မာကု 7

7
အတွင်းစိတ် စင်ကြယ်ခြင်း​အကြောင်း သွန်သင်တော်မူခြင်း
1တစ်နေ့​တွင် ဖာရိရှဲများ​နှင့် ဂျေရုဆလင်မြို့​မှ ရောက်လာကြသော ကျမ်းတတ်ဆရာ​တချို့​သည် ယေရှု​ထံတော်သို့​လာရောက် စုဝေးကြ၏။ 2ထိုအခါ တပည့်တော်​တချို့​သည် အစာ​မစား​မီ ဂျူးဓလေ့ထုံးတမ်း​အရ လက်ဆေးခြင်း​အစဉ်အလာ​ကို လိုက်နာဆောင်ရွက်ခြင်း မရှိကြောင်း ဖာရိရှဲများ​နှင့် ကျမ်းတတ်ဆရာများ​က တွေ့မြင်ကြ၏။ 3(ဖာရိရှဲများ​မှစ၍ ဂျူးလူမျိုး​အပေါင်းတို့​သည် ရှေးလူကြီးတို့​၏ ဓလေ့ထုံးတမ်း​ကို စောင့်ထိန်းသော​အားဖြင့် လက်​ကို ကျင့်ထုံး​အတိုင်း မဆေးကြောဘဲ အစာ​စားလေ့​မရှိကြ။#7:3 လက်သီးဆုပ်​ဖြင့် ဆေးကြောသည်​ဟူ၍​မှအပ မူရင်း​ထုံးနည်း​ကိုမူ အတိအကျ​မသိရပေ။ 4ထို​နည်းတူ ဈေး​မှ ပြန်လာ​သောအခါ​၌လည်း လက်​ကို မဆေးကြောဘဲ#7:4 အချို့​လက်ရေးမူကျမ်းများ​တွင် “မိမိကိုယ်မိမိ မသန့်စင်​မီ” ဟု တွေ့ရသည်။ စားလေ့​မရှိကြ။ ထို့ပြင် ခွက်၊ ကရား​နှင့် ကြေးဖလားတို့#7:4 အချို့သော လက်ရေးမူကျမ်းများ​တွင် “ခုတင်တို့” ဟူ၍ ပါရှိသည်။​ကို ဆေးကြောခြင်း​အစဉ်အလာ​စသည့် အခြားသော ဓလေ့ထုံးတမ်းများ​လည်း ရှိ၏။)
5ထို့ကြောင့် ဖာရိရှဲများ​နှင့် ကျမ်းတတ်ဆရာများ​က “သင်​၏​တပည့်တို့​သည် ရှေးလူကြီးများ​၏ ဓလေ့ထုံးတမ်း​ကို အဘယ်ကြောင့် မလိုက်နာကြသနည်း။ သူတို့​သည် အစာ​မစား​မီ ဂျူးဓလေ့ထုံးတမ်း​အရ လက်ဆေးခြင်း​အစဉ်အလာ​ကို မလိုက်နာဘဲ စားကြသည်” ဟု ဆိုကြ၏။
6ယေရှု​က “သူတော်ကောင်း​ယောင်ဆောင်သူတို့… သင်တို့​အကြောင်း​ကို ဟေရှာယ ကြိုတင်ဟောသည်​မှာ မှန်လှ၏။
‘ဤ​သူတို့​သည် ငါ့​ကို နှုတ်​ဖြင့် ရိုသေကြ၏။
သို့သော် သူတို့​၏ စိတ်နှလုံး​မှာမူ ငါ​နှင့် ဝေးကွာလှ၏။
7သူတို့​သည် လူ့​စည်းမျဉ်းတို့​ကို ဘုရားသခင်​ထံမှ​လာသော သွန်သင်ချက်များ​အဖြစ် သွန်သင်ကြ၏။
သို့ဖြစ်၍ ငါ့​ကို သူတို့​ကိုးကွယ်ကြသည်​မှာ အချည်းနှီး​ဖြစ်၏’#7:7 ဟေရှာ ၂၉:၁၃။
ဟူ၍ ကျမ်းစာ​၌ ရေးသားထားသည့်​အတိုင်း 8သင်တို့​သည် ဘုရားသခင်​၏ ပညတ်တော်​ကို ပယ်​၍ လူတို့​၏ ဓလေ့ထုံးတမ်းများ​ကို အစားထိုး​လိုက်နာကြ၏” ဟု မိန့်တော်မူ၏။
9ဆက်လက်​၍ ကိုယ်တော်​က “သင်တို့​သည် မိမိတို့​၏ ဓလေ့ထုံးတမ်း​ကို ထိန်းသိမ်း​ရန်အတွက် ဘုရားသခင်​၏ ပညတ်တော်​ကို ပစ်ပယ်ကြ၏။ 10မောရှေ​က ‘မိဘ​ကို ရိုသေလော့။#7:10 ထွ ၂၀:၁၂၊ တရား ၅:၁၆။ မိဘ​ကို ကျိန်ဆဲသော​သူ​သည် အမှန်​သေရမည်’#7:10 ထွ ၂၁:၁၇၊ ဝတ် ၂၀:၉။ ဟူသော ဘုရားသခင်​၏​ပညတ်တော်​ကို ပေးခဲ့၏။ 11သင်တို့​ကမူ ‘မိဘ​အား ထောက်ပံ့ရမည့် ပစ္စည်း#7:11 မူရင်း​ဂရိကျမ်း​တွင် “ကျွန်ုပ်​ပေးထားသည့်​အရာ​မှာ လှူဖွယ်ပစ္စည်းဖြစ်သော​ကော်ဘန်​ဖြစ်၏” ဟူ၍ ပါရှိသည်။​ရှိ​သော်လည်း ထို​ပစ္စည်း​ကို ဘုရားသခင်​အား လှူဒါန်းပြီး​ဖြစ်​ပါက သူတို့​ကို ထောက်ပံ့​ရန် မလိုတော့’ ဟု သွန်သင်ကြ၏။ 12ဤ​နည်း​ဖြင့် သင်တို့​သည် မိဘ​ကို လုပ်ကျွေးပြုစု​ရန် မလိုအပ်ကြောင်း လူတို့​ကို သွန်သင်ကြ၏။ 13ဤသို့ဖြင့် သင်တို့​သည် သင်တို့​၏​ဓလေ့ထုံးတမ်း​ကို လက်ဆင့်ကမ်း​၍ ဘုရားသခင်​၏​ပညတ်တော်​ကို ပစ်ပယ်ကြ၏။ ထိုသို့သော အမှု​များစွာတို့​ကိုလည်း သင်တို့​ပြုကြ၏” ဟု မိန့်တော်မူ၏။
14ထို့နောက် ကိုယ်တော်​သည် လူထု​ပရိသတ်​ကို ခေါ်​၍ “သင်တို့​အားလုံး​သည် ငါ့​စကား​ကို နားထောင်​၍ နားလည်​ရန် ကြိုးစားကြလော့။ 15လူ​၏​ပြင်ပ​မှ လာ​၍ လူ​အတွင်း​သို့ ဝင်သော​အရာ​သည် လူ​ကို မညစ်ညမ်းစေပါ။ သို့သော် လူ့​စိတ်နှလုံး​မှ ထွက်လာသော​အရာများ​သည်သာ လူ​ကို ညစ်ညမ်းစေ၏။ 16နား​ရှိသောသူ​သည် ကြား​၍ နားလည်ပါစေ#7:16 အချို့​လက်ရေးမူကျမ်းများ​တွင် ဤ​အပိုဒ်ငယ်​မပါဝင်ပါ။” ဟု မိန့်တော်မူ၏။
17ကိုယ်တော်​သည် လူထု​ပရိသတ်​ထံမှ ထွက်ကြွ​၍ အိမ်တစ်အိမ်​သို့ ဝင်တော်မူ​လျှင် တပည့်တော်တို့​က ထို​ဆိုရိုးစကား​၏ အဓိပ္ပာယ်​ကို မေးလျှောက်ကြ၏။ 18ထိုအခါ ကိုယ်တော်​က “သင်တို့​သည်လည်း နားမလည်ဘဲ ရှိနေကြ​သေးသလော။ လူ့​အတွင်း​သို့ ဝင်​သမျှသော​အစာ​သည် လူ​ကို မညစ်ညမ်း​စေနိုင်ကြောင်း​ကို သင်တို့​မသိကြသလော။ 19အဘယ်ကြောင့်ဆိုသော် အစာ​သည် စိတ်နှလုံး​ထဲသို့ မဝင်။ ဝမ်း​ထဲသို့​ဝင်​ပြီးမှ ရေအိမ်​သို့​စွန့်ရ၏” ဟု မိန့်တော်မူ၏။ ဤသို့ မိန့်တော်မူခြင်း​အားဖြင့် အစားအစာ​ဟူသမျှ​သည် သန့်ရှင်းကြောင်း​ကို ဖော်ပြတော်မူ၏။
20တစ်ဖန် ယေရှု​က “လူ့​အတွင်း​မှ ထွက်လာသော​အရာ​သည်သာ လူ​ကို ညစ်ညမ်းစေ၏။ 21အဘယ်ကြောင့်ဆိုသော် မကောင်းသော​ကြံစည်ခြင်း၊ တရား​နှင့်​မညီသော မေထုန်​ကို​ပြုခြင်း၊ ခိုးခြင်း၊ လူသတ်ခြင်း၊ 22သူတစ်ပါး​သားမယား​ကို​ပြစ်မှားခြင်း၊ လောဘ​လွန်ကြူးခြင်း၊ ဆိုးယုတ်ခြင်း၊ လှည့်စားခြင်း၊ ကာမဂုဏ်​လိုက်စားခြင်း၊ မနာလိုခြင်း၊ စော်ကား​ပြောဆိုခြင်း၊ မာန​ထောင်လွှားခြင်း​နှင့် ပညာမဲ့ခြင်း၊ 23စသည့် ဆိုးညစ်သော​အရာများ​သည် စိတ်နှလုံး​မှ ထွက်လာ​၍ လူ​ကို​ညစ်ညမ်းစေသည်” ဟု မိန့်တော်မူ၏။
လူမျိုးခြား​အမျိုးသမီး​တစ်ဦး​၏ ယုံကြည်ခြင်း
24ထို့နောက် ယေရှု​သည် ဂါလိလဲပြည်​မှ ထွက်ခွာတော်မူ​၍ တိုင်ရာမြို့#7:24 အချို့​လက်ရေးမူကျမ်းများ​တွင် “နှင့် ဆီဒုန်မြို့” ဟု ပါရှိသည်။​၏ အရပ်ဒေသ​သို့ ကြွတော်မူ​ကာ အိမ်​တစ်အိမ်​သို့ ဝင်တော်မူ၏။ ထို​အိမ်​၌ တည်းခိုနေတော်မူကြောင်း မည်သူ့​ကိုမျှ သိစေလိုတော်​မမူပေ။ သို့သော်လည်း ပုန်းရှောင်တော်မူ​၍ မရပေ။ 25နတ်ဆိုးပူးသော မိန်းကလေး​တစ်ဦး​၏ မိခင်​ဖြစ်သူ​သည် သတင်းတော်​ကို ကြား​သဖြင့် ချက်ချင်း​လာ​၍ ကိုယ်တော်​၏ ခြေတော်ရင်း​တွင် ပျပ်ဝပ်လေ၏။ 26ထို့နောက် မိမိ​သမီး​ထံမှ နတ်ဆိုး​ကို နှင်ထုတ်ပေးတော်မူ​ရန် တောင်းပန်လေ၏။ ထို​အမျိုးသမီး​သည် ဂရိလူမျိုး၊ ဆီးရီးယား​ဖိုနီးရှား​ပြည်သူ​တစ်ဦး​ဖြစ်၏။ 27ယေရှု​က “သားသမီးများ​ကို ဦးစွာ ဝအောင်​ကျွေးရ၏။ သားသမီးတို့​၏ မုန့်​ကို​ယူ​၍ ခွေးများ​အား မချကျွေးသင့်” ဟု တုံ့ပြန်တော်မူ၏။
28အမျိုးသမီး​က “မှန်ပါသည် သခင်။ သို့သော်လည်း စားပွဲ​အောက်​ရှိ ခွေးများ​ပင်လျှင် သားသမီးတို့​၏​စားကြွင်းစားကျန်များ​ကို စားခွင့်​ရပါသည်” ဟု လျှောက်လေ၏။
29ထိုအခါ ယေရှု​က “ဤသို့ သင့်လျော်​စွာ ဆို​သောကြောင့် ယခု သင်​အိမ်​သို့ ပြန်လော့။ နတ်ဆိုး​သည် သင့်​သမီး​ထံမှ ထွက်သွားပြီ” ဟု မိန့်တော်မူ၏။ 30ထို​အမျိုးသမီး​သည် အိမ်​သို့​ရောက်​သော် နတ်ဆိုး​သည် ထွက်သွား​၍ သမီး​ဖြစ်သူ​မှာလည်း အိပ်ရာ​၌ လဲလျောင်း​လျက်​ရှိသည်​ကို တွေ့ရလေ၏။
နားမကြားသော​သူ​ကို ကြားစေတော်မူခြင်း
31ထို့နောက် ယေရှု​သည် တိုင်ရာမြို့​၏​အရပ်ဒေသ​မှ ထွက်ခွာ​၍ ဆီဒုန်မြို့​ကို ဖြတ်​ကာ ဒေကာပေါလိပြည်#7:31 မြို့ဆယ်မြို့​ရှိသော ပြည်ကို ရည်ညွှန်းသည်။​အလယ်ပိုင်း​မှ​တစ်ဆင့် ဂါလိလဲအိုင်​သို့ ကြွတော်မူ၏။ 32ထိုအခါ လူတို့​သည် ဆွံ့အ​နားမကြားသော​သူ​တစ်ဦး​ကို အထံတော်သို့ ခေါ်ဆောင်ခဲ့ကြ၏။ သူတို့​က “ဤ​သူ ကျန်းမာလာ​ရန်အတွက် သူ့​အပေါ် လက်တော်​ကို တင်တော်မူပါ” ဟု တောင်းပန်ကြ၏။
33ယေရှု​သည် ထို​သူ​ကို လူအစုအဝေး​ထဲမှ သီးခြား​ခေါ်သွားတော်မူ၏။ ထို့နောက် လက်ညှိုးတော်တို့​ကို သူ​၏​နား​နှစ်ဖက်​ထဲသို့ ထည့်သွင်းတော်မူ၏။ တစ်ဖန် တံတွေးထွေး​၍ သူ​၏​လျှာ​ကိုလည်း တို့တော်မူ၏။ 34ထို့နောက် ကောင်းကင်​သို့ မော့ကြည့်​၍ သက်ပြင်းချ​ကာ “ဧဖသ” ဟု မိန့်တော်မူ၏။ အဓိပ္ပာယ်​မှာ “ပွင့်စေ” ဟု ဆိုလို၏။ 35ချက်ချင်း​ပင် ထို​သူ​သည် နား​ပွင့်​၍ လျှာ​သွက်လာ​သဖြင့် စကား​ပီသ​စွာ ပြောနိုင်လေ၏။
36ထို​အကြောင်း​ကို မည်သူ့​ကိုမျှ မပြော​ရန် ကိုယ်တော်​သည် လူတို့​ကို မှာကြားတော်မူ၏။ သို့သော်လည်း ထိုသို့ မှာကြားတော်မူ​လေ၊ သူတို့​သည် သတင်းတော်​ကို ပြောကြ​လေ​ဖြစ်၏။ 37ထို​သူတို့​သည် အလွန်အမင်း အံ့အားသင့်​လျက် “ထို​အရှင်​ပြုသမျှ​သည် အံ့ဖွယ်​ဖြစ်၏။ နားမကြားသူ​ကို ကြားစေ​၍ ဆွံ့အသူ​ကို စကားပြောစေတော်မူပြီ” ဟု ဆိုကြ၏။

वर्तमान में चयनित:

မာကု 7: BCB

हाइलाइट

शेयर

कॉपी

None

Want to have your highlights saved across all your devices? Sign up or sign in