YouVersion လိုဂို
ရှာရန် အိုင်ကွန်

အရာရာ၌ ကျေးဇူးတော်ကို ချီးမွမ်းကြလော့နမူနာ

Give Thanks in Everything: A 5-Day Thanksgiving Devotional

5 ၏ နေ့ 1

တမန်တော်ကြီး ရှင်ပေါလု၏ ဆုံးမစကားကို စေ့စေ့ကြည့်ရှုကြပါစို့။ တရားဟောခါနီးနေပြီဟု ထင်ရသော်လည်း သူသည် ပြောစရာအများကြီးရှိသေးသည်။ ရှင်ပေါလုသည် သန့်ရှင်းသောဝိညာဉ်တော်ဘုရား၏ မဟာတန်ခိုးတော်နှင့် လမ်းပြခြင်းကို အားကိုးလျက် ရဲရင့်စွာ ဤသို့ တိုက်တွန်းနိုးဆော်ခဲ့သည်... အစဉ်မပြတ် ဝမ်းမြောက်ခြင်း ရှိကြလော့။ မခြားမလပ် ဆုတောင်းပတ္ထနာ ပြုကြလော့။ အရာရာ၌ ကျေးဇူးတော်ကို ချီးမွမ်းကြလော့။ ဝိညာဉ်တော်၏ အရှိန်ကို မငြိမ်းစေကြနှင့်။ ကောင်းသောအရာကို အမြဲကိုင်စွဲကြလော့။ မကောင်းသောအမှု အမျိုးမျိုးရှိသမျှကို ရှောင်ကြလော့။ ၎င်းအမိန့်များသည် အလွန်ရိုးရှင်းသော်လည်း လိုက်နာဖို့ရန် အလွန်ခက်လှသည်တကား။ ဘုရားသခင်သည် ကျွန်တော်တို့၏ အသက်တာများတွင် တစ်စုံတစ်ရာကို ပြုတော်မူနေသည်ဟု သိကျွမ်းလျက် ယုံကြည်စွဲလမ်းသောအခါ အရာရာ၌ ကျေးဇူးတော်ကို စတင်ချီးမွမ်းနိုင်သည်။

နေ့ 2

ဤအစီအစဉ်အကြောင်း

Give Thanks in Everything: A 5-Day Thanksgiving Devotional

ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းလျက် နှုတ်ကပတ်တော်မြတ်ကို ပျော်ရွှင်စွာ ဖတ်ရှုကြပါစို့။ ဒေါက်တာ တိုနီအီဗန် (Tony Evans) သည် မိမိပြုစုခဲ့သော တိုနီအီဗန် CSB သမ္မာကျမ်းစာအနက်ဖွင့်ကျမ်းကို ကိုးကားလျက် ဤ (၅) ရက်တာ အစီစဉ်ကို ရေးသားခဲ့သည်။

More

ဤအစီအစဉ်ကို ပံ့ပိုးပေးသည့်အတွက် LifeWay Christian Resources (Holman Bibles) အား အထူးကျေးဇူးတင်ရှိပါသည်။ ပိုမိုသိရှိလိုပါက၊ https://csbible.com သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။