YouVersion Logo
Search Icon

ယေရမိ 9

9
1ငါ၏​လူ​မျိုး​သ​တို့​သ​မီး​နှင့်​ဆိုင်​သော အ​သေ​ကောင်​များ​အ​တွက်၊ ငါ​သည်​နေ့​ည​မ​ပြတ် ငို​ရ​မည်​အ​ကြောင်း၊ ငါ့​ဦး​ခေါင်း​သည် ရေ​သက်​သက်၊ ငါ့​မျက်​စိ​တို့​သည် မျက်​ရည်​ထွက်​သော​စမ်း​ဖြစ်​ပါ​စေ​သော။
2ငါ​သည် ငါ၏​လူ​မျိုး​ကို​စွန့်၍ ထွက်​သွား​နိုင်​အောင် တော၌ တဲ​စ​ခန်း​ရှိ​ပါ​စေ​သော။ အ​ကြောင်း​မူ​ကား၊ ထို​သူ​အ​ပေါင်း​တို့​သည် သူ့​မ​ယား​ကို ပြစ်​မှား​သော​သူ၊ သ​စ္စာ​ပျက်​သော အ​စည်း​အ​ဝေး​ဖြစ်​ကြ၏။ 3သူ​တို့​သည် မိ​မိ​တို့​လျှာ​တည်း​ဟူ​သော လေး​ကို မု​သား​နှင့်​တင်​ကြ၏။ သ​စ္စာ​တ​ရား​ကို အ​မှီ​မ​ပြု​ဘဲ မြေ​ကြီး​ပေါ်​မှာ လူ​ကြီး​ဖြစ်​ကြ၏။ အ​ကယ်​စင်​စစ် ဆိုး​သော​အ​မှု​အ​ပေါ်​မှာ ဆိုး​သော​အ​မှု​ကို ထပ်၍​ပြု​ကြ၏။ ငါ့​ကို​လည်း မ​သိ​မ​မှတ်​ကြ​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ 4လူ​တိုင်း မိ​မိ​အ​ပေါင်း​အ​ဖော်​ကို သ​တိ​ပြု​လော့။ မိ​မိ​ညီ​အစ်​ကို​ကို မ​ယုံ​ကြ​နှင့်။ ညီ​အစ်​ကို​တိုင်း မိ​မိ​ညီ​အစ်​ကို​အ​ရာ​ကို ဆက်​ဆက်​လု​ယူ​မည်။ အ​ပေါင်း​အ​ဖော်​ရှိ​သ​မျှ​တို့​သည် သူ့​အ​သ​ရေ​ကို ဖျက်​မြဲ​ဖျက်​ကြ​လိမ့်​မည်။ 5အ​ပေါင်း​အ​ဖော်​ရှိ​သ​မျှ​တို့​သည် တစ်​ယောက်​ကို​တစ်​ယောက် လှည့်​စား​ကြ​လိမ့်​မည်။ သ​စ္စာ​စ​ကား​ကို မ​ပြော​ဘဲ မု​သား​စ​ကား​ကို ပြော​ခြင်း​ငှာ မိ​မိ​တို့​လျှာ​ကို သွန်​သင်​ကြ​ပြီ။ မ​တ​ရား​သော​အ​မှု​ကို ပြု​သော​အား​ဖြင့် ကိုယ်​ကို​ကိုယ် ပင်​ပန်း​စေ​ကြ​ပြီ။ 6သင်၏​နေ​ရာ​သည် မု​သား​အ​ရပ်​၌​ရှိ၏။ အ​ရပ်​သား​တို့​သည် မု​သား​ကြောင့် ငါ့​ကို​မ​သိ​လို​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ 7သို့​ဖြစ်၍၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​သည် သူ​တို့​ကို​အ​ရည်​ကျို၍​စုံ​စမ်း​မည်။ သို့​မ​ဟုတ်၊ ငါ၏​လူ​မျိုး​သ​တို့​သ​မီး၌ အ​ဘယ်​သို့ ငါ​ပြု​ရ​မည်​နည်း။ 8သူ​တို့​လျှာ​သည် သေ​စေ​တတ်​သော​မြား ဖြစ်၏။ ပ​ရိ​ယာယ်​စ​ကား​ကို ပြော​တတ်၏။ အ​ပေါင်း​အ​ဖော်​ချင်း​တို့​သည် နှုတ်​ဖြင့် လော​က​ဝတ်​စ​ကား​ကို​ပြော၍၊ နှ​လုံး​ဖြင့် ချောင်း​မြောင်း​တတ်​ကြ၏။ 9ထို​သို့​သော​အ​ပြစ်​တို့​ကို ငါ​မ​စစ်​ကြော​ဘဲ​နေ​ရ​မည်​လော။ ထို​သို့​သော အ​မျိုး​ကို​ဒဏ်​ပေး၍၊ ငါ့​စိတ်​ချင်​ရဲ မ​ပြေ​ဘဲ​နေ​ရ​မည်​လော​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။
10တောင်​များ၊ လွင်​ပြင်​များ​တို့​အ​တွက် ငါ​သည် ငို​ကြွေး​မြည်​တမ်း​ခြင်း​ကို ပြု​ရ​မည်။ ထို​အ​ရပ်​တို့၌ မီး​လောင်​သော​ကြောင့်၊ လူ​သည် မ​လျှောက်​မ​သွား​ရ။ သိုး​နွား မြည်​သံ​ကို မ​ကြား​ရ။ မိုး​ကောင်း​ကင်​ငှက်​နှင့် သား​ရဲ​တို့​သည် ထွက်​ပြေး​ရ​ကြ​ပြီ။
11ငါ​သည် ယေ​ရု​ရှ​လင်​မြို့​ကို အ​မှိုက်​ပုံ၊ မြေ​ခွေး​နေ​ရာ​တွင်း ဖြစ်​စေ​မည်။ ယု​ဒ​မြို့​ရွာ​တို့​ကို​လည်း၊ လူ​ဆိတ်​ညံ​ရာ​အ​ရပ် ဖြစ်​စေ​မည်။ 12ဤ​အ​မှု​ကို နား​လည်​နိုင်​သော ပ​ညာ​ရှိ​ကား၊ အ​ဘယ်​သူ​နည်း။ ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​တော်​ထွက်​ကို​ခံ၍၊ ဤ​အ​မှု၏​အ​ကြောင်း​ကို ပြော​နိုင်​သော​သူ​ကား၊ အ​ဘယ်​သူ​နည်း။ အ​ဘယ်​သူ​မျှ လျှောက်၍​မ​သွား​နိုင်​အောင်၊ တစ်​ပြည်​လုံး​သည် တော​ကဲ့​သို့​မီး​လောင်၍၊ အ​ဘယ်​ကြောင့် ပျက်​စီး​သ​နည်း။ 13ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သူ​တို့​သည် ငါ့​စ​ကား​ကို နား​မ​ထောင်၊ သူ​တို့၌ ငါ​ပေး​သော​တ​ရား​ကို မ​ကျင့်​မ​စောင့်​ဘဲ စွန့်​ပစ်၍၊ 14မိ​မိ​တို့​စိတ်​နှ​လုံး ခိုင်​မာ​ခြင်း​သို့​လည်း​ကောင်း၊ မိ​ရိုး​ဖ​လာ​အ​တိုင်း ဗာ​လ​ဘု​ရား​တို့ နောက်​သို့​လည်း​ကောင်း လိုက်​ကြ​သော​ကြောင့်၊ 15ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သူ​တို့​ကို ဒေါ​န​နှင့် ငါ​ကျွေး​မည်။ ဆေး​ခါး​နှင့်​ရော​သော ရေ​ကို​တိုက်​မည်။ 16သူ​တို့​မ​သိ၊ ဘိုး​ဘေး​မ​သိ​ဖူး​သော​လူ​မျိုး​တို့​တွင် အ​ရပ်​ရပ်၌​ကွဲ​ပြား​စေ​မည်။ ရှင်း​ရှင်း​မ​ဖျက်​ဆီး​မီ​တိုင်​အောင်၊ သူ​တို့​နောက်​သို့ ဓား​ဘေး​ကို စေ​လွှတ်​မည်။
စီ​ရင်​ခြင်း​အ​တွက်​မြည်​တမ်း​ခြင်း
17ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ဆင်​ခြင်​ကြ​လော့၊ ငို​ခြင်း​သည်​မ​တို့​ကို ခေါ်၍​လာ​ကြ​စေ။ လိ​မ္မာ​သော​မိန်း​မ​တို့​ရှိ​ရာ​သို့ စေ​လွှတ်၍ လာ​ကြ​စေ။ 18ငါ​တို့​သည် မျက်​ရည်​ကျ၍၊ မျက်​ခမ်း​ထဲ​က​တွေ​တွေ စီး​ထွက်​စေ​ခြင်း​ငှာ၊ ထို​မိန်း​မ​တို့​သည် အ​လျင်​အ​မြန်​ပြု၍၊ ငါ​တို့​အ​တွက် ငို​ကြွေး​ခြင်း​ကို ပြု​ကြ​စေ။ 19နား​ထောင်​ကြ။ ဇိ​အုန်​မြို့၌​ကြား​ရ​သော ငို​ကြွေး​သံ​ဟူ​မူ​ကား၊ ငါ​တို့​သည် အ​ဘယ်​မျှ​လောက် လု​ယူ​ဖျက်​ဆီး​ခြင်း​ကို ခံ​ရ​သည်​တ​ကား။ သူ​တစ်​ပါး​တို့​သည် ငါ​တို့​နေ​ရာ​များ​ကို​ဖြို​ချ​သော​ကြောင့်၊ ငါ​တို့​သည် ကိုယ်​ပြည်​ကို​စွန့်၍ အ​လွန် မိန်း​မော​တွေ​ဝေ​ကြ​သည်​တ​ကား။ 20အို​မိန်း​မ​တို့၊ ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​ကို နား​ထောင်၍၊ နှုတ်​တော်​ထွက်​ကို နာ​ယူ​ကြ​လော့။ သင်​တို့၏​သ​မီး​တို့​အား ငို​ကြွေး​ခြင်း​ကို​လည်း​ကောင်း၊ အ​သီး​အ​သီး အ​ပေါင်း​အ​ဖော်​တို့​အား မြည်​တမ်း​ခြင်း​ကို​လည်း​ကောင်း သွန်​သင်​ကြ​လော့။ 21သေ​မင်း​သည် ငါ​တို့​ပြတင်း​ပေါက်​သို့​တက်၍၊ ငါ​တို့ ဘုံ​ဗိ​မာန်​ထဲ​သို့​ဝင်​သ​ဖြင့်၊ သူ​ငယ်​များ​ကို လမ်း​မှ​ပယ်​ရှင်း၍၊ လူ​ပျို​များ​ကို ပွဲ​သ​ဘင်​ထဲ​က ဖျက်​ဆီး​လေ​ပြီ။ 22ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ လူ​သေ​ကောင်​တို့​သည် လယ်​ပြင်၌ နောက်​ချေး​ကဲ့​သို့​လည်း​ကောင်း၊ သိမ်း​သူ​မ​ရှိ၊ ရိတ်​သော​သူ​နောက်​မှာ ကျန်​ရစ်​သော​ကောက်​လှိုင်း​ကဲ့​သို့​လည်း​ကောင်း ကျ​နေ​ကြ​လိမ့်​မည်​ဟု ကြား​ပြော​လော့။
23ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ပ​ညာ​ရှိ​သော​သူ​သည် မိ​မိ​ပ​ညာ၌ မ​ဝါ​ကြွား​စေ​နှင့်။ ခွန်​အား​ကြီး​သော​သူ​သည် မိ​မိ​ခွန်​အား၌ မ​ဝါ​ကြွား​စေ​နှင့်။ ဥ​စ္စာ​ရ​တတ်​သော​သူ​သည် မိ​မိ​ဥ​စ္စာ၌ မ​ဝါ​ကြွား​စေ​နှင့်။ 24ဝါ​ကြွား​သော​သူ မည်​သည်​ကား၊ ငါ​သည် မြေ​ကြီး​ပေါ်​မှာ ချစ်​သ​နား​ခြင်း၊ တ​ရား​သ​ဖြင့် စီ​ရင်​ခြင်း၊ ဖြောင့်​မတ်​ခြင်း​ကို ပြု​သော ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​တည်း​ဟူ​သော၊ ငါ့​သ​ဘော​ကို သိ​နား​လည်​ခြင်း၌​သာ ဝါ​ကြွား​စေ။ ငါ​သည် ထို​အ​ရာ​တို့၌ မွေ့​လျော်​သည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။#၁​ကော၊ ၁:၃၁။ ၂​ကော၊ ၁၀:၁၇။
25ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ အ​ရေ​ဖျား​လှီး​ခြင်း​ကို ခံ​သော​သူ၊ အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော​သူ၊ 26အဲ​ဂု​တ္တု​လူ၊ ယု​ဒ​လူ၊ ဧ​ဒုံ​လူ၊ အ​မ္မုန်​အ​မျိုး​သား၊ မော​ဘ​အ​မျိုး​သား၊ ပါး​မုန်း​ကို​ရိတ်​တတ်​သော​လူ​မျိုး၊ တော၌​နေ​သော​သူ​အ​ပေါင်း​တို့​ကို ငါ​ဆုံး​မ​ရ​သော အ​ချိန်​ကာ​လ​ရောက်​လိမ့်​မည်။ တစ်​ပါး​အ​မျိုး​သား​အ​ပေါင်း​တို့​သည် အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော​သူ​ဖြစ်​ကြ၏။ ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​သည်​လည်း၊ စိတ်​နှ​လုံး​အား​ဖြင့် အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော​သူ​ဖြစ်​ကြ၏။

Currently Selected:

ယေရမိ 9: JBMLE

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in