YouVersion လိုဂို
ရှာရန် အိုင်ကွန်

မရေရာမသေချာတယ့်ကာလမှာ ရေရာသေချာမှုနမူနာ

Certainty In Times Of Uncertainty

5 ၏ နေ့ 2

ဒီဂျစ်တယ်ခေတ်မှာ သတင်းအချက်အလက်ဟာ ကျွန်တော်တို့ ထင်ထားတာထက် မြန်ဆန်စွာ ရရှိပါတယ်။

ဂူဂလ်မှာ သင်ကြိုက်ရာ‌ရှာ‌ဖွေနိုင်ပြီး သတင်းတွေကို အပတ်ပေါင်းများစွာ သင် ဖတ်ရှုနိုင်ပါတယ်။ မော့စ်ကို ခလုတ်တချက်နှိပ်ရုံဖြင့် သို့မဟုတ် သင့် လက်ချောင်းနဲ့ ထိရုံဖြင့် သင် သိချင်သော အကြောင်းအရာများကို လေ့လာသင်ယူနိုင်ပါတယ်။ ကျွန်တော်တို့ အသက်ရှင်နေချိန် ကာလမှာ ဒီအရာဟာ အပြုသဘောဆောင်သော်လည်း အမြဲတမ်းလဲ မဟုတ်ပါ။ သတင်းအချက်အလက်များ များပြားစွာ ရောက်လာချိန်မှာ သတင်းအမှားတွေပါ ရောပါလာပါတယ်။ သတင်းတွေဟာ တုန်လှုပ်ဖွယ်ကောင်းလွန်းသောကြောင့် ဘယ်ဟာ မှန်လဲ၊ မမှန်လဲ ဆိုတာ ကျွန်တော်တို့ ပြောရခက်ပါတယ်။

သတင်းထောက်သမားများနဲ့ သတင်းပေးဌာနများက အချက်အလက်နှင့် ထင်မြင်ယူဆချက် ကြားမှာရှိတယ့် မျဉ်းကြောင်းကို ဝေဝါးစေခဲ့ပြီး ကျွန်တော်တို့နဲ့ သင့်လို အမှန်တရားကို မရှာဖွေပါ။

သူတို့က လူကြိုက်များမှုကိုဘဲ ရှာဖွေနေတာဖြစ်တယ်။

လူတွေကြောက်ရွံ့လာတယ့်အခါ သတင်းတွေကို သူတို့ဖွင့်ပါလိမ့်မယ်။ သူတို့ကြောက်နေတယ့်အရာအပေါ် စိတ်ချမ်းသာရာရချင် သို့မဟုတ် သတင်းသိချင်လို့ ဖြစ်တယ်။ သို့ပေမယ့်လဲ ကျွန်တော်တို့က လူတွေရဲ့ စကားကို အချက်အလက်အနေနဲ့ ယူကြတယ်။ မှန်တယ်လို့ ထင်တယ့် အရာများကို ကျွန်တော်တို့ ဖတ်ရှုပြီး နားထောင်တယ်။ ထိုသတင်းအမှားတွေ ဘယ်ကလာသလဲဆိုတာ စစ်ဆေးဖို့ ကျွန်တော်တို့ မစဉ်းစားခဲ့ကြဘူး။

ကျွန်တော်တို့ အပြစ်များအတွက် သခင်ယေရှု အသေခံပေးခဲ့တာက ကျွန်တော်တို့သိသော တခုတည်းသော အမှန်တရားဖြစ်တယ်။ ကျွန်တော်တို့ သိရှိထားသော အမှန်တရားက ခိုင်မာတယ်၊ သေချာစစ်ဆေးထားတယ်၊ အရင်းအမြစ်ခိုင်လုံနေရခြင်းမှာ ဘုရားက အစနဲ့အဆုံးမှာ ရှိနေလို့ဖြစ်တယ်။ အဖွင့်နဲ့ အပိတ်မှာရှိတယ်။ ဘုရားက စာရေးဆရာနဲ့ တည်းဖြတ်သူဖြစ်ပြီး သူ့ စကားသာလျှင် နောက်ဆုံးဖြစ်တယ်။ တုန်လှုပ်ခြောက်ချားနေဖို့ မလိုပါ။ ဘုရားမဖော်ထုတ်ရသေးတယ့် အမှန်တရားမရှိပါ။

သင် သတင်းတွေဖတ်နေတာရပ်ဖို့ ကျွန်‌တော်ဆိုလိုခြင်းမဟုတ်ပါ။ သ့င်ပတ်ဝန်းကျင်က လူတွေကို ယုံနေတာရပ်ဖို့ ပြောပြနေတာပါ။ ကျွန်တော်ပြောပြချင်တာက ဘာတွေဘဲရေးထားပါစေ ဘာ‌သတင်းတွေဖြစ်နေပါစေ ဘုရားက သိပြီးသားဖြစ်ပါတယ်။ လူသားတွေရဲ့ လုပ်ရပ်ကြောင့် သင့် အတွက် ဘုရားအကြံအစည် မပြောင်းလဲသွားပါ။ ဘုရား အကြံအစည်တွေက မညိမ်းယိုင်သွားပါ၊ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတယ့်အရာကြောင့် မပြောင်းလဲသွားပါ။

မ‌ရေရာတယ့် အချိန်တွေမှာ ဘုရားက သေချာရေရာပါတယ်။ ကျွန်တော်တို့ အကြံအစည်တွေ ပြောင်းလဲ ကျရှုံးနေချိန်မှာ ဘုရားကျွန်တော်တို့အတွက် ထားရှိထားသော အကြံအစည်တော်ဟာ ဖြစ်လာဦးမှာ ဖြစ်တယ်။

နေ့ 1နေ့ 3

ဤအစီအစဉ်အကြောင်း

Certainty In Times Of Uncertainty

မသေချာမှုတွေအလယ်မှာ ဘုရားကတော့ တိကျသေချာ‌မှုရှိပါတယ်! ဒေးဗစ် ဗစ်လာ လို မသေချာ မရေရာမှုနဲ့ အဆိုးမြင် ၊ အပျက်သဘောကိုကျော်ပြီး ဒီထက်ပိုကောင်းတဲ့အရာကိုရောက်ရှိနိုင်စေရန် သူ့နောက်ဆုံးနည်းတွေနဲ့အတူ ဒီအစီစဉ်မှာ ပါဝင်လိုက်ပါ။

More

ဤအစီအစဉ်ကို ထောက်ပံ့ပေးသော ဒေးဗစ်ဗီလာကို ကျွန်တော်တို့ ကျေးဇူးတင်ပါတယ်။ သတင်းအချက်အလက်များ ပိုမိုသိလိုလျှင် https://davidvilla.me သို့ သွားရောက်နိုင်ပါတယ်။