YouVersion Logo
Search Icon

ယေရမိ 50

50
ဗာ​ဗု​လုန်​မြို့​ကို​သိမ်း​ယူ​ခြင်း
1ထာ​ဝ​ရ​ဘု​ရား​သည် ဗာ​ဗု​လုန်​မြို့​နှင့် ခါ​လ​ဒဲ​ပြည်​ကို​ရည်​မှတ်၍၊ ပ​ရော​ဖက်​ယေ​ရ​မိ​အား​ဖြင့် မိန့်​တော်​မူ​သော စ​ကား​ဟူ​မူ​ကား၊#ဟေ​ရှာ၊ ၁၃:၁-၁၄:၂၃၊ ၄၇:၁-၁၅။ 2လူ​မျိုး​တို့​တွင် သ​တင်း​ကြား​ပြော​ကြ​လော့။ ဝှက်၍​မ​ထား​ဘဲ အ​လံ​ကို​ထူ၍ ကြော်​ငြာ​ကြ​လော့။ ကြား​ပြော​ရ​သော​စ​ကား​ဟူ​မူ​ကား၊ ဗာ​ဗု​လုန်​မြို့​ကို တိုက်​ယူ​ကြ​ပြီ။ ဗေ​လ​ဘု​ရား​သည် အ​ရှက်​ကွဲ​ပြီ။ မေ​ရော​ဒပ်​ဘု​ရား​သည် ကျိုး​ပြီ။ ဗာ​ဗု​လုန် ရုပ်​တု​ဆင်း​တု​တို့​သည် အ​ရှက်​ကွဲ၍ ကျိုး​ပဲ့​လျက်​ရှိ​ကြ၏။ 3လူ​တစ်​မျိုး​သည် မြောက်​မျက်​နှာ​မှ လာ၍ ဗာ​ဗု​လုန်​ပြည်​ကို သုတ်​သင်​ပယ်​ရှင်း​လိမ့်​မည်။ နေ​သော​သူ​မ​ရှိ​ရ။ လူ​နှင့် တိ​ရ​စ္ဆာန်​တို့​သည် အ​ကုန်​အ​စင် ထွက်​သွား​ကြ​လိမ့်​မည်။
ဣ​သ​ရေ​လ​တို့​ပြန်​လာ​ခြင်း
4ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ထို​ကာ​လ​အ​ခါ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ယု​ဒ​အ​မျိုး​သား​တို့​နှင့် ပေါင်း​ဖက်၍ လာ​ကြ​လိမ့်​မည်။ မျက်​ရည်​ကျ​လျက်၊ ခ​ရီး​သွား​လျက်၊ သူ​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို သွား၍ ရှာ​ကြ​လိမ့်​မည်။ 5ဇိ​အုန်​မြို့​သို့ မျက်​နှာ​ပြု၍ လမ်း​ကို ရှာ​ကြ​လိမ့်​မည်။ အ​စဉ်​မ​မေ့​လျော့​ရ​သော ပ​ဋိ​ညာဉ်​အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ ချဉ်း​ကပ်၍ မိတ်​သ​ဟာ​ယ​ဖွဲ့​ကြ​လိမ့်​မည်။ 6ငါ၏​လူ​တို့​သည် ပျောက်​သော​သိုး​ဖြစ်​ကြ​ပြီ။ သိုး​ထိန်း​တို့​သည် တောင်​များ​ပေါ်​မှာ လမ်း​လွဲ​စေ​ကြ​ပြီ။ သူ​တို့​သည် တောင်​တစ်​လုံး​မှ​တစ်​လုံး​သို့ လမ်း​လွဲ​သွား၍၊ ငြိမ်​ဝပ်​သော​အ​ရပ်​ကို မေ့​လျော့​ကြ​ပြီ။ 7သူ​တို့​ကို တွေ့​ကြုံ​သ​မျှ​သော သူ​တို့​သည် ကိုက်​စား​ကြ​ပြီ။ ရန်​သူ​တို့​က၊ သူ​တို့​သည် တ​ရား​သော​ငြိမ်​ဝပ်​ရာ၊ ဘိုး​ဘေး​တို့​ခို​လှုံ​ရာ ထာ​ဝ​ရ​ဘု​ရား​ကို​ပြစ်​မှား​သော​ကြောင့်၊ ငါ​တို့​သည် ကိုက်​စား​သော်​လည်း မ​လွန်​ကျူး​ဟု ပြော​ဆို​ကြ​ပြီ။
8ဗာ​ဗု​လုန်​မြို့​ထဲ​က ပြေး​ကြ​လော့။ ခါ​လ​ဒဲ​ပြည်​မှ​ထွက်​သွား​ကြ​လော့။ သိုး​စု​ရှေ့၌ သိုး​ထီး​ကဲ့​သို့ ပြု​ကြ​လော့။#ဗျာ၊ ၁၈:၄။ 9အ​ကြောင်း​မူ​ကား၊ မြောက်​မျက်​နှာ​အ​ရပ်၌ ကြီး​စွာ​သော တိုင်း​နိုင်​ငံ​သား​အ​စု​အ​ဝေး​ကို ငါ​နှိုး​ဆော်၍၊ ဗာ​ဗု​လုန်​မြို့​သို့ ဆောင်​ခဲ့​မည်။ သူ​တို့​သည် မြို့​တစ်​ဖက်၌ တပ်​ခင်း​ကျင်း၍ တိုက်​ယူ​ကြ​လိမ့်​မည်။ သူ​တို့​ပစ်​သော​မြား​တို့​သည် လိ​မ္မာ​သော စစ်​သူ​ရဲ၏​မြား​ကဲ့​သို့​ဖြစ်၍ မ​မှန်​ဘဲ​မ​နေ​ရ။ 10ခါ​လ​ဒဲ​ပြည်​သည် လု​ယူ​ရာ​ဖြစ်၍၊ လု​ယူ​သော​သူ​တို့​သည် ဝ​ကြ​လိမ့်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။
ဗာ​ဗု​လုန်​မြို့​ကျ​ဆုံး​ခြင်း
11ငါ့​အ​မွေ​ကို​ဖျက်​ဆီး​သော​သူ​တို့၊ သင်​တို့​သည် ဝမ်း​မြောက်​ရွှင်​လန်း​ကြ​ပြီ။ ကျက်​စား​သော​နွား​မ​ကဲ့​သို့ ခုန်​ကြ​ပြီ။ မြင်း​ထီး​ကဲ့​သို့ ဟီ​ကြ​ပြီ။ 12ထို​ကြောင့်၊ သင်​တို့​အ​မိ​သည် မိန်း​မော​တွေ​ဝေ​လိမ့်​မည်။ သင်​တို့​ကို​မွေး​ဖွား​သော​သူ​သည် အ​ရှက်​ကွဲ​လိမ့်​မည်။ ပြည်​တ​ကာ​တို့​တွင် အ​ယုတ်​ဆုံး​သော​ပြည်၊ သုတ်​သင်​သော​အ​ရပ်၊ သွေ့​ခြောက်​သော​လွင်​ပြင် ဖြစ်​ရ​လိမ့်​မည်။ 13ထာ​ဝ​ရ​ဘု​ရား၏​အ​မျက်​တော်​ကြောင့် နောက်​တစ်​ဖန်​လူ​မ​နေ​ရ။ ဆိတ်​ညံ​သော​အ​ရပ် သက်​သက်​ဖြစ်​ရ​လိမ့်​မည်။ ဗာ​ဗု​လုန်​မြို့​နား​မှာ ရောက်​သွား​သော​သူ​တိုင်း အံ့​ဩ၍၊ သူ​ခံ​ရ​သော​ဘေး​ဥ​ပဒ်​ကို​ထောက်​လျက်၊ ကဲ့​ရဲ့​သံ​ကို ပြု​ကြ​လိမ့်​မည်။ 14ဗာ​ဗု​လုန်​မြို့​ပတ်​လည်၌ တပ်​ခင်း​ကျင်း​ကြ​လော့။ သူ​သည် ထာ​ဝ​ရ​ဘု​ရား​ကို​ပြစ်​မှား​သော​ကြောင့်၊ လေး​သ​မား​အ​ပေါင်း​တို့၊ မြား​ကို​မ​နှ​မြော​ဘဲ ပစ်​ကြ​လော့။ 15မြို့​ပတ်​လည်၌ ကြွေး​ကြော်​ကြ​လော့။ သူ​သည်​ဝန်​ချ​ပြီ။ မြို့​ရိုး​နှင့် ပြ​အိုး​တို့​သည် ပြို​လဲ​ကြ​ပြီ။ ထာ​ဝ​ရ​ဘု​ရား၏​အ​မျက်​တော်​ပြေ​ခြင်း အ​မှု​ဖြစ်၍၊ သူ့​ကို​အ​ပြစ်​နှင့်​အ​လျောက် စီ​ရင်​ကြ​လော့။ သူ​သည်​ပြု​ဖူး​သည်​အ​တိုင်း သူ၌​ပြု​ကြ​လော့။ 16ဗာ​ဗု​လုန်​မြို့​၌ မျိုး​စေ့​ကြဲ​သော​သူ​နှင့် စ​ပါး​ရိတ်​သော​သူ​တို့​ကို ပယ်​ဖြတ်​ကြ​လော့။ ညှဉ်း​ဆဲ​တတ်​သော ဓား​ကို​ကြောက်​သော​ကြောင့်၊ အ​သီး​အ​သီး​တို့​သည် မိ​မိ​တို့​လူ​မျိုး​နေ​ရာ​သို့​ပြန်​သွား၍၊ မိ​မိ​တို့​ပြည်​သို့ ပြေး​ကြ​လိမ့်​မည်။
17ဣ​သ​ရေ​လ​သည် အ​ရပ်​ရပ်​သို့​လွင့်​ပြေး​ရ​သော သိုး​ဖြစ်၏။ ခြင်္သေ့​တို့​သည် နှောင့်​ယှက်​ကြ​ပြီ။ အာ​ရှု​ရိ​ရှင်​ဘု​ရင်​သည် ရှေ့​ဦး​စွာ ကိုက်​စား​ပြီ။ နောက်​မှ ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ​သည် သူ၏​အ​ရိုး​တို့​ကို ချိုး​ဖဲ့​ပြီ။ 18ထို​ကြောင့်၊ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ငါ​သည် အာ​ရှု​ရိ​ရှင်​ဘု​ရင်​ကို ဒဏ်​ပေး​သည်​နည်း​တူ၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​နှင့် သူ၏​နိုင်​ငံ​ကို ဒဏ်​ပေး​မည်။ 19ဣ​သ​ရေ​လ​ကို သူ၏​နေ​ရင်း​အ​ရပ်​သို့ ငါ​ဆောင်​ခဲ့​ဦး​မည်။ သူ​သည် က​ရ​မေ​လ​တောင်​နှင့် ဗာ​ရှန်​တောင်​ပေါ်​မှာ​ကျက်​စား၍၊ ဧ​ဖ​ရိမ်​တောင်​နှင့် ဂိ​လဒ်​တောင်​ပေါ်​မှာ ဝ​လိမ့်​မည်။ 20ထို​ကာ​လ​အ​ခါ ဣ​သ​ရေ​လ​အ​ပြစ်​ကို စစ်​ကြော​သော်​လည်း အ​ပြစ်​မ​ပေါ်​ရာ။ ယု​ဒ​ဒု​စ​ရိုက်​တို့​ကို ရှာ၍ မ​တွေ့​ရာ။ ငါ​ချန်​ထား​သော သူ​တို့၏​အ​ပြစ်​ကို ငါ​ဖြေ​ရှင်း​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။
ဗာ​ဗု​လုန်​ပြည်​ကို​စီ​ရင်​ခြင်း
21ပုန်​ကန်​တတ်​သော​ပြည်၊ ဆုံး​မ​အပ်​သော​ပြည်​သား​တို့​ရှိ​ရာ​သို့ စစ်​ချီ​ကြ​လော့။ သုတ်​သင်​ပယ်​ရှင်း၍ သူ​တို့​အ​မျိုး​အ​နွယ်​ကို အ​ကုန်​အ​စင် ဖျက်​ဆီး​ကြ​လော့။ ငါ​မှာ​ထား​သ​မျှ​အ​တိုင်း​ပြု​ကြ​လော့​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ 22ထို​ပြည်၌ စစ်​တိုက်​ခြင်း​အ​သံ၊ ကြီး​စွာ​သော ဖျက်​ဆီး​ခြင်း​အ​သံ​ကို ကြား​ရ၏။ 23မြေ​တစ်​ပြင်​လုံး​ကို ရိုက်​နှက်​သော သံ​တူ​သည် ကျိုး​ပြတ်​လေ​ပြီ​တ​ကား၊ ဗာ​ဗု​လုန်​မြို့​သည် လူ​မျိုး​တို့​တွင် အံ့​ဩ​ရာ​ဖြစ်​လေ​ပြီ​တ​ကား။ 24အို ဗာ​ဗု​လုန်​မြို့၊ သင့်​အ​ဖို့​ကျော့​ကွင်း​ကို ငါ​ထောင်​ထား​သ​ဖြင့်၊ သင်​သည် သ​တိ​လစ်၍​ကျော့​မိ​ပြီ။ ထာ​ဝ​ရ​ဘု​ရား၏​အာ​ဏာ​တော်​ကို ဆန်​သော​ကြောင့်၊ ရန်​သူ​တွေ့၍ တိုက်​ယူ​ပြီ။ 25ထာ​ဝ​ရ​ဘု​ရား​သည် လက်​နက်​စုံ​တိုက်​တော်​ကို​ဖွင့်၍၊ အ​မျက်​တော်​လက်​နက်​တို့​ကို ထုတ်​တော်​မူ​ပြီ။ ဤ​အ​မှု​ကား၊ ကောင်း​ကင်​ဗိုလ်​ခြေ​သ​ခင် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ခါ​လ​ဒဲ​ပြည်၌ ပြု​တော်​မူ​သော​အ​မှု​ပေ​တည်း။ 26မြို့​တစ်​ဖက်​မှ တစ်​ဖက်​တိုင်​အောင် တိုက်​ကြ​လော့။ စ​ပါး​ကျီ​တို့​ကို ဖွင့်၍၊ စ​ပါး​ပုံ​များ​ကဲ့​သို့​ပုံ​ထား​လျက်၊ အ​လျှင်း​မ​ကြွင်း​စေ​ခြင်း​ငှာ ရှင်း​ရှင်း​ဖျက်​ဆီး​ကြ​လော့။ 27သူ၏ နွား​ဥ​သ​ဘ​ရှိ​သ​မျှ​တို့​ကို သတ်​ကြ​လော့။ သတ်​ရာ​အ​ရပ်​သို့ ဆင်း​သွား​စေ​ကြ​လော့။ သူ​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကယ်​စင်​စစ် သူ​တို့​အ​ချိန်၊ ဆုံး​မ​ခြင်း​ကို ခံ​ရ​သော​အ​ချိန်​ရောက်​လေ​ပြီ။ 28ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​အ​မျက်​တော်​ပြေ​ခြင်း၊ ဗိ​မာန်​တော်​ကို ဖျက်​ဆီး​သော​အ​ပြစ်​နှင့် အ​လျောက် ဒဏ်​ပေး​ခြင်း​သ​တင်း​ကို ဇိ​အုန်​မြို့၌ ကြား​ပြော​အံ့​သော​ငှာ၊ ဗာ​ဗု​လုန်​ပြည်​မှ ပြေး​လွတ်​သော​သူ​တို့၏ အ​သံ​ကို ကြား​ရ၏။ 29လေး​သ​မား​တို့​ကို ဗာ​ဗု​လုန်​မြို့​သို့ ခေါ်​ကြ​လော့။ ပစ်​တတ်​သော​သူ​အ​ပေါင်း​တို့၊ မြို့​ပတ်​ဝန်း​ကျင်၌ တပ်​ချ​ကြ​လော့။ မြို့​သူ​မြို့​သား တစ်​ယောက်​ကို​မျှ မ​လွတ်​စေ​နှင့်။ ထို​မြို့​ကျင့်​သော အ​ကျင့်​နှင့်​အ​လျောက် အ​ပြစ်​ပေး​ကြ​လော့။ သူ​ပြု​ဖူး​သ​မျှ​အ​တိုင်း သူ၌​ပြု​ကြ​လော့။ သူ​သည် ဣ​သ​ရေ​လ​အ​မျိုး၏ သန့်​ရှင်း​တော်​မူ​သော​ဘု​ရား၊ ထာ​ဝ​ရ​ဘု​ရား​တစ်​ဖက်၌ ဝါ​ကြွား​ပြီ​တ​ကား။#ဗျာ၊ ၁၈:၆။ 30ထို​ကြောင့်၊ မြို့​သား​လု​လင်​တို့​သည် လမ်း​မ​တို့၌​လဲ​နေ၍၊ ထို​နေ့​တွင် စစ်​သူ​ရဲ​အ​ပေါင်း​တို့​သည် ဆုံး​ရှုံး​ကြ​လိမ့်​မည်​ဟု၊ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ 31ကောင်း​ကင်​ဗိုလ်​ခြေ​သ​ခင် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ အို မာ​န​ကြီး​သော​သူ၊ သင့်​တစ်​ဖက်၌ ငါ​နေ၏။ အ​ကယ်​စင်​စစ် သင်၏​အ​ချိန်၊ ဆုံး​မ​ခြင်း​ကို​ခံ​ရ​သော​အ​ချိန်​ရောက်​လေ​ပြီ။ 32မာ​န​ကြီး​သော​သူ​သည် ထိ​မိ၍​လဲ​ပြီး​မှ အ​ဘယ်​သူ​မျှ မ​ကြွ​ရ။ ငါ​သည်​လည်း သူ့​နေ​ရာ​မြို့​တို့​ကို မီး​ရှို့၍၊ သူ့​ပတ်​လည်​၌​နေ​သော သူ​အ​ပေါင်း​တို့​ကို​လောင်​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။
33ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့် တ​ကွ ယု​ဒ​အ​မျိုး​သား​တို့​သည် ညှဉ်း​ဆဲ​ခြင်း​ကို ခံ​ရ​ကြ​ပြီ။ သူ​တို့​ကို သိမ်း​သွား​သော​သူ​ရှိ​သ​မျှ​တို့​သည် ချုပ်​ထား​ပြီး​လျှင်၊ ငါ​တို့​သည် မ​လွှတ်​ဟု ငြင်း​ပယ်​လျက်​နေ​ကြ​ပြီ။ 34သို့​ရာ​တွင်၊ သူ​တို့​ကို​ရွေး​နုတ်​သော​သ​ခင်​သည် အား​ကြီး၏။ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​တည်း​ဟူ​သော ဘွဲ့​နာ​မ​ရှိ​တော်​မူ၏။ ထို​သ​ခင်​သည် သူ​တို့​အ​မှု​ကို ကျပ်​တည်း​စွာ​စောင့်၍၊ ပြည်​တော်​ကို ငြိမ်​ဝပ်​စေ​လျက်၊ ဗာ​ဗု​လုန် မြို့​သူ​မြို့​သား​တို့​ကို နှောင့်​ယှက်​လျက် ပြု​တော်​မူ​မည်။ 35ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဓား​ဘေး​သည် ခါ​လ​ဒဲ​ပြည်​သူ၊ ဗာ​ဗု​လုန်​မြို့​သား​တို့​နှင့်​တ​ကွ မင်း​များ၊ ပ​ညာ​ရှိ​များ​အ​ပေါ်​သို့ သင့်​ရောက်​လိမ့်​မည်။ 36ဓား​ဘေး​သည် မိ​စ္ဆာ​ဆ​ရာ​တို့​အ​ပေါ်​သို့ ရောက်၍၊ သူ​တို့​သည် အ​ရူး​ဖြစ်​ကြ​လိမ့်​မည်။ ဓား​ဘေး​သည် ထို​မြို့​သား စစ်​သူ​ရဲ​တို့​အ​ပေါ်​သို့ ရောက်၍၊ သူ​တို့​သည် စိတ်​ပျက်​ကြ​လိမ့်​မည်။ 37ဓား​ဘေး​သည် မြင်း​များ၊ ရ​ထား​များ၊ မြို့​ထဲ​မှာ နေ​သော​လူ​အ​မျိုး​မျိုး​ရှိ​သ​မျှ​တို့ အ​ပေါ်​သို့ ရောက်၍၊ သူ​တို့​သည် မိန်း​မ​ကဲ့​သို့ ဖြစ်​ကြ​လိမ့်​မည်။ ဓား​ဘေး​သည် မြို့​ဘ​ဏ္ဍာ​အ​ပေါ်​သို့​ရောက်၍၊ ရန်​သူ​တို့​သည် လု​ယူ​ကြ​လိမ့်​မည်။ 38ခန်း​ခြောက်​ခြင်း​ဘေး​သည် မြို့၏​ရေ​တို့​အ​ပေါ်​သို့ ရောက်၍ ခန်း​ခြောက်​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ထို​ပြည်​သည် ရုပ်​တု​တို့​နှင့် အ​ပြည့်​ရှိ၏။ ပြည်​သား​တို့​သည် ဆင်း​တု​တို့​ကို အ​မှီ​ပြု၍ ဝါ​ကြွား​ကြ၏။ 39ထို​ကြောင့်၊ တော​သား​ရဲ​တို့​သည် တော​ခွေး​တို့​နှင့်​တ​ကွ ထို​မြို့၌ နေ​ကြ​လိမ့်​မည်။ ကု​လား​အုတ်​ငှက်​တို့​သည်​လည်း နေ​ရာ​ကျ​ကြ​လိမ့်​မည်။ နောက်​တစ်​ဖန် အ​ဘယ်​သူ​မျှ​မ​နေ​ရ။ ကာ​လ​အ​စဉ်​အ​ဆက် လူ​နေ​ရာ​မ​ဖြစ်​ရ။#ဗျာ၊ ၁၈း၂။ 40သော​ဒုံ​မြို့​နှင့် ဂေါ​မော​ရ​မြို့​မှ​စ၍ နီး​စပ်​သော မြို့​များ​ကို ဘု​ရား​သ​ခင် ဖျက်​ဆီး​တော်​မူ​သ​ဖြင့် လူ​ဆိတ်​ညံ​သ​ကဲ့​သို့၊ ဗာ​ဗု​လုန်​မြို့၌ အ​ဘယ်​သူ​မျှ မ​နေ​ရ၊ လူ​သား​တစ်​စုံ​တစ်​ယောက်​မျှ နေ​ရာ​မ​ကျ​ရ​ဟု၊ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။#က၊ ၁၉:၂၄-၂၅။
41ကြည့်​ရှု​လော့။ လူ​မျိုး​တစ်​မျိုး​သည် မြောက်​မျက်​နှာ​မှ​လာ၏။ ကြီး​စွာ​သော​လူ​မျိုး​နှင့် များ​စွာ​သော ရှင်​ဘု​ရင်​တို့​သည် မြေ​ကြီး​စွန်း​တို့​မှ ပေါ်​လာ​ကြ​၏။ 42လေး​နှင့်​လှံ​တို့​ကို လက်​စွဲ​ကြ၏။ ကြမ်း​ကြုတ်​သော​အ​မျိုး​ဖြစ်၍ သ​နား​ခြင်း​က​ရု​ဏာ မ​ရှိ။ သူ​တို့​စ​ကား​သံ​သည် သ​မု​ဒ္ဒ​ရာ​မြည်​သံ​ကဲ့​သို့ ဟုန်း​တတ်၏။ အို ဗာ​ဗု​လုန်​သ​တို့​သ​မီး၊ စစ်​သူ​ရဲ​ကဲ့​သို့ တပ်​ခင်း​ကျင်း​လျက် မြင်း​စီး၍၊ သင်​ရှိ​ရာ​သို့ ချီ​လာ​ကြ​လိမ့်​မည်။ 43သူ​တို့၏​သ​တင်း​ကို ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​သည်​ကြား၍ လက်​အား​လျော့၏။ ဒု​က္ခ​ဆင်း​ရဲ​ကို​လည်း​ကောင်း၊ သား​ဖွား​သော​မိန်း​မ ခံ​ရ​သ​ကဲ့​သို့ ပြင်း​စွာ​သော ဝေ​ဒ​နာ​ကို​လည်း​ကောင်း​ခံ​ရ၏။ 44ခြင်္သေ့​သည် ယော်​ဒန်​မြစ်၏ ဂုဏ်​အ​သ​ရေ​မှ​တက်​သ​ကဲ့​သို့၊ ရန်​သူ​သည် ကျောက်​နှင့်​ပြည့်​စုံ​သော နေ​ရာ​သို့ တက်​သော​အ​ခါ၊ နေ​သော​သူ​သည် ချက်​ချင်း​ပြေး​မည်​အ​ကြောင်း​ကို ငါ​ပြု​မည်။ ရွေး​ချယ်​သော သူ​ကို​လည်း ဗာ​ဗု​လုန်​မြို့​အ​ပေါ်​မှာ ငါ​ခန့်​ထား​မည်။ ငါ​နှင့် အ​ဘယ်​သူ​တူ​သ​နည်း။ ငါ့​အ​ချိန်​ကို အ​ဘယ်​သူ ချိန်း​ချက်​မည်​နည်း။ အ​ဘယ်​မည်​သော သိုး​ထိန်း​သည် ငါ့​ရှေ့​မှာ ရပ်​နိုင်​သ​နည်း။ 45သို့​ဖြစ်၍၊ ထာ​ဝ​ရ​ဘု​ရား​သည် ဗာ​ဗု​လုန်​မြို့​တစ်​ဖက်၌ ကြံ​စည်​တော်​မူ​သော​အ​ကြံ၊ ခါ​လ​ဒဲ​ပြည်​တစ်​ဖက်၌ ကြံ​စည်​တော်​မူ​သော အ​ကြံ​အ​စည်​တို့​ကို နား​ထောင်​ကြ​လော့။ အ​ကယ်​စင်​စစ် ရန်​သူ​သည် အား​မ​ရှိ​သော​ထို​သိုး​တို့​ကို လု​ယက်​လိမ့်​မည်။ အ​ကယ်​စင်​စစ် သူ​တို့​ရှိ​ရာ​သို့ လာ၍၊ ကျက်​စား​ရာ​အ​ရပ်​ကို ဖျက်​ဆီး​လိမ့်​မည်။ 46ဗာ​ဗု​လုန်​မြို့​ကို တိုက်​ယူ​သော​အ​သံ​ကြောင့် မြေ​ကြီး​လှုပ်​ရှား၏။ အော်​ဟစ်​သော​အ​သံ​ကို လူ​အ​မျိုး​မျိုး​တို့​သည် ကြား​ရ​ကြ၏။

Currently Selected:

ယေရမိ 50: JBMLE

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in