ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ဖြစ်ကြောင်း သူ​တို့​သိ​ကြ​လိမ့်မည်​။ ငါ​သည် သူ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ဖြစ်​၏​။

လက်ရှိရွေးချယ်ထားမှု

ထွက်မြောက်ရာကျမ်း 29: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ