နောင်တရခြင်းနှင့်ဆိုင်သည့်လုပ်ဆောင်မှုနမူနာ
သင်လမ်းပျောက်ဖူးလား။ မိမိဘယ်သို့သွားနေသည်ကို မသိခြင်းသည် မချင့်မရဲဖြစ်စရာကောင်းသောခံစားမှုတစ်ခုဖြစ်သည်။ တချို့အခြေအနေများသည် အမှန်ပင် ကြောက်စရာလည်း ကောင်းပါသည်။ အခန်းငယ် ၂၅ တွင် ရှင်ပေတရုသည် ကျွန်တော်တို့ကို သိုးများနှင့်နှိုင်းယှဉ်ထားပြီး အပြစ်ထဲမှာ ကျွန်ုပ်တို့အသက်ရှင်နေသောအခါ ကျွန်ုပ်တို့သည် လမ်းလွဲပျောက်ဆုံးနေကြောင်း ဖော်ပြထားသည်။ ကျွန်ုပ်တို့သည် ဘယ်သွားရမည်ကို မသိခဲ့ပါ။ သို့သော် ကျွန်တော်တို့သည် အပြစ်ကိုနောင်တရ၍ ဘုရားသခင်၏ခွင့်လွှတ်ခြင်းကိုခံစားရသောအခါ ကျွန်တော်တို့၏သိုးထိန်းဖြစ်တော်မူသော ဘုရားသခင်ဦးဆောင်သည့် သိုးအုပ်ထဲသို့ ပြန်လာရခဲ့ပါပြီ။ သင်သည် ဘယ်နေရာသို့ ဆက်၍လမ်းလွဲနေဦးမည်နည်း။ ဘုရားသခင်၏လမ်းတွင်နေထိုင်ရန် သင်ကြိုးပမ်းအားထုတ်နေသော်လည်း သင့်အသက်တာ၌ရှိသော အပြစ်အချို့ကြောင့် အခြားသောလမ်းသို့ မကြာခဏလွဲသွားလျက် ရှိကောင်းရှိပါလိမ့်မည်။ ထိုအပြစ်ကို ဘုရားသခင်ထံဝန်ချတောင်းပန်ပါ။ ယနေ့ပင် ထိုအပြစ်မှနောင်တရပြီး ၎င်းကို လုံးလုံးကျော်လွှားနိုင်ဖို့ ကူညီမစတော်မူရန် ဘုရားသခင်အား တောင်းလျှောက်ပါ။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
နောင်တရခြင်းသည် ခရစ်တော်ကို ကျွန်ုပ်တို့၏ကယ်တင်ရှင်အဖြစ် လက်ခံသောအခါ ကျွန်ုပ်တို့ပြုကြသည့် အဓိကလုပ်ဆောင်မှုတစ်ခုဖြစ်သည်။ နောင်တရခြင်းသည် ကျွန်တော်တို့၏လုပ်ဆောင်မှုဖြစ်ပြီး ခွင့်လွှတ်ခြင်းသည် ကျွန်တော်တို့အတွက် မိမိ၏စုံလင်သောမေတ္တာတော်ကိုပြသသည့် ဘုရားသခင်၏တုံ့ပြန်မှုဖြစ်သည်။ ဤ ၅ရက်တာ ဖတ်ရှုခြင်းအစီအစဉ်သည် ခရစ်တော်နှင့် သင်လိုက်လျှောက်ရာတွင် အရေးကြီးသောကဏ္ဍဖြစ်သည့် နောင်တရခြင်းအကြောင်းကို ပို၍နားလည်နိုင်ဖို့ သင့်ကိုကူညီပေးမည့် ဝိညာဉ်ရေးရာအချက်အလက်နှင့် နေ့စဉ်ဖတ်ရှုရန် ကျမ်းပိုဒ်တို့ကို သင့်အားပြင်ဆင်ပေးပါသည်။
More
We would like to thank Life.Church for providing this plan. For more information, please visit: www.life.church