YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယုံကြည်ကိုးစားခြင်းနမူနာ

Trust

4 ၏ နေ့ 3

(သုတ္တံကျမ်း၊ ၃း၅-၆) လူတွေက၊ “ကျွန်တော်က ကိုယ်ဘာသာကို ရပ်တည်နိုင်သောသူပါ။ ကိုယ်ဘာသာကို ကြိုးစားတဲ့သူပါပဲ။” လို့ ပြောကြတယ်။ ဘုရားသခင်က၊ “ငါ့ကို စိတ်နှလုံးအကြွင်းမဲ့ ကိုးစားလျှင် ပြုလေသမျှတို့၌ အောင်လိမ့်မည်။” မိန့်တော်မူပါတယ်။

(ဟေရှာယအနာဂတ္တိကျမ်း၊ ၄၀း၃၁) လူတွေက၊ “ဒီအခက်ခဲကို ကျော်လွှာတဲ့အခါ၊ မော၍ ပင်ပန်းခြင်းသို့ မရောက်ချင်ပါဘူး။” လို့ပြောကြတယ်။ ဘုရားသခင်က၊ “ငါကို မျှော်လင့်သောသူတို့မူကား၊ အားပြည့်၍ ကျော်လွှာလိမ့်မည်။” လို့ မိန့်တော်မူပါတယ်။

(ဟေရှာယအနာဂတ္တိကျမ်း၊ ၄၁း၁၀) လူတွေက၊ “ကျွန်တော်က တော်တော်ကြောက်နေပြီ။ ဘယ်သူ့ကိုမဆို ကြောက်ရမှာပါ။” လို့ ပြောကြတယ်။ ဘုရားသခင်က၊ “အဘယ်အမှုကိုမျှ စိုးရိမ်ခြင်းမရှိစေနှင့်။ သင်ကို ကူညီမစလိမ့်မည်။”လို့ မိန့်တော်မူပါတယ်။

(ဆာလံကျမ်း၊ ၄၆း၁၀) လူတွေက၊ “ဒီသင်္ခါရလောကရဲ့ အခြေအနေအကြောင်းကို တအားစိုးရိမ်နေမိပါတယ်။” လို့ ပြောကြတယ်။ ဘုရားသခင်က၊ “ ငါသည် ဘုရားဖြစ်၏။ ကြည့်လော့၊ ငါ၌ ခပ်သိမ်းသောဩဇာအာဏာ ရှိ၏။” လို့ မိန့်တော်မူပါတယ်။

(သုတ္တံကျမ်း၊ ၁၁း၂၄-၂၅) လူတွေက၊ "သူတစ်ပါးအဖို့ စွန့်ကြဲရင် ဆင်းရဲခြင်းသို့ ရောက်မယ်ထင်တယ်။" လို့ ပြောကြတယ်။ ဘုရားသခင်က၊ “စွန့်ကြဲလျှင် ဥစ္စာတိုးပွားလိမ့်မည်။ စုသိမ်းလျှင် ဆင်းရဲခြင်းသို့ ရောက်လိမ့်မည်။” လို့ မိန့်တော်မူပါတယ်။

နေ့ 2နေ့ 4

ဤအစီအစဉ်အကြောင်း

Trust

ယုံကြည်ကိုးစားခြင်းဟာ ခရစ်ယာန်အသက်တာရဲ့ အခြေခံကျတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ဘုရားနဲ့ ထိတွေ့ဆက်ဆံနေခြင်း၊ ကျမ်းစာစကားကို အမြဲနှလုံးသွင်းခြင်းအားဖြင့် မိတ်ဆွေရဲ့ ယုံကြည်ကိုးစားခြင်း တိုးပွားစေနိုင်ပါတယ်။ အောက်ပါကျမ်းပိုဒ်တွေကို မှတ်သားထားခြင်းဖြင့် မိတ်ဆွေရဲ့ဘဝတစ်လျှောက်မှာ မိမိယုံကြည်ကိုးစားခြင်းကို ပိုမိုခိုင်မြဲလာစေမှာ ဖြစ်ပါတယ်။ ကျမ်းစာကို အလွတ်ကျက်မှတ်ခြင်းဖြင့် ကျွန်တော်တို့ရဲ့ အသက်တာကို ပြောင်းလဲကြပါစို့။

More

ဤအစီအစဉ်ကို တင်ဆက်ပေးသော MemLok, (ကျမ်းစာအလွတ်ကျက်စနစ်)ကို ကျေးဇူးတင်လိုပါသည်။ MemLok နှင့်ပတ်သက်၍ ပိုမိုသိရှိလိုပါက http://www.MemLok.com သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။