Luke 9
9
1တစ်ရက်နိန့်မှာ ကိုယ်တော်ဟာ သာဝကဆယ့်နှစ်ယောက်ကို ခေါ်လို့စုလိုက်ပြီးကေ မကောင်းဆိုးဝါးတိကို နှင်ထုတ်ဖို့နဲ့ အနာရောဂါတိကို ပျောက်ကင်းစီနိုင်ရေ တန်ခိုးအာဏာတိကို ပီးအပ်ခရေ။ 2ယပြီးကေ ကိုယ်တော်က သူရို့ကို ဘုရားရှင်ရဲ့သာသနာတော်အကြောင်းကို ဟောပြောဖို့နဲ့ မကျန်းမာရေလူတိကို ကျန်းမာစီဖို့အတွက် စီလွှတ်တော်မူလိုက်တေ။ 3ကိုယ်တော်က သူရို့ကို “အသင်ရို့ ခရီးလားဖို့အတွက် တစ်ခုကိုလည်း ယူမလားကတ်ပါကေ့။ တောင်မွှီး၊ လွယ်အိတ်၊ အစားအစာ၊ ပေသာ၊ အင်္ကျီအပိုတိကို ယူမလားကတ်ကေ့။ 4မတ်ရို့ကိုကြိုဆိုရေ အဇာအိမ်မာမဆို ယင်းနီရာက မပြန်မချင်း ယင်းအိမ်မာရာ တည်းခိုကတ်ပါ။ 5အမှန်လို့ သူရို့က မတ်ရို့ကို မကြိုဆိုကတ်ဆိုကေ သူရို့မြို့ကထွက်လာရေအခါ သူရို့ကို သတိပီးရေအနီနဲ့ မတ်ရို့ခြီထောက်ကဖုန်မှုန့်တိကို ခါချပခကတ်”a လို့မိန့်မှာလိုက်တေ။ 6ယပြီးဟာနဲ့ တပည့်တော်တိကလည်း ကိုယ်တော်ပါးက ထွက်လာကတ်ပြီးကေ တစ်ရွာပြီးတစ်ရွာ လှည့်လို့လားပနာ ဘုရားရှင်ရဲ့မင်္ဂလာသတင်းကောင်းတိကို ဟောပြောပြီးကေ နီမကောင်းရေလူတိကိုလည်း ကျန်းမာစီကတ်တေ။ 7ယင်းအချိန်ခါ ဂါလိလဲပြည်ကိုအုပ်ချုပ်တဲ့ ဘုရင်ခံဟေရုဒ်ဟာ ကိုယ်တော်ပြုသမျှတိကို ကြားသိရရေအခါ ကောင်းကောင်းစိတ်ရှုပ်လားခရေ။ အဇာဖြိုက်လို့ဆိုကေ တချို့လူတိက “ရီနှိုက်မင်္ဂလာဆရာယောဟန် အသက်ပြန်ရှင်လာရေ” လို့တစ်မျိုး၊ 8အရာလူတိက “ပရောဖက်ဧလိယ ပြန်ကြွလာယာ” လို့တစ်မျိုး၊ တချို့လူတိက “အယင့်အယင်က ပရောဖက်တိထဲကတစ်ပါး အသက် ပြန်ရှင်လာရေ” လို့တစ်မျိုး ပြောနီကတ်ဟာကြောင့်ဖြိုက်တေ။ 9ယေတာလဲသို့ ဟေရုဒ်က “ငါဟာ ယောဟန်ရဲ့ခေါင်းကို ဖြတ်ဖို့အမိန့်ပီးခပြီးရာဖြိုက်လို့ အဂု ဒေပိုင်မျိုး သတင်းကြားနီရရေလူက အသူရောင်” လို့ပြောပနာ ကိုယ်တော်ကို ကောင်းကြီးတွိ့ချင်နီခရေ။ 10သာဝကတိ ပြန်ရောက်လာကတ်ခါ သူရို့လုပ်ခကတ်ဟာတိကို ကိုယ်တော်ကို လျှောက်တင်ကတ်တေ။ ယပြီးကေ ကိုယ်တော်ဟာ သာဝကတိနဲ့အတူ ဗက်ဇဲဒလို့ခေါ်တဲ့မြို့ကို ကြွတော်မူခရေ။ 11ယေတာလဲ လူအများက ယင်းအကြောင်းကို ကြားသိကတ်တဲ့အခါ ကိုယ်တော့်နောက်ကို လိုက်လာခကတ်တေ။ ကိုယ်တော်ကလည်း သူရို့ကိုကြိုဆိုပနာ ဘုရားရှင်ရဲ့သာသနာတော်အကြောင်းကို ဟောပြောခပြီးကေ မကျန်းမာရေလူတိကိုလည်း ကျန်းမာစီတော်မူခရေ။ 12ညဇာဖက်ကို ရောက်လာရေအခါ သာဝကဆယ့်နှစ်ယောက်ဟာ ကိုယ်တော်ပါးကိုရောက်လာပနာ “ကိုယ်တော်၊ ဒေနီရာဟာ လူသူအရောက်နည်းတဲ့နီရာဖြိုက်ဟာကြောင့် ဒေလူအုပ်ကြီးကို အနီးအနားမာဟိရေရွာတိကို လွှတ်လိုက်ပါ။ သူရို့မှာ တည်းစရာနီရာနဲ့ အစားအစာတိလိုအပ်ပါရေ” လို့လျှောက်ထားကတ်တေ။ 13ယေခါ ကိုယ်တော်က “အသင်ရို့ကိုယ်တိုင် သူရို့ကို စားစရာတစ်ခုခု ပီးလိုက်ပါ” လို့မိန့်တော်မူလိုက်တေ။ သူရို့ကလည်း “ကျွန်နော်ရို့မှာ ပေါင်မုန့်အငယ်ငါးလုံးနဲ့ ငါးနှစ်ကောင်ရာ ဟိပါရေ။ ဒေလူအားလုံးအတွက်စားစရာကို ကျွန်နော်ရို့လားဝယ်ရဖို့ပါလား” လို့လျှောက်တင်ကတ်တေ။ 14ယင်းလူအုပ်ကြီးထဲမာ လူအရေအတွက်ငါးထောင်bလောက် ဟိရေ။ ယင်းခါ ကိုယ်တော်က တပည့်တော်တိကို “သူရို့ကို လူအယောက်ငါးဆယ်လောက် အုပ်စုခွဲပနာ ထိုင်ခိုင်းလိုက်ပါ” လို့မိန့်တော်မူရေ။ 15ယင်းကြောင့် တပည့်တော်တိကလည်း ယင်းအတိုင်း လူတိကို ထိုင်ခိုင်းလိုက်တေ။ 16ယပြီးကေ ကိုယ်တော်ဟာ ပေါင်မုန့်ငါးလုံးနဲ့ ငါးနှစ်ကောင်ကို ယူလိုက်ပြီးကေ အာကာကို မျှော်ကေ့ပနာ ဘုရားရှင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပြီးကေ ပေါင်မုန့်နဲ့ငါးတိကိုဖဲ့ပနာ တပည့်တော်တိကနီတစ်ဆင့် လူတိကို ဝီပီးခရေ။ 17လူတိအားလုံးဟာ ဝဝလင်လင် စားပြီးတဲ့အခါ တပည့်တော်တိက စားလို့ကျန်ရေအကျန်တိကို လိုက်သိမ်းရေအခါ ခြင်းတောင်းနဲ့ဆယ့်နှစ်တောင်း အပြည့်ရကတ်တေ။ 18တစ်ရက်နိန့်ခါ ကိုယ်တော်တစ်ပါးတည်းဆုတောင်းနီရေအချိန်မာ တပည့်တော်တိ ရောက်လာကတ်ခါ ကိုယ်တော်က သူရို့ကို “လူတိက ငါ့ကို အသူလို့ပြောနီကတ်ရောင်” လို့မီးလိုက်တေ။ 19သူရို့က “တချို့က ကိုယ်တော်ကို ရီနှိုက်မင်္ဂလာဆရာယောဟန်လို့လည်း ပြောကတ်တေ။ တချို့က ပရောဖက်ဧလိယလို့လည်း ပြောကတ်တေ။ တချို့ကကျကေ အယင်ကဟိခရေ ပရောဖက်တစ်ပါး အသက်ပြန်ရှင်လာရေလို့လည်း ပြောနီကတ်ပါရေ” လို့လျှောက်တင်ကတ်တေ။ 20ယေခါ ကိုယ်တော်က “မတ်ရို့ကား ငါ့ကို အသူလို့ထင်ရောင်” လို့မီးလိုက်တေခါ ပေတရုက “ကိုယ်တော်ဟာ ဘုရားရှင်စီလွှတ်တော်မူလိုက်တေ ကယ်တင်ရှင်မေရှိယ ဖြိုက်ပါရေ” လို့လျှောက်လိုက်တေ။ 21ကိုယ်တော်ယေရှုဟာ ဒေအကြောင်းအရာတိကို တစ်ယောက်ကိုတောင်မပြောဖို့ တင်းတင်းကြပ်ကြပ် သတိပီးခရေ။ 22ယပြီးကေ ကိုယ်တော်က တပည့်တော်တိကို “လူ့သားတော်ဟာ ဒုက္ခဝေဒနာတိကို ခံစားရပြီးကေ ဂျူးလူမျိုးအကြီးအကဲတိ၊ ပုရောဟိတ်အကြီးအကဲတိနဲ့ ကျမ်းတတ်ဆရာတိရဲ့ ငြင်းပယ်ဟာကိုခံရလိမ့်မယ်။ သူဟာ အသီအသတ်ခံရဖို့ဖြိုက်ပြီးကေ သုံးရက်မြောက်တေနိန့်မာ အသက်ပြန်ရှင်လာလိမ့်မယ်” လို့မိန့်တော်မူခရေ။ 23ယပြီးဟာနဲ့ ကိုယ်တော်က လူပရိတ်သတ်တိကို “ငါ့ရဲ့ နောက်လိုက်တပည့်ဖြိုက်ချင်တဲ့လူတိုင်းဟာ ကိုယ့်ကိုယ်ကျိုးကိုစွန့်ပနာ ကိုယ့်လက်ဝါးကပ်တိုင်ကို ကိုယ်တိုင်ထမ်းcပြီးကေ နိန့်စဉ်ရက်ဆက် ငါ့နောက်ကို လိုက်နိုင်ရဖို့။ 24အဇာဖြိုက်လို့ဆိုကေ ငါ့အတွက်နဲ့ ကိုယ့်အသက်ကို ကယ်ချင်ရေလူတိဟာ အသက်ဆုံးရှုံးကတ်ရဖို့။ ယေတာလဲသို့ ငါ့အတွက်နဲ့ ကိုယ့်အသက်ကို စွန့်ရေလူတိကတော့ နိစ္စထာဝရအသက်ကိုရလိမ့်မေ။ 25လူတစ်ယောက်ဟာ ကမ္ဘာကြီးတစ်ခုလုံးကို ပိုင်ဆိုင်ခွင့်ရတာလဲသို့ နိစ္စထာဝရအသက်ကိုဆုံးရှုံးရကေ အဇာအကျိုးဟိဖို့ရောင်။ 26အသင်ရို့ဟာ ငါနဲ့ ငါ့တရားစကားတိကို ရှက်ကြောက်ကတ်ကေ လူ့သားတော်ဖြိုက်တဲ့ငါဟာ ငါ့ရဲ့ဘုန်းတန်ခိုးတော်၊ အဖဘုရားရဲ့ဘုန်းတန်ခိုးတော်၊ မြင့်မြတ်တဲ့နတ်ဒေဝါတိရဲ့ဘုန်းတန်ခိုးတော်နဲ့ ဒေကမ္ဘာမြီကို ပြန်ကြွလာရေအခါ အသင်ရို့ဟာ ငါရဲ့နောက်လိုက်တပည့်တော်တိ မဟုတ်လို့ ငါငြင်းပယ်တော်မူဖို့။ 27အသင်ရို့ကို ငါအမှန်တိုင်းပြောရကေ ဒေနီရာမာရပ်နီကတ်တေတချို့လူတိဟာ ဘုရားရှင်ရဲ့သာသနာတော်ကို မမြင်တွိ့ရဘဲ သီရဖို့မဟုတ်” လို့မိန့်တော်မူခရေ။ 28ယင်းပိုင်မျိုးမိန့်တော်မူပြီးလို့ ရှစ်ရက်လောက်ကြာရေခါ ကိုယ်တော်ဟာ ပေတရု၊ ယောဟန်နဲ့ယာကုပ်ရို့ကိုခေါ်ပနာ ဝတ်ပြုဆုတောင်းဖို့ တောင်ထက်ကိုကြွတော်မူခရေ။ 29ကိုယ်တော်ဆုတောင်းနီရေအချိန်မာ သူရဲ့အဆင်းသဏ္ဍာန်ဟာ ပြောင်းလဲလားပနာ သူ့ဝတ်ရုံတော်ဟာလည်း ဖြူလို့ဖွေးလို့ တောက်တောက်ပြောင်ပြောင် ဖြိုက်လားခရေ။ 30ယပြီးဟာနဲ့ ပရောဖက်မောရှေနဲ့ ဧလိယရို့ဟာ ဗြုန်းခနဲပေါ်လာပနာ ကိုယ်တော်နဲ့စကားပြောနီကတ်တေ။ 31သူရို့ဟာ ဘုန်းတန်ခိုးတော်တိနဲ့အတူ ပေါ်လာပြီးကေ မကြာခင်မာ ကိုယ်တော်ဟာ ဂျေရုဆလင်မြို့မှာ အသီခံခြင်းနဲ့ ဘုရားရှင်ရဲ့အကြံအစည်ကို ပြည့်စုံမှန်ကန်ဖို့ရာဖြိုက်ကြောင်းကို ကိုယ်တော်ယေရှုနဲ့တတူ ပြောနီကတ်တေ။ 32ယင်းအချိန်မာ ပေတရုနဲ့အရာတပည့်တော်နှစ်ယောက်ဟာ အိပ်မောကျနီကတ်တေ။ ယေတာလဲ သူရို့နိုးလာရေခါ ကိုယ်တော်ယေရှုပါးက တောက်ပတဲ့အလင်းရောင်တိ ထွက်နီဟာကိုမြင်တွိ့ရရေ။ သူရို့ဟာ ကိုယ်တော်နဲ့အတူတူရပ်နီရေ ပရောဖက်နှစ်ပါးကိုလည်း တွိ့လိုက်ကတ်တေ။ 33ယပြီးကေ မောရှေနဲ့ ဧလိယရို့ ပြန်လားဖို့ပြင်နီခါ ပေတရုက ကိုယ်တော်ကို “ဆရာ၊ ကျွန်နော်ရို့ ဒေနီရာမာဟိနီရဟာ ကောင်းကောင်းပါရေ။ ကျွန်နော်ရို့ ဆရာအတွက်တဲတစ်ဆောင်၊ ဧလိယအတွက်တဲတစ်ဆောင်နဲ့ မောရှေအတွက်တဲတစ်ဆောင် စုစုပေါင်းတဲသုံးဆောင်ကို ဆောက်ပီးပါမေ” လို့သူ့ဟာသူတောင် အဇာပြောလို့ပြောမှန်းမသိဘဲ လျှောက်ထားလိုက်တေ။ 34ပေတရုဟာ ယင်းပိုင်မျိုးလျှောက်နီရေခါ မိုးတိမ်တိုက်တစ်ခု ပေါ်လာပြီးကေ သူရို့ထက်က အုပ်မိုးထားဟာကြောင့် သူရို့သုံးယောက်စလုံးဟာ အကြီးကျယ်ကြောက်လာခကတ်တေ။ 35ယင်းအချိန်မာ မိုးတိမ်တိုက်ထဲကနီ “ဒေလူဟာ ငါရွီးချယ်ထားရေ ငါရဲ့သားတော်ဖြိုက်တေ။ သူ့စကားကို နားထောင်ကတ်ပါ” ဆိုတဲ့အသံတော်တစ်ခု ထွက်လာခရေ။ 36ယင်းအသံထွက်လာပြီးကေ ပေတရု၊ ယောဟန်နဲ့ယာကုပ်ရို့ဟာ ကိုယ်တော်ယေရှုတစ်ပါးတည်းကိုရာ ဖူးမြင်ကတ်ရရေ။ သူရို့ဟာ သူရို့ မြင်ခရရေ အကြောင်းတိကို ယင်းနိန့်တိမာ တစ်ယောက်ကိုလည်း မပြောကတ်ဘဲ တိတ်တိတ်ချေ နီခကတ်တေ။ 37နောက်တစ်ရက်မာ ကိုယ်တော်ယေရှုနဲ့ တပည့်တော်သုံးယောက်ရို့ဟာ တောင်ထက်က ဆင်းလာရေခါ လူပရိတ်သတ်အများကြီးက ကိုယ်တော်ကို တွိ့ဖို့လာခကတ်တေ။ 38လူပရိတ်သတ်ထဲက လူတစ်ယောက်က “ဆရာ၊ ကျေးဇူးပြုလို့ ကျွန်နော့်သားကို ကြည့်ပီးပါ။ သူဟာ ကျွန်နော့်ရဲ့တစ်ဦးတည်းသောသားဖြိုက်ပါရေ။ 39သူ့ကို မကောင်းဆိုးဝါးဟာ မကြာမကြာ ဝင်ပူးဟာကြောင့် သူဟာ အလန့်တကြားနဲ့အော်နီတတ်တေ။ ယပြီးကေ သူ့တစ်ခန္ဓာကိုယ်လုံး တုန်နီပနာ ပါးစပ်ထဲကလည်း အမြှုပ်တိ ထွက်လာတတ်ပါရေ။ ယင်းမကောင်းဆိုးဝါးဟာ သူ့ကို ကောင်းနာကျင်စီပြီးကေ သူ့ပါးက ထွက်လားရေလို့တောင် ကောင်းမဟိပါ။ 40ကျွန်နော်ဟာ ကိုယ်တော်ရဲ့တပည့်တော်တိကို မကောင်းဆိုးဝါးကိုနှင်ထုတ်ဖို့ တောင်းပန်တာလဲသို့ သူရို့မလုပ်နိုင်ကတ်ပါ” လို့လျှောက်တင်လိုက်တေ။ 41ယေခါ ကိုယ်တော်က လူပရိတ်သတ်တိကို “အို ယုံကြည်ခြင်းလည်းမဟိ၊ လမ်းမှားဖောက်ပြန်နီကတ်တေလူတိ၊ ငါက အဇာလောက်ကြာကြာ သည်းခံပနာ မတ်ရို့နဲ့အတူတူ နီရဖို့သိမ်းရောင်” လို့မိန့်တော်မူလိုက်တေ။ ယပြီးကေ ကိုယ်တော်က ယင်းလူကို “အသင့်ရဲ့သားကို ငါ့ပါးကို ခေါ်လာခပါ” လို့မိန့်တော်မူလိုက်တေ။ 42ယင်းအချေလာနီတုံးမှာ မကောင်းဆိုးဝါးဟာ သူ့ကို မြီပြင်မာ လှဲချလိုက်ပြီးကေ တစ်ကိုယ်လုံးတုန်လှုပ်စီရေ။ ယေတာလဲ ကိုယ်တော်ဟာ မကောင်းဆိုးဝါးကို ဆုံးမပနာ အချေပါးကထွက်လားဖို့ အမိန့်ပီးလိုက်တေ။ ယပြီးကေ ကိုယ်တော်ဟာ အချေကိုကျန်းမာစီပြီးကေ သူ့အဖပါးကို ပြန်အပ်လိုက်တေ။ 43လူတိဟာလည်း ဘုရားရှင်ရဲ့တန်ခိုးတော်ကို ဖူးမြင်ကတ်ရဟာကြောင့် အံ့ဩလို့မကုန် ဖြိုက်နီကတ်တေ။ ကိုယ်တော်ယေရှုရဲ့ ပြုတော်မူခရေအရာအားလုံးကို လူတိ အံ့ဩနီကတ်ရေအခါ ကိုယ်တော်က သူ့တပည့်တော်တိကို ဒေပိုင်မိန့်တော်မူရေ။ 44ကိုယ်တော်က “မတ်ရို့ ငါပြောဟာကို အာရုံစိုက်လို့နားထောင်ကတ်။ လူ့သားတော်ဟာ သူ့ရန်သူတိရဲ့လက်ထဲကို အအပ်ခံရဖို့ယာ” လို့မိန့်တော်မူခရေ။ 45ယေတာလဲ ယင်းစကားရဲ့အဓိပ္ပါယ်ကို နားမလည်နိုင်အောင် ဖုံးကွယ်ထားဟာကြောင့် တပည့်တော်တိဟာ နားမလည်နိုင် ဖြိုက်နီကတ်တေ။ ယေတာလဲ ကိုယ်တော်ကို ပြန်မီးဖို့လည်းကြောက်နီကတ်တေ။ 46ယပြီးကေ တပည့်တော်တိဟာ သူရို့ထဲက အသူဟာ အကြီးမြတ်ဆုံးဖြိုက်တေဆိုဟာကို စပြီးကေငြင်းကတ်တေ။ 47ယေကေလည်းသို့ ကိုယ်တော်ဟာ သူရို့ငြင်းနီဟာကို သိတော်မူခဟာကြောင့် အစိတ်ကေချေတစ်ယောက်ကို သူ့ဘေးမာ ရပ်နီခိုင်းလိုက်တေ။ 48ယပြီးကေ ကိုယ်တော်က သူ့ရဲ့တပည့်တော်တိကို “ငါ့အတွက်နဲ့ ဒေအစိတ်ကေချေကို လက်ခံရေလူဟာ ငါ့ကိုလက်ခံရေလူဖြိုက်တေ။ ယပြီးကေ ငါ့ကိုလက်ခံရေလူဟာလည်း ငါ့ကို စီလွှတ်တော်မူလိုက်တဲ့အဖဘုရားရှင်ကို လက်ခံရေလူဖြိုက်တေ။ အဇာဖြိုက်လို့ဆိုကေ မတ်ရို့ထဲမာ ကိုယ့်ဟာကို အနှိမ့်ချဆုံးလူဟာ အကြီးမြတ်ဆုံးလူဖြိုက်တေ” လို့မိန့်တော်မူလိုက်တေ။ 49ယပြီးကေ ယောဟန်က “ကိုယ်တော်၊ ကိုယ်တော်ရဲ့နာမတော်ကိုသုံးပနာ လူတိပါးက မကောင်းဆိုးဝါးကို နှင်ထုတ်နီရေလူတစ်ယောက်ကို ကျွန်နော်ရို့တွိ့ခပါရေ။ ယင်းလူဟာ ကျွန်နော်ရို့နဲ့တတူတူ လိုက်ပါလာဟာမဟုတ်လို့ သူ့ကို ယင်းပိုင်မလုပ်ဖို့ တားခပါရေ” လို့လျှောက်လိုက်တေ။ 50ယေခါ ကိုယ်တော်က “သူ့ကို မတားကတ်ကေ့။ မတ်ရို့ကို မဆန့်ကျင်ရေလူဟာ မတ်ရို့ဖက်ကလူဖြိုက်တေ” လို့မိန့်တော်မူလိုက်တေ။ 51ယပြီးကေ ကိုယ်တော်ဟာ ရွှေမြို့တော်ကို ခေါ်ဆောင်ခြင်းကိုခံရဖို့အချိန် နီးလာရာဖြိုက်လို့ ဂျေရုဆလင်မြို့ကို လားဖို့ဆုံးဖြတ်လိုက်တေ။ 52ကိုယ်တော်ဟာ စေတမန်တချို့ကို ရှမာရိလူမျိုးdတိရဲ့ ရွာတစ်ရွာကို အရင်လွှတ်လိုက်ပြီးကေ သူ့အတွက် အဆင်သင့်ပြင်ဆင်ခိုင်းလိုက်တေ။ 53ယေတာလဲသို့ ကိုယ်တော်ဟာ ဂျေရုဆလင်မြို့ကို ဦးတည်လို့လားနီဟာကြောင့် ယင်းရွာသားတိဟာ ကိုယ်တော်ကိုမကြိုဆိုခကတ်။ 54တပည့်တော်နှစ်ယောက်ဖြိုက်တဲ့ ယာကုပ်နဲ့ယောဟန်eရို့က ဒေအဖြိုက်အပျက်တိကို ကြားသိရတဲ့အခါ “အရှင်၊ ကျွန်နော်ရို့ အာကာထက်ကနီ မီးတိပြုတ်ကျအောင်လုပ်ပနာ သူရို့ကိုပျက်စီးအောင်လုပ်ဖို့ ဘုရားရှင်ပါးမှာ တောင်းလျှောက်လိုက်ရဖို့လား” လို့လျှောက်တင်ကတ်တေf။ 55ယေခါ ကိုယ်တော်က သူရို့ဘက်ကိုလှည့်ပနာ ဆုံးမတော်မူလိုက်တေg။ 56ယပြီးဟာနဲ့ ကိုယ်တော်နဲ့တပည့်တော်တိဟာ အရာရွာတစ်ရွာကို ထွက်လားခကတ်တေ။ 57ကိုယ်တော်နဲ့တပည့်တော်တိ လားရေလမ်းခရီးမာ လူတစ်ယောက်ဟာ ကိုယ်တော်ကို “ကိုယ်တော်ကြွတော်မူရေနီရာတိုင်းကို ကျွန်နော်လိုက်ပါဖို့” လို့လျှောက်ထားလိုက်တေ။ 58ယေခါ ကိုယ်တော်က “ခဲဝါတိမာ တွင်းဟိရေ၊ ငှက်တိမာလည်း အသိုက်ဟိရေ။ ယေတာလဲသို့ လူ့သားတော်မှာ ခေါင်းချဖို့နီရာတောင်မဟိ” လို့မိန့်တော်မူလိုက်တေ။ 59ယပြီးဟာနဲ့ ကိုယ်တော်ဟာ အရာလူတစ်ယောက်ကို “ငါ့နောက်ကို လိုက်ခဖိ” လို့မိန့်တော်မူရေ။ ယေတာလဲ ယင်းလူက “အရှင်၊ အယင်ဆုံး အိမ်ကိုလားပြီးကေ ကျွန်နော့်အဖသီပြီးခါမှ ကျွန်နော့်အဖရဲ့အလောင်းကို သင်္ဂြိုဟ်ပြီးရေအချိန်ထိ စောင့်ပီးပါ” လို့လျှောက်တင်ရေအခါ 60ကိုယ်တော်က သူ့ကို “ကိုယ်ခန္ဓာသီရေလူကို စိတ်ဝိညာဥ်သီနီရေလူတိကh သင်္ဂြိုဟ်ကတ်ပတ်စီ။ အသင်ကတော့ ဘုရားရှင်ရဲ့သာသနာတော်အကြောင်းကို လူတိကို လိုက်လို့ဟောပြောခီ” လို့မိန့်တော်မူလိုက်တေ။ 61အရာလူတစ်ယောက်က “အရှင်၊ ကျွန်နော်ဟာ အရှင့်နောက်ကို လိုက်ပါဖို့။ ယေတာလဲသို့ အိမ်ကိုပြန်ပနာ မိသားစုကို နှုတ်ဆက်ဖို့ခွင့်ပြုပါ” လို့လျှောက်တင်ရေအခါ 62ကိုယ်တော်က “ထွန်တုံးကိုကိုင်ပနာ နောက်ကိုလှည့်ကြည့်တတ်ရေလူဟာ ဘုရားရှင်ရဲ့သာသနာတော်နဲ့ မထိုက်တန်” လို့မိန့်တော်မူလိုက်တေ။
Currently Selected:
Luke 9: stpv-rv
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
This translation of the Southern Rakhine Bible is © 2024 by DMS-Dhamma Mate Swe Association. It may not be reproduced in whole or in part in any form or by any means without the prior written permission of DMS-Dhamma Mate Swe Association.