YouVersion Logo
Search Icon

ယေရမိ 49

49
အ​မ္မုန်​ပြည်​သား​တို့​အ​ပေါ်​စီ​ရင်​ခြင်း
1အ​မ္မုန်​အ​မျိုး​သား​တို့​ကို ရည်​မှတ်၍ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဣ​သ​ရေ​လ၌ သား​မ​ရှိ​သ​လော။ အ​မွေ​ခံ မ​ရှိ​သ​လော။ မိ​လ​ကုံ​ဘု​ရား​သည် ဂဒ်​ပြည်​ကို အ​ဘယ်​ကြောင့် သိမ်း​ယူ​သ​နည်း။ သူ့​တ​ပည့်​တို့​သည် ဂဒ်​မြို့​တို့၌ အ​ဘယ်​ကြောင့် နေ​ကြ​သ​နည်း။#ယေ​ဇ၊ ၂၁:၂၈-၃၂၊ ၂၅:၁-၇။ အာ၊ ၁:၁၃-၁၅။ ဇေ၊ ၂:၈-၁၁။ 2ထို​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ အ​မ္မုန်​အ​မျိုး​သား​တို့​နေ​ရာ ရ​ဗ္ဗာ​မြို့၌ စစ်​တိုက်​ခြင်း​အ​သံ​ကို ငါ​ကြား​စေ​သော​အ​ချိန် ရောက်​လိမ့်​မည်။ ထို​မြို့​သည် ပျက်​စီး​ရာ​ပုံ​ဖြစ်၍၊ သူ၏​သ​မီး​တို့​သည်​လည်း မီး​ရှို့​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။ ထို​အ​ခါ ဣ​သ​ရေ​လ​အ​မျိုး၏ နေ​ရာ​ကို၊ သိမ်း​ယူ​သော​သူ​တို့၏​နေ​ရာ​ကို၊ ဣ​သ​ရေ​လ​သည် တစ်​ဖန်​သိမ်း​ယူ​ရ​လိမ့်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ 3အို ဟေ​ရှ​ဘုန်​မြို့၊ ညည်း​တွား​မြည်​တမ်း​လော့။ အာ​ဣ​မြို့​ပျက်​စီး​ပြီ။ အို ရ​ဗ္ဗာ​မြို့​သ​မီး​တို့၊ ငို​ကြွေး​ကြ​လော့။ လျှော်​တေ​အ​ဝတ်​ကို ဝတ်၍ မြည်​တမ်း​လျက်၊ ခြံ​နား​မှာ တောင်​မြောက်​ပြေး​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ မိ​လ​ကုံ​ဘု​ရား​သည် သူ၏​ယဇ်​ပု​ရော​ဟိတ်၊ သူ၏​မင်း​များ​နှင့်​တ​ကွ သိမ်း​သွား​ခြင်း​ကို​ခံ​ရ၏။ 4ငါ့​ထံ​သို့ အ​ဘယ်​ရန်​သူ ရောက်​လိမ့်​မည်​နည်း​ဟု အောက်​မေ့​လျက်၊ မိ​မိ​စည်း​စိမ်၌​ကိုး​စား​လျက် ဖောက်​ပြန်​သော သ​တို့​သ​မီး၊ သင်​သည် ချိုင့်​တို့၌ အ​ဘယ်​ကြောင့် ဝါ​ကြွား​သ​နည်း။ သင်၏​ချိုင့်​သည် အ​သွေး​စီး​ရာ​ဖြစ်​လိမ့်​မည်။ 5ကောင်း​ကင်​ဗိုလ်​ခြေ​သ​ခင်​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင့်​ပတ်​လည်၌​နေ​သော သူ​အ​ပေါင်း​တို့​ကြောင့် ကြောက်​လန့်​သော​အ​ကြောင်း​ကို သင်၌ ငါ​ဖြစ်​စေ​မည်။ သင်​တို့ အ​သီး​အ​သီး​ရှိ​သ​မျှ​သည် နှင်​ထုတ်​ခြင်း​ကို အ​တည့်​အ​လင်း​ခံ​ရ​ကြ​မည်။ ကွဲ​ပြား​သော​သူ​တို့​ကို စု​ဝေး​စေ​သော​သူ​လည်း​မ​ရှိ​ရ။ 6သို့​သော်​လည်း၊ သိမ်း​သွား​ခြင်း​ကို​ခံ​ရ​သော အ​မ္မုန်​အ​မျိုး​သား​တို့​ကို နောက်​တစ်​ဖန် ငါ​ဆောင်​ခဲ့​ဦး​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။
ဧ​ဒုံ​ပြည်​ကို​စီ​ရင်​ခြင်း
7ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် ဧ​ဒုံ​ပြည်​ကို​ရည်​မှတ်၍ မိန့်​တော်​မူ​သည်​ကား၊ တေ​မန်​ပြည်၌ ပ​ညာ​ကုန်​သ​လော။ ပ​ညာ​သ​တိ​ရှိ​သော သူ​တို့​သည် အ​ကြံ​မ​ပေး​နိုင်​သ​လော။ သူ​တို့​ဉာဏ်​သည် ဆုံး​သ​လော။#ဟေ​ရှာ၊ ၃၄:၅-၁၇၊ ၆၃:၁-၆။ ယေ​ဇ၊ ၂၅:၁၂-၁၄၊ ၃၅:၁-၁၅။ အာ၊ ၁:၁၁-၁၂။ သြ၊ ၁-၁၄။ မာ​လ၊ ၁:၂-၅။ 8အို ဒေ​ဒန်​မြို့​သူ​မြို့​သား​တို့၊ ဆုတ်၍ ပြေး​သွား​ကြ​လော့။ နက်​နဲ​သော​အ​ရပ်၌ နေ​ကြ​လော့။ ဧ​သော​တွေ့​ရ​သော​ဘေး၊ ဆုံး​မ​ခြင်း​ကို​ခံ​ရ​သော​အ​ချိန်​ကို ငါ​ရောက်​စေ​မည်။ 9စ​ပျစ်​သီး​ကို​ဆွတ်​သော သူ​တို့​သည် သင်​ရှိ​ရာ​သို့​လာ​လျှင်၊ သူ​တစ်​ပါး​လိုက်၍ ဆွတ်​စ​ရာ​ဖို့ ကျန်​ကြွင်း​စေ​ကြ​လိမ့်​မည် မ​ဟုတ်​လော။ ည​အ​ခါ သူ​ခိုး​လာ​လျှင်၊ စိတ်​ပြေ​လောက်​အောင်​သာ လု​ယူ​ကြ​လိမ့်​မည်​မ​ဟုတ်​လော။ 10ဧ​သော၏​အ​ဝတ်​ကို ငါ​ချွတ်​မည်။ သူ​သည် ပုန်း၍​မ​နေ​နိုင်​အောင် သူ​ကွယ်​သော နေ​ရာ​အ​ရပ်​တို့​ကို ငါ​လှန်​မည်။ သူ၏​အ​မျိုး​အ​နွယ်၊ ညီ​အစ်​ကို၊ အိမ်​နီး​ချင်း​တို့​သည် ပျက်​စီး၍၊ သူ့​ကိုယ်​တိုင်​လည်း ပျောက်​ရ​လိမ့်​မည်။ 11သင်၌ မိ​ဘ​မ​ရှိ​သော​သူ​ငယ်​တို့​ကို ထား​ခဲ့​လော့။ ငါ​စောင့်​မ​မည်။ သင်၏​မု​ဆိုး​မ​တို့​သည် ငါ့​ကို​ခို​လှုံ​ကြ​စေ။ 12ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ခွက်​ဖ​လား​ကို မ​သောက်​ထိုက်​သော​သူ​တို့​သည် အ​ကယ်၍ သောက်​ကြ​သည်​မှန်​လျှင်၊ သင်​သည်​အ​ပြစ်​ကို​မ​ခံ​ဘဲ ရှင်း​ရှင်း​လွတ်​ရ​မည်​လော။ မ​လွတ်​ဘဲ မ​နေ​ရ။ စင်​စစ် သောက်​ရ​မည်။ 13ဗော​ဇ​ရ​ပြည်​သည် အံ့​ဩ​ရာ၊ ကဲ့​ရဲ့​ရာ၊ လူ​ဆိတ်​ညံ​ရာ၊ ကျိန်​ဆဲ​ရာ ဖြစ်​လိမ့်​မည်။ သူ​တို့၏ မြို့​အ​လုံး​စုံ​သည်​လည်း၊ အ​စဉ် သုတ်​သင်​ပယ်​ရှင်း​ရာ ဖြစ်​ရ​ကြ​လိမ့်​မည်​ဟု၊ ငါ​သည် ကိုယ်​ကို တိုင်​တည်​ကျိန်​ဆို​ပြီး​ဟု၊ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။
14ထာ​ဝ​ရ​ဘု​ရား ကြွေး​ကြော်​တော်​မူ​သံ​ကို ငါ​ကြား၏။ သင်​တို့​သည် စည်း​ဝေး၍၊ ဧ​ဒုံ​ပြည်​ကို တိုက်​ခြင်း​ငှာ စစ်​ချီ၍​လာ​ကြ​လော့​ဟု တစ်​ပါး​အ​မျိုး​သား​တို့​ထံ​သို့ သံ​မန်​ကို​စေ​လွှတ်​တော်​မူ​ပြီ။ 15တစ်​ပါး​အ​မျိုး​သား​တို့​တွင် သင်​သည် ယုတ်​မာ​မည်​အ​ကြောင်း​နှင့်၊ လူ​တို့​တွင် အ​သ​ရေ​ရှုတ်​ချ​ခြင်း​ကို ခံ​ရ​မည်​အ​ကြောင်း ငါ​ပြု​မည်။ 16ကျောက်​ကြား​တို့၌​နေ၍ တောင်​ထိပ်​ကို ခို​လှုံ​သော​သူ​ဖြစ်​သော​ကြောင့်၊ သင်၏​ကြောက်​မက်​ဖွယ်​သော အ​ခြင်း​အ​ရာ၊ သင်၏​မာ​န​သည် သင့်​ကို​လှည့်​စား​ပြီ။ သင်​သည် ရွှေ​လင်း​တ​ကဲ့​သို့ မြင့်​သော​အ​ရပ်၌ အ​သိုက်​ကို လုပ်​သော်​လည်း၊ ထို​အ​ရပ်​မှ သင့်​ကို ငါ​နှိမ့်​ချ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။ 17ဧ​ဒုံ​ပြည်​သည်​အံ့​ဩ​ရာ​ဖြစ်၍၊ လျှောက်​သွား​သော​သူ​တိုင်း အံ့​ဩ​ကြ​လိမ့်​မည်။ သူ​ခံ​ရ​သော ဘေး​ဥ​ပဒ်​အ​ပေါင်း​တို့​ကြောင့် ကဲ့​ရဲ့​သံ​ကို ပြု​ကြ​လိမ့်​မည်။ 18သော​ဒုံ​မြို့​နှင့် ဂေါ​မော​ရ​မြို့​မှ​စ၍ နီး​စပ်​သော​မြို့​တို့၏ ပျက်​စီး​ခြင်း​ကဲ့​သို့ ဖြစ်၍၊ ဧ​ဒုံ​ပြည်၌ အ​ဘယ်​သူ​မျှ မ​နေ​ရ။ လူ​သား တစ်​စုံ​တစ်​ယောက်​မျှ နေ​ရာ​မ​ကျ​ရ​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။#က၊ ၁၉:၂၄-၂၅။ 19ခြင်္သေ့​သည် ယော်​ဒန်​မြစ်၏ ဂုဏ်​အ​သ​ရေ​မှ​တက်​သ​ကဲ့​သို့၊ ရန်​သူ​သည် ကျောက်​နှင့်​ပြည့်​စုံ​သော နေ​ရာ​သို့ တက်​သော​အ​ခါ၊ နေ​သော​သူ​သည် ချက်​ချင်း​ပြေး​မည်​အ​ကြောင်း​ကို ငါ​ပြု​မည်။ ရွေး​ချယ်​သော​သူ​ကို​လည်း၊ ဧ​ဒုံ​ပြည်​အ​ပေါ်​မှာ ငါ​ခန့်​ထား​မည်။ ငါ​နှင့် အ​ဘယ်​သူ​တူ​သ​နည်း။ ငါ့​အ​ချိန်​ကို အ​ဘယ်​သူ​ချိန်း​ချက်​မည်​နည်း။ အ​ဘယ်​မည်​သော သိုး​ထိန်း​သည် ငါ့​ရှေ့​မှာ ရပ်​နိုင်​သ​နည်း။ 20သို့​ဖြစ်၍၊ ထာ​ဝ​ရ​ဘု​ရား​သည် ဧ​ဒုံ​ပြည်​တစ်​ဖက်၌ ကြံ​စည်​တော်​မူ​သော​အ​ကြံ၊ တေ​မန်​ပြည်​သား​တို့ တစ်​ဖက်၌ ကြံ​စည်​တော်​မူ​သော အ​ကြံ​အ​စည်​တို့​ကို နား​ထောင်​ကြ​လော့။ အ​ကယ်​စင်​စစ် ရန်​သူ​သည်၊ အား​မ​ရှိ​သော ထို​သိုး​တို့​ကို လု​ယက်​လိမ့်​မည်။ အ​ကယ်​စင်​စစ် သူ​တို့​ရှိ​ရာ​သို့​လာ၍၊ ကျက်​စား​ရာ​အ​ရပ်​တို့​ကို ဖျက်​ဆီး​လိမ့်​မည်။ 21သူ​တို့​ပြို​လဲ​သော အ​သံ​ကြောင့် မြေ​ကြီး​လှုပ်​ရှား၏။ သူ​တို့​အော်​ဟစ်​သော​အ​သံ​ကို ဧ​ဒုံ​ပင်​လယ်​တိုင်​အောင် ကြား​ရ၏။ 22ရန်​သူ​သည်​တက်၍ ရွှေ​လင်း​တ​ကဲ့​သို့ ပျံ​လျက်၊ ဗော​ဇ​ရ​မြို့​ကို အ​တောင်​တို့​နှင့် ဖြန့်​မိုး​လိမ့်​မည်။ ထို​နေ့၌ ဧ​ဒုံ​ပြည်​သား​သူ​ရဲ​တို့၏ စိတ်​နှ​လုံး​သည်၊ သား​ဖွား​ခြင်း​ဝေ​ဒ​နာ​ကို​ခံ​ရ​သော မိန်း​မ၏​စိတ်​နှ​လုံး​ကဲ့​သို့ ဖြစ်​လိမ့်​မည်။
ဒ​မာ​သက်​မြို့​ကို​စီ​ရင်​ခြင်း
23ဒ​မာ​သက်​မြို့​ကို ရည်​မှတ်​သော စ​ကား​ဟူ​မူ​ကား၊ ဟာ​မတ်​မြို့​နှင့် အာ​ပဒ်​မြို့​တို့​သည် မ​ကောင်း​သော သ​တင်း​ကို​ကြား​သော​ကြောင့်၊ အ​ရှက်​ကွဲ၍ စိတ်​ပျက်​လျက်​ရှိ​ကြ၏။ ပင်​လယ်​တိုင်​အောင် စိုး​ရိမ်​စ​ရာ​ရှိ​သော​ကြောင့်၊ ငြိမ်​ဝပ်​ခြင်း​သို့ မ​ရောက်​နိုင်။#ဟေ​ရှာ၊ ၁၇:၁-၃။ အာ၊ ၁:၃-၅။ ဇာ၊ ၉:၁။ 24ဒ​မာ​သက်​မြို့​သည် အား​လျော့​ပြီ။ ပြေး​အံ့​သော​ငှာ ကိုယ်​ကို​လှည့်​ပြီ။ တုန်​လှုပ်​လျက် နေ၏။ ဒု​က္ခ​ဆင်း​ရဲ​ကို​လည်း​ကောင်း၊ သား​ဖွား​သော​မိန်း​မ​ခံ​ရ​သ​ကဲ့​သို့၊ ပြင်း​စွာ​သော ဝေ​ဒ​နာ​ကို​လည်း​ကောင်း ခံ​ရ၏။ 25အ​သ​ရေ​ရှိ​သော​မြို့၊ ငါ​ဝမ်း​မြောက်​စ​ရာ​မြို့​သည် အ​ဘယ်​ကြောင့် မ​ကျန်​ကြွင်း​ရ​သ​နည်း။ 26သို့​ဖြစ်၍၊ ထို​မြို့​သား​လု​လင်​တို့​သည် လမ်း​မ​တို့၌​လဲ၍၊ ထို​နေ့​တွင် စစ်​သူ​ရဲ​အ​ပေါင်း​တို့​သည် ဆုံး​ရှုံး​ကြ​လိမ့်​မည်။ 27ငါ​သည်​လည်း၊ ဒ​မာ​သက်​မြို့​ရိုး​ကို မီး​ရှို့၍၊ ဗင်္ဟာ​ဒဒ်၏​နန်း​တော်​တို့​ကို လောင်​စေ​မည်​ဟု၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​၏။
ကေ​ဒါ​နှင့်ဟာ​ဇော်​ကို​စီ​ရင်​ခြင်း
28ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​လုပ်​ကြံ​သော ကေ​ဒါ​ပြည်​နှင့် ဟာ​ဇော်​နိုင်​ငံ​တို့​ကို ရည်​မှတ်၍ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ထ​ကြ​လော့။ ကေ​ဒါ​ပြည်​သို့​သွား၍၊ အ​ရှေ့​မျက်​နှာ​အ​ရပ်​သား​တို့​ကို လု​ယူ​ကြ​လော့။ 29သူ​တို့​တဲ​များ​နှင့် သိုး​စု​များ​ကို​လည်း​ကောင်း၊ ကု​လား​ကာ​များ၊ အ​သုံး​အ​ဆောင်​များ၊ ကု​လား​အုတ်​များ​ကို​လည်း​ကောင်း သိမ်း၍ ယူ​သွား​ရ​ကြ​မည်။ သူ​တို့​ပတ်​လည်၌ ကြောက်​လန့်​စ​ရာ​အ​ကြောင်း​ကို ကြွေး​ကြော်​ရ​ကြ​မည်။ 30ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဟာ​ဇော်​ပြည်​သား​တို့၊ ဝေး​စွာ​ပြေး​သွား​ကြ​လော့။ နက်​နဲ​သော အ​ရပ်​တို့၌ နေ​ကြ​လော့။ ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​သည် သင်​တို့​ကို​ရည်​ဆောင်၍ စီ​ရင်​မည်​ဟု သင်​တို့​တစ်​ဖက်၌ ကြံ​စည်​သော​အ​ကြံ​အ​စည် ရှိ၏။ 31ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ထ​ကြ​လော့။ ငြိမ်​ဝပ်​စွာ​နေ၍ စိုး​ရိမ်​စ​ရာ​မ​ရှိ​သော​လူ​မျိုး၊ မြို့​တံ​ခါး​နှင့်​ကန့်​လန့်​ကျင်​ကို မ​သုံး​တတ်၊ အ​ပေါင်း​အ​ဖော်​မ​ရှိ၊ တ​ခြား​စီ​နေ​တတ်​သော လူ​မျိုး​နေ​ရာ​သို့​သွား​ကြ​လော့။ 32သူ​တို့​ကု​လား​အုတ် အ​စ​ရှိ​သော​တိ​ရ​စ္ဆာန်​အ​ပေါင်း​တို့​သည် လု​ယူ​ရာ ဖြစ်​ကြ​လိမ့်​မည်။ ပါး​မုန်း​ကို​ရိတ်​တတ်​သော လူ​မျိုး​ကို အ​ရပ်​ရပ်​သို့ ငါ​ကွဲ​ပြား​စေ​မည်။ အ​ရပ်​ရပ်​တို့​မှ သူ​တို့၌ ဘေး​ဥ​ပဒ်​ကို ငါ​ရောက်​စေ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ 33ဟာ​ဇော်​ပြည်​သည် မြေ​ခွေး​နေ​ရာ၊ လူ​ဆိတ်​ညံ​ရာ​အ​စဉ်​ဖြစ်၍၊ အ​ဘယ်​သူ​မျှ​မ​နေ​ရ။ လူ​သား တစ်​စုံ​တစ်​ယောက်​မျှ မ​နေ​ရ။ လူ​သား တစ်​စုံ​တစ်​ယောက်​မျှ နေ​ရာ​မ​ကျ​ရ။
ဧ​လံ​ပြည်​ကို​စီ​ရင်​ခြင်း
34ယု​ဒ​ရှင်​ဘု​ရင်​ဇေ​ဒ​ကိ​မင်း နန်း​စံ​စ​က၊ ဧ​လံ​ပြည်​ကို​ရည်​မှတ်​သော ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ပ​ရော​ဖက်​ယေ​ရ​မိ​သို့ ရောက်​လာ၍၊ 35ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ဧ​လံ၏​လေး​တည်း​ဟူ​သော သူ၏​အ​စွမ်း​သ​တ္တိ အ​ထွတ်​အ​မြတ်​ကို ငါ​ချိုး​မည်။ 36အ​ရပ်​လေး​မျက်​နှာ​တို့​က လေ​လေး​မျိုး​ကို ဧ​လံ​ပြည်​သို့ ငါ​ဆောင်​ခဲ့​မည်။ ထို​လေ​တို့​ရှေ့​မှာ ပြည်​သား​များ​ကို ငါ​လွှင့်​မည်။ ထို​သို့​နှင်​ထုတ်​သော ဧ​လံ​ပြည်​သား​မ​ရောက်​သော တိုင်း​နိုင်​ငံ​တစ်​ခု​မျှ​မ​ရှိ​ရ။ 37ဧ​လံ​ပြည်​သား​တို့​ကို ရန်​သူ​တို့​ရှေ့​မှာ​လည်း​ကောင်း၊ သူ​တို့​အ​သက်​ကို​ရှာ​သော လူ​တို့​ရှေ့​မှာ​လည်း​ကောင်း၊ ငါ​ကြောက်​လန့်​စေ၍၊ ပြင်း​စွာ​သော ငါ၏​အ​မျက်​တည်း​ဟူ​သော​ဘေး​ဥ​ပဒ်​ကို သူ​တို့​အ​ပေါ်​သို့ ရောက်​စေ​မည်။ သူ​တို့​ကို မ​ဖျက်​ဆီး​မီ​တိုင်​အောင် သူ​တို့​နောက်​သို့ ဓား​ကို လွှတ်​လိုက်​ရ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။ 38ဧ​လံ​ပြည်၌ ငါ၏​ပ​လ္လင်​ကို​တည်​ထား၍၊ ရှင်​ဘု​ရင်​နှင့် မင်း​သား​တို့​ကို သုတ်​သင်​ပယ်​ရှင်း​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ 39သို့​ရာ​တွင်၊ သိမ်း​သွား​ခြင်း​ကို​ခံ​ရ​သော ဧ​လံ​အ​မျိုး​သား​တို့​ကို နောင်​ကာ​လ၌ ငါ​ဆောင်​ခဲ့​ဦး​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

Currently Selected:

ယေရမိ 49: JBMLE

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in