YouVersion Logo
Search Icon

ဟေရှာယ 59

59
အ​ပြစ်​ကို​နောင်​တ​ရ​ခြင်း
1ကြည့်​ရှု​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် မ​ကယ်​မ​တင်​နိုင်​အောင် လက်​တော်​တို​သည်​မ​ဟုတ်။ မ​ကြား​နိုင်​အောင် နား​တော်​ထိုင်း​သည် မ​ဟုတ်။ 2သင်​တို့ ဒု​စ​ရိုက်​သည် သင်​တို့​ကို ဘု​ရား​သ​ခင်​နှင့် ကွာ​စေ​ပြီ။ ကြား​တော်​မ​မူ​စေ​ခြင်း​ငှာ၊ သင်​တို့​အ​ပြစ်​သည် မျက်​နှာ​တော်​ကို လွှဲ​စေ​ပြီ။ 3သင်​တို့​လက်​သည် အ​သွေး​နှင့်​လည်း​ကောင်း၊ လက်​ချောင်း​တို့​သည် ဒု​စ​ရိုက်​နှင့်​လည်း​ကောင်း ညစ်​ညူး​ကြ၏။ သင်​တို့​သည် နှုတ်​ခမ်း​နှင့် လျှာ​အား​ဖြင့် မု​သား​စ​ကား၊ အ​ဓ​မ္မ​စ​ကား​ကို ပြော​တတ်​ကြ၏။ 4တ​ရား​ကို အ​ဘယ်​သူ​မျှ​မ​ရှာ၊ သ​စ္စာ​ကို အ​ဘယ်​သူ​မျှ​မ​စောင့်၊ အ​န​တ္တ​ကို​ကိုး​စား၍ မု​သား​စ​ကား​ကို ပြော​တတ်​ကြ၏။ မ​ကောင်း​သော​အ​ကြံ​ကို ပ​ဋိ​သ​န္ဓေ​ယူ၍၊ အ​ဓ​မ္မ​အ​မှု​ကို ဖွား​ကြ၏။ 5သူ​တို့​သည် မြွေ​ဆိုး၏​အ​ဥ​တို့​ကို​ဝပ်၍ ပေါက်​စေ​ကြ၏။ ပင့်​ကူ​အ​မြှေး​ကို​လည်း ရက်​ကြ၏။ သူ​တို့​ဥ​များ​ကို စား​သော​သူ​သည် သေ​တတ်၏။ အ​ဥ​ကို​ခွဲ​လျှင် မြွေ​ဆိုး​ပေါက်​တတ်​၏။ 6သူ​တို့​ရက်​သော​အ​မြှေး​ဖြင့် အ​ဝတ်​ကို မ​လုပ်​ရ။ ကိုယ်​အ​ကျင့်​နှင့် ကိုယ်​ကို မ​ခြုံ​ရ​ကြ။ သူ​တို့​ပြု​သော​အ​မှု​သည် အ​ဓ​မ္မ​အ​မှု​ဖြစ်၏။ သူ​တို့​လက်၌ ကြမ်း​တမ်း​သော​အ​မှု​ရှိ​၏။ 7သူ​တို့​ခြေ​သည် အ​ဓ​မ္မ​အ​မှု​ကို​ပြု​ခြင်း​ငှာ ပြေး​တတ်၏။ အ​ပြစ်​မ​ရှိ​သော​သူ၏​အ​သက်​ကို သတ်​ခြင်း​ငှာ​လျင်​မြန်၏။ သူ​တို့​အ​ကြံ​သည် အ​ဓ​မ္မ​အ​ကြံ​ဖြစ်၍၊ သူ​တို့​သွား​ရာ​လမ်း၌ ပျက်​စီး​ခြင်း​နှင့် ဒု​က္ခ​ဆင်း​ရဲ​ခြင်း​ရှိ၏။ 8ချမ်း​သာ​လမ်း​ကို သူ​တို့​မ​သိ​ကြ။ သူ​တို့​ခ​ရီး​သွား​ရာ​တွင် တ​ရား​မ​ပါ။ မိ​မိ​တို့​သွား​စ​ရာ​ဖို့ ကောက်​သော​လမ်း​တို့​ကို ပြင်​ဆင်​ကြ​ပြီ။ လိုက်​သွား​သော​သူ မည်​သည်​ကား၊ ချမ်း​သာ​ကို မ​သိ​ရ။#ရော၊ ၃:၁၅-၁၇။
မိ​မိ​တို့​အ​ပြစ်​များ​ကို​လူ​တို့ ဖော်​ပြ​ဝန်​ခံ​ကြ​ခြင်း
9ထို​ကြောင့်၊ ဖြောင့်​မတ်​စွာ​စီ​ရင်​ခြင်း​သည် ငါ​တို့​နှင့်​ဝေး၏။ တ​ရား​သည်​လည်း ငါ​တို့​ကို​မ​မီ။ အ​လင်း​ကို မျှော်​လင့်​သော​အ​ခါ ရှင်း​လင်း​ခြင်း​မ​ရှိ။ ရောင်​ခြည်​ကို​မျှော်​လင့်​သော်​လည်း၊ မှောင်​မိုက်၌ သွား​လာ​ရ​ကြ၏။ 10မ​မြင်​နိုင်​သော သူ​ကဲ့​သို့ နံ​ရံ​ကို​စမ်း​သပ်​ရ​ကြ၏။ မျက်​စိ​မ​ရှိ​သော သူ​ကဲ့​သို့ စမ်း​သပ်​ရ​ကြ၏။ ည​အ​ချိန်၌ ဖြစ်​သ​ကဲ့​သို့ မွန်း​တည့်​အ​ချိန်၌ ထိ​မိ၍ လဲ​ကြ၏။ စည်း​စိမ်​ကို ခံ​စား​လျက်၊ သေ​သော​သူ​ကဲ့​သို့ ဖြစ်​ကြ​၏။ 11ငါ​တို့​ရှိ​သ​မျှ​သည် ဝံ​ကဲ့​သို့​မြည်​တမ်း၍၊ ချိုး​ကဲ့​သို့ ညည်း​ညူ​ကြ၏။ တ​ရား​စီ​ရင်​ခြင်း​ကို မျှော်​လင့်​၍ မ​ရ​ကြ။ ကယ်​တင်​ခြင်း​ကျေး​ဇူး​ကို မျှော်​လင့်​သော်​လည်း၊ ငါ​တို့​နှင့် ဝေး​လှ​၏။ 12ငါ​တို့​အ​ပြစ်​တို့​သည် ရှေ့​တော်၌​များ​ပြား​ကြ၏။ ဒု​စ​ရိုက်​တို့​သည် ငါ​တို့​တစ်​ဖက်၌ သက်​သေ​ခံ​ကြ၏။ ကိုယ်​အ​ပြစ်​တို့​သည် ကိုယ်၌ စွဲ​ကပ်​လျက်၊ ကိုယ်​ပြု​မိ​သော ဒု​စ​ရိုက်​များ​ကို ကိုယ်​သိ​ကြ၏။ 13ထာ​ဝ​ရ​ဘု​ရား​ကို ပြစ်​မှား​ခြင်း၊ ငြင်း​ပယ်​ခြင်း​ကို​ပြု၍၊ ငါ​တို့၏​ဘု​ရား​သ​ခင်​ကို စွန့်​ကြ​ပြီ။ ညှဉ်း​ဆဲ​သော​စ​ကား၊ ပုန်​ကန်​သော​စ​ကား​ကို ပြော​ခြင်း၊ မ​ဟုတ်​မ​မှန်​သော​စ​ကား​ကို အောက်​မေ့၍၊ စိတ်​နှ​လုံး​ထဲ​က မြွက်​ဆို​ခြင်း​ကို ပြု​ကြ​ပြီ။ 14ဖြောင့်​မတ်​စွာ စီ​ရင်​ခြင်း​သည် ဆုတ်​သွား​ပြီ။ တ​ရား​သည် အ​ဝေး​က​ရပ်၍ နေ၏။ သ​စ္စာ​သည် လမ်း၌​လဲ​ပြီ။ ဖြောင့်​သော​သ​ဘော မ​ဝင်​နိုင်​ရာ။ 15သ​စ္စာ​သည် ပျက်​ခဲ့​ပြီ။ ဒု​စ​ရိုက်​ကို​ရှောင်​သော​သူ​သည် လု​ယူ​ခြင်း​ကို​ခံ​ရ၏။ ထို​အ​မှု​ကို ထာ​ဝ​ရ​ဘု​ရား​သည်​မြင်​လျှင်၊ တ​ရား​မ​ရှိ​သော​ကြောင့် မုန်း​တော်​မူ​၏။
16လူ​တစ်​ယောက်​မျှ​မ​ရှိ​သည်​ကို မြင်​တော်​မူ၏။ တောင်း​ပန်​သော​သူ တစ်​ယောက်​မျှ​မ​ရှိ​သည်​ကို အံ့​ဩ​တော်​မူ၏။ ထို​ကြောင့်၊ မိ​မိ​လက်​တော်​သည် မိ​မိ​အ​ဖို့ ကယ်​တင်​ခြင်း​အ​မှု​ကို​ပြု၍၊ မိ​မိ​ဖြောင့်​မတ်​ခြင်း​တ​ရား​သည် မိ​မိ​ကို ထောက်​ပင့်၏။#ဟေ​ရှာ၊ ၆၃:၅။ 17ဖြောင့်​မတ်​ခြင်း တ​ရား​တည်း​ဟူ​သော ရင်​ကျပ်​ကို​ဝတ်​ဆင်၍၊ ကယ်​တင်​ခြင်း​တည်း​ဟူ​သော သံ​ခ​မောက်​လုံး​ကို ဆောင်း​တော်​မူ၏။ အ​ပြစ်​ပေး​ခြင်း အ​ဝတ်​ကို​လည်း​ကောင်း၊ စိတ်​အား​ကြီး​ခြင်း​ဝတ်​လုံ​ကို​လည်း​ကောင်း ယူ​တင်​ဝတ်​ဆောင်​တော်​မူ၏။#ဧ၊ ၆:၁၄၊ ၁၇။ ၁​သက်၊ ၅:၈။ 18သူ​တို့​အ​ကျင့်​အ​တိုင်း အ​ကျိုး​အ​ပြစ်​ကို ဆပ်​ပေး​တော်​မူ​မည်။ ရန်​ဘက်​ပြု​သော​သူ​တို့​အား အ​မျက်​တော်​ကို​လည်း​ကောင်း၊ ရန်​သူ​တို့ ခံ​ထိုက်​သည်​အ​တိုင်း​အ​ပြစ်​ကို​လည်း​ကောင်း၊ တစ်​ကျွန်း​တစ်​နိုင်​ငံ​သား​တို့​အား အ​ကျိုး​အ​ပြစ်​ကို​လည်း​ကောင်း ဆပ်​ပေး​တော်​မူ​မည်။ 19သို့​ဖြစ်၍၊ အ​နောက်​မျက်​နှာ​သား​တို့​နှင့်၊ နေ​ထွက်​ရာ​အ​ရပ်​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​နှင့် ဘုန်း​တော်​ကို ရို​သေ​ကြ​လိမ့်​မည်။ ရန်​သူ​သည် ရေ​လွှမ်း​မိုး​သ​ကဲ့​သို့​ဝင်​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား၏​ဝိ​ညာဉ်​တော်​သည် ဆီး​တား​တော်​မူ​မည်။ 20ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ရွေး​နုတ်​သော​သ​ခင်​သည် ဇိ​အုန်​တောင်​ပေါ်​သို့ ကြွ၍၊ မ​တ​ရား​သော​အ​မှု​မှ လွှဲ​သော ယာ​ကုပ်​အ​မျိုး​သား​တို့​ရှိ​ရာ​သို့ ရောက်​လ​တ္တံ့။#ရော၊ ၁၁:၂၆။ 21သူ​တို့၌ ငါ​ကိုယ်​တိုင်​ပေး​သော ပ​ဋိ​ညာဉ်​တ​ရား​ဟူ​မူ​ကား၊ သင်၏​အ​ပေါ်​မှာ ကျိန်း​ဝပ်​သော ငါ၏​ဝိ​ညာဉ်​နှင့် သင်၏​နှုတ်၌ ငါ​ထား​သော​စ​ကား​သည်၊ ယ​ခု​မှ​စ၍ ကာ​လ​အ​စဉ်​အ​ဆက် သင်၏​နှုတ်၊ သင့်​အ​မျိုး​အ​နွယ်၏​နှုတ်​နှင့်၊ သင့်​အ​မျိုး​အ​နွယ်၏ အ​မျိုး​အ​နွယ်၏​နှုတ်​ထဲ​က မ​ထွက်​မ​ပျောက်​ရ​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​၏။

Currently Selected:

ဟေရှာယ 59: JBMLE

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in