YouVersion Logo
Search Icon

ယေရမိ 12

12
ထာ​ဝ​ရ​ဘု​ရား​ကို​ယေ​ရ​မိ​မေး​မြန်း​ခြင်း
1အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည် ကိုယ်​တော်​နှင့် တ​ရား​စ​ကား​ကို​ဆွေး​နွေး​သော​အ​ခါ၊ ကိုယ်​တော်​သည် တ​ရား​တော်​မူ၏။ သို့​သော်​လည်း၊ စစ်​ကြော​စီ​ရင်​တော်​မူ​ခြင်း​အ​ကြောင်း​ကို မေး​လျှောက်​ပါ​မည်။ မ​တ​ရား​သော​သူ​တို့​သည် အ​ဘယ်​ကြောင့် အ​ကြံ​မြောက်​ရ​ကြ​ပါ​သ​နည်း။ အ​လွန်​သ​စ္စာ​ပျက်​သော သူ​အ​ပေါင်း​တို့​သည် အ​ဘယ်​ကြောင့် ချမ်း​သာ​ရ​ကြ​ပါ​သ​နည်း။ 2ကိုယ်​တော်​သည် သူ​တို့​ကို စိုက်​တော်​မူ​သ​ဖြင့်၊ သူ​တို့​သည် အ​မြစ်​ကျ၍​ကြီး​ပွား​လျက် အ​သီး​ကို သီး​ကြ​ပါ၏။ ကိုယ်​တော်​သည် သူ​တို့​နှုတ်​နှင့် နီး၍ နှ​လုံး​နှင့် ဝေး​တော်​မူ၏။ 3အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို သိ​မြင်​တော်​မူ၏။ အ​ကျွန်ုပ်​သည် ကိုယ်​တော်​နှင့် သ​ဘော​တူ​ကြောင်း​ကို စစ်​ကြော​တော်​မူ​ပြီ။ သိုး​တို့​ကို ထုတ်​သ​ကဲ့​သို့၊ ထို​မ​တ​ရား​သော​သူ​တို့​ကို အ​သေ​သတ်​ခြင်း​ငှာ ဆွဲ​ထုတ်​တော်​မူ​ပါ။ သတ်​ရ​သော​နေ့​အ​ဖို့ ပြင်​ဆင်​တော်​မူ​ပါ။ 4ပြည်​သား​များ​ပြု​သော ဒု​စ​ရိုက်​အ​ပြစ်​ကြောင့်၊ ပြည်​သည် အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး မြည်​တမ်း​ရ​ပါ​အံ့​နည်း။ အ​ရပ်​ရပ်​တို့၌​ရှိ​သော မြက်​ပင်​သည် အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး ညှိုး​နွမ်း​ရ​ပါ​အံ့​နည်း။ ငါ​တို့​ခံ​ရ​သော​အ​ကျိုး​အ​ပြစ် ကို ဘု​ရား​သ​ခင် မ​သိ​မ​မြင်​ဟု ပြည်​သား​များ ဆို​သော​ကြောင့်၊ သား​များ​နှင့် ငှက်​များ​တို့​သည် ပျောက်​ပျက်​ကြ​ပါ​ပြီ။
5သင်​သည် ခြေ​သည်​တို့​နှင့် ပြိုင်​ပြေး၍​မော​လျှင် မြင်း​တို့​နှင့် အ​ဘယ်​သို့​ပြိုင်​နိုင်​မည်​နည်း။ စိုး​ရိမ်​ခြင်း​မ​ရှိ၊ ငြိမ်​ဝပ်​စွာ​နေ​ရ​သော​ပြည်၌ မော​လျှင်၊ ယော်​ဒန်​မြစ်၏​ဂုဏ်​အ​သ​ရေ​ထဲ​မှာ အ​ဘယ်​သို့​ပြု​လိမ့်​မည်​နည်း။ 6သင်၏​ညီ​အစ်​ကို၊ အ​ဘ၏​အိမ်​သူ​အိမ်​သား​တို့​ပင် သင့်​ကို​သ​စ္စာ​ဖျက်၍၊ သင့်​နောက်​သို့ အော်​ဟစ်​လျက် လိုက်​ကြ၏။ သူ​တို့​သည် ကောင်း​သော​စ​ကား​ကို ပြော​သော်​လည်း​မ​ယုံ​နှင့်။
လူ​မျိုး​တော်​အ​တွက်​ဝမ်း​နည်း​ခြင်း
7ငါ​သည် ကိုယ်​အိမ်​ကို​စွန့်၍၊ ကိုယ်​အ​မွေ​ကို​ပစ်​ထား​ပြီ။ ငါ​အ​လွန်​ချစ်​သော​အစ်​မ​ကို သူ၏​ရန်​သူ​လက်​သို့ အပ်​နှံ​ပြီ။ 8ငါ့​အ​မွေ​သည် တော၌​တွေ့​သော​ခြင်္သေ့​ကဲ့​သို့ ငါ့​အား​ဖြစ်၍၊ ငါ့​ကို​ဟောက်​သော​ကြောင့် ငါ​မုန်း​လေ၏။ 9ငါ့​အ​မွေ​သည် ဇ​ဘော​သား​ရဲ​ကဲ့​သို့ ငါ့​အား​ဖြစ်၏။ ပတ်​လည်၌​ရှိ​သော သား​ရဲ​တို့​သည် တိုက်​ကြ၏။ လာ​ကြ။ တော​သား​ရဲ​အ​ပေါင်း​တို့၊ စည်း​ဝေး​ကြ။ ကိုက်​စား​ခြင်း​ငှာ လာ​ကြ​စေ။ 10များ​စွာ​သော သိုး​ထိန်း​တို့​သည် ငါ့​စ​ပျစ်​ဥ​ယျာဉ်​ကို ဖျက်​ဆီး​ကြ​ပြီ။ ငါ​ရ​ထိုက်​သော​အ​ဖို့​ကို ကျော်​နင်း​ကြ​ပြီ။ ငါ​ရ​ထိုက်​သော နှစ်​သက်​ရာ​အ​ဖို့​ကို လူ​ဆိတ်​ညံ​ရာ​တော​ဖြစ်​စေ​ကြ​ပြီ။ 11သုတ်​သင်​ပယ်​ရှင်း​သော​ကြောင့်၊ လူ​ဆိတ်​ညံ​လျက်​ရှိ၍၊ ငါ့​အား​ညည်း​တွား​လေ၏။ တစ်​ပြည်​လုံး​ပျက်​စီး​သော်​လည်း၊ အ​ဘယ်​သူ​မျှ ပ​မာ​ဏ​မ​ပြု​တတ်။ 12တော၌ မြင့်​သော​အ​ရပ် အ​လုံး​စုံ​တို့​အ​ပေါ်​မှာ လု​ယက်​သော​သူ​တို့​သည် တက်​ကြ​ပြီ။ အ​ကယ်​စင်​စစ် ပြည်​စွန်း​တစ်​ဖက်​မှ တစ်​ဖက်​တိုင်​အောင် ထာ​ဝ​ရ​ဘု​ရား၏​ဓား​တော်​သည် ဖျက်​ဆီး​သ​ဖြင့်၊ အ​ဘယ်​သူ​မျှ​ချမ်း​သာ​မ​ရ။ 13သူ​တို့​သည် ဂျုံ​စ​ပါး​မျိုး​စေ့​ကို ကြဲ၍ ဆူး​ပင်​ကို​သာ ရိတ်​ရ​ကြ၏။ ပင်​ပန်း​စွာ​ကြိုး​စား​သော်​လည်း ကျေး​ဇူး​မ​ရှိ​ကြ။ ထာ​ဝ​ရ​ဘု​ရား၏ အ​မျက်​တော်​အ​ရှိန်​ကြောင့်၊ မိ​မိ​တို့​ခံ​ရ​သော​အ​ကျိုး​ကို ထောက်၍ ရှက်​ကြ​လိမ့်​မည်။
အိမ်​နီး​ချင်း​တို့​အတွက်​က​တိ​တော်
14ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​ပေး​သ​နား၍၊ ငါ၏​လူ ဣ​သ​ရေ​လ​အ​မျိုး​ပိုင်​ထိုက်​သော​အ​မွေ​ကို ထိ​ခိုက်​သော၊ ငါ၏​အိမ်​နီး​ချင်း​ဆိုး​အ​ပေါင်း​တို့​ကို၊ သူ​တို့​ပြည်​ထဲ​က ငါ​နုတ်​မည်။ သူ​တို့​အ​ထဲ​က​လည်း ယု​ဒ​အ​မျိုး​ကို ငါ​နုတ်​မည်။ 15နုတ်​ပြီး​မှ တစ်​ဖန်​ငါ​သ​နား၍၊ အ​သီး​အ​သီး​တို့​ကို မိ​မိ​တို့ ပိုင်​ထိုက်​သော​မြေ၊ မိ​မိ​တို့​နေ​ရင်း​ပြည်​သို့ ငါ​ပြန်​ပို့​မည်။ 16ဗာ​လ​ဘု​ရား​ကို​တိုင်​တည်၍ ကျိန်​ဆို​စေ​ခြင်း​ငှာ၊ သူ​တို့​သည် ငါ၏​လူ​မျိုး​ကို သွန်​သင်​ဖူး​သည်​နည်း​တူ၊ ထာ​ဝ​ရ​ဘု​ရား အ​သက်​ရှင်​တော်​မူ​သည်​ဟု၊ ငါ၏​နာ​မ​ကို​တိုင်​တည်၍ ကျိန်​ဆို​ခြင်း​ငှာ၊ ငါ့​လူ​မျိုး၏ ဘာ​သာ​ဓ​လေ့​ကို ကြိုး​စား၍​သင်​လျှင်၊ ငါ၏​လူ​မျိုး​အ​ထဲ၌ သူ​တို့​ကို ငါ​တည်​စေ​မည်။ 17သို့​မ​ဟုတ်၊ နား​မ​ထောင်​ဘဲ​နေ​လျှင်၊ နား​မ​ထောင်​သော လူ​မျိုး​ကို ငါ​သည် ရှင်း​ရှင်း​နုတ်​ပယ်​ဖျက်​ဆီး​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။

Currently Selected:

ယေရမိ 12: JBMLE

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in