ကမ္ဘာဦးကျမ်း 5

5
ရှေသ၏သားစဉ်မြေးဆက်
1အာဒံ​၏​သားစဉ်မြေးဆက်​စာရင်း​မှာ ဤသို့​ဖြစ်​၏​။ ဘုရားသခင်​သည် လူ​ကို​ဖန်ဆင်း​တော်မူ​သော​နေ့​၌ သူ့​ကို ဘုရားသခင်​နှင့်​တစ်ပုံစံတည်း​ပြုလုပ်​၍ 2ယောက်ျား​နှင့်​မိန်းမ​အဖြစ် သူ​တို့​ကို​ဖန်ဆင်း​တော်မူ​၏​။#က 1:27၊ မ 19:4၊ မာ 10:6။ ထိုသို့ သူ​တို့​ကို​ဖန်ဆင်း​တော်မူ​သော​နေ့​၌ ကိုယ်တော်​သည် သူ​တို့​ကို​ကောင်းချီးပေး​၍ သူ​တို့​၏​အမည်​ကို လူ#5:2 ဟီဘရူးအသံထွက်မှာ အာဒံ။ ဟု​မှည့်ခေါ်​တော်မူ​၏​။
3အာဒံ​သည် အသက်​တစ်ရာ့​သုံးဆယ်​ရှိ​သောအခါ သူ​နှင့်​တစ်ပုံစံတည်း​၊ သူ​၏​ပုံသဏ္ဌာန်​အတိုင်း​ဖြစ်​သော​သား​ကို​ရ​၍ သူ​၏​အမည်​ကို ရှေသ ဟု​မှည့်ခေါ်​လေ​၏​။ 4ရှေသ​ကို​ရ​ပြီးနောက် အာဒံ​သည် အနှစ်​ရှစ်​ရာ​အသက်ရှင်​လျက် အခြား​သော​သား​သမီး​များ​ကို​ရ​သေး​၏​။ 5အာဒံ​သည် နှစ်​ပေါင်း​ကိုး​ရာ့​သုံးဆယ်​အသက်ရှင်​ပြီးနောက် သေဆုံး​လေ​၏​။
6ရှေသ​သည် အသက်​တစ်ရာ့​ငါး​နှစ်​ရှိ​သောအခါ သား​ဧနုတ်​ကို​ရ​၏​။ 7ဧနုတ်​ကို​ရ​ပြီးနောက် ရှေသ​သည် ရှစ်​ရာ့​ခုနစ်​နှစ်​အသက်ရှင်​လျက် အခြား​သော​သား​သမီး​များ​ကို​ရ​သေး​၏​။ 8ရှေသ​သည် နှစ်​ပေါင်း​ကိုး​ရာ​တစ်ဆယ့်​နှစ်​နှစ်​အသက်ရှင်​ပြီးနောက် သေဆုံး​လေ​၏​။
9ဧနုတ်​သည် အသက်​ကိုးဆယ်​ရှိ​သောအခါ သား​ကာဣနန်​ကို​ရ​၏​။ 10ကာဣနန်​ကို​ရ​ပြီးနောက် ဧနုတ်​သည် ရှစ်​ရာ​တစ်ဆယ့်​ငါး​နှစ်​အသက်ရှင်​လျက် အခြား​သော​သား​သမီး​များ​ကို​ရ​သေး​၏​။ 11ဧနုတ်​သည် နှစ်​ပေါင်း​ကိုး​ရာ့​ငါး​နှစ်​အသက်ရှင်​ပြီးနောက် သေဆုံး​လေ​၏​။
12ကာဣနန်​သည် အသက်​ခုနစ်ဆယ်​ရှိ​သောအခါ သား​မဟာလေလ​ကို​ရ​၏​။ 13မဟာလေလ​ကို​ရ​ပြီးနောက် ကာဣနန်​သည် အနှစ်​ရှစ်​ရာ့​လေးဆယ်​အသက်ရှင်​လျက် အခြား​သော​သား​သမီး​များ​ကို​ရ​သေး​၏​။ 14ကာဣနန်​သည် နှစ်​ပေါင်း​ကိုး​ရာ့​တစ်ဆယ်​အသက်ရှင်​ပြီးနောက် သေဆုံး​လေ​၏​။
15မဟာလေလ​သည် အသက်​ခြောက်ဆယ့်​ငါး​နှစ်​ရှိ​သောအခါ သား​ယာရက်​ကို​ရ​၏​။ 16ယာရက်​ကို​ရ​ပြီးနောက် မဟာလေလ​သည် အနှစ်​ရှစ်​ရာ့​သုံးဆယ်​အသက်ရှင်​လျက် အခြား​သော​သား​သမီး​များ​ကို​ရ​သေး​၏​။ 17မဟာလေလ​သည် နှစ်​ပေါင်း​ရှစ်​ရာ​ကိုးဆယ့်​ငါး​နှစ်​အသက်ရှင်​ပြီးနောက် သေဆုံး​လေ​၏​။
18ယာရက်​သည် အသက်​တစ်ရာ​ခြောက်ဆယ့်​နှစ်​နှစ်​ရှိ​သောအခါ သား​ဧနောက်​ကို​ရ​၏​။ 19ဧနောက်​ကို​ရ​ပြီးနောက် ယာရက်​သည် အနှစ်​ရှစ်​ရာ​အသက်ရှင်​လျက် အခြား​သော​သား​သမီး​များ​ကို​ရ​သေး​၏​။ 20ယာရက်​သည် နှစ်​ပေါင်း​ကိုး​ရာ​ခြောက်ဆယ့်​နှစ်​နှစ်​အသက်ရှင်​ပြီးနောက် သေဆုံး​လေ​၏​။
21ဧနောက်​သည် အသက်​ခြောက်ဆယ့်​ငါး​နှစ်​ရှိ​သောအခါ သား​မသုရှလ​ကို​ရ​၏​။ 22မသုရှလ​ကို​ရ​ပြီးနောက် ဧနောက်​သည် အနှစ်​သုံး​ရာ​ပတ်လုံး ဘုရားသခင်​နှင့်အတူ​သွားလာ​လျက် အခြား​သော​သား​သမီး​များ​ကို​ရ​သေး​၏​။ 23ဧနောက်​သည် နှစ်​ပေါင်း​သုံး​ရာ​ခြောက်ဆယ့်​ငါး​နှစ်​အသက်ရှင်​ခဲ့​၏​။ 24ဧနောက်​သည် ဘုရားသခင်​နှင့်အတူ​သွားလာ​၏​။ ဘုရားသခင်​သည် သူ့​ကို​ဆောင်ယူ​တော်မူ​သောကြောင့် သူ​သည်​မ​ရှိ​တော့​ပေ​။
25မသုရှလ​သည် အသက်​တစ်ရာ​ရှစ်ဆယ့်​ခုနစ်​နှစ်​ရှိ​သောအခါ သား​လာမက်​ကို​ရ​၏​။ 26လာမက်​ကို​ရ​ပြီးနောက် မသုရှလ​သည် ခုနစ်​ရာ​ရှစ်ဆယ့်​နှစ်​နှစ်​အသက်ရှင်​လျက် အခြား​သော​သား​သမီး​များ​ကို​ရ​သေး​၏​။ 27မသုရှလ​သည် နှစ်​ပေါင်း​ကိုး​ရာ​ခြောက်ဆယ့်​ကိုး​နှစ်​အသက်ရှင်​ပြီးနောက် သေဆုံး​လေ​၏​။
28လာမက်​သည် အသက်​တစ်ရာ​ရှစ်ဆယ့်​နှစ်​နှစ်​ရှိ​သောအခါ သား​ကို​ရ​၍ 29“​ဤ​သား​သည် ထာဝရဘုရား​ကျိန်​တော်မူ​သော​မြေကြီး​ပေါ်၌ ငါ​တို့​လုပ်​ရ​သော​အလုပ်​နှင့် ငါ​တို့​လက်​ဖြင့်​လုပ်​ရ​သော​ပင်ပန်းခက်ခဲမှု​မှ ငါ​တို့​ကို​သက်သာ​ရာ​ရ​စေ​သော​သား​ဖြစ်​လိမ့်မည်​”​ဟု ဆို​လျက် သူ​၏​အမည်​ကို နောဧ#5:29 “သက်သာရာရခြင်း”ဟူသောအဓိပ္ပာယ်ရှိ၏။ ဟု​မှည့်ခေါ်​လေ​၏​။ 30နောဧ​ကို​ရ​ပြီးနောက် လာမက်​သည် ငါး​ရာ​ကိုးဆယ့်​ငါး​နှစ်​အသက်ရှင်​လျက် အခြား​သော​သား​သမီး​များ​ကို​ရ​သေး​၏​။ 31လာမက်​သည် နှစ်​ပေါင်း​ခုနစ်​ရာ​ခုနစ်ဆယ့်​ခုနစ်​နှစ်​အသက်ရှင်​ပြီးနောက် သေဆုံး​လေ​၏​။
32နောဧ​သည် အသက်​ငါး​ရာ​ရှိ​၏​။ နောဧ​သည် သား ရှေမ​၊ ဟာမ​၊ ယာဖက် တို့​ကို​ရ​၏​။

اکنون انتخاب شده:

ကမ္ဘာဦးကျမ်း 5: MSBU

های‌لایت

به اشتراک گذاشتن

کپی

None

می خواهید نکات برجسته خود را در همه دستگاه های خود ذخیره کنید؟ برای ورودثبت نام کنید یا اگر ثبت نام کرده اید وارد شوید