YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဂျပန်နိုင်ငံအတွက် ဆုတောင်းကြပါစို့ - (၁၇) ရက်တာဆုတောင်းအစီစဉ်နမူနာ

PRAY4JAPAN - 17 Day Prayer Guide for Japan

17 ၏ နေ့ 16

ဂျပန်နိုင်ငံသည် တိုင်းနိုင်ငံများကို ကောင်းချီးပေးဖို့ရန် ခေါ်တော်မူခြင်းကို ခံရပြီ

ကမ္ဘာ့အချမ်းသာဆုံးသောကုမ္ပဏီများစရင်းတွင် အလွန်နာမည်ကြီးသော ဂျပန်ကုမ္ပဏီ (၅၃) ခု ပါရှိသည်။ ဂျပန်ထုတ်ကုန်များနှင့် မော်တော်ကားများသည် လူအားလုံးသိကြပြီး ဂျပန်ပစ္စည်းများသည် အစိတ်ကျဆုံးသော ပစ္စည်းများ ဖြစ်သည်။ စီးပွားရေးအကြောင့် မဟုတ်ဘဲ ဧဝံဂေလိတရားကြောင့် ဂျပန်နာမည်ကြီးစေဖို့ အချိန်တန်ပြီ။ ကမ္ဘာပေါ်ရှိ လူမျိုးများကို ကောင်းချီးပေးရန်အတွက် ဂျပန်နိုင်ငံမှ အလွန်တန်ခိုးကြီးသော သာသနာပြုဆရာ/ဆရာမများကို ထလျက် ထိမိစွာ ဧဝံဂေလိဟောပြောနိုင်မည့်အကြောင်း ဆုတောင်းပတ္တနာပြုကြပါစို့။

ဝတ်ပြုကိုယ်ကွယ်ကြကုန်အံ့ - ကိုယ်တော်သည် အမှုကို ပြီစေတော်မူပြီ။ ကျေးဇူးတော်ကို ချီးမွမ်းကြပါစို့။

မြေကြီးစွန်းရှိသမျှတို့သည် သတိရ၍၊ ထာဝရဘုရားထံတော်သို့ ပြောင်းလဲကြလိမ့်မည်။ လူအမျိုးအနွယ်အပေါင်းတို့သည် ရှေ့တော်၌ ကိုးကွယ်ကြလိမ့်မည်။ အကြောင်းမူကား၊ ထာဝရဘုရားသည် စိုးစံပိုင်တော်မူ၏။ လူမျိုးတို့ကို မင်းပြုတော်မူ၏။ မြေကြီးပေါ်မှာ ကြွယ်ဝသောသူအပေါင်းတို့သည် စား၍ ကိုးကွယ်ကြလိမ့်မည်။ ကိုယ်အသက်ကို မစောင့်နိုင်။ မြေမှုန့်သို့ဆင်းရသော သူအပေါင်းတို့သည်လည်း၊ ရှေ့တော်၌ ညွှတ်ပျပ်ဝပ်တွားကြလိမ့်မည်။ သူတို့အမျိုးအနွယ်သည်လည်း ဝတ်တော်ကို ပြုသဖြင့်၊ လူအစဉ်အဆက်တို့သည် ထာဝရဘုရား၏ သတင်းတော်ကို ကြားရကြလိမ့်မည်။ ဤသို့စီရင်တော်မူပြီဟု သူတို့သည် ပေါ်လာ၍၊ တရားသောအမှုတော်ကို ဖွားသောလူမျိုးအား ဖော်ပြရကြလိမ့်မည် (ဆာ၊ ၂၂း၂၇-၃၁)။

ကိုယ်တော်၊ မြေကြီးအစွန်းအဖျားရှိသမျှပင် သတိရ၍၊ ထာဝရဘုရားအထံတော်သို့ ပြန်လာလျက်၊ လူအမျိုး အနွယ်ခပ်သိမ်းတို့သည်၊ ရှေ့တော်၌ ရှိခိုးရကြလိမ့်မည်။ ထာဝရဘုရားသည် နိုင်ငံတော်၏ ဘုရင်၊ လူမျိုးခြားတို့အပေါ်တွင် အုပ်စိုးသောအရှင် ဖြစ်တော်မူသည်။

နှုတ်ဖြင့် ဝန်ခံကြကုန်အံ့ - အာဗြဟံကောင်းချီးသည် ခရစ်တော်၌ ကျွန်တော်တို့ကို ပိုင်သွားပါပြီ။

ထာဝရဘုရားသည်လည်း အာဗြံကို ခေါ်တော်မူ၍၊ သင်၏ ပြည်နှင့်တကွ အမျိုးသားချင်းပေါက်ဖော်များထဲက ထွက်ပြီးလျှင်၊ ငါပြလတ္တံ့သောပြည်သို့ သွားလော့။ ငါသည် သင့်ကို လူမျိုးကြီးဖြစ်စေမည်။ ငါကောင်းချီးပေး၍ သင်၏ နာမကို ကြီးမြတ်စေမည်။ သင်သည် ကောင်းချီးခံရသောသူဖြစ်လိမ့်မည်။ သင့်ကို ကောင်းချီးပေးသောသူကို ငါကောင်းချီးပေးမည်။ သင့်ကို ကျိန်ဆဲသောသူကို ငါကျိန်ဆဲမည်။ သင်အားဖြင့်လည်း လူမျိုးအပေါင်းတို့သည် ကောင်းချီးမင်္ဂလာကို ခံရကြလိမ့်မည်ဟု မိန့်တော်မူ၏ (က၊ ၁၂း၁-၃)။

ကိုယ်တော်၊ အခြားနိုင်ငံများကို ကောင်းကြီးမင်္ဂလာ ပေးစေခြင်းငှာ ဂျပန်နိုင်ငံအပေါ်၌ ကောင်းကြီးမင်္ဂလာ သွန်းလောင်တော်မူပြီ။ အခြားနိုင်ငံများသည် ဂျပန်၏ ကောင်းကြီးမင်္ဂလာများကို ရရှိခံစားကြပါစေ။

ဆုတောင်းကြကုန်အံ့ - ဂျပန်ယုံကြည်သူများသည် မဟာစေခိုင်းချက်၌ မိမိတာဝန်ကို သိ၍ ပါဝင်နိုင်မည့်အကြောင်း အထူးဆုတောင်းပေးပါ၏။

ယေရှုသည် အနီးအပါးသို့ ချဉ်းတော်မူပြီးလျှင်၊ ကောင်းကင်ဘုံ၌လည်းကောင်း၊ မြေကြီးပေါ်၌လည်းကောင်း၊ စီရင်ပိုင်သော အခွင့်တန်ခိုးရှိသမျှတို့ကို ငါခံရပြီ။ သင်တို့သွား၍ လူမျိုးတကာတို့ကို ငါ့တပည့် ဖြစ်စေလျက်၊ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏ နာမ၌ ဗတ္တိဇံကို ပေးကြလော့။ ငါသည် သင်တို့အား ပေးသမျှသော ပညတ်တော်တို့ကို စောင့်ရှောက်စေခြင်းငှာ ဆုံးမဩဝါဒပေးကြလော့။ ငါသည်လည်း ကပ်ကမ္ဘာကုန်သည်တိုင်အောင် သင်တို့နှင့်အတူ အစဉ်မပြတ် ရှိသည်ဟု တပည့်တော်တို့အား မိန့်တော်မူ၏ (မ၊ ၂၈း၁၈-၂၀)။

ကိုယ်တော်၊ ဂျပန်ယုံကြည်သူများသည် သန့်ရှင်ဝိညာဉ်တော်၏ တန်ခိုးတော်အားဖြင့် လူမျိုးတကာတို့ကို ငါ့တပည့် ဖြစ်စေနိုင်မည့်အကြောင်း ကူညီမစတော်မူပါ။ ဂျပန်နိုင်ငံမှ ယေရုရှလင်မြို့တော်သို့ အလွန်တန်ခိုးကြီးသော သာသနာပြုလှုပ်ရှားမှုကို ဖြစ်စေတော်မူပါ။

နေ့ 15နေ့ 17

ဤအစီအစဉ်အကြောင်း

PRAY4JAPAN - 17 Day Prayer Guide for Japan

ဂျပန်နိုင်ငံသည် ဆယ်စုနှစ်များစွာ ဧဝံဂေလိတရားနှင့် အသင်းတော်များ တည်ရှိသော်လည်း ကမ္ဘာ့ဒုတိယအကြီးဆုံး မထိရောက်သော လူအုပ်စု ဖြစ်ကြသည်။ အလွန်ခေတ်မီသော ဤလူ့အဖွဲ့အစည်းတွင် ဂျပန်လူမျိုးအများစုသည် ခရစ်ယာန်ဘာသာကို ကောင်းသော်လည်း မလိုအပ်ပါဟု ယူဆကြသည်။ ဘုရားကျောင်းတက်ရောက်သူ (၀.၃) ရာခိုင်နုန်းခန့်ရှိပြီး အလွန်နည်းပါးပါသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ယုံကြည်အားကိုး၍ ဂျပန်နိုင်ငံ၌ အောင်မြင်မှုများရရှိရန် စိတ်နှလုံးပါလျက် ဆုတောင်းပတ္ထနာပြုကြပါစို့။

More

ဤအစီအစဉ်ကိုတင်ဆက်ပေးသော Onfire Japan ကို ကျေးဇူးတင်လိုပါသည်။ ပိုမိုသိရှိလိုပါက၊ http://pray4japan.net. သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။