YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရာဇဝင်ချုပ်ဒုတိယစောင် 27

27
ယုဒဘုရင်ယောသံမင်းကြီး
1ယောသံ​နန်းတက်​သောအခါ သက်တော်​နှစ်ဆယ့်​ငါး​နှစ်​ရှိ​ပြီး ဂျေရုဆလင်​မြို့​တွင် တစ်ဆယ့်​ခြောက်​နှစ်​စိုးစံ​၏​။ မယ်တော်​ကား ဇာဒုတ်​၏​သမီး ယေရုရှာ​အမည်​ရှိ​၏​။ 2ယောသံ​မင်းကြီး​သည် ထာဝရဘုရား​၏​ရှေ့​တော်​တွင် ဖြောင့်မှန်​စွာ​ပြုကျင့်​၍ ခမည်းတော်​ဩဇိ​မင်းကြီး​ပြုကျင့်​သမျှ​အတိုင်း ပြုကျင့်​၏​။ ထာဝရဘုရား​၏​ဗိမာန်​တော်​သို့​လည်း မ​ဝင်​။ ပြည်သူပြည်သား​တို့​မူကား အကျင့်ပျက်ပြား​လျက် ရှိ​သေး​၏​။
3သူ​သည် ထာဝရဘုရား​၏​အိမ်​တော်​အထက်​တံခါး​ကို တည်ဆောက်​၏​။ ဩဖေလ​မြို့ရိုး​ကို​လည်း ခိုင်ခံ့​အောင် တည်ဆောက်​၏​။ 4ယုဒ​တောင်ပေါ်ဒေသ​တွင်​လည်း မြို့ရွာ​များ​ကို တည်​၏​။ တော​ထဲတွင်​လည်း ခံတပ်​များ​၊ မျှော်စင်​များ​ကို တည်​၏​။ 5သူ​သည် အမ္မုန်​ဘုရင်​နှင့်​စစ်တိုက်​ရာ​တွင် အောင်​နိုင်​သောကြောင့် ထို​နှစ်​တွင် အမ္မုန်​အမျိုးသား​တို့​သည် သူ့​အား ငွေ​တာလန်​တစ်ရာ#27:5 “2200 ပိဿာ သို့မဟုတ် 3400 ကီလိုဂရမ်”။​၊ ဂျုံဆန်​ကောရ​တစ်သောင်း#27:5 “2200000 လီတာ”။​၊ မုယောဆန်​ကောရ​တစ်သောင်း ဆက်ကြေး​ပေး​ရ​၏​။ ဒုတိယ​နှစ်​၊ တတိယ​နှစ်​တို့​တွင်​လည်း အမ္မုန်​အမျိုးသား​တို့​သည် သူ့​အား ထိုသို့​ပေး​ရ​၏​။ 6ယောသံ​မင်းကြီး​သည် မိမိ​၏​ဘုရားသခင်​ထာဝရဘုရား​၏​ရှေ့​တော်​၌ တည်ကြည်​စွာ​အသက်ရှင်​လျှောက်လှမ်း​သောကြောင့် အင်အား​ကြီးမား​လာ​၏​။
7ကျန်ရှိ​နေ​သော ယောသံ​မင်းကြီး​လက်ထက်​အဖြစ်အပျက်​များ​၊ စစ်တိုက်​ခဲ့​ပုံ​များ​၊ သူ​၏​အပြုအမူ​အကျင့်အကြံ​အလုံးစုံ​တို့​ကို အစ္စရေး​ဘုရင်​၊ ယုဒ​ဘုရင်​တို့​၏​ရာဇဝင်မှတ်တမ်း​တွင် ရေးမှတ်​ထား​၏​။ 8သူ​သည် နန်းတက်​သောအခါ သက်တော်​နှစ်ဆယ့်​ငါး​နှစ်​ရှိ​ပြီး ဂျေရုဆလင်​မြို့​တွင် တစ်ဆယ့်​ခြောက်​နှစ် စိုးစံ​၏​။ 9ယောသံ​မင်းကြီး​သည် ဘိုးဘေး​တို့​နှင့်အတူ​အိပ်ပျော်​၍ သူ့​ကို ဒါဝိဒ်​မြို့​တွင် သင်္ဂြိုဟ်​ကြ​၏​။ သူ​၏​သား​တော်​အာခတ်​သည် သူ့​အရိုက်အရာ​ကို ဆက်ခံ​၏​။

လက်ရှိရွေးချယ်ထားမှု

ရာဇဝင်ချုပ်ဒုတိယစောင် 27: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ