YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကောရိန္သုဩဝါဒစာပထမစောင် 13

13
အမြတ်ဆုံးဖြစ်သောချစ်ခြင်းမေတ္တာ
1ငါ​သည် လူ့​ဘာသာ​စကား​နှင့် ကောင်းကင်​တမန်​၏​ဘာသာ​စကား​တို့​ကို ပြော​နိုင်​သော်လည်း မေတ္တာ​မ​ရှိ​လျှင် မြည်ဟည်း​သော​ကြေး​မောင်း​၊ သို့မဟုတ် စူးရှ​စွာ​မြည်​သော လင်းကွင်း​ကဲ့သို့​ဖြစ်​၏။ 2ငါ​သည် ပရောဖက်ပြု​ဟောပြော​နိုင်​သော​အခွင့်​ကို​ရရှိ​၍ လျှို့ဝှက်​နက်နဲ​သော​အရာ​ရှိသမျှ​နှင့် အသိပညာ​အလုံးစုံ​တို့​ကို နားလည်​သိရှိ​ကာ တောင်​များ​ကို​ရွှေ့​နိုင်​သည့် ယုံကြည်​ခြင်း​အပြည့်အဝ​ရှိ​သော်လည်း မေတ္တာ​မ​ရှိ​လျှင် အချည်းနှီး​ဖြစ်​၏။ 3ငါ​သည် မိမိ​ဥစ္စာ​ပစ္စည်း​ရှိသမျှ​တို့​ကို စွန့်ကြဲ​သည်​သာမက ငါ​၏​ကိုယ်ခန္ဓာ​ကို​မီးရှို့​စေရန် အပ်နှံ​သော်လည်း မေတ္တာ​မ​ရှိ​လျှင် ငါ​၌​မည်သည့်​အကျိုး​မျှ​မ​ရှိ။
4မေတ္တာ​သည် စိတ်ရှည်​တတ်​၏။ ကျေးဇူး​ပြု​တတ်​၏။ မေတ္တာ​သည် မနာလို​ခြင်း​မ​ရှိ။ ဝါကြွား​ခြင်း​မ​ရှိ။ မာန​ထောင်လွှား​ခြင်း​မ​ရှိ။ 5မ​လျောက်ပတ်​စွာ​မ​ပြု​တတ်။ ကိုယ်ကျိုး​ကို​မ​ရှာ​တတ်။ ဒေါသ​အလွယ်တကူ​မ​ထွက်​တတ်။ သူတစ်ပါး​အပြစ်​ကို မှတ်​၍​မ​ထား​တတ်။ 6မတရားမှု​၌ ဝမ်းမြောက်​ခြင်း​မ​ရှိ​ဘဲ သမ္မာတရား​၌​သာ ဝမ်းမြောက်​တတ်​၏။ 7ခပ်သိမ်း​သော​အရာ​ကို ကြံ့ကြံ့ခံ​တတ်​၏။ ခပ်သိမ်း​သော​အရာ​ကို ယုံကြည်​တတ်​၏။ ခပ်သိမ်း​သော​အရာ​ကို မျှော်လင့်​တတ်​၏။ ခပ်သိမ်း​သော​အရာ​ကို သည်းခံ​တတ်​၏။
8မေတ္တာ​သည် မည်သည့်အခါမျှ ကုန်ခန်း​ခြင်း​မ​ရှိ။ ပရောဖက်ပြု​ဟောပြော​ခြင်း​တို့​မူကား ပယ်ဖျက်​ခြင်း​ခံရ​ကြ​လိမ့်မည်။ အခြား​သော​ဘာသာ​စကား​ပြောဆို​ခြင်း​တို့​သည်​လည်း ရပ်တန့်​သွား​ကြ​လိမ့်မည်။ အသိပညာ​သည်​လည်း ပယ်ဖျက်​ခြင်း​ခံရ​လိမ့်မည်။ 9အကြောင်းမူကား ငါ​တို့​သည် တစ်စိတ်တစ်ဒေသ​မျှသာ​သိ​ကြ​ပြီး တစ်စိတ်တစ်ဒေသ​မျှသာ ပရောဖက်ပြု​ဟောပြော​ကြ​၏။ 10သို့သော် စုံလင်​ခြင်း​ရောက်လာ​သောအခါ တစ်စိတ်တစ်ဒေသ​မျှသာ​ဖြစ်​သော​အရာ​သည် ပယ်ဖျက်​ခြင်း​ခံရ​လိမ့်မည်။ 11ငါ​သည် ကလေး​သူငယ်​ဖြစ်​စဉ်​က ကလေး​သူငယ်​ကဲ့သို့​ပြောဆို​ခဲ့​၏။ ကလေး​သူငယ်​ကဲ့သို့​စဉ်းစား​ခဲ့​၏။ ကလေး​သူငယ်​ကဲ့သို့​တွေးဆ​ခဲ့​၏။ လူကြီး​ဖြစ်လာ​သောအခါ ကလေး​သူငယ်​၏​အလေ့အထ​များ​ကို ငါ​ပယ်ရှား​၏။ 12ယခု ငါ​တို့​သည် မှန်​အားဖြင့် မှုန်ဝါးဝါး​သာ​မြင်​ရ​ကြ​၏။ ထိုအခါ​၌​မူကား မျက်ဝါးထင်ထင်​မြင်​ရ​ကြ​လိမ့်မည်။ ယခု ငါ​သည် တစ်စိတ်တစ်ဒေသ​မျှသာ​သိ​၏။ သို့သော် ငါ့​ကို​စုံလင်​စွာ​သိ​တော်မူ​သကဲ့သို့ ထိုအခါ​၌​မူကား ငါ​သည်​လည်း စုံလင်​စွာ​သိ​ရ​လိမ့်မည်။
13ယခု​တွင် ယုံကြည်​ခြင်း၊ မျှော်လင့်​ခြင်း​နှင့် ချစ်​ခြင်း​မေတ္တာ ဤ​သုံး​ပါး​တို့​သည် တည်​လျက်​ရှိ​၏။ ဤ​သုံး​ပါး​တို့​တွင် ချစ်​ခြင်း​မေတ္တာ​သည် အမြတ်ဆုံး​ဖြစ်​၏။

လက်ရှိရွေးချယ်ထားမှု

ကောရိန္သုဩဝါဒစာပထမစောင် 13: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။