နောင်တရခြင်းနှင့်ဆိုင်သည့်လုပ်ဆောင်မှုနမူနာ
ဆာလံ ၅၁ သည် ဒါဝိဒ်က ဗာသရှေဘနှင့်ပြစ်မှားပြီးသည့်နောက် မိမိကျူးလွန်သောအပြစ်ကိုနောင်တရသည့်အတွက် ဘုရားသခင်ထံတောင်းလျှောက်သည့် ဆုတောင်းချက်ဖြစ်သည်။ ဒါဝိဒ်သည် ဒူးထောက်ငိုးကြွေးလျက် မိမိ၏အပြစ်ကိုဆေးကြောပေးတော်မူရန် ဘုရားသခင်ထံ စိတ်နှလုံးထဲမှ ဆုတောင်းနေသည့်ပုံကို သင်မြင်ယောင်နိုင်ပါလိမ့်မည်။ နောင်တရခြင်းသည် ကျွန်ုပ်တို့အသက်တာတွင် မည်သို့ပုံစံဖြစ်ရမည်ကို ဤဆာလံသည် ကျွန်ုပ်တို့အား ပုံဖော်ပြသပေးသည်။ ပထမဦးဆုံး ဒါဝိဒ်သည် မိမိ၏အပြစ်ကို ဝန်ခံသည်။ နောက်တစ်ဆင့်မှာ ခွင့်လွှတ်ပေးတော်မူရန် တောင်းလျှောက်သည်။ ထို့နောက် မိမိကိုအသစ်ပြုပြင်ပေးရန် ဘုရားသခင်အား တောင်းလျှောက်သည်။ နောက်ဆုံးတွင် အပြစ်ထဲမှာကျင်လည်နေ၍ နောင်တရဖို့လိုအပ်နေသူများအား သူ့အပြစ်ကိုအသုံးပြုပြီးသွန်သင်နိုင်ရန် ဘုရားသခင်ထံ တောင်းလျှောက်သည်။ နောင်တရခြင်းသည် သင်၏အသက်တာတွင် မည်သို့ ပုံစံရှိသနည်း။ ဒါဝိဒ်၏နောင်တရခြင်းနှင့်ဆိုင်သောနမူနာသည် သင်နှင့် ဘုရားသခင်အကြားဆက်ဆံခြင်းကို မည်သို့ ပို၍ခိုင်ခံ့စေနိုင်မည်နည်း။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
နောင်တရခြင်းသည် ခရစ်တော်ကို ကျွန်ုပ်တို့၏ကယ်တင်ရှင်အဖြစ် လက်ခံသောအခါ ကျွန်ုပ်တို့ပြုကြသည့် အဓိကလုပ်ဆောင်မှုတစ်ခုဖြစ်သည်။ နောင်တရခြင်းသည် ကျွန်တော်တို့၏လုပ်ဆောင်မှုဖြစ်ပြီး ခွင့်လွှတ်ခြင်းသည် ကျွန်တော်တို့အတွက် မိမိ၏စုံလင်သောမေတ္တာတော်ကိုပြသသည့် ဘုရားသခင်၏တုံ့ပြန်မှုဖြစ်သည်။ ဤ ၅ရက်တာ ဖတ်ရှုခြင်းအစီအစဉ်သည် ခရစ်တော်နှင့် သင်လိုက်လျှောက်ရာတွင် အရေးကြီးသောကဏ္ဍဖြစ်သည့် နောင်တရခြင်းအကြောင်းကို ပို၍နားလည်နိုင်ဖို့ သင့်ကိုကူညီပေးမည့် ဝိညာဉ်ရေးရာအချက်အလက်နှင့် နေ့စဉ်ဖတ်ရှုရန် ကျမ်းပိုဒ်တို့ကို သင့်အားပြင်ဆင်ပေးပါသည်။
More
We would like to thank Life.Church for providing this plan. For more information, please visit: www.life.church