ဒံယေလ 8:19-21
ဒံယေလ 8:19-21 Judson Bible (JBMLE)
ဒေါသအမျက်တော်အဆုံး၌ ဖြစ်လတ္တံ့သောအရာကို ငါကြားပြောဦးမည်။ ချိန်းချက်သောအချိန်၌ လက်စသတ်လိမ့်မည်။ ချိုနှစ်ချောင်းနှင့် ပေါ်လာသောသိုးသည် မေဒိရှင်ဘုရင်၊ ပေရသိရှင်ဘုရင် ဖြစ်၏။ အမွေးကြမ်းသော ဆိတ်သည် ဟေလသရှင်ဘုရင် ဖြစ်၏။ မျက်စိနှစ်လုံးကြား၌ရှိသော ချိုကြီးသည် ပထမမင်းဖြစ်၏။
ဒံယေလ 8:19-21 Common Language Bible (BCL)
``ထာဝရဘုရားအမျက်တော်၏အကျိုး ဆက်ကား အဘယ်သို့ဖြစ်မည်ကိုသင့်အား ငါဖော်ပြနေခြင်းဖြစ်၏။ ရူပါရုံသည် အဆုံးစွန်သောကာလနှင့်သက်ဆိုင်၏။ ``သင်မြင်ရသောဦးချိုနှစ်ချောင်းရှိသည့် သိုးသည် မေဒိနှင့်ပါရှနိုင်ငံများကိုဆို လို၏။- ဆိတ်သည်ဂရိတ်နိုင်ငံဖြစ်၏။ သူ၏မျက်စိ များအကြားမှငေါ၍ထွက်နေသောဦးချို ကား ထိုနိုင်ငံ၏ပထမမြောက်ဘုရင်ဖြစ်၏။
ဒံယေလ 8:19-21 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
“ကြည့်ရှုလော့။ အမျက်တော်၏အဆုံး၌ဖြစ်ပျက်မည့်အရာကို သင့်အား ငါသိမြင်စေမည်။ ဤအဖြစ်အပျက်သည် သတ်မှတ်ထားသောနောက်ဆုံးအချိန်တွင် ဖြစ်လာလိမ့်မည်။ သင်မြင်ခဲ့ရသောသိုးထီး၌ပါသည့်ချိုနှစ်ချောင်းမှာ မေဒိဘုရင်နှင့် ပါးရှားဘုရင်ကို ဆိုလို၏။ အမွေးထူသောဆိတ်ထီးသည် ဂရိဘုရင်ကို ဆိုလို၏။ ထိုဆိတ်ထီး၏မျက်စိနှစ်လုံးကြားရှိချိုကြီးသည် ပထမဘုရင်ကို ဆိုလို၏။