YouVersion Logo
Search Icon

ဧဇရ 7

7
ဧ​ဇ​ရ​ရောက်​ရှိ​လာ​ခြင်း
1-5ထို​နောက်၊ ပေ​ရ​သိ​ရှင်​ဘု​ရင် အာ​တ​ဇေ​ရဇ်​လက်​ထက်၌၊ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး အာ​ရုန်၊ ဧ​လာ​ဇာ၊ ဖိ​န​ဟတ်၊ အ​ဘိ​ရွှ၊ ဗု​က္ကိ၊ ဩ​ဇိ၊ ဇေ​ရ​ဟိ၊ မေ​ရာ​ယုတ်၊ အာ​ဇ​ရိ၊ အာ​မ​ရိ၊ အ​ဟိ​တုတ်၊ ဇာ​ဒုတ်၊ ရှ​လ္လုံ၊ ဟိ​လ​ခိ၊ အာ​ဇ​ရိ၊ စ​ရာ​ယ​တို့​မှ ဆင်း​သက်​သော​သူ၊ 6ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား ပေး​တော်​မူ​သော မော​ရှေ၏​ပ​ည​တ္တိ​ကျမ်း​စာ​ကို လေ့​ကျက်​သော​ဆ​ရာ ဖြစ်​သော​သူ​ဧ​ဇ​ရ​သည် ဗာ​ဗု​လုန်​မြို့​မှ ထွက်​သွား၏။ ထို​သူ​တောင်း​သ​မျှ​ကို သူ၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား တန်​ခိုး​တော်​ကြောင့် ရှင်​ဘု​ရင် ပေး​သ​နား​တော်​မူ၏။ 7အာ​တ​ဇေ​ရဇ်​မင်း​ကြီး နန်း​စံ​ခု​နစ်​နှစ်​တွင်၊ အ​ချို့​သော ဣ​သ​ရေ​လ​အ​မျိုး​သား ယဇ်​ပု​ရော​ဟိတ်၊ လေ​ဝိ​သား၊ သီ​ချင်း​သည်၊ တံ​ခါး​စောင့်၊ ဘု​ရား​ကျွန်​တို့​သည်​လည်း၊ ယေ​ရု​ရှ​လင်​မြို့​သို့ လိုက်​သွား​ကြ၏။ 8ရှင်​ဘု​ရင်​နန်း​စံ ခု​နစ်​နှစ်၊ ပ​ဥ္စ​မ​လ​တွင် ဧ​ဇ​ရ​သည် ယေ​ရု​ရှ​လင်​မြို့​သို့ ရောက်​လေ၏။ 9ပ​ထ​မ​လ တစ်​ရက်​နေ့​တွင်၊ ဗာ​ဗု​လုန်​မြို့​မှ​ထွက်၍၊ ပ​ဥ္စ​မ​လ တစ်​ရက်​နေ့​တွင်၊ မိ​မိ​ဘု​ရား​သ​ခင် တန်​ခိုး​ကျေး​ဇူး​တော်​ကြောင့်၊ ယေ​ရု​ရှ​လင်​မြို့​သို့ ရောက်​လေ၏။ 10အ​ကြောင်း​မူ​ကား၊ ဧ​ဇ​ရ​သည် ထာ​ဝ​ရ​ဘု​ရား၏ တ​ရား​တော်​ကို စစ်​ဆေး စောင့်​ရှောက်​ခြင်း​ငှာ​လည်း​ကောင်း၊ စီ​ရင်​ထုံး​ဖွဲ့​တော်​မူ​ချက်​တို့​ကို ဣ​သ​ရေ​လ​အ​မျိုး၌ သွန်​သင်​ခြင်း​ငှာ​လည်း​ကောင်း သ​ဘော​ကျ​သော​သူ​ဖြစ်၏။
အာ​တ​ဇေ​ရဇ်​မင်း​ပေး​အပ်​သည့်အ​မိန့်​စာ
11ထာ​ဝ​ရ​ဘု​ရား၏ ပ​ညတ်​စ​ကား​နှင့် ဣ​သ​ရေ​လ​အ​မျိုး၌ ထုံး​ဖွဲ့​တော်​မူ​ချက်​တို့​ကို လေ့​ကျက်​သော​ဆ​ရာ ယဇ်​ပု​ရော​ဟိတ် ဧ​ဇ​ရ​အား၊ အာ​တ​ဇေ​ရဇ်​မင်း​ကြီး ပေး​တော်​မူ​သော အ​မိန့်​တော်​စာ​ချက် ဟူ​မူ​ကား၊ 12ဘု​ရင်​တို့၏​ဘု​ရင် အာ​တ​ဇေ​ရဇ်​သည် ကောင်း​ကင်​ဘုံ၏​အ​ရှင် ဘု​ရား​သ​ခင့် တ​ရား​ကျမ်း​တတ်​ဆ​ရာ၊ ယဇ်​ပု​ရော​ဟိတ်​ဧ​ဇ​ရ၌ ခပ်​သိမ်း​သော မင်္ဂ​လာ​ဖြစ်​စေ​သော​ဟူ၍ ဤ​မည်​သော​ကာ​လ​တွင် မှာ​လိုက်၏။ 13ငါ့​နိုင်​ငံ၌​ရှိ​သော ဣ​သ​ရေ​လ​အ​မျိုး​သား၊ ယဇ်​ပု​ရော​ဟိတ်၊ လေ​ဝိ​သား​တို့​တွင် ယေ​ရု​ရှ​လင်​မြို့​သို့ ကိုယ်​အ​လို​အ​လျောက် သွား​ချင်​သော​သူ ရှိ​သ​မျှ​တို့​သည် သင်​နှင့်​အ​တူ လိုက်​သွား​ရ​မည်​အ​ကြောင်း ငါ​အ​မိန့်​တော်​ရှိ၏။ 14အ​ကြောင်း​မူ​ကား၊ သင်၏ ဘု​ရား​သ​ခင့်​တ​ရား​ကို သင်​လေ့​ကျက်​သည်​အ​တိုင်း၊ ယု​ဒ​ပြည်​ယေ​ရု​ရှ​လင်​မြို့၌ တ​ရား​အ​မှု​များ​ကို မေး​မြန်း​စစ်​ဆေး​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ 15ယေ​ရု​ရှ​လင်​မြို့​မှာ ကျိန်း​ဝပ်​တော်​မူ​သော ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​အား၊ ရှင်​ဘု​ရင်​နှင့် အ​တွင်း​ဝန်​တို့​သည် ကြည်​ညို​သော​စိတ်​နှင့် ပူ​ဇော်​သော ရွှေ​ငွေ​နှင့်​တ​ကွ၊ 16ဣ​သ​ရေ​လ​အ​မျိုး​သား၊ ယဇ်​ပု​ရော​ဟိတ်​တို့​သည် ယေ​ရု​ရှ​လင်​မြို့၏ ဘု​ရား​အိမ်​တော်​အ​ဖို့ အ​လို​လို​လှူ၍ ဗာ​ဗု​လုန်​ပြည်၌ သင်​ရ​နိုင်​သ​မျှ​သော ရွှေ​ငွေ​ကို ဆောင်​သွား​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ရှင်​ဘု​ရင်​နှင့် အ​တွင်း​ဝန်​ခု​နစ်​ပါး စေ​လွှတ်၏။ 17ထို​ငွေ​ကို​ယူ​ပြီး​လျှင် နွား၊ သိုး​ထီး၊ သိုး​သ​ငယ်​နှင့်​တ​ကွ၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ သွန်း​လောင်း​ရာ ပူ​ဇော်​သ​ကာ​တို့​ကို အ​လျင်​အ​မြန်​ဝယ်၍၊ ယေ​ရု​ရှ​လင်​မြို့၌​ရှိ​သော သင်​တို့၏​ဘု​ရား​အိမ်​တော် ယဇ်​ပ​လ္လင်​ပေါ်​မှာ ပူ​ဇော်​ရ​မည်။ 18ကျန်​ကြွင်း​သော ရွှေ​ငွေ​ကို သင်​နှင့် သင့်​ညီ​အစ်​ကို​တို့ ပြု​ချင်​သ​မျှ​အ​တိုင်း၊ သင်​တို့၏ ဘု​ရား​သ​ခင် အ​လို​တော်​နှင့်​အ​ညီ ပြု​လော့။ 19သင်၏​ဘု​ရား အိမ်​တော်​ဝတ်​ပြု​စ​ရာ​ဖို့ သင်၌​အပ်​ပေး​သော တန်​ဆာ​များ​ကို​လည်း၊ ယေ​ရု​ရှ​လင်​မြို့၏ ဘု​ရား​သ​ခင့်​ရှေ့​တော်​တွင် သို​ထား​လော့။ 20သင်၏​ဘု​ရား​သ​ခင့် အိမ်​တော်​အ​ဖို့ လို​သေး​သော​အ​ရာ၊ ဝယ်​သင့်​သ​မျှ​တို့​ကို ဘ​ဏ္ဍာ​တော်​ထဲ​က ထုတ်၍​ဝယ်​လော့။ 21ကောင်း​ကင်​ဘုံ၏​အ​ရှင် ဘု​ရား​သ​ခင့်​တ​ရား​ကို လေ့​ကျက်​သော​ဆ​ရာ၊ ယဇ်​ပု​ရော​ဟိတ်​ဧ​ဇ​ရ တောင်း​သ​မျှ​အ​တိုင်း၊ 22ငွေ​အ​ခွက် တစ်​ထောင်၊ ဂျုံ​ဆန်​ကော​ရ တစ်​ရာ၊ စ​ပျစ်​ရည်​ဗတ် တစ်​ရာ၊ ဆီ​ဗတ် တစ်​ရာ​နှင့်​တ​ကွ ဆား​မည်​မျှ​မ​ဆို၊ မြစ်​အ​နောက်​ဘက်၌​နေ​သော အ​ခွန်​ဝန်​အ​ပေါင်း​တို့​သည် အ​လျင်​အ​မြန်​ပေး​ရ​မည်​အ​ကြောင်း၊ ငါ​ရှင်​ဘု​ရင် အာ​တ​ဇေ​ရဇ် အ​မိန့်​တော်​ရှိ၏။ 23ကောင်း​ကင်​ဘုံ၏​အ​ရှင် ဘု​ရား​သ​ခင်​မှာ ထား​တော်​မူ​သ​မျှ​အ​တိုင်း၊ ထို​ဘု​ရား​သ​ခင်၏ အိမ်​တော်​အ​ဖို့ ကြိုး​စား၍​လုပ်​ဆောင်​စေ။ ရှင်​ဘု​ရင်​နှင့် ဆွေ​တော်​မျိုး​တော်​အ​ပေါ်​သို့ အ​ဘယ်​ကြောင့် အ​မျက်​တော် သက်​ရောက်​ရ​မည်​နည်း။ 24ထို​မှ​တစ်​ပါး၊ ယဇ်​ပု​ရော​ဟိတ် လေ​ဝိ​သား၊ သီ​ချင်း​သည်၊ တံ​ခါး​စောင့်၊ ဘု​ရား​ကျွန်၊ ဘု​ရား​သ​ခင်၏ အိမ်​တော်​အ​မှု​စောင့် တစ်​စုံ​တစ်​ယောက်၌​မျှ ငွေ​တော်​ကို မ​ခွဲ​စေ​နှင့်။ အ​ခွန်​တော်​အ​ကောက်​တော်​ကို မ​ခံ​မ​ယူ​စေ​နှင့်​ဟု ငါ​မှာ​လိုက်၏။ 25သင်​ဧ​ဇ​ရ​သည်​လည်း၊ သင်၏ ဘု​ရား​သ​ခင့်​တ​ရား​ကို နား​လည်​သော၊ မြစ်​အ​နောက်​ဘက်​သား အ​ပေါင်း​တို့​တွင်၊ တ​ရား​မှု​ကို စီ​ရင်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ မ​သိ​သော​သူ​တို့​ကို သွန်​သင်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ မင်း​များ၊ တ​ရား​သူ​ကြီး​များ​ကို သင်၏ ဘု​ရား​သ​ခင့်​ဉာဏ်​နှင့် သင်​ပြည့်​စုံ​သည်​အ​တိုင်း ခန့်​ထား​လော့။ 26သင်၏​ဘု​ရား​သ​ခင့်​တ​ရား​နှင့် ရှင်​ဘု​ရင်​အ​မိန့်​တော်​ကို ငြင်း​ဆန်​သော​သူ မည်​သည်​ကား၊ အ​သေ​သတ်​ခြင်း၊ နှင်​ထုတ်​ခြင်း၊ ဥ​စ္စာ​သိမ်း​ယူ​ခြင်း၊ ထောင်​ထဲ​မှာ လှောင်​ထား​ခြင်း​တည်း​ဟူ​သော ရာ​ဇ​ဝတ်​တစ်​စုံ​တစ်​ခု​ကို အ​လျင်​အ​မြန်​ခံ​စေ​ဟု အ​မိန့်​တော်​စာ၌​ပါ​သ​တည်း။
ဧ​ဇ​ရ​ထော​မ​နာ​ပြု​ခြင်း
27ယေ​ရု​ရှ​လင်​မြို့၏ ဗိ​မာန်​တော်​ကို တင့်​တယ်​စေ​မည်​အ​ကြံ​ကို ရှင်​ဘု​ရင်​စိတ်​နှ​လုံး​ထဲ​သို့ သွင်း​ပေး​တော်​မူ​ထ​သော၊ ရှင်​ဘု​ရင်​ရှေ့၊ အ​တွင်း​ဝန်​များ၊ ဗိုလ်​မင်း​များ​ရှေ့​မှာ ငါ့​အား​အ​ခွင့်​ပေး​တော်​မူ​သော ဘိုး​ဘေး​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။ 28ထို​သို့ ငါ၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား တန်ခိုးတော်​ကြောင့်၊ ငါ​သည် ခွန်​အား​ရှိ၍ ငါ​နှင့်​အ​တူ လိုက်​သွား​ရ​သော ဣ​သ​ရေ​လ​အ​မျိုး အ​ကြီး​အ​ကဲ​တို့​ကို စု​ဝေး​စေ၏။

Currently Selected:

ဧဇရ 7: JBMLE

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in