YouVersion Logo
Search Icon

ယေရမိ 10

10
စစ်​မှန်​သော​ဘု​ရား​နှင့်​မှား​ယွင်း​သော​ဘု​ရား
1အို ဣ​သ​ရေ​လ အ​မျိုး​သား​တို့၊ သင်​တို့​အား ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား​ကို နား​ထောင်​ကြ​လော့။ 2ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သာ​သ​နာ​ပ​လူ​တို့၏​ဘာ​သာ​ဓ​လေ့၌ မ​ကျင်​လည်​ကြ​နှင့်။ သာ​သ​နာ​ပ​လူ​တို့ ထိတ်​လန့်​ကြောက်​တတ်​သော မိုး​ကောင်း​ကင်​နိ​မိတ်​တို့​မှ မ​ထိတ်​လန့် မ​ကြောက်​ကြ​နှင့်။ 3လူ​အ​မျိုး​မျိုး​ကျင့်​သော အ​ကျင့်​ဓ​လေ့​တို့​သည် အ​ချည်း​နှီး​ဖြစ်​ကြ၏။ အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ သူ​တို့​သည် တော၌ သစ်​ပင်​ကို​ခုတ်​လှဲ၍၊ ပု​ဆိန်​နှင့်​လုပ်​တတ်​သော လက်​သ​မား၏ လက်​လုပ်​ရာ​ဖြစ်​သော​အ​ရာ​ကို၊ 4ရွှေ​ငွေ​နှင့် လှ​ပ​စွာ ချယ်​လှယ်​ပြီး​လျှင်၊ မ​လှုပ်​ရှား​စေ​ခြင်း​ငှာ သံ​ချွန်​ကို တူ​နှင့်​ရိုက်​ထား​ကြ၏။ 5သူ​သည် စွန်​ပ​လွံ​ပင်​ကဲ့​သို့ ခိုင်​မာ၍ စ​ကား​မ​ပြော​တတ်။ မိ​မိ​အ​လို​အ​လျောက်​မ​သွား​နိုင်​သော​ကြောင့်၊ ထမ်း၍​သွား​ရ၏။ ထို​အ​ရာ​တို့​ကို မ​ကြောက်​ကြ​နှင့်။ အ​န္တ​ရာယ်​ကို မ​ပြု​နိုင်။ ကျေး​ဇူး​ကို​လည်း မ​ပြု​နိုင်။
6အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​နှင့် အ​ဘယ်​သူ​မျှ မ​တူ​ပါ။ ကိုယ်​တော်​သည် ကြီး​မြတ်​တော်​မူ၏။ နာ​မ​တော်​သည်​လည်း၊ တန်​ခိုး​တော်​အား​ဖြင့် ကြီး​မြတ်​တော်​မူ၏။ 7အို လူ​အ​မျိုး​မျိုး​တို့၏ ဘု​ရင်၊ ကိုယ်​တော်​ကို ကြောက်​သင့်​သည် ဖြစ်၍၊ အ​ဘယ်​သူ​သည် မ​ကြောက်​ဘဲ​နေ​ရ​ပါ​မည်​နည်း။ အ​မျိုး​မျိုး​သော ပ​ညာ​ရှိ​အ​ပေါင်း​တို့၌​လည်း​ကောင်း၊ ခပ်​သိမ်း​သော တိုင်း​နိုင်​ငံ​တို့၌​လည်း​ကောင်း ကိုယ်​တော်​နှင့် တူ​သော​သူ တစ်​စုံ​တစ်​ယောက်​မျှ​မ​ရှိ​ပါ။#ဗျာ၊ ၁၅:၄။ 8သူ​တို့​သည် တစ်​လုံး​တစ်​ဝ​တည်း တိ​ရ​စ္ဆာန်​သ​ဘော​နှင့် မိုက်​သော​သ​ဘော​ရှိ​ကြ၏။ သစ်​သား​သော်​လည်း မိုက်​သော​အ​ယူ​ကို ဆုံး​မ​တတ်၏။ 9ထု​လုပ်​တတ်​သော​သူ၊ သွန်း​တတ်​သော​သူ၏ လက်​လုပ်​ရာ​ငွေ​ပြား​ကို တာ​ရှု​မြို့​မှ​လည်း​ကောင်း၊ ရွှေ​ကို​လည်း ဥ​ဖတ်​မြို့​မှ​လည်း​ကောင်း ဆောင်​ခဲ့​တတ်၏။ ပြာ​သော​အ​ထည်၊ မောင်း​သော​အ​ထည်​နှင့် ခြုံ​တတ်၏။ လိ​မ္မာ​သော​သူ လုပ်​ရာ​သက်​သက်​ဖြစ်​သ​တည်း။ 10ထာ​ဝ​ရ​ဘု​ရား​မူ​ကား၊ မှန်​သော​ဘု​ရား၊ အ​သက်​ရှင်​သော​ဘု​ရား၊ နိ​စ္စ​ထာ​ဝ​ရ​ဘု​ရင်​ဖြစ်​တော်​မူ၏။ အ​မျက်​တော်​ထွက်​လျှင် မြေ​ကြီး​တုန်​လှုပ်​ရ၏။ လူ​အ​မျိုး​မျိုး​တို့​သည် အ​မျက်​တော်​ကို​မ​ခံ​နိုင်​ကြ။ 11သာ​သ​နာ​ပ​လူ​တို့​အား ပြော​ရ​သော​စ​ကား​ဟူ​မူ​ကား၊ ကောင်း​ကင်​နှင့်​မြေ​ကြီး​ကို မ​ဖန်​ဆင်း​သော​ဘု​ရား​တို့​သည် ဤ​ကောင်း​ကင်​အောက်၊ ဤ​မြေ​ကြီး​ပြင်​မှ ကွယ်​ပျောက်​ကြ​လိမ့်​မည်။
ဘု​ရား​သ​ခင်​အား​ချီး​မွမ်း​သီ​ချင်း
12ထာ​ဝ​ရ​ဘု​ရား​သည် တန်​ခိုး​တော်​အား​ဖြင့် မြေ​ကြီး​ကို​ဖန်​ဆင်း​တော်​မူ​ပြီ။ ပ​ညာ​တော်​အား​ဖြင့် လော​က​ဓာတ်​ကို တည်​တော်​မူ​ပြီ။ ဉာဏ်​တော်​အား​ဖြင့် မိုး​ကောင်း​ကင်​ကို​ကြက်​တော်​မူ​ပြီ။ 13အ​သံ​တော်​ကို​လွှတ်​တော်​မူ​သော​အ​ခါ၊ မိုး​ရေ​အ​သံ​ဗ​လံ ဖြစ်​တတ်၏။ မြေ​ကြီး​စွန်း​မှ မိုး​တိမ်​ကို တက်​စေ​တော်​မူ၏။ မိုး​ရွာ​သည်​နှင့် လျှပ်​စစ်​ပြက်​စေ​တော်​မူ၏။ လေ​ကို​လည်း၊ ဘ​ဏ္ဍာ​တော်​တိုက်​ထဲ​က ထုတ်​တော်​မူ၏။ 14လူ​မည်​သည်​ကား၊ မိ​မိ​ဉာဏ်​အား​ဖြင့် တိ​ရ​စ္ဆာန်​ကဲ့​သို့ ဖြစ်၏။ ရုပ်​တု​ကို သွန်း​သော​သူ​တိုင်း မိ​မိ​လုပ်​သော ရုပ်​တု​အား​ဖြင့် မှောက်​မှား​လျက်​ရှိ၏။ အ​ကြောင်း​မူ​ကား၊ သွန်း​သော​ရုပ်​တု​သည် မု​သား​ဖြစ်၏။ သူ၌​လည်း ထွက်​သက်​ဝင်​သက် မ​ရှိ။ 15ထို​သို့​သော​အ​ရာ​တို့​သည် အ​ချည်း​နှီး​သက်​သက်​ဖြစ်​ကြ၏။ လှည့်​စား​သော​အ​ရာ​လည်း ဖြစ်​ကြ၏။ စစ်​ကြော​ခြင်း​ကို​ခံ​ရ​သည်​ကာ​လ၌ ကွယ်​ပျောက်​ကြ​လိမ့်​မည်။ 16ယာ​ကုပ်​အ​မျိုး၏​အ​ဖို့​သည် ထို​သို့​သော​အ​ရာ​နှင့် တူ​တော်​မ​မူ။ ခပ်​သိမ်း​သော​အ​ရာ​တို့​ကို ဖန်​ဆင်း​သော​ဘု​ရား ဖြစ်​တော်​မူ၏။ ဣ​သ​ရေ​လ​အ​မျိုး​သည် အ​မွေ​ခံ​တော်​မူ​ရာ​ဖြစ်၏။ နာ​မ​တော်​သည် ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​ပေ​တည်း။
ကျ​ရောက်​လာ​မ​ည့်​ပြည်​နှင်​ဒဏ်
17အို ရဲ​တိုက်၌​နေ​သော​သူ၊ မြေ​ပေါ်​မှာ​ရှိ​သော သင်၏​ဥ​စ္စာ​ပ​ရိ​ကံ​များ​ကို စု​သိမ်း​လော့။ 18ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ယ​ခု​ပင်​ငါ​သည် လောက်​လွှဲ​စာ​ကို​ပစ်​သ​ကဲ့​သို့၊ ပြည်​သား​များ​ကို လောက်​လွှဲ​ထဲ​က​ပစ်၍၊ ရန်​သူ​တို့​လက်​သို့ ရောက်​စေ​ခြင်း​ငှာ ညှဉ်း​ဆဲ​မည်​ဟု မိန့်​တော်​မူ၏။
19ငါ​သည် ချိုး​ဖျက်​ခြင်း​ကို ခံ​ရ​သော​ကြောင့် အ​မင်္ဂ​လာ​ရှိ၏။ ငါ့​အ​နာ​ပြင်း​လှ၏။ သို့​သော်​လည်း၊ ငါ​တွေ့​သော ဤ​ဒု​က္ခ​ဝေ​ဒ​နာ​ကို ဆက်​ဆက်​ခံ​ရ​မည်​ဟု ငါ​ဆို၏။ 20ငါ့​တဲ​လည်း​ပျက်၏။ ငါ့​ကြိုး​ရှိ​သ​မျှ​တို့​လည်း ပြတ်​ကြ၏။ ငါ့​သား​တို့​လည်း ငါ့​ထံ​မှ​ထွက်​သွား၍ ပျောက်​ကြ၏။ နောက်​တစ်​ဖန် ငါ့​တဲ​ကို ဆောက်​ရ​သော​သူ၊ ငါ့​ကု​လား​ကာ​တို့​ကို ဆွဲ​ကာ​ရ​သော​သူ မ​ရှိ။ 21အ​ကြောင်း​မူ​ကား၊ သိုး​ထိန်း​တို့​သည် တိ​ရ​စ္ဆာန်​သ​ဘော​ရှိ၍၊ ထာ​ဝ​ရ​ဘု​ရား​ကို​မ​ရှာ​ဖွေ​သော​ကြောင့် အ​ကြံ​မ​မြောက်​ရ​ကြ။ သိုး​စု​အ​ပေါင်း​တို့​သည် အ​ရပ်​ရပ်​သို့ ကွဲ​ပြား​ရ​ကြ၏။ 22အ​သံ​ကို ကြား​ရ၏။ အ​နီး​သို့​လာ၏။ ယု​ဒ​မြို့​တို့​ကို ဖျက်​ဆီး၍၊ မြေ​ခွေး​နေ​ရာ​တွင်း​ဖြစ်​စေ​ခြင်း​ငှာ၊ ကြီး​သော အ​သံ​ဗ​လံ​သည် မြောက်​မျက်​နှာ​က​လာ၏။
23အို​ထာ​ဝ​ရ​ဘု​ရား၊ လူ​သည် မိ​မိ​သွား​ရာ​လမ်း​ကို အ​စိုး​မ​ရ။ သွား​စဉ်​အ​ခါ မိ​မိ​ခြေ​ရာ​တို့​ကို မ​စီ​ရင်​တတ်​သည်​ကို အ​ကျွန်ုပ်​သိ​ပါ၏။ 24အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​ကို​ဆုံး​မ​တော်​မူ​လျှင်၊ အ​ကျိုး​နည်း​စေ​ခြင်း​ငှာ အ​မျက်​ထွက်​တော်​မ​မူ​ပါ​နှင့်။ တ​ရား​တော်​အ​တိုင်း​သာ ဆုံး​မ​တော်​မူ​ပါ။ 25ကိုယ်​တော်​ကို​မ​သိ​သော တစ်​ပါး​အ​မျိုး​သား​တို့ အ​ပေါ်​သို့​လည်း​ကောင်း၊ နာ​မ​တော်​ကို ပ​တ္ထ​နာ​မ​ပြု​သော အ​မျိုး​အ​နွယ်​တို့ အ​ပေါ်​သို့​လည်း​ကောင်း အ​မျက်​တော်​ကို သွန်း​လောင်း​တော်​မူ​ပါ။ အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် ယာ​ကုပ်​အ​မျိုး​ကို အ​ကုန်​အ​စင်​ကိုက်​စား၍၊ သူ၏​နေ​ရာ​ကို သုတ်​သင်​ပယ်​ရှား​ကြ​ပါ​ပြီ။

Currently Selected:

ယေရမိ 10: JBMLE

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in