အရာရာ၌ ကျေးဇူးတော်ကို ချီးမွမ်းကြလော့နမူနာ
ဘုရားသခင်၏ လူမျိုးတော်တို့သည် တောတွင်း ဆင်းရဲခံရသောအခါ၊ ထာဝရဘုရားကို အော်ဟစ်၍၊ ဆင်းရဲဒုက္ခထဲက ဆယ်နုတ်တော်မူ၏ဟု ဆာလံဆရာအား ဖော်ပြထားခဲ့သည်။ ကိုယ်တော်မြတ်သည် ထိုသူတို့ကို ကယ်နုတ်၍ လမ်းညွှန်းတော်မူခဲ့သည် (ဆာ၊ ၁၀၇:၆-၇)။ ထို့ကြောင့်၊ ဆာလံဆရာသည် လူသားတို့၌ ပြုတော်မူသော ကရုဏာနှင့် အံ့ဖွယ်သောအမှုတော်တို့ကို ထောက်၍၊ ထာဝရဘုရား၏ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြစေဟု ရေးဆိုခဲ့သည် (ဆာ၊ ၁၀၇:၈)။ ဘုရားသခင်၏ လူမျိုးတော်သည် ဤသမ္မာတရားကို ထောက်လျက် ကျေးဇူးတော်ကို ချီးမွမ်းစေပြီး လောကဓံဒုက္ခကြုံသောအခါတွင် ကိုယ်တော်၏ လွတ်မြောက်ချမ်းသာကို ရှာဖွေစေခြင်းငှာ နှိုးဆော်သင့်သည်။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းလျက် နှုတ်ကပတ်တော်မြတ်ကို ပျော်ရွှင်စွာ ဖတ်ရှုကြပါစို့။ ဒေါက်တာ တိုနီအီဗန် (Tony Evans) သည် မိမိပြုစုခဲ့သော တိုနီအီဗန် CSB သမ္မာကျမ်းစာအနက်ဖွင့်ကျမ်းကို ကိုးကားလျက် ဤ (၅) ရက်တာ အစီစဉ်ကို ရေးသားခဲ့သည်။
More