YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာကျမ်း 27

27
မီးရှို့ရာယဇ်ပလ္လင်
1ယဇ်ပလ္လင်​ကို အကေရှား#27:1 “ထနောင်းမျိုး”။​သစ်သား​ဖြင့် လုပ်​ရ​မည်​။ ထို​ယဇ်ပလ္လင်​သည် အလျား​ငါး​တောင်#27:1 “90 လက်မ သို့မဟုတ် 225 စင်တီမီတာ”။​၊ အနံ​ငါး​တောင် စတုရန်း​ပုံ​ဖြစ်​၍ အမြင့်​သုံး​တောင်#27:1 “54 လက်မ သို့မဟုတ် 135 စင်တီမီတာ”။​ရှိ​ရ​မည်​။ 2ယဇ်ပလ္လင်​၏​ထောင့်​လေး​ထောင့်​၌ ချို​များ​ကို​လုပ်​၍ ထို​ချို​များ​သည် ယဇ်ပလ္လင်​နှင့်​တစ်ဆက်တည်း​ဖြစ်​ရ​မည်​။ ယဇ်ပလ္လင်​ကို ကြေးနီ​ဖြင့်​မွမ်းမံ​ရ​မည်​။ 3ယဇ်ပလ္လင်​မှ​ပြာ​ကို​ဖယ်ရှား​ရန်​အတွက် အိုး​၊ ဂေါ်ပြား​၊ ဇလုံ​၊ ခက်ရင်းခွ​၊ မီးကျီးခံဗန်း​တို့​ကို​လည်း လုပ်​ရ​မည်​။ ယဇ်ပလ္လင်​၏​တန်ဆာပလာ​ရှိသမျှ​တို့​ကို ကြေးနီ​ဖြင့်​လုပ်​ရ​မည်​။ 4ယဇ်ပလ္လင်​အတွက် ကြေးနီ​စကာ​မီးကျီးခံပြား​ကို​လုပ်​၍ မီးကျီးခံပြား​ထောင့်​လေး​ထောင့်​စကာ​ပေါ်တွင် ကြေးနီ​ကွင်း​လေး​ကွင်း​ကို​တပ်​ရ​မည်​။ 5စကာ​ကို ယဇ်ပလ္လင်​၏​အလယ်​အထိ​ရောက်​အောင် ယဇ်ပလ္လင်​၏​အစွန်းထွက်​နေ​သော​နေရာ​မှ အောက်​သို့​ချ​ရ​မည်​။ 6ယဇ်ပလ္လင်​အတွက် ထမ်းပိုး​တို့​ကို အကေရှား#27:6 “ထနောင်းမျိုး”။​သစ်သား​ဖြင့်​လုပ်​၍ ကြေးနီ​ဖြင့်​မွမ်းမံ​ရ​မည်​။ 7ယဇ်ပလ္လင်​ကို​ထမ်း​သောအခါ ထမ်းပိုး​တို့​သည် ယဇ်ပလ္လင်​၏​ဘေး​နှစ်​ဖက်​၌​ရှိ​နေ​စေရန် ထို​ထမ်းပိုး​တို့​ကို ကွင်း​များ​ထဲသို့​လျှိုသွင်း​ထား​ရ​မည်​။ 8ယဇ်ပလ္လင်​ကို ပျဉ်ပြား​များ​ဖြင့် လုပ်​ရ​မည်​။ အတွင်း​၌ အခေါင်းပေါက်​ဖြစ်​ရ​မည်​။ တောင်​ပေါ်၌ သင့်​အား ငါ​ပြ​ခဲ့​သည့်​အတိုင်း လုပ်​ကြ​ရ​မည်​။
တဲတော်ဝင်း
9ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​၏​ဝင်း​ကို​လည်း လုပ်​ရ​မည်​။ ထို​ဝင်း​၏​တောင်​ဘက်ခြမ်း​တစ်​ခြမ်း​အတွက် အလျား​အတောင်​တစ်ရာ#27:9 “1800 လက်မ သို့မဟုတ် 4500 စင်တီမီတာ”။​ရှိ​သော​အကာ​ကို ရက်လုပ်​ထား​သော​ပိတ်ချောထည်​ဖြင့်​လုပ်​ရ​မည်​။ 10ထို​အကာ​အတွက် တိုင်​နှစ်ဆယ်​နှင့် တိုင်​အောက်ခံအစွပ်​အခု​နှစ်ဆယ်​ကို ကြေးနီ​ဖြင့်​လည်းကောင်း​၊ တိုင်​ချိတ်​နှင့်​တိုင်ထိပ်အစွပ်​တို့​ကို ငွေ​ဖြင့်​လည်းကောင်း လုပ်​ရ​မည်​။ 11ထိုနည်းတူ မြောက်​ဘက်ခြမ်း​အတွက် အလျား​အတောင်​တစ်ရာ​ရှည်​သော​အကာ​ကို​လုပ်​ရ​မည်​။ ထို​အကာ​အတွက် တိုင်​နှစ်ဆယ်​နှင့် တိုင်​အောက်ခံအစွပ်​အခု​နှစ်ဆယ်​ကို ကြေးနီ​ဖြင့်​လည်းကောင်း​၊ တိုင်​ချိတ်​နှင့် တိုင်ထိပ်အစွပ်​တို့​ကို ငွေ​ဖြင့်​လည်းကောင်း လုပ်​ရ​မည်​။ 12ဝင်း​အနောက်ဘက်​အကျယ်​အတိုင်း အတောင်​ငါးဆယ်#27:12 “900 လက်မ သို့မဟုတ် 2250 စင်တီမီတာ”။​ရှိ​သော​အကာ​နှင့်တကွ အကာ​အတွက် တိုင်​ဆယ်​တိုင်​၊ တိုင်​အောက်ခံအစွပ်​ဆယ်​ခု လုပ်​ရ​မည်​။ 13နေထွက်​ရာ​အရပ် ဝင်း​အရှေ့​ဘက်ခြမ်း​အကျယ်​သည် အတောင်​ငါးဆယ်​ရှိ​၍ 14ဝင်း​အဝင်ဝ​တစ်ဘက်​၌ တစ်ဆယ့်​ငါး​တောင်#27:14 “270 လက်မ သို့မဟုတ် 675 စင်တီမီတာ”။​ရှိ​သော​အကာ​နှင့်တကွ အကာ​အတွက် တိုင်​သုံး​တိုင်​၊ တိုင်​အောက်ခံအစွပ်​သုံး​ခု​၊ 15ကျန်​တစ်ဘက်​၌​လည်း တစ်ဆယ့်​ငါး​တောင်​ရှိ​သော​အကာ​နှင့်တကွ အကာ​အတွက် တိုင်​သုံး​တိုင်​၊ တိုင်​အောက်ခံအစွပ်​သုံး​ခု လုပ်​ရ​မည်​။ 16ဝင်း​အဝင်ဝ​ကို​ကာ​ရန် အပြာရောင်​ချည်​၊ ခရမ်းရောင်​ချည်​၊ အနီရောင်​ချည် တို့​ဖြင့်​ရက်လုပ်​ထား​သော​ပိတ်ချောထည်​ပေါ်တွင် ပန်းထိုး​ထား​သော အတောင်​နှစ်ဆယ်#27:16 “360 လက်မ သို့မဟုတ် 900 စင်တီမီတာ”။​ရှိ​သည့်​လိုက်ကာ​နှင့်တကွ လိုက်ကာ​အတွက် တိုင်​လေး​တိုင်​၊ တိုင်​အောက်ခံအစွပ်​လေး​ခု လုပ်​ရ​မည်​။
17ဝင်း​ပတ်ပတ်လည်​ရှိ​တိုင်​အားလုံး​တို့​၏​ထိပ်​ကို ငွေ​အစွပ်​ဖြင့်​စွပ်​ရ​မည်​။ တိုင်​ချိတ်​များ​ကို ငွေ​ဖြင့်​လည်းကောင်း​၊ တိုင်​အောက်ခံအစွပ်​များ​ကို ကြေးနီ​ဖြင့်​လည်းကောင်း လုပ်​ရ​မည်​။ 18ဝင်း​သည် အလျား​အတောင်​တစ်ရာ​၊ အနံ​အတောင်​ငါးဆယ်​၊ အမြင့်​ငါး​တောင်​ရှိ​၍ ရက်လုပ်​ထား​သော​ပိတ်ချောထည်​အကာ​နှင့် အောက်ခံ​ကြေးနီ​အစွပ် တို့​ပါ​ရ​မည်​။ 19ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​၏​အမှုကိစ္စ​အဝဝ​အတွက် တန်ဆာပလာ​၊ တဲငုတ်တိုင်​၊ ဝင်း​ငုတ်တိုင် အားလုံး​တို့​ကို ကြေးနီ​ဖြင့်​လုပ်​ရ​မည်​။
ဆီမီးခုံအတွက်ဆီ
20မီးခွက်​အစဉ်မပြတ်​လင်း​နေ​စေ​ဖို့ မီးထွန်း​ရန်​အတွက် ထောင်းယူ​သော​သံလွင်​ဆီ​သန့်​ကို သင့်​ထံသို့​ယူဆောင်​လာ​ရန် အစ္စရေး​အမျိုးသား​တို့​အား သင်​ဆင့်ဆို​ရ​မည်​။ 21တွေ့ဆုံစည်းဝေးရာ​တဲ​တော်​အတွင်း သက်သေခံချက်​ရှေ့​ရှိ ကန့်လန့်ကာ​အပြင်ဘက်​တွင် အာရုန်​နှင့်​သူ​၏​သား​များ​သည် ထာဝရဘုရား​ရှေ့​တော်​၌ နေဝင်ချိန်​မှ နံနက်​တိုင်အောင် မီးထွန်း​ခြင်း​အမှု​ကို စီစဉ်​ပြင်ဆင်​ရ​မည်​။ ဤသည်ကား အစ္စရေး​အမျိုးသား​တို့​၏​မျိုးဆက်​အစဉ်အဆက် အစဉ်အမြဲ​လိုက်နာ​ရ​မည့်​ပြဋ္ဌာန်းချက်​ဖြစ်​၏​။

လက်ရှိရွေးချယ်ထားမှု

ထွက်မြောက်ရာကျမ်း 27: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ