YouVersion Logo
Search Icon

ဧဇရ 6

6
ကု​ရု​မင်း​၏​အ​မိ​န့်​တော်​ကို​ပြန်​လည်​တွေ့​ရှိ​ခြင်း
1ထို​အ​ခါ ဒါ​ရိ​မင်း​ကြီး​အ​မိန့်​တော်​နှင့် ဗာ​ဗု​လုန်​မြို့ ဘ​ဏ္ဍာ​တော်​ထား​ရာ စာ​တိုက်၌ ရှာ​ဖွေ​ကြ၏။ 2မေ​ဒိ​ပြည်၊ အာ​ခ​မေ​သ​မြို့၊ နန်း​တော်၌ စာ​လိပ်​ကို​တွေ့၍၊ စာ​လိပ်၌​ပါ​သော စ​ကား​ဟူ​မူ​ကား၊ 3ယဇ်​ပူ​ဇော်​ရာ အိမ်​တော်​ကို တည်​စေ။ တိုက်​မြစ်​ကို ခိုင်​ခံ့​စွာ​ချ​ထား​စေ။ အ​မြင့် အ​တောင်​ခြောက်​ဆယ်၊ အ​နံ အ​တောင်​ခြောက်​ဆယ် ရှိ၍၊ 4ကြီး​သော​ကျောက်​တန်း သုံး​ဆင့်၊ အ​သစ်​သော​သစ်​သား​တန်း တစ်​ဆင့်​နှင့် အ​ထပ်​ထပ်​တည်​စေ။ စ​ရိတ်​များ​ကို​လည်း ဘ​ဏ္ဍာ​တော်​ထဲ​က ထုတ်၍​ပေး​စေ။ 5ယေ​ရု​ရှ​လင်​မြို့၏ ဗိ​မာန်​တော်​ထဲ​က နေ​ဗု​ခဒ်​နေ​ဇာ​ထုတ်၍ ဘု​ရား​သ​ခင်၏​အိမ်​တော်​နှင့် ဆိုင်​သော်​လည်း၊ ဗာ​ဗု​လုန်​မြို့​သို့​ဆောင်​ခဲ့​သော ရွှေ​တန်​ဆာ ငွေ​တန်​ဆာ​တို့​ကို ပြန်​ပေး​စေ။ ယေ​ရု​ရှ​လင်​မြို့၏ ဗိ​မာန်​တော်​သို့ ပို့၍ အ​လုံး​စုံ​တို့​ကို ဘု​ရား​အိမ်​တော်​ထဲ​တွင် မိ​မိ​တို့​နေ​ရာ၌ ထား​စေ​ဟု ကု​ရု​မင်း​ကြီး​သည် နန်း​စံ​ပ​ထ​မ​နှစ်​တွင်၊ ယေ​ရု​ရှ​လင်​မြို့၏ ဘု​ရား​အိမ်​တော်​အ​မှု​မှာ အ​မိန့်​တော်​ရှိ၏။
ဗိ​မာန်​တော်​ကို​ဆက်​လက်​တည်​ဆောက်​ရန် ဒါ​ရိ​မင်း​အ​မိ​န့်​ပေး​ခြင်း
6သို့​ဖြစ်၍၊ မြစ်​အ​နောက်​ဘက် မြို့​ဝန်​တာ​တ​နဲ၊ ရှေ​သာ​ဗော​ဇ​နဲ​နှင့် သင်​တို့​အ​ပေါင်း​အ​ဖော်​တည်း​ဟူ​သော မြစ်​အ​နောက်​ဘက်၌​နေ​သော အ​ဖာ​သ​သက်​လူ​တို့၊ ထွက်​သွား​ကြ။ 7ထို​ဘု​ရား၏ အိမ်​တော်​တည်​ခြင်း​အ​မှု​ကို မ​ဆီး​မ​တား​ကြ​နှင့်။ ယု​ဒ​မြို့​ဝန်​နှင့် ယု​ဒ​အ​မျိုး​အ​သက်​ကြီး သူ​တို့​သည် ထို​အိမ်​တော်​ကို မိ​မိ​နေ​ရာ၌ တည်​ပါ​လေ​စေ၊ 8ထို​မှ​တစ်​ပါး၊ သင်​တို့​သည် ထို​ဘု​ရား၏ အိမ်​တော်​တည်​ခြင်း​အ​မှု​ကို ယု​ဒ​အ​မျိုး​အ​သက်​ကြီး​သူ​တို့​နှင့် ကူ​ညီ​ရ​မည်​အ​ကြောင်း၊ သူ​တို့​သည် အ​ဆီး​အ​တား မ​ရှိ​စေ​ခြင်း​ငှာ၊ မြစ်​အ​နောက်​ဘက်၌ ခံ​သော အ​ခွန်​တော်​တည်း​ဟူ​သော ဘ​ဏ္ဍာ​တော်​ထဲ​က အိမ်​တော်​တည်​စ​ရာ​စ​ရိတ်​ကို ချက်​ချင်း ထုတ်​ပေး​ရ​မည်​အ​ကြောင်း ငါ​အ​မိန့်​တော်​ရှိ၏။ 9ထို​မှ​တစ်​ပါး၊ သူ​တို့​သည် မွှေး​ကြိုင်​သော​ယဇ်​တို့​ကို ကောင်း​ကင်​ဘုံ၏​အ​ရှင် ဘု​ရား​သ​ခင်​အား​ပူ​ဇော်၍၊ 10ရှင်​ဘု​ရင်​အ​သက်၊ ဆွေ​တော်​မျိုး​တော်​တို့၏ အ​သက်​အ​ဖို့ ဆု​တောင်း​စေ​ခြင်း​ငှာ၊ သူ​တို့​လို​ချင်​သ​မျှ ယေ​ရု​ရှ​လင်​မြို့ ယဇ်​ပု​ရော​ဟိတ်​တို့ စီ​ရင်​သည်​အ​တိုင်း၊ ကောင်း​ကင်​ဘုံ၏​အ​ရှင် ဘု​ရား​သ​ခင်​အား မီး​ရှို့​ရာ​ယဇ်​ပူ​ဇော်​စ​ရာ​ဖို့ နွား၊ သိုး​ထီး၊ သိုး​သ​ငယ်၊ စ​ပါး၊ ဆား၊ စ​ပျစ်​ရည်၊ ဆီ​တို့​ကို နေ့​တိုင်း​အ​စဉ်​အ​ပြတ် ပေး​စေ။ 11၎င်း​နည်း အ​ကြင်​သူ​သည် ဤ​အ​မိန့်​တော်​ကို​ငြင်း​ဆန်​လျှင်၊ ထို​သူ၏​အိမ်​မှ သစ်​တိုင်​ကို​နုတ်​ယူ၍ စိုက်​ပြီး​မှ သူ့​ကို​လည်​ဆွဲ​ချ​စေ။ သူ့​အိမ်​ကို​လည်း နောက်​ချေး​ပုံ​ဖြစ်​စေ​ဟု ငါ​အ​မိန့်​တော်​ရှိ၏။ 12ယေ​ရု​ရှ​လင်​မြို့၏ ဘု​ရား​အိမ်​တော်​ကို ကျိုး​ပဲ့​ပျက်​စီး​စေ​ခြင်း​ငှာ ပြု​သော​ရှင်​ဘု​ရင်​နှင့် ဆင်း​ရဲ​သား​အ​ပေါင်း​တို့​ကို၊ ထို​အ​ရပ်၌ နာ​မ​တော်​တည်​စေ​သော ဘု​ရား​သ​ခင်​သည် ဖျက်​ဆီး​တော်​မူ​ပါ​စေ​သော။ ငါ​ဒါ​ရိ​သည် အ​မိန့်​တော်​ကို​ပေး၏။ အ​မိန့်​တော်​အ​တိုင်း အ​လျင်​အ​မြန်​ပြု​စေ​ဟု ပေး​လိုက်​သ​တည်း။
ဗိ​မာန်​တော်​ကို​အ​နု​မော​ဒ​နာ​ပြု​ခြင်း
13ထို​အ​ခါ ဒါ​ရိ​မင်း​ကြီး​ပေး​လိုက်​သော အ​မိန့်​တော်​အ​တိုင်း၊ မြစ်​အ​နောက်​ဘက် မြို့​ဝန်​တာ​တ​နဲ၊ ရှေ​သာ​ဗော​ဇ​နဲ​နှင့် သူ​တို့​အ​ပေါင်း​အ​ဖော်​တို့​သည် အ​လျင်​အ​မြန်​ပြု​ကြ၏။ 14ယု​ဒ​အ​မျိုး အ​သက်​ကြီး​သူ​တို့​သည် တည်​ဆောက်၍၊ ပ​ရော​ဖက်​ဟ​ဂ္ဂဲ​နှင့် ဣ​ဒေါ​သား​ဇာ​ခ​ရိ ဟော​သော​အား​ဖြင့်၊ အ​ကြံ​ထ​မြောက်​ကြ၏။ ဣ​သ​ရေ​အ​မျိုး၏ ဘု​ရား​သ​ခင်​အ​မိန့်​တော်​နှင့် ပေ​ရ​သိ​ရှင်​ဘု​ရင်​ကု​ရု​မင်း၊ ဒါ​ရိ​မင်း အ​မိန့်​တော်​အ​တိုင်း တည်​ဆောက်၍ လက်​စ​သတ်​ကြ၏။#ဟဂ္ဂဲ၊ ၁:၁၊ ဇာ၊ ၁:၁။ 15ဒါ​ရိ​မင်း​ကြီး​နန်း​စံ ခြောက်​နှစ်၊ အာ​ဒါ​လ သုံး​ရက်​နေ့​တွင် အိမ်​တော်​သည် ပြီး​ပြည့်​စုံ၏။
16ဣ​သ​ရေ​လ​အ​မျိုး​သား၊ ယဇ်​ပု​ရော​ဟိတ်၊ လေ​ဝိ​သား​အ​စ​ရှိ​သော သိမ်း​သွား​ခြင်း​ကို​ခံ​ဖူး​သော အ​မျိုး​သား​ချင်း​ရှိ​သ​မျှ​တို့​သည် ဘု​ရား​သ​ခင်၏ အိမ်​တော်​ကို ဝမ်း​မြောက်​သော​စိတ်​နှင့် အ​နု​မော​ဒ​နာ​ပွဲ​ခံ​ကြ၏။ 17ထို​အိမ်​တော်၏ အ​နု​မော​ဒ​နာ​ပွဲ​တွင် နွား​တစ်​ရာ၊ သိုး​ထီး​နှစ်​ရာ၊ သိုး​သ​ငယ်​လေး​ရာ​ကို​လည်း​ကောင်း၊ ဣ​သ​ရေ​လ​အ​မျိုး တစ်​ဆယ်​နှစ်​မျိုး​အ​လိုက် အ​မျိုး​သား​အ​ပေါင်း​တို့၏ အ​ပြစ်​ဖြေ​ရာ​ယဇ်​တည်း​ဟူ​သော ဆိတ်​ထီး တစ်​ဆယ်​နှစ်​ကောင်​ကို​လည်း​ကောင်း၊ ယဇ်​ပူ​ဇော်​ကြ၏။ 18မော​ရှေ​ကျမ်း​စာ၌ ပါ​သည်​အ​တိုင်း၊ ယေ​ရု​ရှ​လင်​မြို့၌ ဘု​ရား​ဝတ်​ကို ပြု​စေ​ခြင်း​ငှာ၊ ယဇ်​ပု​ရော​ဟိတ် အ​သီး​အ​သီး​တို့​ကို​လည်း​ကောင်း၊ သင်း​ဖွဲ့​သော လေ​ဝိ​သား​တို့​ကို​လည်း​ကောင်း ခန့်​ထား​ကြ၏။
ပ​သ​ခါ​ပွဲ​တော်
19သိမ်း​သွား​ခြင်း​ကို ခံ​ရ​သော​အ​မျိုး​သား​တို့​သည် ပ​ထ​မ​လ တစ်​ဆယ်​လေး​ရက်​နေ့​တွင် ပ​သ​ခါ​ပွဲ​ကို​လည်း ခံ​ကြ၏။#ထွ၊ ၁၂:၁-၂၀။ 20ယဇ်​ပု​ရော​ဟိတ်​နှင့် လေ​ဝိ​သား​တို့​သည် တ​ညီ​တ​ညွတ်​တည်း ကိုယ်​ကို​သန့်​ရှင်း​စေ၍၊ အ​လုံး​စုံ​တို့​သည် သန့်​ရှင်း​သ​ဖြင့်၊ မိ​မိ​တို့​အ​ဖို့​မှ​စ၍ ပေါက်​ဖော်​ချင်း ယဇ်​ပု​ရော​ဟိတ်​တို့​အ​ဖို့​နှင့် သိမ်း​သွား​ခြင်း​ကို​ခံ​ရ​သော အ​မျိုး​သား​အ​ပေါင်း​တို့​အ​ဖို့ ပ​သ​ခါ​သိုး​သ​ငယ်​ကို သတ်​ကြ၏။ 21သိမ်း​သွား​ခြင်း​ကို​ခံ​သော လူ​စု​ထဲ​က ထွက်​လာ​သော ဣ​သ​ရေ​လ​အ​မျိုး​သား​များ၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို ရှာ​လို​သော​ငှာ၊ တစ်​ပါး​အ​မျိုး​သား နေ​ရာ​အ​ရပ်​အ​ညစ်​အ​ကြေး​ကို ပယ်​ရှား​သော သူ​များ​အ​ပေါင်း​တို့​သည် ပ​သ​ခါ​ပွဲ​ကို​စား၍၊ 22ခု​နစ်​ရက်​ပတ်​လုံး ဝမ်း​မြောက်​သော​စိတ်​နှင့် အ​ဇု​မ​ပွဲ​ကို​လည်း ခံ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် ဝမ်း​မြောက်​သော​အ​ခွင့်​ကို ပေး​တော်​မူ၏။ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ဗိ​မာန်​တော် တည်​ဆောက်​ခြင်း​အ​မှု​မှာ၊ အာ​ရှု​ရိ​ရှင်​ဘု​ရင် မ​စ​မည်​အ​ကြောင်း၊ စိတ်​နှ​လုံး​တော်​ကို သူ​တို့​ဘက်​သို့ ကူး​စေ​တော်​မူ၏။

Currently Selected:

ဧဇရ 6: JBMLE

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in