YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဒံယေလအနာဂတ္တိကျမ်း 9မှ လူကြိုက်နှစ်သက်သော ကျမ်းပိုဒ်များ။

အို ဘုရားသခင်​၊ နား​တော်​ကို လှည့်​၍ ကြား​တော်မူ​ပါ​။ မျက်စိ​တော်​ကို ဖွင့်​၍ ပျက်စီး​သွား​သော​အကျွန်ုပ်​တို့​နေရာ​၊ နာမ​တော်​ဖြင့်​ခေါ်ဝေါ်သမုတ်​တော်မူ​သော​မြို့​တော်​ကို ကြည့်ရှု​တော်မူ​ပါ​။ အကျွန်ုပ်​တို့​သည် ကိုယ့်​ဖြောင့်မတ်​ခြင်း​ကြောင့်​မ​ဟုတ်​ဘဲ ကြီးမား​သော​ကရုဏာ​တော်​ကို​သာ မျှော်ကိုး​လျက် ရှေ့​တော်​၌ အသနား​တော်​ခံ​ပါ​၏​။ အို ဘုရားရှင်​၊ နားညောင်း​တော်မူ​ပါ​။ အို ဘုရားရှင်​၊ ခွင့်လွှတ်​တော်မူ​ပါ​။ အို ဘုရားရှင်​၊ အာရုံစိုက်​၍ ပြု​ပေး​တော်မူ​ပါ​။ နှောင့်နှေး​တော်​မ​မူ​ပါ​နှင့်​။ အကျွန်ုပ်​၏​ဘုရားသခင်​၊ ကိုယ်တော်​၏​နာမ​တော်​ကို​ထောက်၍ အလျင်အမြန်​ပြု​တော်မူ​ပါ​။ ဤ​မြို့​၊ ဤ​လူမျိုး​သည် ကိုယ်တော်​၏​နာမ​တော်​ဖြင့် ခေါ်ဝေါ်သမုတ်​ခြင်း​ကို ခံရ​ကြ​ပါ​၏​”​ဟု ဆုတောင်း​လေ​၏​။