YouVersion လိုဂို
ရှာရန် အိုင်ကွန်

အကောင်းဆုံးအမှုတော်နမူနာ

The Ministry Of Excellence

3 ၏ နေ့ 2

ဘုရားသခင်၏၏ ဂုဏ်ကျေးဇူးများကို ဖော်ပြလော့

(၁ကော၊ ၁ဝး၃၁) တွင်၊ ပြုသမျှ၌ ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှာစေကြလော့ဟု ဖော်ပြထားသည်နှင့် ကျွန်တော်တို့အလုပ်၏ ရည်ရွယ်ချက်နှင့် ဘဝရည်၏ ရွယ်ချက်များသည် ကွဲပြားခြင်း မရှိပါ။ ဘုန်းတော်ထင်ရှားခြင်းသည် နေရာတိုင်းတွင်အသုံးပြုသည်မို့ အဓိပ္ပာယ်ဖွင့်ဆိုရခက်နိုင်ပါသည်။ ဆရာဂျွန်ပိုက်ပါ (John Piper) ပြောခဲ့သကဲ့သို့ ဘုရားသခင်ဘုန်းထင်ရှားခြင်းသည် ဘုရားသခင်၏ ကြီးမြတ်ခြင်းကို ထင်ဟပ်ခြင်း (သို့) ဘုရားသခင်၏ ဂုဏ်အင်္ဂါတော်များကို အခြားသူများအား ဖော်ပြခြင်း ဖြစ်ပါသည်။

ကျွန်တော်တို့အလုပ်၏ ရည်ရွယ်ချက်သည် ဘုရားသခင်၏ ဂုဏ်အင်္ဂါတော်များကို လူတွေအား ဖော်ပြရန်ဖြစ်ပါက၊ ထိုဂုဏ်အင်္ဂါတော်များသည် အဘယ်အရာများပါနည်း။ သမ္မာကျမ်းစာသည် ဘုရားသခင်၏ ဇာတိတော်များကို ပုံစံအမျိုးမျိုးဖြင့် ဖော်ပြသော်လည်း ဘုရားသခင်၏ ဖန်တီးနိုင်စွမ်းသောဉာဏ်တော်သည် ကျွန်တော်တို့အဖို့ အထင်ရှားဆုံးဂုဏ်အင်္ဂါတော်တစ်ခု ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ ရှမ်းရိုးမကို ကြည့်ရှုသည့်အခါ၊ ဘုရားသခင်၏ အံ့ဩဖွယ်ကောင်းသည့် ဖန်ဆင်းခြင်းတန်ခိုးတ်ာကို ချီးမွမ်းမကုန်နိုင်သည်နည်းတူ၊ တိရစ္ဆာန်ဥယျာဉ်သွားသည့်အခါ၊ ထူးဆန်းသည့်သတ္တဝါများအား ကြည့်ရှုပြီး ကိုယ်တော်၏ ဖန်တီးစွမ်းနိုင်သောဉာဏ်တော်များကိုလည်း မချီးမွမ်းဘဲမနေနိုင်ပါ။ ထိုနည်းတူစွာ၊ ကလေးတစ်ဦးနှင့်ကိုင်လျက် သက်ရှိသတ္တဝါဖြစ်စေခြင်းငှာ သန်းပေါင်းများစွာသောဆဲလ်များဖြင့် စုပေါင်းဖွဲ့စည်းစီရင်ပေးသည့် ထူးခြားသောဉာဏ်တော်နှင့် လက်ရာတော်ကို ငေးမကြည့်ဘဲ၊ ကလေးတစ်ယောက် မရနိုင်ပါ။ မနေ့ကကျမ်းပိုဒ်တွင် ကျွန်ုတော်တို့တွေ့ခဲ့ရသည့်အတိုင်း၊ အရှင်ယေရှုဘုရား၏ မြေကြီးပေါ်ရှိ အသက်တာတော်သည် ဘုရားသခင်၏ မြင့်မြတ်သည့် ဂုဏ်အင်္ဂါတော်များကို ဖော်ပြစေခဲ့ပြီး သူနှင့်အတူ သွားလာခဲ့သူမျာသည် မိန်းမောတွေဝေလျက်၊ အလုံးစုံတို့ကို လျောက်ပတ်စွာ ပြုတော်မူပြီဟု မြွက်ဆိုခဲ့ကြပါသည်။ ကျွန်တော်တို့သည် အကြီးမြတ်ဆုံးသောဘုရားကို ကိုးကွယ်ကြသည်။ ဘုရားသခင်သည် စုံလင်သောဘုရား ဖြစ်သည်။ အမှန်စင်စစ်၊ အမြင့်မြတ်ဆုံးဟု ခေါ်ဝေါ်သမုတ်ခြင်းဖြင့် အနန္တစကြဝဠာကြီး၏ ဘုရားသခင်ကို အကြွင်းမဲ့မဖော်ပြနိုင်သော်လည်း လူသားများအနေနှင့် ထိုခေါ်ဝေါ်သမုတ်ခြင်းကို နားလည်သဘောပေါက်စေခြင်းငှာ အနီးစပ်ဆုံး ခေါ်ဝေါ်သမုတ်ခြင်းပင် ဖြစ်သည်။

ဘုရားသားသမီးများအနေဖြင့်၊ ကျွန်တော်တို့သည် ကျွန်တော်တို့၏ မြင့်မြတ်သည့် ကောင်းကင်ဖခင်၏ ပုံသဏ္ဍာန်တော်ကို ဆောင်သူများအဖြစ် ခေါ်ဝေါ်ခြင်းကို ခံရကြသည်။ (ဧ၊ ၅:၁) တွင်၊ တမန်တော်ကြီး ရှင်ပေါလုသည် အသင်းတော်ကို ဘုရားသခင်၏ ချစ်သားဖြစ်ကြသည့်နှင့်အညီ၊ ဘုရားသခင် ကျင့်တော်မူနည်းတူ ကျင့်ကြပါဟု ညွှန်ကြားထားခဲ့ကြသည်။ ဤကျမ်းပိုဒ်နှင့်စပ်လျဉ်း၍ ဓမ္မပညာရှင်ကြီး အန်ဒရေ(စ်)ကိုစတင်ဗာကာ (Andreas Köstenberger) မှ ဤသို့ဆိုခဲ့သည် - ဘုရားသခင်ရဲ့ မြင့်မြတ်မှုကို ကျွန်တော်တို့ ဘယ်လိုတုံ့ပြန်သင့်သလဲ။ အတိုချုပ်အားဖြင့်၊ ကျွန်တော်တို့က ဘုရားသခင်ရဲ့ မြင့်မြတ်ခြင်းကို စေ့စေ့ဆင်ခြင်လျက်၊ မီအောင်လိုက်မည့်အကြောင်း ကြိုးစားအားထုတ်ရမယ်... ဘုရားသခင်ရဲ့ ရွေးနုတ်ခံရတဲ့ သားသမီးတွေအနေနဲ့၊ ကျွန်တော်တို့က ဘုရားသခင်ကဲ့သို့ ဖြစ်စေဖို့ ကြိုးပမ်းရမှာ ဖြစ်တယ်။ ထိုအရာတွေထဲမှာ၊ အရာရာ၌ အကောင်းဆုံးလုပ်ဆောင်စေဖို့ ကြိုးစားခြင်းလည်း ပါဝင်တယ်။ ဆရာဂျွန်ပိုက်ပါ (John Piper) မှ – ဘုရားသခင်ဟာ ကျွန်တော်နဲ့ ဓမ္မမိတ်ဆွေကို တစ်ခုတည်း၊ အကြွင့်မဲ့ဆက်ကပ်သင့်တဲ့၊ အရာရာကို ပြောင်းလဲစေနိုင်တဲ့ စိတ်အားထက်သန်မှုတစ်ခုအဖြစ် အသက်ရှင်နေထိုင်စေဖို့ ဆိုလိုသည်မှာ၊ မိမိသက်တာမှာ နေရာတိုင်းမှာ၊ အရာရာတိုင်းမှာ၊ ကိုယ်တော်ရဲ့ မြင့်မြတ်တဲ့ ဂုဏ်အင်္ဂါတော်များကို နှစ်သက်ပျော်ရွှင်စွာ ပြသခြင်းဖြင့် ဘုရားသခင်ရဲ့ ဘုန်းတော်ကို ထင်ရှားစေလျက် အသက်ရှင်မယ့်အကြောင်း ဖန်ဆင်းပေးခဲ့ပါတယ်ဟု ထည့်သွင်းရေးသားခဲ့သည်။

တစ်နည်းဆိုသော်၊ ကျွန်တော်တို့သည် ကိုယ်တော်၏ မြင့်မြတ်သည့် ဂုဏ်အင်္ဂါတော်များကို အကျင့်ဖြင့် မီအောင်လိုက်သည့်အခါ၊ မှောင်မိုက်ထဲမှ အံ့ဖွယ်သောအလင်းတော်သို့ ခေါ်သွင်းတော်မူသောသူ၏ ဂုဏ်ကျေးဇူးများကို ဖော်ပြစေကြပါသည် (၁ပေ၊၂:၉)။ ကျွန်တော်တို့သည် အလွန်မြင့်မြတ်၊ စစ်မှန်သည့် သမ္မာတရားကို တောင့်တနေသည့် မှောင်မိုက်လောကကြီးတွင် ကျင့်လည်ကြပါသည်။ ကျွန်တော်တို့ရွေးချယ်ထားသည့် အလုပ်သည် ခရစ်တော်၏ အလင်းကို ထွန်းလင်းစေရန် အကောင်းဆုံးနေရာဖြစ်သည်ဟု ကျွန်တော်ယုံကြည်သည်။ ကျွန်တော်တို့သည် အလုပ်ကို အကောင်းဆုံး လုပ်သောအခါ၊ ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေပြီး ကျွန်တော်တို့ပတ်ဝန်းကျင်ရှိ လောကီးသားများအဖို့ ကိုယ်တော်၏ ဂုဏ်ကျေးဇူးများကို ဖော်ပြရန်အခွင့်အရေးများ ရရှိကြသည်။ ယနေ့၊ မိတ်ဆွေ၏ အလုပ်တွင် အကောင်းဆုံးလုပ်ကြပါစို့။

နေ့ 1နေ့ 3

ဤအစီအစဉ်အကြောင်း

The Ministry Of Excellence

ကျွန်တော်တို့ဆောင်ရွက်သမျှ၌ အကောင်းဆုံးဆောင်ရွက်ဖို့ အကြောင်းပြချက်ကောင်းများစွာ ရှိပါသည်။ အကောင်းဆုံးလုပ်ဆောင်ခြင်းသည် ကျွန်တော်တို့၏ အသက်မွေးဝမ်းကျောင်းကို တိုးတက်စေသလို၊ ကျွန်တော်တို့၏ ဂုဏ်လည်း တိုးပွာသည်မို့ ဧဝံဂေလိတရားဟောခြင်းငှာ အခွင့်အလမ်း ဖြစ်စေနိုင်သည်။ အကောင်းဆုံးလုပ်ဆောင်ခြင်းသည် ဘုရားသခင်၏ ဂုဏ်တော်များကို ကျွန်တော်တို့အသက်တာတွင် ထင်ရှားစေခြင်းနှင့် ကျွန်တော်တို့ရွေးချယ်လုပ်ကိုင်သည့် အလုပ်အားဖြင့် ကျွန်တော်တို့ကို ကျွန်တော်တို့ဂရုစိုက်သည်နည်းတူ ကျွန်တော်တို့၏ အိမ်နီးချင်းများကို ဂရုစိုက်ခြင်းနှင့် ချစ်ခြင်းကို ပြသသည့်အရာ ဖြစ်သောကြောင့်၊ ဒီသုံးရက်တာတွင်၊ အကောင်းဆုံးဆောင်ရွက်သင့်သည့် အခြေခံအကြောင်းတရားများကို ဖော်ပြပါလိမ့်မည်။

More

ဤအစီအစဉ်ကို တင်ဆက်ပေးသော ဆရာ Jordan Raynor ကိုကျေးဇူတင်လိုပါ၏။ ပိုမိုသိရှိလိုပါက http://www.jordanraynor.com/excellence သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။