ထွက်မြောက်ရာကျမ်း 26
26
တဲတော်
1ထို့ပြင် သင်သည် ကိန်းဝပ်တော်မူရာတဲတော်ကို ရွက်ထည်ဆယ်ထည်ဖြင့် လုပ်ရမည်။ ထိုရွက်ထည်တို့သည် အပြာရောင်ချည်၊ ခရမ်းရောင်ချည်၊ အနီရောင်ချည် တို့ဖြင့်ရက်လုပ်ထားသောပိတ်ချောထည်ဖြစ်ရမည်။ ထိုပိတ်ချောထည်ပေါ်တွင် ခေရုဗိမ်#26:1 ဘုရားသခင်၏ဘုန်းတော်နှင့်ဆိုင်သောကောင်းကင်တမန်။ရုပ်များကို လက်ရာမြောက်စွာ ပုံဖော်ထားရမည်။ 2ရွက်ထည်တစ်ထည်စီ၏အလျားသည် နှစ်ဆယ့်ရှစ်တောင်#26:2 “504 လက်မ သို့မဟုတ် 1260 စင်တီမီတာ”။၊ အနံသည် လေးတောင်#26:2 “72 လက်မ သို့မဟုတ် 180 စင်တီမီတာ”။ရှိရမည်။ ထိုရွက်ထည်အားလုံးသည် အရွယ်အစားတူရမည်။ 3ရွက်ထည်ငါးထည်ကို တစ်တွဲ၊ အခြားရွက်ထည်ငါးထည်ကို တစ်တွဲ တစ်ထည်နှင့်တစ်ထည် ဆက်ရမည်။ 4အပြာရောင်ချည်ဖြင့်ကွင်းများကိုလုပ်၍ ရွက်ထည်တစ်တွဲ၏အနားစွန်းတစ်လျှောက်တွင် တပ်ရမည်။ နောက်ရွက်ထည်တစ်တွဲ၏အနားစွန်းတစ်လျှောက်တွင်လည်း ထို့အတူလုပ်ရမည်။ 5ရွက်ထည်တစ်တွဲအတွက် ကွင်းအကွင်းငါးဆယ်လုပ်ရမည်။ နောက်ရွက်ထည်တစ်တွဲ၏အစွန်း၌တပ်ရန်အတွက် ကွင်းအကွင်းငါးဆယ်လုပ်ရမည်။ ထိုကွင်းများသည် တစ်ကွင်းနှင့်တစ်ကွင်းဆိုင်နေရမည်။ 6ရွှေချိတ်အခုငါးဆယ်ကိုလည်းလုပ်ပြီး ကိန်းဝပ်တော်မူရာတဲတော် တစ်ဆောင်တည်းဖြစ်စေရန် ထိုချိတ်များဖြင့် ရွက်ထည်တစ်တွဲနှင့်တစ်တွဲ တွဲထားရမည်။ 7ကိန်းဝပ်တော်မူရာတဲတော်ကိုဖုံးအုပ်ရန် ဆိတ်မွေးရွက်ထည်တဲအတွက် ရွက်ထည် တစ်ဆယ့်တစ်ထည်ကို လုပ်ရမည်။ 8ရွက်ထည်တစ်ထည်စီ၏အလျားသည် အတောင်သုံးဆယ်#26:8 “540 လက်မ သို့မဟုတ် 1350 စင်တီမီတာ”။၊ အနံသည် လေးတောင်ရှိရမည်။ ထိုရွက်ထည်တစ်ဆယ့်တစ်ထည်သည် အရွယ်အစားတူရမည်။ 9ရွက်ထည်ငါးထည်ကိုတစ်တွဲ၊ ရွက်ထည်ခြောက်ထည်ကိုတစ်တွဲ ဆက်၍ ဆဋ္ဌမရွက်ထည်ကို တဲတော်၏ရှေ့ပိုင်း၌ ခေါက်တင်ရမည်။ 10ရွက်ထည်တစ်တွဲ၏အနားစွန်းတစ်လျှောက်တွင် ကွင်းအကွင်းငါးဆယ်၊ နောက်ရွက်ထည်တစ်တွဲ၏အနားတစ်လျှောက်တွင် ကွင်းအကွင်းငါးဆယ် တပ်ရမည်။ 11ကြေးနီချိတ်အခုငါးဆယ်ကိုလည်းလုပ်ပြီး တဲတော်တစ်ဆောင်တည်းဖြစ်စေရန် ကွင်းများကို ထိုချိတ်များနှင့် ချိတ်ထားရမည်။ 12တဲတော်၏ရွက်ထည်များမှ ပိုနေသည့် ရွက်ထည်တစ်ဝက်ကို ကိန်းဝပ်တော်မူရာတဲတော်၏နောက်ပိုင်း၌ တွဲလျားချထားရမည်။ 13တဲတော်ရွက်ထည်များ၏အလျားဘက်မှ ပိုနေသောအပိုင်းကို ကိန်းဝပ်တော်မူရာတဲတော်အားဖုံးအုပ်ရန် တစ်ဖက်၌တစ်တောင်၊ အခြားတစ်ဖက်၌တစ်တောင်#26:13 “18 လက်မ သို့မဟုတ် 45 စင်တီမီတာ”။ ဘေးတစ်ဖက်တစ်ချက်စီတွင် တွဲလျားချထားရမည်။ 14တဲတော်၏အမိုးကို အနီရောင်ဆိုးထားသောသိုးထီးသားရေဖြင့် လုပ်ရမည်။ ထိုအပေါ်ထပ်မိုးရန်အမိုးကို တဟာရှ#26:14 သို့မဟုတ် “အကောင်းဆုံး”၊ “လင်းပိုင်ငါး”၊ “ဆိတ်”။ အဓိပ္ပာယ်မသေချာသောဟေဗြဲစကားလုံး။သားရေဖြင့် လုပ်ရမည်။
15ကိန်းဝပ်တော်မူရာတဲတော်အတွက်ဘောင်များကို အကေရှား#26:15 “ထနောင်းမျိုး”။သစ်သားများဖြင့် လုပ်၍ ထောင်ထားရမည်။ 16ဘောင်တစ်ခုစီ၏အလျားသည် အတောင်တစ်ဆယ်#26:16 “180 လက်မ သို့မဟုတ် 450 စင်တီမီတာ”။၊ အနံသည် တစ်တောင့်#26:16 “27 လက်မ သို့မဟုတ် 67 စင်တီမီတာ”။တစ်ထွာရှိရမည်။ 17ဘောင်တစ်ခုနှင့်တစ်ခုဆက်ရန် ဘောင်တစ်ခုစီ၌စရွေးတံနှစ်ခုရှိရမည်။ ကိန်းဝပ်တော်မူရာတဲတော်၏ဘောင်ရှိသမျှတို့ကို ထို့အတူလုပ်ရမည်။ 18ကိန်းဝပ်တော်မူရာတဲတော် တောင်ဘက်ခြမ်းအတွက် ဘောင်အခုနှစ်ဆယ်လုပ်ရမည်။ 19ဘောင်တစ်ခုအောက်ရှိ စရွေးတံနှစ်ခုအတွက် အောက်ခံအစွပ်နှစ်ခု၊ နောက်ဘောင်တစ်ခုအောက်ရှိ စရွေးတံနှစ်ခုအတွက် အောက်ခံအစွပ်နှစ်ခု စသည်ဖြင့် ဘောင်အခုနှစ်ဆယ်အတွက် အောက်ခံငွေအစွပ် အခုလေးဆယ်လုပ်ရမည်။ 20ကိန်းဝပ်တော်မူရာတဲတော်၏အခြားတစ်ဖက်ဖြစ်သည့် မြောက်ဘက်ခြမ်းအတွက်လည်း ဘောင်အခုနှစ်ဆယ်လုပ်ရမည်။ 21ဘောင်တစ်ခုအောက်၌ အောက်ခံအစွပ်နှစ်ခု၊ နောက်ဘောင်တစ်ခုအောက်၌ အောက်ခံအစွပ်နှစ်ခု စသည်ဖြင့် အောက်ခံငွေအစွပ်လေးဆယ်လုပ်ရမည်။ 22ကိန်းဝပ်တော်မူရာတဲတော်၏အဆုံး အနောက်ဘက်ခြမ်းအတွက် ဘောင်ခြောက်ခုလုပ်ရမည်။ 23ကိန်းဝပ်တော်မူရာတဲတော်အဆုံးရှိ ထောင့်နှစ်ထောင့်အတွက် ဘောင်နှစ်ခုလုပ်ရမည်။ 24ထိုဘောင်တို့သည် အောက်ပိုင်း၌ နှစ်ခွဖြစ်နေရမည်။ ထိပ်ပိုင်းတွင် ဘောင်နှစ်ခုစလုံးကို ကွင်းတစ်ခုတည်း၌ အတူတူချိတ်ထားရမည်။ ထောင့်များအတွက် ဘောင်နှစ်ခုစလုံး ထိုနည်းတူဖြစ်ရမည်။ 25ထို့ကြောင့် ဘောင်ရှစ်ခုရှိမည်။ ဘောင်တစ်ခုအောက်၌ အောက်ခံအစွပ်နှစ်ခု၊ နောက်ဘောင်တစ်ခုအောက်၌ အောက်ခံအစွပ်နှစ်ခု စသည်ဖြင့် ထိုဘောင်တို့အတွက် အောက်ခံငွေအစွပ် တစ်ဆယ့်ခြောက်ခုလုပ်ရမည်။
26ကိန်းဝပ်တော်မူရာတဲတော်တစ်ဖက်ရှိဘောင်များအတွက် အကေရှား#26:26 “ထနောင်းမျိုး”။သစ်သား ကန့်လန့်ကျင်ငါးချောင်းကိုလည်းကောင်း၊ 27ကိန်းဝပ်တော်မူရာတဲတော်နောက်တစ်ဖက်ရှိဘောင်များအတွက် ကန့်လန့်ကျင်ငါးချောင်းကိုလည်းကောင်း၊ ကိန်းဝပ်တော်မူရာတဲတော်အနောက်ဘက်ခြမ်းရှိဘောင်များအတွက် ကန့်လန့်ကျင်ငါးချောင်းကိုလည်းကောင်း လုပ်ရမည်။ 28ဘောင်များ၏အလယ်တစ်ဝက်ရှိ အလယ်ကန့်လန့်ကျင်သည် တစ်ဖက်စွန်းမှ တစ်ဖက်စွန်းတိုင်အောင် ထုတ်ချင်းပေါက်ရမည်။ 29ဘောင်များကို ရွှေဖြင့်မွမ်းမံရမည်။ ကန့်လန့်ကျင်လျှိုရန်ကွင်းများကို ရွှေဖြင့်လုပ်ရမည်။ ကန့်လန့်ကျင်များကိုလည်း ရွှေဖြင့်မွမ်းမံရမည်။ 30တောင်ပေါ်၌ သင့်အား ငါပြခဲ့သည့်ပုံစံအတိုင်း ကိန်းဝပ်တော်မူရာတဲတော်ကို တည်ရမည်။
31အပြာရောင်ချည်၊ ခရမ်းရောင်ချည်၊ အနီရောင်ချည် တို့ဖြင့်ရက်လုပ်ထားသောပိတ်ချောထည်ပေါ်တွင် ခေရုဗိမ်#26:31 ဘုရားသခင်၏ဘုန်းတော်နှင့်ဆိုင်သောကောင်းကင်တမန်။ရုပ်ကို လက်ရာမြောက်စွာပုံဖော်ထားသော ကန့်လန့်ကာကို လုပ်ရမည်။ 32အောက်ခံငွေအစွပ်လေးခုစွပ်ထား၍ ရွှေချိတ်များပါရှိသည့် ရွှေဖြင့်မွမ်းမံထားသော အကေရှား#26:32 “ထနောင်းမျိုး”။သစ်သားတိုင်လေးတိုင်တွင် ထိုကန့်လန့်ကာကို ချိတ်ဆွဲထားရမည်။ 33ကန့်လန့်ကာကို ချိတ်များ၌ချိတ်ဆွဲထား၍ သက်သေခံချက်သေတ္တာတော်ကို ကန့်လန့်ကာ၏အတွင်းဘက်နေရာ၌ သွင်းထားရမည်။ ကန့်လန့်ကာသည် သန့်ရှင်းရာဌာနနှင့်အသန့်ရှင်းဆုံးဌာနကို ပိုင်းခြားပေးထားမည်။ 34ကရုဏာတော်ပလ္လင်#26:34 သို့မဟုတ် “အဖုံး”။ကို အသန့်ရှင်းဆုံးဌာနရှိ သက်သေခံချက်သေတ္တာတော်အပေါ်၌ ထားရမည်။ 35စားပွဲကို ကန့်လန့်ကာ၏အပြင်ဘက် မြောက်ဘက်ခြမ်း၌ထားရမည်။ ဆီမီးခုံကို စားပွဲနှင့်မျက်နှာချင်းဆိုင် ကိန်းဝပ်တော်မူရာတဲတော်၏တောင်ဘက်၌ ထားရမည်။ 36တဲတော်အဝင်ဝကိုကာရန် အပြာရောင်ချည်၊ ခရမ်းရောင်ချည်၊ အနီရောင်ချည် တို့ဖြင့်ရက်လုပ်ထားသောပိတ်ချောထည်ပေါ်တွင် ပန်းထိုးထားသောလိုက်ကာကို လုပ်ရမည်။ 37လိုက်ကာအတွက် ရွှေချိတ်များပါရှိသည့် အကေရှား#26:37 “ထနောင်းမျိုး”။သစ်သားတိုင်ငါးတိုင်ကိုလုပ်၍ ရွှေဖြင့်မွမ်းမံရမည်။ တိုင်များအတွက် အောက်ခံကြေးနီအစွပ်ငါးခုကိုလည်း သွန်းလုပ်ရမည်။
လက်ရှိရွေးချယ်ထားမှု
ထွက်မြောက်ရာကျမ်း 26: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative