YouVersion လိုဂို
ရှာရန် အိုင်ကွန်

အကောင်းဆုံးအမှုတော်နမူနာ

The Ministry Of Excellence

3 ၏ နေ့ 3

တော်ရုံလုပ်ဆောင်ခြင်း - မေတ္တာ၏ကျရှုံးမှု

အကြီးမြတ်ဆုံးသော ပညတ်တော်က ဘာလဲဟု ယေရှုအား မေးလျှောက်သည့်အခါ၊ သင်၏ ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှ၊ ဉာဏ်ရှိသမျှနှင့် ချစ်လော့။ ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လော့ဟု မိန့်ကြားခဲ့သည်။ မနေ့တွင်၊ ကျွန်တော်တို့တွေ့ခဲ့သည့်အတိုင်း၊ အကောင်းဆုံးလုပ်ဆောင်ခြင်းသည် ဘုရားသခင်၏ ဂုဏ်အင်္ဂါတော်များကို ကျွန်တော်တို့ပတ်ဝန်းကျင်ရှိလူတွေအား ပြသခြင်းဖြင့် ဘုရားသခင်ကို ချစ်လော့ဆိုသည့် အရှင်ယေရှုဘုရား၏ ပညတော်ကို ပြည့်စုံစေသည့် နည်းလမ်းတစ်ခု ဖြစ်သည်။ ယနေ့တွင်၊ ကျွန်တော်တို့၏ လုပ်ငန်းတွင် ဒုတိယပညတ်တော်ကို စောင့်ရှောက်စေခြင်းငှာ အကောင်းဆုံးလုပ်ဆောင်ခြင်းလိုအပ်သည်ကို တွေ့မြင်ရပါလိမ့်မည်။

ခရစ်ယာန်များအနေဖြင့်၊ ကျွန်တော်တို့သည် ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်ဖို့ ကြိုးစားနေသည်ဟု ဆိုပြီး၊ ကျွန်တော်တို့၏ အလုပ်တွင် တော်ရုံလုပ်ဆောင်ခြင်မျိုး မဖြစ်နိုင်ပါ။ ခရစ်ယာန်ဆရာဝန်တစ်ယောက်၏ အစွန်းရောက်ပုံဥပမာကို မြင်ယောင်ကြည့်ပါ။ ဆရာဝန်က သူ့လူနာများနှင့်အတူ ဆုတောင်းပတ္ထနာပြုသည့် အကျင့်ဓလေ့ ရှိပြီး၊ သူ့လုပ်ဖော်ကိုင်ဖက်များအား ဧဝံဂေလိတရားကို ဟောပြောလျက်၊ သူ့အသင်းတော်အဖို့ အလှူငွေကို လှူဒါန်းနိုင်သော်လည်း သူ၏ အဓိကအမှုတော်ဆောင်မှာ အလွန်ကောင်းမွန်သည့်ဆရာဝန်ဖြစ်ဖို့သာ ဖြစ်သည်။ သူမသည် ကြိုးစားအားထုတ်သည့် ဆရာဝန်မဟုတ်ဘဲ၊ ဝတ်ကျေရုံသာကုသသည့် ဆရာဝန်ဖြစ်ပါလျှင်၊ သူ့လူနာများအဖို့ အသက်အန္တရာယ် စိုးရိမ်စရာ ရှိနိုင်သည်။ လူနာတွေကို တတ်နိုင်သလောက် အကောင်းဆုံးဝန်ဆောင်မှုပေးပြီး မိမိကိုယ်တိုင်နှင့် မိသားစုအဖို့ ကူညီစောင့်ရှောက်သည်နည်းတူ မိမိလူနာများကိုလည်း ဂရုစိုက်ပေးရမည်။ ထိုအရာသည် ဆရာဝန်ဆိုသည့် သူမ၏ အလုပ်သည် သူမအဖို့ ပထမဆုံးအကောင်းဆုံးအမှုတော် ဖြစ်ရမည်။

ကျွန်တော်တို့အများစုအဖို့၊ မိမိအလုပ်၏ စွမ်းရည်သည် အသက်ရှင်ခြင်းနှင့် သေခြင်းကို မစပ်ဆိုင်သော်လည်း၊ ကျွန်တော်တို့အားလုံးသည် အကောင်းဆုံးလုပ်ဆောင်ခြင်းကို ကြိုးစားစေဖို့ ရွေးချယ်ပြီးသောအလုပ်တွင် အနည်းဆုံးလုပ်ရုံထက် ကျော်လွန်လုပ်ဆောင်ခြင်းဖြင့် ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်စေဖို့ အရှင်ယေရှုဘုရား၏ အမိန့်တော်ကို နာခံတတ်စေရန် အခွင့်အရေး ရှိပါသည်။ တော်ရုံအလုပ်ဟာ လက်သရမ်းဖျက်ဆီးခြင်းနဲ့တူတယ်—လက်သရမ်းဖျက်ဆီးခြင်းဟာ ဘဝကို ပိုမိုခက်ခဲစေတယ်လို့ ပြောသည့် ဆရာမက်ဖာန်း၏ အပြောကို ဤအကြောင်းနှင့်ပတ်သက်ပြီး သဘောကျမိသည်။ ထိုကြောင့်၊ ခရစ်ယာန်များသည် မိမိတို့အလုပ်တွင် လက်သရမ်းဖျက်ဆီးတတ်သည့်သူများနှင့် ပျင်းရိသူများ၏ ဆန့်ကျင်ဘက်တွင် ရှိရမည်။ ကျွန်တော်တို့သည် လူတွေကို အကျိုးဖြစ်ထွန်းစေသည့် လုပ်ဆောင်ခြင်းများကို အနည်းငယ်လုပ်ပေးမှုထက် ကြိုးစားအားထုတ်ရမည်မည် ဖြစ်သည်။ အကောင်းဆုံးလုပ်ဆောင်ခြင်းသည် စစ်မှန်သည့်စေတနာနှင့် မေတ္တာတရားပုံစံတစ်ခုဖြစ်သည်နည်းတူ အရည်အသွေးညံ့ဖျင်းမှုသည် လောဘနှင့် ကပ်စီးနည်းခြင်းပုံစံတစ်ခုလည်း ဖြစ်သည်။ တော်ရုံလုပ်ခြင်းသည် မကောင်းသည့်အရာကို လုပ်ခြင်းသက်သက်မဟုတ်ဘဲ၊ မေတ္တာ၏ကျရှုံးမှု ဖြစ်သည်။

ခရစ်ယာန်များအနေဖြင့်၊ လာစာရစေဖို့သာ လိုအပ်သလောက် တာဝန်ကျေ လုပ်ဆောင်ခြင်းမျိုး မလုပ်သင့်ပေ။ ကျွန်တော်တို့၏ အလုပ်အကိုင်သည် ဘုရားသခင်၏ ခေါ်တော်မူခြင်းတစ်မျိုး ဖြစ်သည်ဟု ယုံကြည်ပါက၊ လူ၏ အမှုကိုသာ ဆောင်ရွက်သကဲ့သို့မဟုတ်၊ သခင်ဘုရား၏ အမှုတော်ကို ဆောင်ရွက်သကဲ့သို့၊ ပြုလေသမျှတို့၌ စေတနာစိတ်နှင့် ပြုနိုင်ပါသည်။ ကျွန်တော်တို့သည် တတ်နိုင်သလောက် အတော်ဆုံးဆရာဝန်၊ စွန့်ဦးတီးတွင်သူ၊ ကျောင်းဆရာ/မ၊ အနုပညာရှင်၊ လက်သမား၊ အကြီးအကဲများ ဖြစ်ခြင်းဖြင့် ဘုရားသခင်၏ ဘုန်းတော် ထင်ရှားစေလျက် သူတစ်ပါးကို ကောင်းကောင်း မေတ္တာပြနိုင်ပါသည်။ ကျွန်တော်တို့၏ အလုပ်တွင် အကောင်းဆုံးလုပ်ခြင်းသည် ကိုယ့်အကျိုးအမြတ်အတွက်သာ မဟုတ်ပါ။ အကောင်းဆုံးလုပ်ခြင်းသည် အလုပ်တွင် အဓိကဆောင်ရွက်ရမည့်အမှုတော်ပင် ဖြစ်သည်။ ဤအမှန်တရားသည် မိမိလက်မှုပညာကို ကျွမ်းကျင်ပိုင်နိုင်စွာ လိုက်စားစေပြီး အရာရာ၌ အကောင်းဆုံးလုပ်ချင်သည့်သူ ဖြစ်စေပြီး ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေလျက်၊ အခြားသူများ၏ ကောင်းကျိုးကို ရှာစေဖို့ တိုက်တွန်းနှိုးဆော်ပါစေ။

ဤကျမ်းစာဖတ်ခြင်းအစီစဉ်ကို နှစ်သက်ပါက၊ မိမိအလုပ်နှင့် ဧဝံဂေလိတရားကို ပိုမိုနက်ရှိုင်းစွာ ချိတ်ဆက်ဖို့ရန် ကူညီပေးသည့် ကျွန်တော်၏ အပတ်စဉ်ကျမ်းစာဖတ်ရှုခြင်းအစီစဉ်ကို သဘောကျပါလိမ့်မည်။ ထိုသို့ခံစားပါက၊ ဤနေရာတွင် စာရင်းသွင်းပါ။

နေ့ 2

ဤအစီအစဉ်အကြောင်း

The Ministry Of Excellence

ကျွန်တော်တို့ဆောင်ရွက်သမျှ၌ အကောင်းဆုံးဆောင်ရွက်ဖို့ အကြောင်းပြချက်ကောင်းများစွာ ရှိပါသည်။ အကောင်းဆုံးလုပ်ဆောင်ခြင်းသည် ကျွန်တော်တို့၏ အသက်မွေးဝမ်းကျောင်းကို တိုးတက်စေသလို၊ ကျွန်တော်တို့၏ ဂုဏ်လည်း တိုးပွာသည်မို့ ဧဝံဂေလိတရားဟောခြင်းငှာ အခွင့်အလမ်း ဖြစ်စေနိုင်သည်။ အကောင်းဆုံးလုပ်ဆောင်ခြင်းသည် ဘုရားသခင်၏ ဂုဏ်တော်များကို ကျွန်တော်တို့အသက်တာတွင် ထင်ရှားစေခြင်းနှင့် ကျွန်တော်တို့ရွေးချယ်လုပ်ကိုင်သည့် အလုပ်အားဖြင့် ကျွန်တော်တို့ကို ကျွန်တော်တို့ဂရုစိုက်သည်နည်းတူ ကျွန်တော်တို့၏ အိမ်နီးချင်းများကို ဂရုစိုက်ခြင်းနှင့် ချစ်ခြင်းကို ပြသသည့်အရာ ဖြစ်သောကြောင့်၊ ဒီသုံးရက်တာတွင်၊ အကောင်းဆုံးဆောင်ရွက်သင့်သည့် အခြေခံအကြောင်းတရားများကို ဖော်ပြပါလိမ့်မည်။

More

ဤအစီအစဉ်ကို တင်ဆက်ပေးသော ဆရာ Jordan Raynor ကိုကျေးဇူတင်လိုပါ၏။ ပိုမိုသိရှိလိုပါက http://www.jordanraynor.com/excellence သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။