YouVersion လိုဂို
ရှာရန် အိုင်ကွန်

မရေရာမသေချာတယ့်ကာလမှာ ရေရာသေချာမှုနမူနာ

Certainty In Times Of Uncertainty

5 ၏ နေ့ 5

ကျွန်တော်တို့အထဲမှာ လောင်ကျွမ်းဖို့ မီးစတစ်ခုစီ ရှိကြပါတယ်။ ထိုမီးတောက်ကို အဆက်မပြတ် ထိန်းထားနိုင်ပါက ကြီးလာပြီးသင့်ပတ်ဝန်းကျင်က တခြားသူတွေပါ ကူးစက်နိုင်စေသည်။ ဒီမီးဟာ သင့်ရဲ့ မရေရာသေချာမှုတွေထက် ပိုပြီး သန်မာတယ်။ ယခု သင့်ကို ဝန်းရံထားသော မကောင်း‌တယ့် စိတ်ခံစားချက်များကို ‌ကျော်လွှားနိုင်ဖို့ စွမ်းအားရှိတယ်။

ထို မီးတောက်၊ ထို စိတ်ပြင်းပြမှု၊ ထိုအတွင်းစိတ်တွေက ဘုရားကိုယ်တိုင် သင့်အထဲမှာ ထည့်ပေးထားတာဖြစ်တယ်။ ဘာဘဲဖြစ်နေပါစေ စေ စိတ်အားထက်သန်မှုကို လုပ်ဖို့ သင် ‌မွေးဖွားလာတာဖြစ်တယ်။ ‌သင့် ပြိုင်ဘက်တွေရဲ့ အထက်မှာရှိဖို့နဲ့ ခံနိုင်ရည်ရှိဖို့ အတွင်းစိတ်ခွန်အားဖြစ်တယ်။

မနက်ဖြန် ဘာ‌ဖြစ်ဦးမလဲဆိုတာ မသေချာပေမယ့် ဒီနေ့ လုပ်စရာတွေကို ပြီးအောင်လုပ်မယ်ဆိုတာ ကျွန်တော် သေချာတယ်။

ကျွန်တော့် ရည်မှန်းချက်တွေဆီ ဘယ်လိုသွားရမလဲဆိုတာ မသေချာပေမယ့် ကျွန်တော့် ရည်မှန်းချက်တွေကိုတော့ သေချာသိပါတယ်။

ကျွန်တော် ဘယ်လိုအောင်မြင်မလဲဆိုတာ မသေချာပေမယ့် ကျွန်တော် အောင်မြင်မယ်ဆိုတာ သေချာသိပါတယ်။

ကျွန်တော်သေချာပါတယ်။

ကျွန်တော် စိတ်ပိုင်းဖြတ်ထားပြီးပါပြီ။

ကျွန်တော့် အိပ်မက်တွေ အကောင်အထည်‌ဖော်လာတာ မြင်စေဖို့အတွက် ဘုရားက လိုအပ်သော အရာများကို ကျွန်တော့်ကို ထောက်ပံ့ပေးထားပြီဖြစ်တယ်။ ကျွန်တော့်ကို ဖန်ဆင်းတည်းက သူစောင့်ကြည့်နေခဲ့တာဖြစ်ပြီး အချိန်တိုင်း သူ အောင်မြင်လွှမ်းမိုးမှာ ဖြစ်တယ်။

ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာ ကျွန်တော် သေချာမသိပါ။ ဒါပေမယ့် ကျွန်တော် သေချာပါတယ်။ ဘယ်အချိန်မှာ ကျွန်တော် သတ်မှတ်ထားတယ့် ပန်းတိုင်တွေအောင်မြင်မလဲဆိုတာ သေချာမသိပေမယ့် ‌အောင်မြင်လာမယ်ဆိုတာ ကျွန်တော် သိတယ်။

ကျွန်တော်သေချာပါတယ်။

သင်ကြုံတွေ့နေရတာမှန်သမျှ ဘုရားအတွက် ဘာမှမဟုတ်ပါ။ မသေချာမှုတွေ၊ စိတ်ဖိစီးမှုတွေ၊ စိုးရိမ်မှုတွေ၊ ကြောက်ရွံ့မှုတွေ၊ ဒဏ်ရာတွေ မှန်သမျှ ယေရှုခရစ်တော်အားဖြင့် သေချာစေတယ်။

မရေရာ‌မသေချာတယ့် အချိန်ကာလမှာ မကြောက်ပါနဲ့။ သေချာမှုရှိပါစေ။

ဒေးဗစ်ဗီလာနဲ့ ချိန်ဆက်ရန်ဒီမှာနှိပ်ပါ!

To Subscribe to David’s Podcast, Click Here!

နေ့ 4

ဤအစီအစဉ်အကြောင်း

Certainty In Times Of Uncertainty

မသေချာမှုတွေအလယ်မှာ ဘုရားကတော့ တိကျသေချာ‌မှုရှိပါတယ်! ဒေးဗစ် ဗစ်လာ လို မသေချာ မရေရာမှုနဲ့ အဆိုးမြင် ၊ အပျက်သဘောကိုကျော်ပြီး ဒီထက်ပိုကောင်းတဲ့အရာကိုရောက်ရှိနိုင်စေရန် သူ့နောက်ဆုံးနည်းတွေနဲ့အတူ ဒီအစီစဉ်မှာ ပါဝင်လိုက်ပါ။

More

ဤအစီအစဉ်ကို ထောက်ပံ့ပေးသော ဒေးဗစ်ဗီလာကို ကျွန်တော်တို့ ကျေးဇူးတင်ပါတယ်။ သတင်းအချက်အလက်များ ပိုမိုသိလိုလျှင် https://davidvilla.me သို့ သွားရောက်နိုင်ပါတယ်။