YouVersion Logo
Search Icon

ယေရမိ 51

51
ဗာ​ဗု​လုန်​မြို့​ကို​စီ​ရင်​ခြင်း
1ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဗာ​ဗု​လုန်​မြို့​တစ်​ဖက်၌​လည်း​ကောင်း၊ ငါ၏​ရန်​သူ​တို့​နှင့် ပေါင်း​ဖော်​သော သူ​တို့ တစ်​ဖက်၌​လည်း​ကောင်း၊ ဖျက်​ဆီး​တတ်​သော လေ​ကို ငါ​ထ​စေ​မည်။ 2ဆန်​ကော​နှင့် ပြာ​တတ်​သော သူ​တို့​ကို ဗာ​ဗု​လုန်​မြို့​သို့ ငါ​စေ​လွှတ်​သ​ဖြင့်၊ သူ​တို့​သည် တစ်​ပြည်​လုံး​ကို​ပြာ၍ ရှင်း​လင်း​ကြ​လိမ့်​မည်။ အ​မှု​ရောက်​သော​ကာ​လ၊ သူ​တို့​သည် မြို့​ပတ်​ဝန်း​ကျင်​တို့၌ ရန်​ဘက်​ပြု​လျက် နေ​ကြ​လိမ့်​မည်။ 3လေး​ကို​ကိုင်​သော​သူ၊ သံ​ချပ်​အင်္ကျီ​ကို ဝတ်​သော​သူ​တို့​ကို လေး​တင်၍ ပစ်​ကြ​လော့။ မြို့​သား​လု​လင်​တို့​ကို မ​နှ​မြော​ဘဲ၊ မြို့​သား​အ​လုံး​အ​ရင်း​ရှိ​သ​မျှ​တို့​ကို ရှင်း​ရှင်း ဖျက်​ဆီး​ကြ​လော့။ 4ထို​သို့ သူ​ရဲ​တို့​သည် ခါ​လ​ဒဲ​ပြည်​တွင်၊ လမ်း​မ​တို့၌​လဲ၍ အ​ထိုး​ခံ​ရ​ကြ​လိမ့်​မည်။ 5ဣ​သ​ရေ​လ​အ​မျိုး​နှင့် ယု​ဒ​အ​မျိုး​နေ​ရာ ပြည်​သည်၊ ဣ​သ​ရေ​လ​အ​မျိုး၏ သန့်​ရှင်း​တော်​မူ​သော​ဘု​ရား​ကို ပြစ်​မှား​သော အ​ပြစ်​နှင့် ပြည့်​သော်​လည်း၊ သူ​တို့​ဘု​ရား​သ​ခင်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် ထို​အ​မျိုး​တို့​ကို စွန့်​ပစ်​တော်​မ​မူ။ 6ဗာ​ဗု​လုန်​မြို့​ထဲ​က ထွက်​ပြေး၍၊ အ​သီး​အ​သီး ကိုယ်​အ​သက်​ကို ကယ်​နုတ်​ကြ​လော့။ မြို့​သား​တို့၏​အ​ပြစ်​နှင့် ရော၍ ဆုံး​ရှုံး​ခြင်​ကို မ​ခံ​ကြ​နှင့်။ ဤ​အ​ချိန်​ကား၊ ထာ​ဝ​ရ​ဘု​ရား၏​အ​မျက်​တော်​ကို ဖြေ​ချိန်​ဖြစ်၍၊ အ​ကျိုး​အ​ပြစ်​နှင့် အ​လျောက် စီ​ရင်​တော်​မူ​မည်။ 7ဗာ​ဗု​လုန်​မြို့​သည်၊ ထာ​ဝ​ရ​ဘု​ရား​ကိုင်​တော်​မူ၍ မြေ​ကြီး​တစ်​ပြင်​လုံး​ကို ယစ်​မူး​စေ​သော ရွှေ​ဖ​လား​ဖြစ်၏။ ထို​ဖ​လား၌​ပါ​သော စ​ပျစ်​ရည်​ကို လူ​အ​မျိုး​မျိုး​တို့​သည် သောက်၍ အ​ရူး​ဖြစ်​ကြ၏။#ဗျာ၊ ၁၇:၂-၄၊ ၁၈:၃။ 8ဗာ​ဗု​လုန်​မြို့​သည် ချက်​ချင်း​ပြို​လဲ၍ ပျက်​စီး​ပြီ။ သူ၏​အ​တွက်​ငို​ကြွေး​မြည်​တမ်း​ကြ​လော့။ သူ၏​အ​နာ​ပျောက်​နိုင်​လျှင်၊ ပျောက်​စေ​ခြင်း​ငှာ ဗာ​လ​စံ​စေး​ကို ယူ​ကြ​လော့။ 9ငါ​တို့​သည် ဗာ​ဗု​လုန်​မြို့၏​အ​နာ​ကို ပျောက်​စေ​ခြင်း​ငှာ​ပြု​သော်​လည်း၊ အ​နာ​မ​ပျောက်​နိုင်။ သူ့​ကို​စွန့်​ပစ်၍၊ အ​သီး​အ​သီး ငါ​တို့​နေ​ရင်း​ပြည်​သို့ သွား​ကြ​ကုန်​အံ့။ သူ​ခံ​ရ​သော​အ​ပြစ်​သည် ကောင်း​ကင်​တိုင်​အောင် ရောက်၍၊ မိုး​တိမ်​ကို ထိ​လျက်​ရှိ၏။#ဗျာ၊ ၁၈:၅။ 10ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​ဖြောင့်​မတ်​ကြောင်း​ကို ဖော်​ပြ​တော်​မူ​ပြီ။ လာ​ကြ​လော့။ ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အ​မှု​တော်​ကို ဇိ​အုန်​မြို့၌ ကြား​ပြော​ကြ​ကုန်​အံ့။ 11မြား​တို့​ကို ပွတ်​ကြ​လော့။ ဒိုင်း​လွှား​တို့​ကို ကိုင်​စွဲ​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် မေ​ဒိ​ရှင်​ဘု​ရင်​တို့​ကို နှိုး​ဆော်​တော်​မူ​ပြီ။ ဗာ​ဗု​လုန်​မြို့​ကို ဖျက်​ဆီး​မည် အ​ကြံ​ရှိ​တော်​မူ၏။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား၏​အ​မျက်​တော်​ကို​ဖြေ​ခြင်း၊ ဗိ​မာန်​တော်​ကို ဖျက်​ဆီး​သော အ​ပြစ်​နှင့်​အ​လျောက် ဒဏ်​ပေး​ခြင်း​အ​မှု ဖြစ်​သ​တည်း။ 12ဗာ​ဗု​လုန်​မြို့​ရိုး​ရှေ့​မှာ အ​လံ​ကို​ထူ​ကြ​လော့။ များ​စွာ​သော လူ​စောင့်​တို့​ကို ထား၍ ကင်း​ထိုး​ကြ​လော့။ ချောင်း​မြောင်း​သော တပ်​သား​တို့​ကို ပြင်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် ဗာ​ဗု​လုန်​မြို့​သား​တို့​ကို ခြိမ်း​သည်​အ​တိုင်း ကြံ​စည်၍ လက်​စ​သတ်​တော်​မူ​သည်။
13များ​စွာ​သော ရေ​အ​နား​မှာ​နေ၍ စည်း​စိမ်​ကြီး​သော​သူ၊ သင်၏​ဆုံး​ရှုံး​ချိန်၊ သင်၏​လော​ဘ​အ​လို ပျက်​ချိန် ရောက်​လေ​ပြီ။#ဗျာ၊ ၁၇:၁။ 14ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် ကိုယ်​ကို​တိုင်​တည်၍ ကျိန်​ဆို​တော်​မူ​သည်​ကား၊ သင့်​ကို ကျိုင်း​ကောင်​များ​နှင့် ပြည့်​စေ​သ​ကဲ့​သို့ လူ​များ​နှင့်​ပြည့်​စေ​မည်။ သူ​တို့​သည် သင့်​တစ်​ဖက်၌ ကြွေး​ကြော်​သံ​ကို လွှင့်​ကြ​လိမ့်​မည်။
ထော​မ​နာ​သီ​ချင်း
15တန်​ခိုး​တော်​အား​ဖြင့် မြေ​ကြီး​ကို ဖန်​ဆင်း​တော်​မူ​ပြီ။ ပ​ညာ​တော်​အား​ဖြင့် လော​က​ဓာတ်​ကို တည်​တော်​မူ​ပြီ။ ဉာဏ်​တော်​အား​ဖြင့် မိုး​ကောင်း​ကင်​ကို ကြက်​တော်​မူ​ပြီ။ 16အ​သံ​တော်​ကို လွှတ်​တော်​မူ​သော​အ​ခါ၊ မိုး​ရေ အ​သံ​ဗ​လံ​ဖြစ်​တတ်၏။ မြေ​ကြီး​စွန်း​မှ မိုး​တိမ်​ကို တက်​စေ​တော်​မူ၏။ မိုး​ရွာ​သည်​နှင့် လျှပ်​စစ်​ပြက်​စေ​တော်​မူ၏။ လေ​ကို​လည်း ဘ​ဏ္ဍာ​တော်​တိုက်​ထဲ​က ထုတ်​တော်​မူ၏။ 17လူ​မည်​သည်​ကား၊ မိ​မိ​ဉာဏ်​အား​ဖြင့် တိ​ရ​စ္ဆာန်​ကဲ့​သို့​ဖြစ်၏။ ရုပ်​တု​ကို သွန်း​သော​သူ​တိုင်း မိ​မိ​လုပ်​သော ရုပ်​တု​အား​ဖြင့် မှောက်​မှား​လျက်​ရှိ၏။ အ​ကြောင်း​မူ​ကား၊ သွန်း​သော​ရုပ်​တု​သည် မု​သား​ဖြစ်၏။ သူ၌​လည်း ထွက်​သက်​ဝင်​သက် မ​ရှိ။ 18ထို​သို့​သော အ​ရာ​တို့​သည် အ​ချည်း​နှီး​သက်​သက်​ဖြစ်​ကြ၏။ လှည့်​စား​သော​အ​ရာ​လည်း ဖြစ်​ကြ၏။ စစ်​ကြော​ခြင်း​ကို ခံ​ရ​သည်​ကာ​လ ကွယ်​ပျောက်​ကြ​လိမ့်​မည်။ 19ယာ​ကုပ်​အ​မျိုး၏​အ​ဖို့​ဖြစ်​သော​ဘု​ရား​သည် ထို​သို့​သော​အ​ရာ​နှင့် တူ​တော်​မ​မူ။ ခပ်​သိမ်း​သော​အ​ရာ​တို့​ကို ဖန်​ဆင်း​သော​ဘု​ရား ဖြစ်​တော်​မူ၏။ ဣ​သ​ရေ​လ​အ​မျိုး​သည် အ​မွေ​ခံ​တော်​မူ​ရာ​ဖြစ်၏။ နာ​မ​တော်​သည် ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​ပေ​တည်း။
ထာ​ဝ​ရ​ဘု​ရား​၏​သံ​တူ
20အို သံ​တူ​ကြီး၊ သင်​သည် ငါ​စစ်​တိုက်​စ​ရာ လက်​နက်​ဖြစ်၏။ သင့်​ကို​ငါ​ကိုင်၍ အ​တိုင်း​တိုင်း အ​ပြည်​ပြည်​တို့​ကို ချိုး​ဖဲ့​ပြီ။ 21သင့်​ကို​ကိုင်၍ မြင်း​နှင့် မြင်း​စီး​သူ​ရဲ​ကို​လည်း​ကောင်း၊ ရ​ထား​နှင့် ရ​ထား​စီး​သူ​ရဲ​ကို​လည်း​ကောင်း ငါ​ချိုး​ဖဲ့​ပြီ။ 22သင့်​ကို​ကိုင်၍ ယောက်ျား​နှင့် မိန်း​မ​တို့​ကို​လည်း​ကောင်း၊ အ​သက်​ကြီး​သူ​နှင့် အ​သက်​ငယ်​သူ​တို့​ကို​လည်း​ကောင်း၊ လူ​ပျို​နှင့် အ​ပျို​မ​တို့​ကို​လည်း​ကောင်း ငါ​ချိုး​ဖဲ့​ပြီ။ 23သင့်​ကို​ကိုင်၍ သိုး​ထိန်း​နှင့် သိုး​စု​ကို​လည်း​ကောင်း၊ လယ်​လုပ်​သော​သူ​နှင့် နွား​ရှဉ်း​ကို​လည်း​ကောင်း၊ ဗိုလ်​များ​နှင့် မင်း​များ​ကို​လည်း​ကောင်း ငါ​ချိုး​ဖဲ့​ပြီ။
ဗာ​ဗု​လုန်​မြို့​ကို​ဒဏ်​ခတ်​ခြင်း
24သို့​ရာ​တွင်၊ ဗာ​ဗု​လုန်​မြို့​သူ၊ ခါ​လ​ဒဲ​ပြည်​သား အ​ပေါင်း​တို့​သည် ဇိ​အုန်​မြို့၌​ပြု​လေ​သ​မျှ​သော ဒု​စ​ရိုက်​ရှိ​သည်​အ​တိုင်း၊ ငါ​သည် သင်​တို့​မျက်​မှောက်၌ သူ​တို့​အား အ​ပြစ်​ပေး​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။
25ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဖျက်​ဆီး​တတ်​သော​သ​ဘော​ရှိ၍၊ မြေ​ကြီး​တစ်​ပြင်​လုံး​ကို ဖျက်​ဆီး​တတ်​သော​တောင်​ကြီး၊ သင့်​တစ်​ဖက်၌ ငါ​နေ၏။ သင့်​အ​ပေါ်​မှာ ငါ၏​လက်​ကို​ဆန့်​လျက်၊ ကျောက်​တို့​မှ သင့်​ကို​လှိမ့်​ချ၍၊ မီး​နှင့်​ကျွမ်း​လောင်​သော​တောင် ဖြစ်​စေ​မည်။ 26တိုက်​ထောင့်​အ​ထွတ်​ကျောက်၊ တိုက်​မြစ်​ကျောက် တစ်​စုံ​တစ်​ခု​ကို​မျှ သင်၏​အ​ထဲ​က မ​နုတ်​မ​ယူ​ရ၊ အ​စဉ်​မ​ပြတ် ပျက်​စီး​လျက်​နေ​ရ​လိမ့်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။ 27ထို​ပြည်၌ အ​လံ​ကို​ထူ​ကြ​လော့။ အ​ပြည်​ပြည်​တို့၌ တံ​ပိုး​ကို​မှုတ်၍၊ လူ​အ​မျိုး​မျိုး​တို့​ကို သူ၏​တစ်​ဖက်၌ ပြင်​ဆင်​ကြ​လော့။ အာ​ရ​ရတ်​ပြည်၊ မိ​န္နိ​ပြည်၊ အာ​ရှ​ကေ​နတ်​ပြည်​တို့​ကို သူ၏​တစ်​ဖက်၌ စည်း​ဝေး​စေ​ကြ​လော့။ ဗိုလ်​ချုပ်​မင်း​ကို ခန့်​ထား၍၊ အ​မွေး​ကြမ်း​သော ကျိုင်း​ကောင်​ကဲ့​သို့ မြင်း​စီး​သူ​ရဲ​တို့​ကို စစ်​ချီ​စေ​ကြ​လော့။ 28လူ​မျိုး​များ​တို့​နှင့်​တ​ကွ၊ မေ​ဒိ​ရှင်​ဘု​ရင်​မှ​စ၍ ဗိုလ်​များ၊ မင်း​များ၊ မေ​ဒိ​နိုင်​ငံ​သား​အ​ပေါင်း​တို့​ကို သူ၏​တစ်​ဖက်၌ ပြင်​ဆင်​ကြ​လော့။ 29ဗာ​ဗု​လုန်​ပြည်​သည် တုန်​လှုပ်၍ လိမ့်​လိမ့်​မည်။ ထို​ပြည်​သည် နေ​သူ​မ​ရှိ၊ သုတ်​သင်​ပယ်​ရှင်း​ရာ ဖြစ်​စေ​ခြင်း​ငှာ၊ ထာ​ဝ​ရ​ဘု​ရား ကြံ​စည်​တော်​မူ​သော အ​ကြံ​အ​စည်​ရှိ​သ​မျှ​သည် ပြည့်​စုံ​ရ​လိမ့်​မည်။ 30ဗာ​ဗု​လုန်​စစ်​သူ​ရဲ​တို့​သည် စစ်​မ​ပြိုင်​ဘဲ ရဲ​တိုက်​များ၌​နေ​ကြ၏။ အား​လျော့၍ မိန်း​မ​ကဲ့​သို့ ဖြစ်​ကြ၏။ မြို့​သား​နေ​ရာ​တို့​ကို မီး​ရှို့၍၊ တံ​ခါး​ကျင်​တို့​ကို ချိုး​ဖဲ့​ကြ၏။ 31-32ရန်​သူ​တို့​သည် မြို့​တော်​ကို တစ်​ဖက်​တစ်​ချက်​တိုက်​ဝင်​ကြ​ပြီ ဟူ၍​လည်း​ကောင်း၊ လမ်း​ဝ​ကို ပိတ်​ထား၍ ရေ​ကန်​နား​မှာ မီး​ရှို့​ကြောင်း​နှင့်၊ စစ်​သူ​ရဲ​တို့​သည် ကြောက်​လန့်​လျက်​ရှိ​ကြ​ပြီ ဟူ၍​လည်း​ကောင်း၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​အား ကြား​လျှောက်​အံ့​သော​ငှာ၊ မင်း​လု​လင်​ချင်း တစ်​ယောက်​ကို​တစ်​ယောက်၊ စေ​လွှတ်​သူ​ချင်း တစ်​ယောက်​ကို​တစ်​ယောက် တွေ့​ကြုံ​လျက် ပြေး​လာ​ကြ၏။ 33ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ဗာ​ဗု​လုန် သ​တို့​သ​မီး​သည် စ​ပါး​နယ်​ရ​သော ကောက်​နယ်​တ​လင်း​ကဲ့​သို့ ဖြစ်၏။ စ​ပါး​ရိတ်​ရာ​အ​ချိန်​နီး​ပြီ။
34ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​သည် ငါ​တို့​ကို ကိုက်​စား၍​နှိပ်​စက်​ပါ​ပြီ။ ငါ​တို့​ကို ဟင်း​လင်း​သော​အိုး ဖြစ်​စေ​ပါ​ပြီ။ န​ဂါး​မျို​တတ်​သ​ကဲ့​သို့ ငါ​တို့​ကို​မျို၍၊ ငါ​တို့​ပျော်​မွေ့​စ​ရာ​အ​ရာ​တို့​နှင့် မိ​မိ​ဝမ်း​ကို ပြည့်​စေ​ပါ​ပြီ။ ငါ​တို့​ကို နှင်​ထုတ်​ပါ​ပြီ။ 35ဇိ​အုန်​မြို့​သ​မီး​က၊ ငါ၏​ကိုယ်​နှင့် ငါ၏​အ​သား၌​ပြု​သော​အ​ဓ​မ္မ​အ​မှု​သည် ဗာ​ဗု​လုန်​မြို့​အ​ပေါ်​သို့ ရောက်​ပါ​စေ ဟူ၍​လည်း​ကောင်း၊ ယေ​ရု​ရှ​လင်​မြို့​က​လည်း၊ ငါ၏​အ​သွေး​သည် ခါ​လ​ဒဲ​ပြည်​သား​တို့​အ​ပေါ်​သို့​ရောက်​ပါ​စေ ဟူ၍​လည်း​ကောင်း ဆို​ရ၏။
ဣ​သ​ရေ​လကိုထာ​ဝ​ရ​ဘု​ရားကူ​မ​မည်
36သို့​ဖြစ်၍၊ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်၏​အ​မှု​ကို ငါ​စောင့်​မည်။ သင်​ခံ​ရ​သော​အ​ပြစ်​ကို ပြန်​ပေး​မည်။ သူ၏ ပင်​လယ်​ကို​လည်း​ကောင်း၊ သူ၏​စမ်း​ရေ​တွင်း​တို့​ကို​လည်း​ကောင်း ငါ​ခန်း​ခြောက်​စေ​မည်။ 37ဗာ​ဗု​လုန်​မြို့​သည် အ​မှိုက်​ပုံ၊ မြေ​ခွေး​နေ​ရာ​တွင်း၊ အံ့​ဩ​ဖွယ်​ရာ၊ ကဲ့​ရဲ့​သံ​ပြု​ရာ၊ လူ​ဆိတ်​ညံ​ရာ​အ​ရပ် ဖြစ်​လိမ့်​မည်။ 38ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ မြို့​သား​တို့​သည် ခြင်္သေ့​ကဲ့​သို့ ဟောက်​သော​အ​သံ၊ ခြင်္သေ့​သ​ငယ်​ကဲ့​သို့ မြည်​သော​အ​သံ​ကို တ​ညီ​တည်း ပြု​ကြ​လိမ့်​မည်။ 39သူ​တို့​သည် ပျော်​မွေ့​ကြ​မည်​အ​ကြောင်း​နှင့်၊ နောက်​တစ်​ဖန်​မ​နိုး​ဘဲ၊ အ​စဉ်​မ​ပြတ် အိပ်​ပျော်​မည်​အ​ကြောင်း၊ သူ​တို့​သည် ရွှင်​လန်း​အား​ကြီး​သော​အ​ခါ၊ သောက်​စ​ရာ​ဖို့ ငါ​တိုက်၍ ယစ်​မူး​စေ​မည်။ 40အ​သေ​သတ်​ခြင်း​ငှာ ဆွဲ၍​ချ​သော​သိုး​သ​ငယ်​ကို​ကဲ့​သို့​လည်း​ကောင်း၊ သိုး​ထီး၊ ဆိတ်​ထီး​ကို​ကဲ့​သို့​လည်း​ကောင်း ငါ​ဆွဲ၍​ချ​မည်။
ရှေ​ရှက်​မြို့​၏​ကံ​ကြ​မ္မာ
41ရှေ​ရှက်​မြို့​ကို​တိုက်၍​ရ​လေ​ပြီ​တ​ကား။ မြေ​တစ်​ပြင်​လုံး၌ ကျော်​စော​သော မြို့​ကို လု​ယူ​လေ​ပြီ​တ​ကား။ ဗာ​ဗု​လုန်​မြို့​သည် အ​ပြည်​ပြည်​တို့​တွင် အံ့​ဩ​ရာ​ဖြစ်​လေ​ပြီ​တ​ကား။ 42ပင်​လယ်​သည် ဗာ​ဗု​လုန်​ပြည်​အ​ပေါ်​သို့​တက်၍၊ များ​စွာ​သော လှိုင်း​တံ​ပိုး​တို့​သည် လွှမ်း​မိုး​ကြ​ပြီ။ 43မြို့​များ​တို့​သည် သုတ်​သင်​ပယ်​ရှင်း​ရာ​အ​ရပ်၊ သွေ့​ခြောက်​သော လွင်​ပြင်​ဖြစ်​ကြ​ပြီ။ အ​ဘယ်​သူ​မျှ မ​နေ​ရ။ လူ​သား တစ်​စုံ​တစ်​ယောက်​မျှ ထို​လမ်း​ကို​မ​လျှောက်​ရ။ 44ဗာ​ဗု​လုန်​မြို့၌ ဗေ​လ​ဘု​ရား​ကို​လည်း ငါ​သည် ဒဏ်​ပေး​မည်။ သူ​မျို​သော​အ​ရာ​တို့​ကို တစ်​ဖန် အန်​စေ​မည်။ လူ​အ​မျိုး​မျိုး​တို့​သည် နောက်​တစ်​ဖန် သူ့​ထံ​မှာ မ​စည်း​ဝေး​ရ​ကြ။ မြို့​ရိုး​လည်း ပြို​လဲ​လျက်​ရှိ​ရ​လိမ့်​မည်။ 45ငါ၏​လူ​တို့၊ ဗာ​ဗု​လုန်​မြို့​ထဲ​က ထွက်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား၏ ပြင်း​စွာ​သော​အ​မျက်​တော်​မှ၊ အ​သီး​အ​သီး ကိုယ်​အ​သက်​ကို ကယ်​နုတ်​ကြ​လော့။ 46ထို​ပြည်၌​ကြား​ရ​သော သ​တင်း​ကြောင့် စိတ်​မ​ပျက်၊ ကြောက်​လန့်​ခြင်း မ​ရှိ​ကြ​နှင့်။ တစ်​နှစ်​ထက်​တစ်​နှစ် သ​တင်း​ကြား​ရ​လိမ့်​မည်။ မင်း​ချင်း​တစ်​ယောက်​ကို​တစ်​ယောက်​လု​ယူ၍ ညှဉ်း​ဆဲ​ခြင်း​အ​မှု ရှိ​ရ​လိမ့်​မည်။
47ထို​နောက်​မှ ဗာ​ဗု​လုန်​မြို့၌ ထု​လုပ်​သော ရုပ်​တု​ဆင်း​တု​တို့​ကို ငါ​သည် ဒဏ်​ပေး​သ​ဖြင့်၊ တစ်​ပြည်​လုံး မိန်း​မော​တွေ​ဝေ၍၊ သူ​ရဲ​အ​ပေါင်း​တို့​သည် မြို့​ထဲ​မှာ လဲ​လျက်​သေ​ကြ​သော အ​ချိန် ရောက်​လိမ့်​မည်။ 48ထို​သို့ မြောက်​မျက်​နှာ​အ​ရပ်​က လု​ယူ​သော​သူ​တို့​သည် ဗာ​ဗု​လုန်​မြို့​သို့ ရောက်​လာ​သော​အ​ခါ၊ မိုး​မြေ​မှ​စ၍ အ​ရပ်​ရပ်၌​ရှိ​သ​မျှ​တို့​သည် ရွှင်​လန်း​သော​အ​သံ​ကို ပြု​ကြ​လိမ့်​မည်​ဟု၊ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။#ဗျာ၊ ၁၈:၂၀။ 49ဗာ​ဗု​လုန်​မြို့​ကြောင့် ဣ​သ​ရေ​လ​အ​မျိုး သူ​ရဲ​တို့​သည် လဲ၍​သေ​သ​ကဲ့​သို့၊ ဗာ​ဗု​လုန်​မြို့​ထဲ​မှာ ပြည်​သား သူ​ရဲ​အ​ပေါင်း​တို့​သည် လဲ၍​သေ​ကြ​လိမ့်​မည်။#ဗျာ၊ ၁၈:၂၄။
ဗာ​ဗု​လုန်​မြို့​ရှိ​ယု​ဒတို့​အ​တွက်​ဗျာ​ဒိတ်
50ဓား​ဘေး​နှင့်​လွတ်​သော​သူ​တို့၊ သွား​ကြ​လော့။ ရပ်၍​မ​နေ​ကြ​နှင့်။ ဝေး​သော​အ​ရပ်၌ ထာ​ဝ​ရ​ဘု​ရား​ကို အောက်​မေ့၍၊ ယေ​ရု​ရှ​လင်​မြို့​ကို​လည်း စိတ်​စွဲ​လမ်း​ကြ​လော့။ 51ငါ​တို့​သည် ကဲ့​ရဲ့​သော​အ​သံ​ကို ကြား​သော​ကြောင့် အ​ရှက်​ကွဲ​လျက်၊ မျက်​နှာ​ပျက်​လျက် နေ​ရ​ကြ​ပါ၏။ တစ်​ပါး​အ​မျိုး​သား​တို့​သည် ဗိ​မာန်​တော်​တွင်၊ သန့်​ရှင်း​ရာ​အ​ရပ်​ဌာ​န​တော်​တို့၏ အ​ထဲ​သို့​ဝင်​ကြ​ပါ​ပြီ။ 52သို့​ဖြစ်၍၊ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဗာ​ဗု​လုန်​ပြည်​ကိုး​ကွယ်​သော ရုပ်​တု​ဆင်း​တု​တို့​ကို ငါ​သည်​ဒဏ်​ပေး၍၊ တစ်​ပြည်​လုံး၌ ဒဏ်​ချက်​ထိ​သော​သူ​တို့​သည် ညည်း​တွား​ကြ​သော​အ​ချိန် ရောက်​လိမ့်​မည်။ 53ဗာ​ဗု​လုန်​မြို့​သည် မိုး​ကောင်း​ကင်​သို့​တက်၍၊ မြို့​ရိုး​အ​ထွတ်​ကို ခိုင်​ခံ့​စွာ တည်​သော်​လည်း၊ ငါ​စေ​လွှတ်၍ လု​ယူ​သော​သူ​တို့​သည် သူ​ရှိ​ရာ​သို့ ရောက်​ကြ​လိမ့်​မည်​ဟု၊ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။
ဗာ​ဗု​လုန်​မြို့​ကို​နောက်​ထပ်​ဖျက်​ဆီး​ခြင်း
54ဗာ​ဗု​လုန်​မြို့​မှ ငို​ကြွေး​သံ​ကို​လည်း​ကောင်း၊ ခါ​လ​ဒဲ​ပြည်​မှာ ပြင်း​စွာ​သော ပျက်​စီး​သံ​ကို​လည်း​ကောင်း ကြား​ရ၏။ 55အ​ကြောင်း​မူ​ကား ထာ​ဝ​ရ​ဘု​ရား​သည် ဗာ​ဗု​လုန်​မြို့​ကို​ဖျက်​ဆီး၍၊ သူ​ပြု​တတ်​သော အ​သံ​ကြီး​ကို ငြိမ်း​စေ​တော်​မူ၏။ သူ၏​လှိုင်း​တံ​ပိုး​တို့​သည် အား​ကြီး​သော​ရေ​ကဲ့​သို့ ဟုန်​ဟုန်း​မြည်​သံ​ဖြင့်၊ ကြီး​စွာ​သော အ​သံ​ဗ​လံ​ကို ပြု​တတ်​ကြ၏။ 56ဗာ​ဗု​လုန်​မြို့​ကို တိုက်​ဖျက်​လု​ယူ​သော​သူ​သည် ရောက်​လျှင်၊ မြို့​သား​စစ်​သူ​ရဲ​တို့​သည် ရန်​သူ​တို့​လက်​သို့ ရောက်၍၊ သူ​တို့​စွဲ​ကိုင်​သော လေး​ရှိ​သ​မျှ​တို့​သည် ကျိုး​ကြ၏။ အ​ကျိုး​အ​ပြစ်​ကို ပေး​တတ်​သော ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ဆက်​ဆက်​ပေး​တော်​မူ​ပြီ။ 57ဗာ​ဗု​လုန်​မင်း​သား၊ တိုင်​ပင်​မှူး​မတ်၊ စစ်​ကဲ၊ မင်း​အ​ရာ​ရှိ၊ ခွန်​အား​ကြီး​သော သူ​တို့​ကို ငါ​ယစ်​မူး​စေ​သ​ဖြင့်၊ သူ​တို့​သည် နောက်​တစ်​ဖန်​မ​နိုး​ဘဲ အ​စဉ်​မ​ပြတ် အိပ်​ပျော်​ကြ​လိမ့်​မည်​ဟု၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​ဟူ၍ ဘွဲ့​နာ​မ​ရှိ​သော​ရှင်​ဘု​ရင် မိန့်​တော်​မူ၏။ 58ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ဒု​ကြီး​သော ဗာ​ဗု​လုန်​မြို့​ရိုး​တို့​ကို အ​ကုန်​အ​စင်​ဖြို​ဖျက်၍၊ မြင့်​သော​မြို့​တံ​ခါး​တို့​ကို​လည်း မီး​ရှို့​ကြ​လိမ့်​မည်။ လူ​အ​မျိုး​မျိုး​တို့​သည် အ​ချည်း​နှီး​လုပ်​ဆောင်၍၊ မီး၌​ပင်​ပန်း​ခြင်း​ကို ခံ​ရ​ကြ​ပြီ။
စ​ရာ​ယ​ကို​မှာ​ကြား​ခြင်း
59ဗာ​ဗု​လုန်​မြို့​အ​ပေါ်​မှာ ရောက်​လ​တ္တံ့​သော၊ ဘေး​ဥ​ပဒ်​အ​ပေါင်း​တည်း​ဟူ​သော၊ ဗာ​ဗု​လုန်​မြို့​ကို ရည်​မှတ်၍ ရေး​ထား​သော ဤ​စ​ကား​အ​လုံး​စုံ​တို့​ကို ပ​ရော​ဖက်​ယေ​ရ​မိ​သည်​ရေး​ကူး၍၊ 60ယု​ဒ​ရှင်​ဘု​ရင်​ဇေ​ဒ​ကိ နန်း​စံ​လေး​နှစ်​တွင်၊ ရှင်​ဘု​ရင်​နှင့်​အ​တူ ဗာ​ဗု​လုန်​မြို့​သို့​လိုက်​သွား​သော၊ မာ​သေ​ယ၏​သား​ဖြစ်​သော နေ​ရိ၏​သား အ​တွင်း​ဝန်​စ​ရာ​ယ​ကို မှာ​ထား​သော​စ​ကား​ဟူ​မူ​ကား၊ 61သင်​သည် ဗာ​ဗု​လုန်​မြို့​သို့​ရောက်​သော​အ​ခါ၊ ဤ​စ​ကား​အ​လုံး​စုံ​တို့​ကို ကြည့်​ရှု၍ ဖတ်​ရ​မည်။ 62ထို​အ​ခါ​သင်​က၊ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် ဤ​အ​ရပ်၌ လူ​မ​ရှိ၊ တိ​ရ​စ္ဆာန်​မ​ရှိ၊ အ​စဉ်​မ​ပြတ် ဆိတ်​ညံ​ရာ​အ​ရပ် ဖြစ်​စေ၍၊ သုတ်​သင်​ပယ်​ရှင်း​မည်​အ​ကြောင်း​ကို ခြိမ်း​တော်​မူ​ပြီ​ဟု လျှောက်​ဆို​ရ​မည်။ 63ဤ​စာ​ကို အ​ကုန်​အ​စင်​ဖတ်​ပြီး​လျှင်၊ စာ​ပေါ်​မှာ ကျောက်​ကို​ချည်​ထား၍၊ ဥ​ဖ​ရတ်​မြစ်​အ​လယ်​မှာ​ချ​ပစ်​လျက်၊#ဗျာ၊ ၁၈:၂၁။ 64ဗာ​ဗု​လုန်​မြို့​သည် ဤ​သို့​နစ်​ရ​လိမ့်​မည်။ ငါ​ရောက်​စေ​သော ဘေး​ဥ​ပဒ်​ထဲ​က နောက်​တစ်​ဖန် မ​ထ​မြောက်​ရ။ မြို့​သူ​မြို့​သား​တို့​သည် အား​ကုန်​လျက် နေ​ရ​ကြ​လိမ့်​မည်​ဟု၊ မြွက်​ဆို​ရ​မည်​အ​ကြောင်း​ကို၊ ယေ​ရ​မိ​သည် မှာ​ထား​လေ၏။ ဤ​ရွေ့​ကား၊ ယေ​ရ​မိ​စ​ကား​ပေ​တည်း။

Currently Selected:

ယေရမိ 51: JBMLE

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in