ယုံကြည်ကိုးစားခြင်းနမူနာ

(ယေရမိအနာဂတ္တိကျမ်း၊ ၃၂း၂၇) လူတွေက၊ “အကြံအစည်ကတော့ ကောင်းပါပေမဲ့၊ လုံးဝဥဿုံ မဖြစ်နိုင်ဘူး။” လို့ ပြောကြတယ်။ ဘုရားသခင်က၊ “ငါမတတ်နိုင်သောအရာ တစ်စုံတစ်ခုရှိလိမ့်မည်လော။” လို့မိန့်တော်မူပါတယ်။
(ဖိလိပ္ပိဩဝါဒစာ၊ ၄း၁၃) လူတွေက၊ “ကျွန်တော် ဒီလိုလုပ်ဖို့အတွက် မတတ်စွမ်းနိုင်ဘူး။” လို့ ပြောကြတယ်။
ဘုရားသခင်က၊ “သင်ကို ခွန်အားနှင့်ပြည့်စုံစေတော်မူသော ခရစ်တော်အားဖြင့် ခပ်သိမ်းသောအမှုတို့ကို တတ်စွမ်းနိုင်စေလိမ့်မည်။” လို့ မိန့်တော်မူပါတယ်။
(ဖိလိပ္ပိဩဝါဒစာ၊ ၄း၁၉) လူတွေက၊ “အလုပ်အကိုင်အဆင်ပြေပြီး၊ အိမ်တစ်လုံးဝယ်ပြီးရင် ခရစ်ယာန်ဘာသာအကြောင်း ဆင်ခြင်စဉ်းစားမှာပါ။” လို့ပြောကြတယ်။
ဘုရားသခင်က၊ “ခရစ်တော်နောက်ကို လိုက်ရန် အချိန်မဆွဲပါနှင့်။ သင်တို့အလို ရှိသမျှတို့ကို ယေရှုခရစ်အားဖြင့် ပြည့်စုံစေတော်မူလိမ့်မည်။” လို့ မိန့်တော်မူပါတယ်။
(သုတ္တံကျမ်း၊ ၁၁း၂၈) လူတွေက၊ “ကျွန်တော် တော်တော်ကြိုးစားပြီးပြီ။ အောင်မြင်နေပြီ။” လို့ ပြောကြတယ်။ ဘုရားသခင်က၊ “သင်၏အောင်မြင်ခြင်းကို မကိုးစားနှင့်။ ငါကို ကိုးစားပါ။” လို့ မိန့်တော်မူပါတယ်။
(သုတ္တံကျမ်း၊ ၂၁း၁) လူတွေက၊ “ကမ္ဘာ့ခေါင်းဆောင်တွေကတော့ တော်တော်ဆိုးနေတယ်။” လို့ ပြောကြတယ်။ ဘုရားသခင်က၊ “ငါကိုယုံလော့။ ငါသည် ခပ်သိမ်းသောအရာကို စီရင်၏။” လို့ မိန့်တော်မူပါတယ်။
(သုတ္တံကျမ်း၊ ၂၁း၃၁) လူတွေက၊ “ကျွန်တော် ဒီအရာတွေဖြစ်အောင် ကြိုးစားအားထုတ်တဲ့သူပါ။” လို့ ပြောကြတယ်။ ဘုရားသခင်၊ “ကြိုတင်ပြင်ဆင်ထားပါ။ သို့သော်၊ ချမ်းသာမှုသည် ငါ့ဆီမှာ။” လို့ မိန့်တော်မူပါတယ်။
ဘုရားသခင်ကို ယုံကည်ကြည်ကိုးစားနည်းတစ်ခုမှာ နှုတ်ကပတ်တော်ကို အလွတ်ကျက်မှတ်လျက် ဆင်ခြင်အောက်မေ့ခြင်းဖြစ်သည်။ ဤအခန်းငယ်များသည် MemLok သမ္မာကျမ်းလွတ် ကျက်မှတ်ခြင်းနည်းများထဲရှိ (၄၈) ခေါင်းစဉ်အောက်မှ ရွေးချယ်ထားသော ကျမ်းပိုဒ် (၅၀၀) ကျော် ဖြစ်ပါသည်။ MemLok သည် လွယ်ကူပြီး ပျော်စရာကောင်းသည့်အရာ ဖြစ်ပါသည်။ အမြင်အာရုံသဲလွန်စတစ်ခုက မိတ်ဆွေကို စတင်ရန် ကူညီပေးနိုင်ပါသည်။ မိုဘိုင်း (သို့) Windows အက်ပ်များတွင် ရယူနိုင်ပါသည်။ MemLok
ဤအစီအစဉ်အကြောင်း

ယုံကြည်ကိုးစားခြင်းဟာ ခရစ်ယာန်အသက်တာရဲ့ အခြေခံကျတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ဘုရားနဲ့ ထိတွေ့ဆက်ဆံနေခြင်း၊ ကျမ်းစာစကားကို အမြဲနှလုံးသွင်းခြင်းအားဖြင့် မိတ်ဆွေရဲ့ ယုံကြည်ကိုးစားခြင်း တိုးပွားစေနိုင်ပါတယ်။ အောက်ပါကျမ်းပိုဒ်တွေကို မှတ်သားထားခြင်းဖြင့် မိတ်ဆွေရဲ့ဘဝတစ်လျှောက်မှာ မိမိယုံကြည်ကိုးစားခြင်းကို ပိုမိုခိုင်မြဲလာစေမှာ ဖြစ်ပါတယ်။ ကျမ်းစာကို အလွတ်ကျက်မှတ်ခြင်းဖြင့် ကျွန်တော်တို့ရဲ့ အသက်တာကို ပြောင်းလဲကြပါစို့။
More