YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဂျပန်နိုင်ငံအတွက် ဆုတောင်းကြပါစို့ - (၁၇) ရက်တာဆုတောင်းအစီစဉ်နမူနာ

PRAY4JAPAN - 17 Day Prayer Guide for Japan

17 ၏ နေ့ 11

စပါးရိတ်စေခြင်းငှာ လုပ်ဆောင်သောသူများ

မယုံကြည်သူများသည် ဧဝံဂေလိတရားကို ကြားသောအခါ၊ ဥပေက္ခာပြုလျက် ကယ်တင်ခြင်းထံသို့ မရောက်ကြချေ။ သို့ရာတွင်၊ ဘုရားရှင်မြတ်၏ အသင်းတော်သည် တဖြည်းဖြည်း ကြီးထွားလာပါသည်။ ဂျပန်နိုင်ငံတွင် စပါးရိတ်စေခြင်းငှာ ဘုရားသခင်သည် စိတ်အားကြီးသော ဧဝံဂေလိဝေငှမည့် လုပ်ဆောင်သောသူများကို ထ၍ စေလွှတ်စေခြင်းငှာ ဆုတောင်းပတ္ထနာပြုကြပါစို့။

ဝတ်ပြုကိုယ်ကွယ်ကြကုန်အံ့ - ကျွန်တော်တို့သည် ခပ်သိမ်းသောအရာတို့ကို ပိုင်တော်မူသော ဘုရားသခင်ကို မျှော်ကြည့်ကြပါ၏။

ထာဝရဘုရားသည် မြေကြီးနှင့် မြေကြီးတန်ဆာကိုလည်းကောင်း၊ လောကဓာတ်နှင့် လောကသားတို့ကိုလည်းကောင်း၊ ပိုင်တော်မူ၏ (ဆာ၊ ၂၄း၁)။

သခင်၊ ဤမြေကြီးနှင့် ကြွယ်ဝပြည်စုံသမျှ၊ လောကနှင့် နေထိုင်သမျှတို့သည်၊ ထာဝရဘုရား ပိုင်တော်မူရာဖြစ်၏။ ကိုယ်တော်သည် ဂျပန်နိုင်ငံနှင့် ဂျပန်လူမျိုးကို ပိုင်တော်မူ၏။

နှုတ်ဖြင့် ဝန်ခံကြကုန်အံ့ - ဘုန်းကြီးသောရှင်ဘုရင် ဝင်စေခြင်းငှာ ဂျပန်တံခါးတို့၊ ကိုယ်ကိုကြွလိုက်ကြပါစေ။

အချင်းတံခါးတို့၊ တံခါးမုတ်ကို ကြွလိုက်ကြ။ အချင်းထာဝရတံခါးတို့၊ ကိုယ်ကိုကြွလိုက်ကြ။ ဘုန်းကြီးသောရှင်ဘုရင် ဝင်တော်မူမည်။ ဘုန်းကြီးသောရှင်ဘုရင်ကား အဘယ်သူနည်း။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားပေတည်း။ ထိုဘုရားသည် ဘုန်းကြီးသောရှင်ဘုရင် ဖြစ်တော်မူသတည်း (ဆာ၊ ၂၄း၉-၁၀)။

ထဝရအဘ၊ ဘုန်းကြီးသောရှင် ဘုရင်ယေရှုသည် ဂျပန်ပြည်၌ ကြွလာ၍ စိုးစံမည်အကြောင်း၊ ဂျပန်ပြည်၏ တံခါးများကို ကြွလိုက်ပါစေဟု စိတ်နှလုံးပါလျက် ပြောဆိုကြပါ၏။

ဆုတောင်းကြကုန်အံ့ - အရှင်ယေရှုဘုရား၊ စပါးရိတ်စေခြင်းငှာ မိမိလုပ်ဆောင်သောသူများကို စေလွှတ်တော်မူပါ။

ထိုနောက်မှ သခင်ဘုရားသည် အခြားသောတပည့်တော် ခုနစ်ကျိပ်တို့ကို ခန့်ထားတော်မူ၍၊ ကိုယ်တိုင်ကြွလေအံ့သော မြို့ရွာအရပ်ရပ်တို့သို့ ရှေ့တော်၌ နှစ်ယောက်စီ နှစ်ယောက်စီ စေလွှတ်တော်မူ၏။ သူတို့အား မိန့်တော်မူသည်ကား၊ စပါးရိတ်စရာ များစွာရှိ၏။ ရိတ်သောသူတို့သည် နည်းကြ၏။ ထိုကြောင့် လုပ်ဆောင်သောသူတို့ကို စပါးရိတ်စေခြင်းငှာ စပါးရှင် စေလွှတ်တော်မူမည်အကြောင်း ဆုတောင်းကြလော့။ သင်တို့သွားလေသည်အရာမှာ၊ တောခွေးစုထဲသို့ သိုးသငယ်တို့ကို စေလွှတ်သကဲ့သို့ သင်တို့ကို ငါစေလွှတ်၏ (လု၊ ၁ဝး၁-၃)။

အဖဘုရားသခင်၊ ဂျပန်စပါးရိတ်စရာ များစွာရှိ၏။ ရိတ်သောသူတို့သည် နည်းကြ၏ဟု အရှင်ယေရှုဘုရား မိန့်တော်မူခဲ့သည်။ ထိုကြောင့် လုပ်ဆောင်သောသူတို့ကို စပါးရိတ်စေခြင်းငှာ စပါးရှင်တည်းဟူသော ဘုရားရှင်ကို စေလွှတ်တော်မူမည်အကြောင်း ဆုတောင်းပါ၏။

နေ့ 10နေ့ 12

ဤအစီအစဉ်အကြောင်း

PRAY4JAPAN - 17 Day Prayer Guide for Japan

ဂျပန်နိုင်ငံသည် ဆယ်စုနှစ်များစွာ ဧဝံဂေလိတရားနှင့် အသင်းတော်များ တည်ရှိသော်လည်း ကမ္ဘာ့ဒုတိယအကြီးဆုံး မထိရောက်သော လူအုပ်စု ဖြစ်ကြသည်။ အလွန်ခေတ်မီသော ဤလူ့အဖွဲ့အစည်းတွင် ဂျပန်လူမျိုးအများစုသည် ခရစ်ယာန်ဘာသာကို ကောင်းသော်လည်း မလိုအပ်ပါဟု ယူဆကြသည်။ ဘုရားကျောင်းတက်ရောက်သူ (၀.၃) ရာခိုင်နုန်းခန့်ရှိပြီး အလွန်နည်းပါးပါသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ယုံကြည်အားကိုး၍ ဂျပန်နိုင်ငံ၌ အောင်မြင်မှုများရရှိရန် စိတ်နှလုံးပါလျက် ဆုတောင်းပတ္ထနာပြုကြပါစို့။

More

ဤအစီအစဉ်ကိုတင်ဆက်ပေးသော Onfire Japan ကို ကျေးဇူးတင်လိုပါသည်။ ပိုမိုသိရှိလိုပါက၊ http://pray4japan.net. သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။