YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဓမ္မရာဇဝင်စတုတ္ထစောင် 7

7
ဆီးရီးယားလူတို့ရှုံးနိမ့်ခြင်း
1ထိုအခါ ဧလိရှဲ​က “​ထာဝရဘုရား​၏​စကား​တော်​ကို နားထောင်​ပါ​လော့​။ ထာဝရဘုရား​က ‘​မနက်ဖြန် ဤသို့​သော​အချိန်​တွင် ရှမာရိ​မြို့​တံခါး​၌ မုန့်ညက်​တစ်​စေအာ#7:1 “3 ပြည် သို့မဟုတ် 7.3 လီတာခန့်”။​ကို တစ်​ရှယ်ကယ်#7:1 “0.75 ကျပ်သား သို့မဟုတ် 11.5 ဂရမ်”။​၊ မုယော​နှစ်​စေအာ#7:1 “6 ပြည် သို့မဟုတ် 14.6 လီတာခန့်”။​ကို တစ်​ရှယ်ကယ်​ဖြင့် ရောင်း​ကြ​လိမ့်မည်​’​ဟူ၍ မိန့်​တော်မူ​ပြီ​”​ဟု သူ​တို့​အား ဆို​၏​။
2ထိုအခါ ဘုရင့်​လက်ရုံး​ဖြစ်​သူ တပ်မှူး​က ဘုရားသခင်​၏​လူ​အား “​ထာဝရဘုရား​က မိုးကောင်းကင်​ပြတင်းပေါက်​များ​ကို ဖွင့်ပေး​မည်​ဆို​လျှင်ပင် ဤသို့​ဖြစ်​နိုင်​မည်လော​”​ဟု ဆို​လျှင် ဧလိရှဲ​က သူ့​အား “​သင်​သည် ထို​အရာ​တို့​ကို ကိုယ့်​မျက်စိ​နှင့်​မြင်ရုံမျှသာ​မြင်​ရ​မည်​။ စား​ရ​မည်​မ​ဟုတ်​”​ဟု ပြန်ပြော​လေ​၏​။
3ထို​အချိန်​တွင် မြို့​တံခါးဝ​၌ အနာကြီးရောဂါစွဲ​နေ​သူ​လူ​လေး​ယောက်​ရှိ​၏​။ သူ​တို့​က “​ငါ​တို့​သည် အဘယ်ကြောင့် သေ​သည်​အထိ ဤ​နေရာ​မှာ​ထိုင်​နေ​ရ​မည်နည်း​။ 4မြို့​ထဲသို့​ဝင်​မည်​ဆို​လျှင်လည်း မြို့​ထဲမှ​ငတ်မွတ်ခြင်းဘေး​ကြောင့် သေ​ရ​လိမ့်မည်​။ ဤ​နေရာ​မှာ ထိုင်​နေ​လျှင်လည်း သေ​ရ​မည်​။ ထို့ကြောင့် ယခု ဆီးရီးယား​တပ်စခန်း​သို့ သွား​ကြ​စို့​။ သူ​တို့​က အသက်ချမ်းသာ​ပေး​လျှင် ငါ​တို့​အသက်ရှင်​ရ​မည်​။ သူ​တို့​သတ်​လျှင်လည်း ငါ​တို့ သေ​ရ​မည်​”​ဟု အချင်းချင်း​ပြောဆို​ကြ​ပြီးလျှင်
5သူ​တို့​သည် မှောင်ရီပျိုးစ​အချိန်​တွင် ထ​၍​ဆီးရီးယား​တပ်စခန်း​သို့ သွား​ကြ​၏​။ သူ​တို့​သည် ဆီးရီးယား​တပ်စခန်း​အစွန်​နား​ရောက်​သောအခါ လူ​တစ်ယောက်​မျှ​မ​ရှိ​သည်​ကို တွေ့​ရ​လေ​၏​။ 6အကြောင်းမှာ ဘုရားရှင်​သည် ဆီးရီးယား​တပ်သား​တို့​အား စစ်ရထားသံ​၊ မြင်းခွာသံ​များ​ဖြင့် စစ်တပ်ကြီး​ချီလာ​သော​အသံ​ကို ကြား​ရ​စေ​တော်မူ​သဖြင့် သူ​တို့​က “​ကြည့်​ပါ​။ အစ္စရေး​ဘုရင်​သည် ငါ​တို့​ကို တိုက်ခိုက်​ရန် ဟိတ္တိ​ဘုရင်​၊ အီဂျစ်​ဘုရင်​တို့​ကို စစ်ကူတောင်း​ပြီး​ချီလာ​လေ​ပြီ​”​ဟု အချင်းချင်း​ပြောဆို​ကြ​လျက် 7မှောင်ရီပျိုးစ​အချိန်​တွင် ထ​၍​ထွက်ပြေး​ကြ​လေ​၏​။ သူ​တို့​သည် တဲ​များ​၊ မြင်း​များ​၊ မြည်း​များ​ကို တပ်စခန်း​တွင် ဤ​အတိုင်း စွန့်ပစ်​ခဲ့​ကာ အသက်လွတ်​အောင် ထွက်ပြေး​ခဲ့​ကြ​ခြင်း​ဖြစ်​၏​။
8ထို့ကြောင့် တပ်စခန်း​အစွန်​နား​သို့​ရောက်လာ​သော အနာကြီးရောဂါစွဲ​နေ​သော​လူ​တို့​က တဲ​တစ်​ခု​အတွင်း​သို့​ဝင်​၍ စား​သောက်​ပြီးလျှင် ထို​တဲ​မှ ရွှေ​ငွေ​၊ အဝတ်အထည်​တို့​ကို​ယူ​ပြီး သွား​ဝှက်​ထား​ကြ​၏​။ ထို့နောက် ပြန်လာ​ပြီး အခြား​တဲ​တစ်​ခု​အတွင်း​သို့​ဝင်​ကာ ပစ္စည်း​များ​ကို​ယူ​ပြီး သွား​ဝှက်​ထား​ကြ​ပြန်​၏​။ 9သို့သော် သူ​တို့​က “​ငါ​တို့ ဤသို့ မ​ပြု​သင့်​။ ဤ​နေ့​၌ သတင်းကောင်း​ရှိ​နေ​လျက်ပင် ငါ​တို့​မ​ပြော​ဘဲ နံနက်​မိုးလင်းချိန်​အထိ​စောင့်​၍ တိတ်ဆိတ်​နေ​မည်​ဆိုလျှင် ငါ​တို့​အပြစ် ဖြစ်​တော့​မည်​။ ထို့ကြောင့် ယခု ငါ​တို့ ဘုရင့်​နန်းတော်​သို့​သွား​၍ ဤ​အကြောင်း​ကို သွားပြော​ကြ​စို့​”​ဟု အချင်းချင်း​ပြောဆို​ကြ​ပြီးလျှင်
10သူ​တို့​သွား​၍ မြို့​တံခါးစောင့်​တို့​အား အော်ခေါ်​လျက် “​ငါ​တို့​သည် ဆီးရီးယား​တပ်စခန်း​သို့ ရောက်​ခဲ့​ပြီ​။ တပ်စခန်း​တွင် လူ​အရိပ်အယောင်​မ​တွေ့​၊ လူ​သံ​လည်း မ​ကြား​ရ​။ မြင်း​များ​၊ မြည်း​များ​ကို ချည်​ထား​၍ တဲ​များ​လည်း ဤအတိုင်း ရှိ​နေ​သည်​ကို တွေ့​ခဲ့​ရ​ပါ​၏”​ဟု သူ​တို့​အား ပြောပြ​ကြ​၏​။ 11တံခါးစောင့်​တို့​လည်း ဘုရင့်​နန်းတော်​သို့ အော်ဟစ်​သတင်းပို့​လေ​၏​။
12ရှင်ဘုရင်​လည်း ညတွင်းချင်း​ထ​၍ အမှုထမ်း​တို့​အား “​ဆီးရီးယား​လူမျိုး​တို့ မည်သို့​ကြံစည်​နေ​သည်​ကို သင်​တို့​အား ငါ​ပြောပြ​မည်​။ ငါ​တို့​ငတ်ပြတ်​နေ​သည်​ကို သူ​တို့​သိ​သဖြင့် တပ်စခန်း​မှ​ထွက်သွား​ပြီး တော​ထဲတွင် ပုန်းရှောင်​နေ​ကြ​၏​။ သူ​တို့​က ‘​အကယ်စင်စစ် မြို့သား​တို့​သည် မြို့​ထဲမှ​ထွက်လာ​ကြ​လိမ့်မည်​။ သူ​တို့​ထွက်လာ​လျှင် ငါ​တို့​က သူ​တို့​ကို အရှင်​ဖမ်း​ပြီး မြို့​ထဲသို့​ဝင်​ကြ​မည်​’​ဟူ၍ သူ​တို့​ကြံစည်​ကြ​ပြီ​”​ဟု မိန့်ဆို​၏​။ 13ထိုအခါ အမှုထမ်း​တစ်​ယောက်​က “​ယခု မြို့​ထဲတွင် ကျန်နေ​သေး​သော​မြင်း​ငါး​ကောင်​နှင့် လူ​အချို့​တို့​ကို စေလွှတ်​တော်မူ​ပါ​။ သူ​တို့​သည် မြို့​ထဲ၌​ကျန်ရစ်​နေ​သော​အစ္စရေး​လူထု​အပေါင်း​နှင့် အတူတူ​ပင်​ဖြစ်​၏​။ သေသွား​သော​အစ္စရေး​လူထု​အပေါင်း​နှင့်​လည်း​အတူတူပင်​ဖြစ်​သောကြောင့် သူ​တို့​ကို​စေလွှတ်​၍ သွားကြည့်​ခွင့်​ပြု​တော်မူ​ပါ​”​ဟု လျှောက်တင်​လေ​၏​။
14ထို့ကြောင့် မြင်း​ရထား​နှစ်​စီး​ကို​ယူ​ပြီး ရှင်ဘုရင်​က “​သွား​ပြီး​စူးစမ်းကြည့်​ပါ​”​ဟု ဆို​လျက် ဆီးရီးယား​စစ်သည်​တို့​နောက်သို့ လိုက်​စေ​၏​။ 15သူ​တို့​သည် ဂျော်ဒန်​မြစ်​တိုင်အောင် ဆီးရီးယား​စစ်သည်​တို့​နောက်သို့ လိုက်​ကြ​ရာ ဆီးရီးယား​စစ်သည်​တို့ ပြေး​ရင်း​ပစ်ချ​ထား​ခဲ့​သော အဝတ်​များ​၊ လက်နက်ကိရိယာ​များ လမ်း​တစ်လျှောက်လုံး​ပြည့်နှက်​နေ​သည်​ကို တွေ့​ရ​လေ​၏​။ တမန်​တို့​သည်​လည်း ရှင်ဘုရင်​ထံသို့​ပြန်လာ​၍ သတင်းပို့​ကြ​လျှင် 16လူ​တို့​သည် ထွက်သွား​၍ ဆီးရီးယား​တပ်စခန်း​ကို သိမ်းယူ​ကြ​လေ​၏​။ ထာဝရဘုရား မိန့်​တော်မူ​ခဲ့​သည့်​အတိုင်း သူ​တို့​သည် မုန့်ညက်​တစ်​စေအာ#7:16 “3 ပြည် သို့မဟုတ် 7.3 လီတာခန့်”။​ကို တစ်​ရှယ်ကယ်#7:16 “0.75 ကျပ်သား သို့မဟုတ် 11.​5 ဂရမ်”။​၊ မုယော​နှစ်​စေအာ#7:16 “6 ပြည် သို့မဟုတ် 1​4.6 လီတာခန့်”။​ကို တစ်​ရှယ်ကယ်​ဖြင့် ရောင်း​ကြ​လေ​၏​။ 17ရှင်ဘုရင်​က မိမိ​လက်ရုံး​ဖြစ်​သူ​တပ်မှူး​အား တံခါးမှူး​အဖြစ်​ခန့်အပ်​ရာ ထို​တပ်မှူး​ကို မြို့​တံခါးဝ​တွင် လူ​တို့​နင်း​မိ​သဖြင့် သူ​သေသွား​လေ​၏​။ ဘုရားသခင်​၏​လူ​ထံ ရှင်ဘုရင်​ကြွလာ​စဉ်က ဘုရားသခင်​၏​လူ​ကြိုတင်​ပြောဆို​ခဲ့​သည့်​အတိုင်း ဖြစ်လာ​လေ​၏​။ 18ဤသို့ဖြင့် “မနက်ဖြန် ဤသို့သော​အချိန်​တွင် ရှမာရိ​မြို့​တံခါး​၌ မုန့်ညက်​တစ်​စေအာ#7:18 “3 ပြည် သို့မဟုတ် 7.3 လီတာခန့်”။​ကို တစ်​ရှယ်ကယ်#7:18 “0.75 ကျပ်သား သို့မဟုတ် 11.​5 ဂရမ်”။​၊ မုယော​နှစ်​စေအာ#7:18 “6 ပြည် သို့မဟုတ် 1​4.6 လီတာခန့်”။​ကို တစ်​ရှယ်ကယ်​ဖြင့် ရောင်း​ကြ​လိမ့်မည်​”​ဟု ဘုရားသခင်​၏​လူ​က ရှင်ဘုရင်​အား ဆင့်ဆို​ခဲ့​သည့်​အတိုင်း ဖြစ်လာ​၏​။ 19ထိုစဉ်က တပ်မှူး​သည် ဘုရားသခင်​၏​လူ​အား “​ထာဝရဘုရား​က မိုးကောင်းကင်​ပြတင်းပေါက်​များ​ကို ဖွင့်ပေး​မည်​ဆို​လျှင်ပင် ဤသို့​ဖြစ်နိုင်​မည်လော​”​ဟု ဆို​လျှင် ဧလိရှဲ​က သူ့​အား “​သင်​သည် ထို​အရာ​တို့​ကို ကိုယ့်​မျက်စိ​နှင့်​မြင်ရုံမျှ​သာ​မြင်​ရ​မည်​။ စား​ရ​မည်​မ​ဟုတ်​”​ဟု ပြန်ပြော​ခဲ့​၏​။ 20ထိုသို့ ပြော​ခဲ့​သည့်​အတိုင်း​လည်း ဖြစ်လာ​လေ​၏​။ ထို​တပ်မှူး​သည်​လည်း မြို့​တံခါးဝ​၌ လူ​တို့ သူ့​ကို​နင်း​မိ​သဖြင့် သူ​သေသွား​လေ​၏​။

လက်ရှိရွေးချယ်ထားမှု

ဓမ္မရာဇဝင်စတုတ္ထစောင် 7: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ