YouVersion Logo
Search Icon

ယေရမိ 11

11
ပ​ဋိ​ညာဉ်​ကိုဖျက်ကြပြီ
1ယေ​ရ​မိ​သို့​ရောက်​လာ​သော ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​ဟူ​မူ​ကား၊ ဤ​ပ​ဋိ​ညာဉ်​စ​ကား​ကို နား​ထောင်​ကြ​လော့။ 2-5သင်​သည် ယု​ဒ​ပြည်​သူ၊ ယေ​ရု​ရှ​လင်​မြို့​သား​တို့​အား၊ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို ဟော​ပြော​ဆင့်​ဆို​ရ​မည်​မှာ၊ ယ​နေ့ ဖြစ်​သည်​နှင့်​အ​ညီ၊ နို့​နှင့်​ပျား​ရည်​စီး​သော ပြည်​ကို​ငါ​ပေး​မည်​ဟု၊ သင်​တို့၏​ဘိုး​ဘေး​များ၌ ငါ​ကျိန်​ဆို​သော သ​စ္စာ​က​တိ​ကို စောင့်​ရ​သော​အ​ခွင့် ရှိ​စေ​ခြင်း​ငှာ၊ သင်​တို့​သည် ငါ၏​လူ​ဖြစ်၍၊ ငါ​သည်​လည်း သင်​တို့၏ ဘု​ရား​ဖြစ်​မည်​အ​ကြောင်း၊ ငါ့​စ​ကား​ကို နား​ထောင်၍၊ ငါ​မှာ​ထား​သ​မျှ​အ​တိုင်း ကျင့်​ကြ​လော့​ဟု၊ သံ​မီး​ဖို​တည်း​ဟူ​သော အဲ​ဂု​တ္တု​ပြည်​မှ သင်​တို့၏​ဘိုး​ဘေး​များ​ကို နုတ်​ဆောင်​သော​အ​ခါ သူ​တို့၌ ငါ​ထား​သော ပ​ဋိ​ညာဉ်​တ​ရား​စ​ကား​ကို နား​မ​ထောင်​သော​သူ​သည် ကျိန်​တော်​မူ​ခြင်း​ကို​ခံ​စေ​ဟု မိန့်​တော်​မူ​လျှင်၊ ငါ​က၊ အို ထာ​ဝ​ရ​ဘု​ရား၊ အာ​မင်​ဟု လျှောက်​၏။ 6ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင်​သည် ယု​ဒ​မြို့​များ​နှင့် ယေ​ရု​ရှ​လင်​မြို့​လမ်း​များ​တို့၌ ဟစ်​ကြော်​ရ​မည်​စ​ကား​ဟူ​မူ​ကား၊ သင်​တို့​သည် ဤ​ပ​ဋိ​ညာဉ်​စ​ကား​ကို နား​ထောင်၍ ကျင့်​ကြ​လော့။ 7အ​ကြောင်း​မူ​ကား၊ ငါ့​စ​ကား​ကို နား​ထောင်​ကြ​လော့​ဟု၊ သင်​တို့၏​ဘိုး​ဘေး​များ​ကို အဲ​ဂု​တ္တု​ပြည်​က ငါ​နုတ်​ဆောင်​သော နေ့​မှ​စ၍ ယ​နေ့​တိုင်​အောင်၊ ငါ​သည် စော​စော​ထ၍ အ​ထပ်​ထပ်​ဆုံး​မ​သော်​လည်း၊ 8သူ​တို့​သည် နား​မ​ထောင်၊ နား​ကို​မ​လှည့်​ဘဲ ဆိုး​ညစ်​သော မိ​မိ​တို့​စိတ်​နှ​လုံး​ခိုင်​မာ​ခြင်း​ရှိ​သည်​အ​တိုင်း၊ တစ်​ယောက်​မျှ​မ​ကြွင်း၊ လိုက်​သွား​ကြ​သော​ကြောင့်၊ ငါ​မှာ​ထား၍၊ သူ​တို့​မ​ကျင့်​သော ဤ​ပ​ဋိ​ညာဉ်​စ​ကား​အ​လုံး​စုံ​တို့​ကို၊ သူ​တို့​အ​ပေါ်၌ ငါ​သက်​ရောက်​စေ​မည်​ဟု မိန့်​တော်​မူ၏။
9တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား​မိန့်​တော်​မူ​သည်​ကား၊ ယု​ဒ​ပြည်​သူ၊ ယေ​ရု​ရှ​လင်​မြို့​သား​တို့​သည် သင်း​ဖွဲ့​ကြ၏။ 10ငါ့​စ​ကား​ကို ငြင်း​ပယ်​သော ဘိုး​ဘေး​တို့၏ ဒု​စ​ရိုက်​များ​ကို ပြု​အံ့​သော​ငှာ​ပြန်​သွား​ကြ​ပြီ။ အ​ခြား​တစ်​ပါး​သော ဘု​ရား​တို့​ကို ဝတ်​ပြု​အံ့​သော​ငှာ လိုက်​သွား​ကြ​ပြီ။ သူ​တို့၏​ဘိုး​ဘေး​များ​နှင့် ငါ​ဖွဲ့​သော​ပ​ဋိ​ညာဉ်​တ​ရား​ကို ဣ​သ​ရေ​လ​အ​မျိုး​နှင့် ယု​ဒ​အ​မျိုး​သား​တို့​သည် ဖျက်​ကြ​ပြီ။ 11သို့​ဖြစ်၍၊ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ သူ​တို့​မ​လွတ်​နိုင်​သော ဘေး​အ​န္တ​ရာယ်​ကို သူ​တို့​အ​ပေါ်၌ ငါ​သက်​ရောက်​စေ​မည်။ သူ​တို့​သည် ငါ့​ကို​အော်​ဟစ်​သော်​လည်း၊ ငါ​နား​မ​ထောင်​ဘဲ​နေ​မည်။ 12ထို​အ​ခါ ယု​ဒ​မြို့​သူ​ရွာ​သား​နှင့် ယေ​ရု​ရှ​လင်​မြို့​သား​တို့​သည် နံ့​သာ​ပေါင်း​ကို မီး​ရှို့၍၊ ပူ​ဇော်​ဖူး​သော ဘု​ရား​များ​ထံ​သို့​သွား၍ အော်​ဟစ်​သော်​လည်း၊ ဘေး​ရောက်​ရာ​ကာ​လ၌ ထို​ဘု​ရား​တို့​သည် အ​လျှင်း​ချမ်း​သာ​မ​ပေး​ဘဲ​နေ​ကြ​လိမ့်​မည်။ 13အို ယု​ဒ​ပြည်၊ သင်​သည် မြို့​များ​အ​ရေ​အ​တွက်​ရှိ​သည်​အ​တိုင်း၊ သင်၏​ဘု​ရား​များ​ရှိ​ပါ​သည်​တ​ကား။ ယေ​ရု​ရှ​လင်​မြို့​လမ်း​များ အ​ရေ​အ​တွက် ရှိ​သည်​အ​တိုင်း၊ ရှက်​ဖွယ်​သော​ရုပ်​တု​အ​ဖို့ ယဇ်​ပ​လ္လင်​များ၊ ဗာ​လ​ဘု​ရား​ရှေ့​မှာ နံ့​သာ​ပေါင်း​ရှို့​ရာ ယဇ်​ပ​လ္လင်​များ​ကို တည်​ကြ​ပြီ။ 14သို့​ဖြစ်၍ သင်​သည် ဤ​လူ​မျိုး​အ​ဖို့ ပ​တ္ထ​နာ​မ​ပြု​နှင့်။ သူ​တို့​အ​ဖို့ အော်​ဟစ်​ခြင်း၊ ဆု​တောင်း​ခြင်း​ကို မ​ပြု​နှင့်။ ဘေး​ရောက်​သည်​ကာ​လ၊ သူ​တို့ အော်​ဟစ်​သော​စ​ကား​ကို ငါ​နား​မ​ထောင်။ 15ငါ​ချစ်​သော​အစ်​မ​သည် များ​စွာ​သော​သူ​တို့​နှင့် မ​တ​ရား​သ​ဖြင့် ပေါင်း​ဖော်၍၊ ဆိုး​ညစ်​စဉ်​တွင်၊ ငါ့​အိမ်​နှင့် အ​ဘယ်​သို့​ဆိုင်​သ​နည်း။ သင်​သည် သန့်​ရှင်း​သော​အ​မဲ​သား​ကို မ​ပူ​ဇော်​ရ။ ဒု​စ​ရိုက်​ကို ပြု​စဉ်​တွင်​ပင်၊ ဝမ်း​မြောက်​ပါ​သည်​တ​ကား၊ 16စိမ်း​လန်း​လှ​ပ၍ ကောင်း​သော​အ​သီး​ကို သီး​သော​သံ​လွင်​ပင်​ဟု၊ သင့်​ကို ထာ​ဝ​ရ​ဘု​ရား သ​မုတ်​တော်​မူ​၏။ ကြီး​သော​အ​သံ​ဗ​လံ​နှင့် ထို​အ​ပင်​ကို မီး​ရှို့​တော်​မူ၍၊ အ​ခက်​အ​လက်​တို့​သည် ကျွမ်း​လောင်​ကြ​၏။ 17ဣ​သ​ရေ​လ​အ​မျိုး​နှင့် ယု​ဒ​အ​မျိုး​သား​တို့​သည် ဗာ​လ​ဘု​ရား​ရှေ့​မှာ နံ့​သာ​ပေါင်း​ကို​မီး​ရှို့၍၊ ငါ့​အ​မျက်​ကို နှိုး​ဆော်​ခြင်း​ငှာ မိ​မိ​တို့​အ​ဖို့ မ​ကောင်း​သော​အ​မှု​ကို ပြု​သော​ကြောင့်၊ သင့်​ကို​စိုက်​တော်​မူ​သော ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည်၊ သင်၌ အ​မှု​ရောက်​မည်​အ​ကြောင်း မိန့်​တော်​မူ​ပြီ။
ယေ​ရ​မိ​အသက်ကိုရန်ရှာခြင်း
18ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား ဗျာ​ဒိတ်​ပေး​တော်​မူ​သော​ကြောင့် ငါ​သိ​ရ၏။ သူ​တို့​ပြု​သော အ​မှု​များ​ကို ကိုယ်​တော်​သည် ပြ​တော်​မူ​ပြီ။ 19အ​သေ​သတ်​ခြင်း​ငှာ​ဆောင်​သွား​သော သိုး​သ​ငယ်​ယဉ်​ကဲ့​သို့ ငါ​ဖြစ်၏။ သူ​တို့​က၊ သူ၏​နာ​မ​ကို ရှင်း​ရှင်း​ပျောက်​စေ​ခြင်း​ငှာ၊ အ​သီး​အ​ကင်း​နှင့်​တ​ကွ အ​ပင်​ကို​ရှင်း​ရှင်း​ဖျက်၍၊ အ​သက်​ရှင်​သော​သူ​တို့၏​နေ​ရာ​မှ သူ့​ကို ပယ်​ဖြတ်​ကြ​ကုန်​အံ့​ဟု၊ ငါ့​တစ်​ဖက်၌ မ​ကောင်း​သော​အ​ကြံ​နှင့် ကြံ​စည်​ကြောင်း​ကို ငါ​မ​သိ။ 20နှ​လုံး​ကျောက်​ကပ်​ကို​စစ်​ကြော၍၊ တ​ရား​သ​ဖြင့် စီ​ရင်​တော်​မူ​သော ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် ထို​သူ​တို့​အား​အ​ပြစ်​ပေး​တော်​မူ​ကြောင်း​ကို အ​ကျွန်ုပ်​မြင်​လို​ပါ၏။ အ​ကျွန်ုပ်​အ​မှု​ကို ကိုယ်​တော်​အား ကြား​လျှောက်​ပါ​ပြီ။ 21ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ အာ​န​သုတ်​မြို့​သား​တို့​က၊ သင်​သည် ငါ​တို့​လက်​ဖြင့် မ​သေ​ရ​မည်​အ​ကြောင်း၊ ထာ​ဝ​ရ​ဘု​ရား၏ နာ​မ​တော်​အား​ဖြင့် ပ​ရော​ဖက်​မ​ပြု​နှင့်​ဟု​ဆို​လျက်၊ သင်၏​အ​သက်​ကို​ရှာ​ကြ​သော​ကြောင့်၊ 22ငါ​သည်​သူ​တို့​ကို စစ်​ကြော​သ​ဖြင့်၊ လူ​ပျို​တို့​သည် ဓား​ဖြင့်​သေ​ကြ​လိမ့်​မည်။ သား​သ​မီး​တို့​သည်​ငတ်​မွတ်၍ သေ​ကြ​လိမ့်​မည်။ 23တစ်​စုံ​တစ်​ယောက်​မျှ မ​ကြွင်း​ရ။ ထို​သို့ စစ်​ကြော​ရာ​ကာ​လ​တည်း​ဟူ​သော ဘေး​ဥ​ပဒ်​ကို အာ​န​သုတ်​မြို့​သား​တို့​အ​ပေါ်​သို့ ငါ​သက်​ရောက်​စေ​မည်​ဟု၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။

Currently Selected:

ယေရမိ 11: JBMLE

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in