YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာကျမ်း 26

26
တဲတော်
1ထို့ပြင် သင်​သည် ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​ကို ရွက်ထည်​ဆယ်​ထည်​ဖြင့် လုပ်​ရ​မည်​။ ထို​ရွက်ထည်​တို့​သည် အပြာရောင်​ချည်​၊ ခရမ်းရောင်​ချည်​၊ အနီရောင်​ချည် တို့​ဖြင့်​ရက်လုပ်​ထား​သော​ပိတ်ချောထည်​ဖြစ်​ရ​မည်​။ ထို​ပိတ်ချောထည်​ပေါ်တွင် ခေရုဗိမ်#26:1 ဘုရားသခင်၏ဘုန်းတော်နှင့်ဆိုင်သောကောင်းကင်တမန်။​ရုပ်​များ​ကို လက်ရာမြောက်​စွာ ပုံဖော်​ထား​ရ​မည်​။ 2ရွက်ထည်​တစ်ထည်စီ​၏​အလျား​သည် နှစ်ဆယ့်​ရှစ်​တောင်#26:2 “504 လက်မ သို့မဟုတ် 1260 စင်တီမီတာ”။​၊ အနံ​သည် လေး​တောင်#26:2 “72 လက်မ သို့မဟုတ် 180 စင်တီမီတာ”။​ရှိ​ရ​မည်​။ ထို​ရွက်ထည်​အားလုံး​သည် အရွယ်အစား​တူ​ရ​မည်​။ 3ရွက်ထည်​ငါး​ထည်​ကို တစ်တွဲ​၊ အခြား​ရွက်ထည်​ငါး​ထည်​ကို တစ်တွဲ တစ်ထည်​နှင့်​တစ်ထည် ဆက်​ရ​မည်​။ 4အပြာရောင်​ချည်​ဖြင့်​ကွင်း​များ​ကို​လုပ်​၍ ရွက်ထည်​တစ်​တွဲ​၏​အနား​စွန်း​တစ်လျှောက်​တွင် တပ်​ရ​မည်​။ နောက်​ရွက်ထည်​တစ်​တွဲ​၏​အနား​စွန်း​တစ်လျှောက်​တွင်​လည်း ထို့အတူ​လုပ်​ရ​မည်​။ 5ရွက်ထည်​တစ်​တွဲ​အတွက် ကွင်း​အကွင်း​ငါးဆယ်​လုပ်​ရ​မည်​။ နောက်​ရွက်ထည်​တစ်​တွဲ​၏​အစွန်း​၌​တပ်​ရန်​အတွက် ကွင်း​အကွင်း​ငါးဆယ်​လုပ်​ရ​မည်​။ ထို​ကွင်း​များ​သည် တစ်ကွင်း​နှင့်​တစ်ကွင်း​ဆိုင်​နေ​ရ​မည်​။ 6ရွှေ​ချိတ်​အခု​ငါးဆယ်​ကို​လည်း​လုပ်​ပြီး ကိန်းဝပ်​တော်မူ​ရာ​တဲ​တော် တစ်ဆောင်တည်း​ဖြစ်​စေရန် ထို​ချိတ်​များ​ဖြင့် ရွက်ထည်​တစ်တွဲ​နှင့်​တစ်တွဲ တွဲ​ထား​ရ​မည်​။ 7ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​ကို​ဖုံးအုပ်​ရန် ဆိတ်မွေး​ရွက်ထည်​တဲ​အတွက် ရွက်ထည် တစ်ဆယ့်တစ်​ထည်​ကို လုပ်​ရ​မည်​။ 8ရွက်ထည်​တစ်ထည်စီ​၏​အလျား​သည် အတောင်​သုံးဆယ်#26:8 “540 လက်မ သို့မဟုတ် 1350 စင်တီမီတာ”။​၊ အနံ​သည် လေး​တောင်​ရှိ​ရ​မည်​။ ထို​ရွက်ထည်​တစ်ဆယ့်တစ်​ထည်​သည် အရွယ်အစား​တူ​ရ​မည်​။ 9ရွက်ထည်​ငါး​ထည်​ကို​တစ်​တွဲ​၊ ရွက်ထည်​ခြောက်​ထည်​ကို​တစ်​တွဲ ဆက်၍ ဆဋ္ဌမ​ရွက်ထည်​ကို တဲ​တော်​၏​ရှေ့​ပိုင်း​၌ ခေါက်တင်​ရ​မည်​။ 10ရွက်ထည်​တစ်​တွဲ​၏​အနား​စွန်း​တစ်လျှောက်​တွင် ကွင်း​အကွင်း​ငါးဆယ်​၊ နောက်​ရွက်ထည်​တစ်​တွဲ​၏​အနား​တစ်လျှောက်​တွင် ကွင်း​အကွင်း​ငါးဆယ် တပ်​ရ​မည်​။ 11ကြေးနီ​ချိတ်​အခု​ငါးဆယ်​ကို​လည်း​လုပ်​ပြီး တဲ​တော်​တစ်ဆောင်တည်း​ဖြစ်​စေရန် ကွင်း​များ​ကို ထို​ချိတ်​များ​နှင့် ချိတ်​ထား​ရ​မည်​။ 12တဲ​တော်​၏​ရွက်ထည်​များ​မှ ပို​နေ​သည့် ရွက်ထည်​တစ်ဝက်​ကို ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​၏​နောက်ပိုင်း​၌ တွဲလျား​ချထား​ရ​မည်​။ 13တဲ​တော်​ရွက်ထည်​များ​၏​အလျား​ဘက်​မှ ပို​နေ​သော​အပိုင်း​ကို ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​အား​ဖုံးအုပ်​ရန် တစ်ဖက်​၌​တစ်တောင်​၊ အခြား​တစ်ဖက်​၌​တစ်တောင်#26:13 “18 လက်မ သို့မဟုတ် 45 စင်တီမီတာ”။ ဘေး​တစ်ဖက်တစ်ချက်​စီ​တွင် တွဲလျား​ချထား​ရ​မည်​။ 14တဲ​တော်​၏​အမိုး​ကို အနီရောင်ဆိုး​ထား​သော​သိုးထီး​သားရေ​ဖြင့် လုပ်​ရ​မည်​။ ထို​အပေါ်​ထပ်မိုး​ရန်​အမိုး​ကို တဟာရှ#26:14 သို့မဟုတ် “အကောင်းဆုံး”၊ “လင်းပိုင်ငါး”၊ “ဆိတ်”။ အဓိပ္ပာယ်မသေချာသောဟေဗြဲစကားလုံး။​သားရေ​ဖြင့် လုပ်​ရ​မည်​။
15ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​အတွက်​ဘောင်​များ​ကို အကေရှား#26:15 “ထနောင်းမျိုး”။​သစ်သား​များ​ဖြင့် လုပ်​၍ ထောင်​ထား​ရ​မည်​။ 16ဘောင်​တစ်ခုစီ​၏​အလျား​သည် အတောင်​တစ်ဆယ်#26:16 “180 လက်မ သို့မဟုတ် 450 စင်တီမီတာ”။​၊ အနံ​သည် တစ်တောင့်#26:16 “27 လက်မ သို့မဟုတ် 67 စင်တီမီတာ”။​တစ်ထွာ​ရှိ​ရ​မည်​။ 17ဘောင်​တစ်ခု​နှင့်​တစ်ခု​ဆက်​ရန် ဘောင်​တစ်ခုစီ​၌​စရွေးတံ​နှစ်​ခု​ရှိ​ရ​မည်​။ ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​၏​ဘောင်​ရှိသမျှ​တို့​ကို ထို့အတူ​လုပ်​ရ​မည်​။ 18ကိန်းဝပ်​တော်မူ​ရာ​တဲ​တော် တောင်ဘက်​ခြမ်း​အတွက် ဘောင်​အခု​နှစ်ဆယ်​လုပ်​ရ​မည်​။ 19ဘောင်​တစ်​ခု​အောက်​ရှိ စရွေးတံ​နှစ်​ခု​အတွက် အောက်ခံအစွပ်​နှစ်​ခု​၊ နောက်​ဘောင်​တစ်​ခု​အောက်​ရှိ စရွေးတံ​နှစ်​ခု​အတွက် အောက်ခံအစွပ်​နှစ်​ခု စသည်ဖြင့် ဘောင်​အခု​နှစ်ဆယ်​အတွက် အောက်ခံ​ငွေ​အစွပ် အခု​လေးဆယ်​လုပ်​ရ​မည်​။ 20ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​၏​အခြား​တစ်ဖက်​ဖြစ်​သည့် မြောက်ဘက်ခြမ်း​အတွက်​လည်း ဘောင်​အခု​နှစ်ဆယ်​လုပ်​ရ​မည်​။ 21ဘောင်​တစ်​ခု​အောက်​၌ အောက်ခံအစွပ်​နှစ်​ခု​၊ နောက်​ဘောင်​တစ်​ခု​အောက်​၌ အောက်ခံအစွပ်​နှစ်​ခု စသည်ဖြင့် အောက်ခံ​ငွေ​အစွပ်​လေးဆယ်​လုပ်​ရ​မည်​။ 22ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​၏​အဆုံး အနောက်ဘက်ခြမ်း​အတွက် ဘောင်​ခြောက်​ခု​လုပ်​ရ​မည်​။ 23ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​အဆုံး​ရှိ ထောင့်​နှစ်​ထောင့်​အတွက် ဘောင်​နှစ်​ခု​လုပ်​ရ​မည်​။ 24ထို​ဘောင်​တို့​သည် အောက်ပိုင်း​၌ နှစ်​ခွ​ဖြစ်​နေ​ရ​မည်​။ ထိပ်ပိုင်း​တွင် ဘောင်​နှစ်ခုစလုံး​ကို ကွင်း​တစ်ခုတည်း​၌ အတူတူ​ချိတ်​ထား​ရ​မည်​။ ထောင့်​များ​အတွက် ဘောင်​နှစ်ခုစလုံး ထိုနည်းတူ​ဖြစ်​ရ​မည်​။ 25ထို့ကြောင့် ဘောင်​ရှစ်​ခု​ရှိ​မည်​။ ဘောင်​တစ်​ခု​အောက်​၌ အောက်ခံအစွပ်​နှစ်​ခု​၊ နောက်​ဘောင်​တစ်​ခု​အောက်​၌ အောက်ခံအစွပ်​နှစ်​ခု စသည်ဖြင့် ထို​ဘောင်​တို့​အတွက် အောက်ခံ​ငွေ​အစွပ် တစ်ဆယ့်​ခြောက်​ခု​လုပ်​ရ​မည်​။
26ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​တစ်​ဖက်​ရှိ​ဘောင်​များ​အတွက် အကေရှား#26:26 “ထနောင်းမျိုး”။​သစ်သား ကန့်လန့်ကျင်​ငါး​ချောင်း​ကို​လည်းကောင်း​၊ 27ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​နောက်​တစ်ဖက်​ရှိ​ဘောင်​များ​အတွက် ကန့်လန့်ကျင်​ငါး​ချောင်း​ကို​လည်းကောင်း​၊ ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​အနောက်ဘက်ခြမ်း​ရှိ​ဘောင်​များ​အတွက် ကန့်လန့်ကျင်​ငါး​ချောင်း​ကို​လည်းကောင်း လုပ်​ရ​မည်​။ 28ဘောင်​များ​၏​အလယ်​တစ်ဝက်​ရှိ အလယ်​ကန့်လန့်ကျင်​သည် တစ်ဖက်စွန်း​မှ တစ်ဖက်စွန်း​တိုင်အောင် ထုတ်ချင်းပေါက်​ရ​မည်​။ 29ဘောင်​များ​ကို ရွှေ​ဖြင့်​မွမ်းမံ​ရ​မည်​။ ကန့်လန့်ကျင်​လျှို​ရန်​ကွင်း​များ​ကို ရွှေ​ဖြင့်​လုပ်​ရ​မည်​။ ကန့်လန့်ကျင်​များ​ကို​လည်း ရွှေ​ဖြင့်​မွမ်းမံ​ရ​မည်​။ 30တောင်​ပေါ်၌ သင့်​အား ငါ​ပြ​ခဲ့​သည့်​ပုံစံ​အတိုင်း ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​ကို တည်​ရ​မည်​။
31အပြာရောင်​ချည်​၊ ခရမ်းရောင်​ချည်​၊ အနီရောင်​ချည် တို့​ဖြင့်​ရက်လုပ်​ထား​သော​ပိတ်ချောထည်​ပေါ်တွင် ခေရုဗိမ်#26:31 ဘုရားသခင်၏ဘုန်းတော်နှင့်ဆိုင်သောကောင်းကင်တမန်။​ရုပ်​ကို လက်ရာမြောက်​စွာ​ပုံဖော်​ထား​သော ကန့်လန့်ကာ​ကို လုပ်​ရ​မည်​။ 32အောက်ခံ​ငွေ​အစွပ်​လေး​ခု​စွပ်​ထား​၍ ရွှေ​ချိတ်​များ​ပါရှိ​သည့် ရွှေ​ဖြင့်​မွမ်းမံ​ထား​သော အကေရှား#26:32 “ထနောင်းမျိုး”။​သစ်သား​တိုင်​လေး​တိုင်​တွင် ထို​ကန့်လန့်ကာ​ကို ချိတ်ဆွဲ​ထား​ရ​မည်​။ 33ကန့်လန့်ကာ​ကို ချိတ်​များ​၌​ချိတ်ဆွဲ​ထား​၍ သက်သေခံချက်​သေတ္တာ​တော်​ကို ကန့်လန့်ကာ​၏​အတွင်း​ဘက်​နေရာ​၌ သွင်း​ထား​ရ​မည်​။ ကန့်လန့်ကာ​သည် သန့်ရှင်းရာဌာန​နှင့်​အသန့်ရှင်းဆုံးဌာန​ကို ပိုင်းခြား​ပေး​ထား​မည်​။ 34ကရုဏာ​တော်​ပလ္လင်#26:34 သို့မဟုတ် “အဖုံး”။​ကို အသန့်ရှင်းဆုံးဌာန​ရှိ သက်သေခံချက်​သေတ္တာ​တော်​အပေါ်​၌ ထား​ရ​မည်​။ 35စားပွဲ​ကို ကန့်လန့်ကာ​၏​အပြင်ဘက် မြောက်ဘက်ခြမ်း​၌​ထား​ရ​မည်​။ ဆီမီးခုံ​ကို စားပွဲ​နှင့်​မျက်နှာချင်းဆိုင် ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​၏​တောင်ဘက်​၌ ထား​ရ​မည်​။ 36တဲ​တော်​အဝင်ဝ​ကို​ကာ​ရန် အပြာရောင်​ချည်​၊ ခရမ်းရောင်​ချည်​၊ အနီရောင်​ချည် တို့​ဖြင့်​ရက်လုပ်​ထား​သော​ပိတ်ချောထည်​ပေါ်တွင် ပန်းထိုး​ထား​သော​လိုက်ကာ​ကို လုပ်​ရ​မည်​။ 37လိုက်ကာ​အတွက် ရွှေ​ချိတ်​များ​ပါရှိ​သည့် အကေရှား#26:37 “ထနောင်းမျိုး”။​သစ်သား​တိုင်​ငါး​တိုင်​ကို​လုပ်​၍ ရွှေ​ဖြင့်​မွမ်းမံ​ရ​မည်​။ တိုင်​များ​အတွက် အောက်ခံ​ကြေးနီ​အစွပ်​ငါး​ခု​ကို​လည်း သွန်းလုပ်​ရ​မည်​။

လက်ရှိရွေးချယ်ထားမှု

ထွက်မြောက်ရာကျမ်း 26: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ