1
ကောရိန္သုဩဝါဒစာပထမစောင် 13:4-5
မြန်မာ့စံမီသမ္မာကျမ်း
မေတ္တာသည် စိတ်ရှည်တတ်၏။ ကျေးဇူးပြုတတ်၏။ မေတ္တာသည် မနာလိုခြင်းမရှိ။ ဝါကြွားခြင်းမရှိ။ မာနထောင်လွှားခြင်းမရှိ။ မလျောက်ပတ်စွာမပြုတတ်။ ကိုယ်ကျိုးကိုမရှာတတ်။ ဒေါသအလွယ်တကူမထွက်တတ်။ သူတစ်ပါးအပြစ်ကို မှတ်၍မထားတတ်။
နှိုင်းယှဉ်
ကောရိန္သုဩဝါဒစာပထမစောင် 13:4-5ရှာဖွေလေ့လာလိုက်ပါ။
2
ကောရိန္သုဩဝါဒစာပထမစောင် 13:7
ခပ်သိမ်းသောအရာကို ကြံ့ကြံ့ခံတတ်၏။ ခပ်သိမ်းသောအရာကို ယုံကြည်တတ်၏။ ခပ်သိမ်းသောအရာကို မျှော်လင့်တတ်၏။ ခပ်သိမ်းသောအရာကို သည်းခံတတ်၏။
ကောရိန္သုဩဝါဒစာပထမစောင် 13:7ရှာဖွေလေ့လာလိုက်ပါ။
3
ကောရိန္သုဩဝါဒစာပထမစောင် 13:6
မတရားမှု၌ ဝမ်းမြောက်ခြင်းမရှိဘဲ သမ္မာတရား၌သာ ဝမ်းမြောက်တတ်၏။
ကောရိန္သုဩဝါဒစာပထမစောင် 13:6ရှာဖွေလေ့လာလိုက်ပါ။
4
ကောရိန္သုဩဝါဒစာပထမစောင် 13:13
ယခုတွင် ယုံကြည်ခြင်း၊ မျှော်လင့်ခြင်းနှင့် ချစ်ခြင်းမေတ္တာ ဤသုံးပါးတို့သည် တည်လျက်ရှိ၏။ ဤသုံးပါးတို့တွင် ချစ်ခြင်းမေတ္တာသည် အမြတ်ဆုံးဖြစ်၏။
ကောရိန္သုဩဝါဒစာပထမစောင် 13:13ရှာဖွေလေ့လာလိုက်ပါ။
5
ကောရိန္သုဩဝါဒစာပထမစောင် 13:8
မေတ္တာသည် မည်သည့်အခါမျှ ကုန်ခန်းခြင်းမရှိ။ ပရောဖက်ပြုဟောပြောခြင်းတို့မူကား ပယ်ဖျက်ခြင်းခံရကြလိမ့်မည်။ အခြားသောဘာသာစကားပြောဆိုခြင်းတို့သည်လည်း ရပ်တန့်သွားကြလိမ့်မည်။ အသိပညာသည်လည်း ပယ်ဖျက်ခြင်းခံရလိမ့်မည်။
ကောရိန္သုဩဝါဒစာပထမစောင် 13:8ရှာဖွေလေ့လာလိုက်ပါ။
6
ကောရိန္သုဩဝါဒစာပထမစောင် 13:1
ငါသည် လူ့ဘာသာစကားနှင့် ကောင်းကင်တမန်၏ဘာသာစကားတို့ကို ပြောနိုင်သော်လည်း မေတ္တာမရှိလျှင် မြည်ဟည်းသောကြေးမောင်း၊ သို့မဟုတ် စူးရှစွာမြည်သော လင်းကွင်းကဲ့သို့ဖြစ်၏။
ကောရိန္သုဩဝါဒစာပထမစောင် 13:1ရှာဖွေလေ့လာလိုက်ပါ။
7
ကောရိန္သုဩဝါဒစာပထမစောင် 13:2
ငါသည် ပရောဖက်ပြုဟောပြောနိုင်သောအခွင့်ကိုရရှိ၍ လျှို့ဝှက်နက်နဲသောအရာရှိသမျှနှင့် အသိပညာအလုံးစုံတို့ကို နားလည်သိရှိကာ တောင်များကိုရွှေ့နိုင်သည့် ယုံကြည်ခြင်းအပြည့်အဝရှိသော်လည်း မေတ္တာမရှိလျှင် အချည်းနှီးဖြစ်၏။
ကောရိန္သုဩဝါဒစာပထမစောင် 13:2ရှာဖွေလေ့လာလိုက်ပါ။
8
ကောရိန္သုဩဝါဒစာပထမစောင် 13:3
ငါသည် မိမိဥစ္စာပစ္စည်းရှိသမျှတို့ကို စွန့်ကြဲသည်သာမက ငါ၏ကိုယ်ခန္ဓာကိုမီးရှို့စေရန် အပ်နှံသော်လည်း မေတ္တာမရှိလျှင် ငါ၌မည်သည့်အကျိုးမျှမရှိ။
ကောရိန္သုဩဝါဒစာပထမစောင် 13:3ရှာဖွေလေ့လာလိုက်ပါ။
9
ကောရိန္သုဩဝါဒစာပထမစောင် 13:11
ငါသည် ကလေးသူငယ်ဖြစ်စဉ်က ကလေးသူငယ်ကဲ့သို့ပြောဆိုခဲ့၏။ ကလေးသူငယ်ကဲ့သို့စဉ်းစားခဲ့၏။ ကလေးသူငယ်ကဲ့သို့တွေးဆခဲ့၏။ လူကြီးဖြစ်လာသောအခါ ကလေးသူငယ်၏အလေ့အထများကို ငါပယ်ရှား၏။
ကောရိန္သုဩဝါဒစာပထမစောင် 13:11ရှာဖွေလေ့လာလိုက်ပါ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ