Luke 8
8
1အချိန်တိ မနည်းကြာပြီးရေခါ ကိုယ်တော်ယေရှုဟာ တပည့်တော်ဆယ့်နှစ်ယောက်နဲ့တတူတူ မြို့တိရွာတိကို လားပနာ ဘုရားရှင်ရဲ့သာသနာတော်အကြောင်း မင်္ဂလာသတင်းကောင်းကို ဟောပြောသွန်သင်ခရေ။ 2ယပြီးကေ အနာရောဂါတိနဲ့ မကောင်းဆိုးဝါးဝင်ပူးခံရဟာတိကနီ ကိုယ်တော်က ပျောက်အောင်ကုပီးခရေ မမါ့တချို့ဟာလည်း ကိုယ်တော်နဲ့တတူတူ လိုက်လာကတ်တေ။ ယင်းမမါ့တိထဲမာ မကောင်းဆိုးဝါးခုနစ်ကောင်ဝင်ပူးခံရဟာကနီ လွတ်လားတဲ့ မာဂဒလရွာသူ မာရိ၊ 3ဘုရင်ခံဟေရုဒ်ရဲ့ အိမ်မှုကိစ္စတိကိုစီစဉ်ပီးရတဲ့ ခုဇရဲ့ မယား ယောဟန္နကအစ ရှုရှန္နအပါအဝင် အရာမမါ့တိလည်း ပါရေ။ သူရို့ဟာ ကိုယ်ပိုင်ပစ္စည်းဥစ္စာတိနဲ့ ကိုယ်တော်ယေရှုနဲ့ တပည့်တော်တိကို ကူညီထောက်ပံ့ပီးခကတ်ရေ။ 4မြို့တိရွာတိကလူတိဟာ ကိုယ်တော်ယေရှုပါးကို စုလို့ရောက်လာကတ်တေအခါ ကိုယ်တော်က သူရို့ကို ပုံဥပမာတစ်ခုနဲ့ မိန့်တော်မူရေ။ 5ကိုယ်တော်က “လယ်သမားတစ်ယောက်ဟာ မျိုးစိကြဲဖို့ သူ့လယ်ကွင်းထဲကို လားခရေ။ သူမျိုးစိကြဲရေအခါ တချို့မျိုးစိတိဟာ လမ်းထက်မာကျလားလို့ လူတိကတက်နင်းဟာကိုခံရပနာ ငှက်တိကကောက်စားဟာကို ခံရရေ။ 6တချို့မျိုးစိတိဟာ မြေဆီလွှာနည်းရေ ကျောက်ခံမြီထက်ကို ကျလားခပနာ အပင်ပေါက်လာကတ်တာလဲသို့ အစိုဓါတ်နည်းဟာကြောင့် ညှိုးပနာခြောက်လားခရေ။ 7တချို့မျိုးစိတိကကျကေ ဆူးခြုံပင်တိကြားထဲကိုကျလားခပနာ ဆူးခြုံပင်တိနဲ့တတူအပင်ပေါက်လာဟာကြောင့် ဆူးခြုံပင်တိက ကာဆီးပိတ်ဆို့ဟာကို ခံရရေ။ 8တချို့မျိုးစိတိကကျကေ မြေဆီလွှာကောင်းရေနီရာကိုကျလို့ အပင်ပေါက်ပနာ အသီးအနှံတိ အဆတရာလောက် ဖြိုက်ထွန်းရေ” လို့မိန့်တော်မူလိုက်တေ။ ယင်းပိုင်မိန့်တော်မူပြီးဟာနဲ့ ကိုယ်တော်က “နားဟိပနာ နာယူနိုင်တဲ့လူတိ၊ အာရုံစိုက်လို့နားထောင်ကတ်ပါ” လို့အသံအကျယ်ကြီးနဲ့ မိန့်တော်မူလိုက်တေ။ 9ယပြီးဟာနဲ့ ကိုယ်တော်ရဲ့တပည့်တော်တိက ကိုယ်တော်ယေရှုကို ယင်းပုံဥပမာရဲ့ အဓိပ္ပါယ်ကို မီးကတ်တေ။ 10ယေခါ ကိုယ်တော်က “ဘုရားရှင်က အသင်ရို့ကို သာသနာတော်ရဲ့ လျှို့ဝှက်နက်နဲရေ အမှန်တရားတိကို နားလည်နိုင်ခွင့်ကို ပီးအပ်ထားပြီးသားဖြိုက်တေ။ ယေတာလဲ ငါက ပုံဥပမာတိကိုသုံးပနာ အရာလူတိကို ဟောပြောသွန်သင်ဟာကြောင့် ကျမ်းစာမာရီးထားတဲ့အတိုင်း ‘ကြည့်တာလည်း မမြင်၊ ကြားတာလည်း နားမလည်နိုင်ကတ်ပါ’ ဆိုတဲ့ကျမ်းချက်မာ ပြည့်စုံမှန်ကန်ရေ” လို့မိန့်ဆိုခရေ။ 11ကိုယ်တော်က ဆက်ပြီးကေ “ဒေဟာက ပုံဥပမာရဲ့ဆိုလိုရင်းဖြိုက်တေ။ မျိုးစိဆိုဟာ ဘုရားရှင်ရဲ့ နှုတ်ကပတ်တော်aတိ ဖြိုက်တေ။ 12လမ်းထက်မာကျလားရေ မျိုးစိရဲ့အဓိပ္ပါယ်မာ ဘုရားရှင်ရဲ့နှုတ်ကပတ်တော်တိကို နာယူရကေလည်း ယုံကြည်ခြင်းမဟိစီဖို့နဲ့ ကယ်တင်ခြင်းမခံရအောင်အတွက် မာရ်နတ်ကရောက်လာပနာ သူရို့ရဲ့နှလုံးသားထဲကနီ ဘုရားရှင်ရဲ့ နှုတ်ကပတ်တော်တိကို နှုတ်ယူခံရတဲ့လူတိကို ဆိုလိုဟာဖြိုက်တေ။ 13ကျောက်ခံမြီထက်ကို ကျလားခရေမျိုးစိတ်ဆိုဟာ ဘုရားရှင်ရဲ့ နှုတ်ကပတ်တော်တိကို နာယူရရေအခါ အားရဝမ်းသာနဲ့လက်ခံတဲ့လူတိကို ဆိုလိုပါရေ။ ယကေလဲ သူရို့က အမြစ်မစွဲတဲ့အပင်တိပိုင် အချိန်တအောင့်ချေလောက်ရာ ယုံကြည်လက်ခံဟာကြောင့် သူရို့မာ ခက်ခဲကြမ်းတမ်းမှုတိနဲ့ ကြုံလာရရေအခါ သူရို့ရဲ့ယုံကြည်မှုတိဟာ ချက်ချင်း ရပ်တန့်လားကတ်တေလူတိကို ဆိုလိုရေ။ 14ဆူးခြုံပင်ထဲကို ကျလားခရေ မျိုးစိတိဆိုဟာ ဘုရားရှင်ရဲ့နှုတ်ကပတ်တော်တိကို ကြားနာကတ်ရတာလည်းသို့ ဘဝမာ စိုးရိမ်ပူပန်မှုတိ၊ ချမ်းသာကြွယ်ဝမှုတိ၊ ကာမဂုဏ်ခံစားမှုတိက ဖုံးလွှမ်းထားဟာကြောင့် ဘုရားရှင်ရဲ့ နှုတ်ကပတ်တော်အတိုင်း မနီထိုင်တဲ့လူတိကို ဆိုလိုရေ။ 15ယေတာလဲ မြေဆီလွှာကောင်းရေနီရာကို ကျလားရေမျိုးစိဆိုဟာက ဘုရားရှင်ရဲ့ နှုတ်ကပတ်တော်တိကို နာယူပြီးရေအခါမာ သူရို့ရဲ့ကောင်းမွန်ရေစိတ်နှလုံးထဲမှာ စွဲစွဲမြဲမြဲသိမ်းထားပနာ ဘုရားရှင်ရဲ့နှုတ်ကပတ်တော်တိကို လိုက်နာတဲ့လူတိကိုဆိုလိုရေ” လို့မိန့်တော်မူပါရေ။ 16ကိုယ်တော်က ဆက်ပြီးကေ “မီးအိမ်ကိုထွန်းပနာ တောင်းနဲ့အုပ်ထားရေလူ၊ မဟုတ်ဘဲနဲ့ ကုတင်အောက်မာ သိမ်းထားရေလူလို့ တစ်ယောက်တောင်မဟိ။ ဝင်လာရေလူတိ အလင်းရောင်ရဖို့အတွက် မီးအိမ်ကို မီးတိုင်မှာရာ ချိတ်ထားကတ်တေ။ 17မမြင်အောင် ဝှက်ထားနိုင်ရေအရာလို့မဟိ။ မသိအောင်ထားနိုင်ရေ လျှို့ဝှက်ချက်ဆိုဟာလဲမဟိ။ 18ယင်းဟာကြောင့် အာရုံစိုက်ပနာ နားထောင်ကတ်ပါ။ ငါ့ရဲ့ဟောပြောသွန်သင်ချက်တိကို နားလည်ချင်ကတ်တဲ့လူတိကို နားလည်နိုင်စွမ်းကို ပိုလို့ပီးခရာ။ ယေတာလဲ နားမလည်ချင်ကတ်တဲ့လူတိကို သူရို့နားလည်ထားတဲ့အရာတိကိုတောင် သိမ်းယူလားလိမ့်မေ” လို့မိန့်တော်မူလိုက်တေ။ 19ကိုယ်တော်ရဲ့အမိနဲ့ညီတိဟာ ကိုယ်တော်ကို တွိ့ဖို့လာကတ်တေ။ ယကေလဲ လူပရိတ်သတ်တိများအားကြီးလို့ ကိုယ်တော်ပါးကို မရောက်နိုင်ဖြိုက်နီကတ်တေ။ 20ယေခါ လူတစ်ယောက်က ကိုယ်တော်ကို “ကိုယ်တော်ရဲ့အမိနဲ့ညီတိဟာ ကိုယ်တော်ကို တွိ့ချင်ကတ်လို့ အပြင်မာရပ်စောင့်နီကတ်ပါရေ” လို့လျှောက်တင်လိုက်တေ။ 21ယေခါ ကိုယ်တော်က လူတိကို “ဘုရားရှင်ရဲ့ နှုတ်ကပတ်တော်တိကို နာကြားပြီး လိုက်နာရေ လူတိအားလုံးဟာ ငါ့အမိနဲ့ ညီအစ်ကိုတိ ဖြိုက်တေ” လို့မိန့်တော်မူလိုက်တေ။ 22တစ်ရက်နိန့်ခါ ကိုယ်တော်ဟာ သူ့တပည့်တော်တိကို “ငါရို့ ရီအိုင်တစ်ဖက်ကမ်းကို ကူးကတ်ဖို့” လို့မိန့်တော်မူရေ။ ယပြီးကေ သူရို့ဟာ လောင်းထက်ကိုတက်ပနာ စလို့ထွက်လားကတ်တေ။ 23သူရို့ဖြတ်ကူးနီချိန်ခါ ကိုယ်တော်ဟာ အိပ်မောကျနီရေ။ ယေခါ ရီအိုင်မာ လီမုန်တိုင်း ဗြုန်းခနဲတိုက်လာဟာကြောင့် လောင်းမြုပ်ဖို့ပိုင်မျိုးဖြိုက်လာပနာ သူရို့ဟာ အန္တရာယ်နဲ့ကြုံကတ်ရရေ။ 24ယေခါ တပည့်တော်တိဟာ ကိုယ်တော်ပါးကိုလားပနာ ကိုယ်တော်ကို နှိုးလိုက်ကတ်ပြီးကေ “ဆရာ၊ ဆရာ၊ ကျွန်နော်ရို့ သီကတ်ဖို့ပါယာ” လို့လျှောက်တင်ကတ်တေ။ ကိုယ်တော်ဟာ ထလာပနာ လီပြင်းမုန်တိုင်းနဲ့လှိုင်းလုံးကြီးတိကို အမိန့်ပီးလိုက်တေအခါ လီပြင်းမုန်တိုင်းဟာ ချက်ချင်းရပ်လားပြီးကေ အားလုံးငြိမ်ကျလားခရေ။ 25ယပြီးကေ ကိုယ်တော်က တပည့်တော်တိကို “မတ်ရို့ရဲ့ယုံကြည်မှုက အဇာမာရောင်” လို့မိန့်တော်မူလိုက်တေ။ ယကေလဲ သူရို့ဟာ အံ့ဩတုန်လှုပ်ပနာ “ဒေလူဟာ အသူရောင်။ လှိုင်းနဲ့လီကို အမိန့်ပီးလိုက်တဲ့အခါ လှိုင်းနဲ့လီကတောင် သူ့ရဲ့အမိန့်ကို နာခံကတ်တေကား” လို့အချင်းချင်း ပြောနီကတ်တေ။ 26ယပြီးဟာနဲ့ ကိုယ်တော်နဲ့တပည့်တော်တိဟာ ဂါလိလဲပြည်တစ်ဖက်ကမ်းမာဟိတဲ့ ဂါရစမြို့ကို ဆက်လို့ရွက်လွှင့်လားကတ်တေ။ 27ယင်းနီရာကိုရောက်လို့ ကိုယ်တော်ဟာ ကမ်းထက်ကိုတက်ရေအခါ ယင်းမြို့က မကောင်းဆိုးဝါးဝင်ပူးခံနီရရေလူတစ်ယောက်ဟာ ကိုယ်တော်ကို လာတွိ့ခရေ။ သူ့ပါးမာ မကောင်းဆိုးဝါးဝင်ပူးခံနီရဟာကြောင့် သူဟာ အိမ်မာလဲမနီ၊ အဝတ်တိလဲမဝတ်ဘဲ သင်္ချိုင်းဂူတိကြားမာရာနီဟာ ကြာနီရာဖြိုက်တေ။ 28ယင်းလူဟာ ကိုယ်တော်ကို မြင်ရေအခါ ရှေ့မာဒူးထောက်လိုက်ပြီးကေ အသံအကျယ်ကြီးနဲ့ “အမြင့်မြတ်ဆုံးဘုရားရှင်ရဲ့သားတော်ယေရှု၊ ကျွန်နော့်ကို အဇာလုပ်ချင်ပါရောင်၊ ကျွန်နော့်ကို မနှိပ်စက်ဖို့ ကိုယ်တော်ကို တောင်းပန်ပါရေ” လို့လျှောက်တင်လိုက်တေ။ 29ယင်းပိုင်လျှောက်ထားရေဆိုဟာက ကိုယ်တော်ဟာ မကောင်းဆိုးဝါးကို ယင်းလူပါးက ထွက်လားဖို့ အမိန့်ပီးလိုက်ဟာကြောင့် ဖြိုက်တေ။ မကောင်းဆိုးဝါးဟာ ယင်းလူကို နိန့်တိုင်း ဒုက္ခပီးရေ။ ယင်းလူရဲ့ ခြီတိလက်တိကို သံကြိုးတိနဲ့ချိုင်လို့ ဖမ်းပနာစောင့်ကြည့်ထားကတ်တာလဲ သူဟာ သံကြိုးတိကို ဖြတ်ပစ်ပနာ လူတိနဲ့ဝီးရေအရပ်သို့ မကောင်းဆိုးဝါးရဲ့ခေါ်ဆောင်ဟာကို ခံရရေ။ 30ကိုယ်တော်က သူ့ကို “အသင့်နာမေ ပဇောင်ခေါ်ရောင်” လို့မီးရေအခါ ယင်းလူက “လေဂေါင်b ဖြိုက်ပါရေ” လို့ပြန်လျှောက်ခရေ။ အဇာဖြိုက်လို့ဆိုကေ သူ့ပါးမာ မကောင်းဆိုးဝါးအများကြီး ဝင်ပူးနီဟာကြောင့် ဖြိုက်တေ။ 31ယင်းမကောင်းဆိုးဝါးတိဟာ သူရို့ကို မကောင်းဆိုးဝါးတိကို အပြစ်ပီးရေ အဆုံးမဟိတဲ့တွင်းအနက်ကြီးထဲကို မပို့အဖို့အတွက် ကိုယ်တော်ကို တောင်းပန်ကတ်တေ။ 32ယင်းအချိန်မာ ဝက်အုပ်ကြီးတစ်အုပ်ဟာ တောင်ကုန်းထက်မာ အစာစားလို့ဟိနီရေ။ မကောင်းဆိုးဝါးတိက ယင်းဝက်တိပါးမာ ဝင်ပူးခွင့်ပီးဖို့ ကိုယ်တော်ကို တောင်းပန်ကတ်ဟာကြောင့် ကိုယ်တော်ကလည်း ခွင့်ပြုတော်မူခရေ။ 33ယင်းကြောင့် မကောင်းဆိုးဝါးတိဟာ ယင်းလူပါးကထွက်လားပြီးကေ ဝက်တိပါးကို ဝင်ပူးကတ်တေ။ ယင်းဝက်အုပ်တစ်အုပ်လုံးဟာ မတ်စောက်တဲ့ချောက်ကမ်းပါးကနီ ရီအိုင်ထဲကို တဟုန်ထိုး ပြီးဆင်းလားပြီးကေ ရီမြုပ်လားခရေ။ 34ယေခါ ဝက်ကျောင်းသားတိဟာ ဒေအဖြိုက်အပျက်ကိုမြင်ရေအခါ ပြီးလားကတ်ပနာ ယင်းသတင်းကို တောပါမြို့ပါမကျန် ပြောခကတ်တေ။ 35လူတိဟာ ယင်းအဖြိုက်အပျက်တိကို ကြည့်ဖို့အတွက် မြို့ထဲက ထွက်လာကတ်တေ။ သူရို့ဟာ ကိုယ်တော်ပါးကိုရောက်တေအခါ မကောင်းဆိုးဝါးဝင်ပူးခံရဟာက လွတ်လားရေလူဟာ အဝတ်တိဝတ်ပနာ ကိုယ်တော်ရဲ့ခြီတော်ရင်းမာ အကောင်းအတိုင်း ထိုင်လို့ဟိနီဟာကို မြင်ကတ်တေအခါ ကြောက်လန့်လားကတ်တေ။ 36ယင်းအဖြိုက်ပျက်တိကို ကိုယ်တိုင်မြင်လိုက်ရေလူတိက ယင်းလူဟာ မကောင်းဆိုးဝါး ဝင်ပူးခံရဟာကနီ ပဇောင်မျိုးလွတ်မြောက်လားရေဆိုဟာကို ပြောပြကတ်တေ။ 37ယေခါ ဂါရစမြို့နားက လာကတ်တေလူတိုင်းဟာ ကောင်းကြောက်လားကတ်ပနာ ကိုယ်တော်ကို သူရို့ပါးက ထွက်လားဖို့ တောင်းပန်ကတ်တေ။ ယင်းဟာကြောင့် ကိုယ်တော်လည်း တပည့်တော်တိနဲ့တတူတူ ယင်းနီရာက လောင်းနဲ့ ထွက်လားကတ်တေ။ 38ယင်းခါ မကောင်းဆိုးဝါးအပူးခံရဟာက လွတ်လားရေလူဟာ ကိုယ်တော်နဲ့အတူတူ လိုက်ခွင့်ပီးဖို့ လျှောက်ထားတောင်းပန်ရေ။ ယကေလဲ ကိုယ်တော်က 39“အသင့်အိမ်ကိုပြန်ပနာ အသင့်ပါးမာ ဘုရားရှင်ပြုပီးတော်မူခရေအရာတိကို လူတိုင်းကိုပြန်ပြောပြပါ” လို့မိန့်တော်မူပနာ သူ့ကို ပြန်လားခိုင်းရေ။ ယင်းကြောင့် ယင်းလူဟာ ပြန်လားပြီးကေ သူ့ပါးမာ ကိုယ်တော်လုပ်ပီးခတဲ့အရာတိကို တစ်မြို့လုံးကို လိုက်လို့ပြောခရေ။ 40အရာတစ်ခါ ကိုယ်တော်ယေရှုဟာ ရီအိုင်ရဲ့တစ်ဖက်ကမ်းကို ပြန်လို့ကြွတော်မူရေခါ သူ့ကို စောင့်နီကတ်တဲ့လူထုပရိတ်သတ်တိက ကြိုဆိုကတ်တေ။ 41ယင်းနီရာကို ယာဣရုလို့ခေါ်ရေ ဓမ္မာရုံတာဝန်ခံတစ်ယောက် ရောက်လာခရေ။ ယင်းလူဟာ ကိုယ်တော်ရဲ့ခြီရင်းမာ ဒူးထောက်ပနာ ကိုယ်တော်ကို သူ့အိမ်ကိုကြွလာပီးဖို့ တောင်းပန်ခရေ။ 42အဇာဖြိုက်လို့ဆိုကေ ဆယ့်နှစ်နှစ်အရွယ်ဟိရေ သူ့ရဲ့တစ်ဦးတည်းသောသမီးဟာ သီလုမျောပါးဖြိုက်နီဟာကြောင့် ဖြိုက်တေ။ ယင်းအိမ်ကို ကိုယ်တော်ကြွလာရေအခါ လူထုပရိတ်သတ်အများကြီးဟာ ကိုယ်တော်ကို ဝိုင်းအုံပြီးကေ တိုးကျိတ်လို့လိုက်လာကတ်တေ။ 43ယင်းလူထုပရိတ်သတ်တိထဲမာ ဆယ့်နှစ်နှစ်တိုင်အောင် သွီးသွန်ရောဂါစွဲကပ်နီရေ မမါ့တစ်ယောက်လည်းဟိရေ။ သူမဟာ ဆီးဆရာတိပါးမာ ဟိသမျှပေသာတိ အကုန်ခံပနာကုတာလဲ တစ်ယောက်လဲသို့ သူ့ရောဂါကို ပျောက်အောင်မကုပီးနိုင်ကတ်c။ 44သူမဟာ ကိုယ်တော့်နောက်ကနီ အနားကိုကပ်လားပနာ ကိုယ်တော်ရဲ့ဝတ်ရုံစကို လက်နဲ့တို့လိုက်ဟာနဲ့ သူ့မရဲ့သွီးသွန်ရောဂါဟာ ချက်ချင်း ကောင်းလားခရေ။ 45ယေခါ ကိုယ်တော်က “ငါ့ကို အသူတို့လိုက်ဟာရောင်” လို့မီးလိုက်တေခါ လူတိက သူရို့မတို့ကြောင်းငြင်းဆန်ကတ်ပြီးကေ ပေတရုက “ဆရာ၊ လူအများကြီးက ကိုယ်တော်ရဲ့ဘေးပတ်ပတ်လည်မာ တိုးနီကတ်ပါရေ” လို့လျှောက်တင်လိုက်တေ။ 46ယေတာလဲ ကိုယ်တော်က “တစ်ယောက်ယောက်က ငါ့ကို တို့လိုက်တဲ့အတွက်ကြောင့် ငါ့ပါးကကုသနိုင်တဲ့တန်ခိုး ထွက်လားရေဆိုဟာကို ငါသိလိုက်တေ” လို့ပြန်လို့မိန့်ဆိုခရေ။ 47ယင်းမမါ့ကလည်း ယင်းအဖြိုက်အပျက်တိကိုမြင်ခါ မပြောပဲမနီနိုင်ပဲနဲ့ တုန်လှုပ်ပနာ ကိုယ်တော်ရှေ့မာ ဒူးထောက်ပြီးကေ သူမဟာ ကိုယ်တော်ကို တို့ထိလိုက်တဲ့အကြောင်းနဲ့ သူမရဲ့ရောဂါတိ ချက်ချင်းကောင်းလားခတဲ့အကြောင်းကို လူတိကို ပြောပြခရေ။ 48ယေခါ ကိုယ်တော်က ယင်းမမါ့ကို “သမီး၊ အသင့်ရဲ့ယုံကြည်ခြင်းက အသင့်ရောဂါကို ပျောက်ကင်းစီဟာဖြိုက်တေ။ ငြိမ်းငြိမ်းချမ်းချမ်းလားပါဖိ” လို့မိန့်တော်မူလိုက်တေ။ 49ကိုယ်တော်က အေပိုင်ပြောနီရေအချိန်မာ ယာဣရုအိမ်ကလူတစ်ယောက် ရောက်လာပနာ ယာဣရုကို “အသင့်သမီး သီခပါယာ၊ ကိုယ်တော်ကို ဆက်လို့ မနှောက်ယှက်ပါကေ့ဖိ” လို့လာပြောခရေ။ 50ကိုယ်တော်က ယင်းစကားကို ကြားရေအခါ ယာဣရုကို “မကြောက်ပါကေ့၊ ယုံကြည်ရေစိတ်ရာ ထားပါ။ မတ်ရဲ့သမီး ပြန်လို့ ကျန်းမာလာလိမ့်မယ်” လို့မိန့်တော်မူလိုက်တေ။ 51ယပြီးကေ ကိုယ်တော်ဟာ ယာဣရုအိမ်ထဲကို ရောက်တဲ့အခါ ပေတရု၊ ယောဟန်၊ ယာကုပ်နဲ့ ယင်းမမါ့ချေရဲ့မိဘနှစ်ယောက်ကလွဲလို့ တစ်ယောက်ကိုတောင် အိမ်ထဲသို့ဝင်ခွင့်မပီးခပါ။ 52လူတိုင်းက ယင်းမမါ့ချေသီလားခဟာကြောင့် ယူကျုံးမရ ဝမ်းနည်းပက်လက်နဲ့ငိုနီကတ်တေ။ ယေတာလဲသို့ ကိုယ်တော်က “မငိုကတ်ကေ့။ ဒေမမါ့ချေကား မသီသိမ်း။ အိပ်မောကျနီဟာယာဖြိုက်တေ” လို့မိန့်တော်မူရေ။ 53လူတိဟာ ယင်းမမါ့ချေသီလားဟာကို သိထားကတ်ယာဖြိုက်လို့ ကိုယ်တော်ကို လှောင်ရယ်ခကတ်တေ။ 54ကိုယ်တော်က ယင်းမမါ့ချေရဲ့လက်ကို ကိုင်ပနာ “မချေ၊ ထဖိ” လို့မိန့်တော်မူလိုက်ရေ။ 55ယင်းမမါ့ချေဟာ အသက်ပြန်ဝင်လာပနာ ချက်ချင်းထထိုင်လိုက်တေ။ ယပြီးကေ ကိုယ်တော်က ယင်းမမါ့ချေကို စားစရာတစ်ခုခုကျွေးဖို့ သူ့မိဘတိကို မိန့်ကြားလိုက်တေ။ 56ယင်းမမါ့ချေရဲ့မိဘတိဟာလည်း အကြီးကျယ် အံ့ဩလားခကတ်တေ။ ယေတာလဲ ကိုယ်တော်က ဒေအဖြိုက်အပျက်တိကို တစ်ယောက်ကိုလည်း မပြောဖို့ မိန့်မှာပခရေ။
Currently Selected:
Luke 8: stpv-rv
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
This translation of the Southern Rakhine Bible is © 2024 by DMS-Dhamma Mate Swe Association. It may not be reproduced in whole or in part in any form or by any means without the prior written permission of DMS-Dhamma Mate Swe Association.