YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဒံယေလအနာဂတ္တိကျမ်း 8မှ လူကြိုက်နှစ်သက်သော ကျမ်းပိုဒ်များ။

သူ​သည် ကိုယ့်​အစွမ်း​မ​ဟုတ်​ဘဲ ခွန်အား​ကြီး​လာ​ပြီး ကြောက်မက်ဖွယ်​လိုက်လံ​ဖျက်ဆီး​လိမ့်မည်​။ ပြု​လေသမျှ​တို့​လည်း အောင်မြင်​လိမ့်မည်​။ အားကြီး​သော​သူ​များ​၊ သန့်ရှင်း​သော​လူမျိုး​တော်​များ​ကို​ပင် ဖျက်ဆီး​ပစ်​လိမ့်မည်​။ သူ့​လက်ထက်​တွင် ဉာဏ်နီဉာဏ်နက်​သုံး​ပြီး လှည့်စား​အောင်နိုင်​လိမ့်မည်​။ ကိုယ့်ကိုယ်ကိုယ်​မြှောက်ပင့်​လျက် လုံခြုံစိတ်ချ​စွာ​နေ​နေ​ကြ​သော လူ​အများ​ကို လိုက်လံ​ဖျက်ဆီး​လိမ့်မည်​။ သခင်​တကာ​တို့​၏​သခင်​ကို​ပင် ဆန့်ကျင်​လိမ့်မည်​။ သို့သော် လူ့​လက်​ဖြင့်​မ​ဟုတ်​ဘဲ ပျက်စီး​ခြင်း​သို့​ရောက်​ရ​လိမ့်မည်​။