YouVersion Logo
Search Icon

ဧဇရ 5

5
ဗိ​မာန်​တော်​ကို​ပြန်​လည်​တည်​ဆောက်
1ထို​အ​ခါ ပ​ရော​ဖက်​ဟ​ဂ္ဂဲ​နှင့် ဣ​ဒေါ​သား​ပ​ရော​ဖက် ဇာ​ခ​ရိ​လူ​တို့​သည် ယု​ဒ​ပြည်​သူ၊ ယေ​ရု​ရှ​လင်​မြို့​သား၊ ယု​ဒ​လူ​တို့​အား ထာ​ဝ​ရ​ဘု​ရား​အ​ခွင့်​နှင့် ဟော​ကြ၏။#ဟဂ္ဂဲ၊ ၁:၁၊ ဇာ၊ ၁:၁။ 2ထို​ဘု​ရား​သ​ခင်၏ ပ​ရော​ဖက်​တို့​သည် ဝိုင်း​သ​ဖြင့်၊ ရှာ​လ​သေ​လ​သား ဇေ​ရု​ဗ​ဗေ​လ​နှင့် ယော​ဇ​ဒက်​သား ယော​ရှု​သည် ထ၍ ယေ​ရု​ရှ​လင်​မြို့၏ ဗိ​မာန်​တော်​ကို တည်​စ​ပြု​ပြန်​ကြ၏။#ဟဂ္ဂဲ၊ ၁:၁၂၊ ဇာ၊ ၄:၆-၉။ 3ထို​အ​ခါ မြစ်​အ​နောက်​ဘက် မြို့​ဝန်​တာ​တန်​နှင့် ရှေ​သာ​ဗော​ဇ​နဲ​မှ​စ၍ သူ​တို့​အ​ပေါင်း​အ​ဖော်​တို့​သည် လာ၍၊ ဤ​အိမ်​ကို​တည်​ဆောက်​ရ​မည်၊ ဤ​မြို့​ရိုး​ကို ပြု​ပြင်​ရ​မည်​အ​ကြောင်း အ​ဘယ်​သူ​မှာ​ထား​သ​နည်း ဟူ၍​လည်း​ကောင်း၊ 4ဤ​အိမ်​ကို​တည်​ဆောက်​သော သူ​တို့၏​အ​မည်​ကား အ​ဘယ်​သို့​နည်း ဟူ၍​လည်း​ကောင်း၊ မေး​စစ်​ကြ​သော်​လည်း၊ 5ဒါ​ရိ​မင်း အ​မိန့်​တော်​မ​ရောက်​မီ အ​လုပ်​အ​ကိုင် မ​ပြတ်​စေ​ခြင်း​ငှာ၊ ဘု​ရား​သ​ခင်​သည် ယု​ဒ​အ​မျိုး​သား အ​သက်​ကြီး​သူ​တို့​ကို ထောက်​ရှု​တော်​မူ၏။ သို့​ဖြစ်၍ အ​ထံ​တော်​သို့​လျှောက်​စာ​ကို ပေး​လိုက်​ကြ၏။
6မြစ်​အ​နောက်​ဘက် မြို့​ဝန်​တာ​တ​နဲ​နှင့် ရှေ​သာ​ဗော​ဇ​နဲ​မှ​စ၍ သူ​တို့​အ​ပေါင်း​အ​ဖော်၊ 7မြစ်​အ​နောက်​ဘက်၌​နေ​သော အ​ဖာ​သ​သက်​လူ​တို့​သည်၊ ဒါ​ရိ​မင်း​ကြီး​ထံ​သို့ ပေး​လိုက်​သော စာ​ချက်​ဟူ​မူ​ကား၊ ဒါ​ရိ​မင်း​ကြီး၌ အ​စဉ်​ချမ်း​သာ​ရှိ​ပါ​စေ​သော။ 8ကျွန်​တော်​တို့​သည် ယု​ဒ​ပြည်​တွင် ကြီး​မြတ်​သော​ဘု​ရား​သ​ခင်၏ အိမ်​တော်​သို့​ရောက်၍၊ ထို​အ​ရပ်​သား​တို့​သည် အိမ်​တော်​ကို ကျောက်​ကြီး​နှင့်​တည်​လုပ်​လျက်၊ ကျောက်​ထ​ရံ​ပေါ်​မှာ သစ်​သား​ကို တင်​လျက်၊ အ​လျင်​အ​မြန်​လုပ်​ဆောင်၍ အ​ကြံ​ထ​မြောက်​ကြောင်း​ကို သိ​မှတ်​တော်​မူ​ပါ။ 9ဤ​အိမ်​ကို တည်​ဆောက်​ရ​မည်၊ ဤ​မြို့​ရိုး​ကို ပြု​ပြင်​ရ​မည်​အ​ကြောင်း အ​ဘယ်​သူ​မှာ​ထား​သ​နည်း ဟူ၍​လည်း​ကောင်း၊ 10သူ​ကြီး​တို့၏ အ​မည်​များ​ကို​စာ​ရင်း​ယူ၍ အ​ထံ​တော်​သို့ ပေး​လိုက်​ခြင်း​ငှာ၊ သူ​ကြီး​တို့၏ အ​မည်​များ​ကို​လည်း​ကောင်း၊ အ​သက်​ကြီး​သူ​တို့၌ မေး​မြန်း​သော​အ​ခါ။ 11သူ​တို့​က၊ ငါ​တို့​သည် ကောင်း​ကင်​နှင့်​မြေ​ကြီး​အ​ရှင် ဘု​ရား​သ​ခင်၏​ကျွန်​တော် ဖြစ်​ကြ၏။ ရှေး​ကာ​လ၌ ကြီး​မြတ်​သော ဣ​သ​ရေ​လ​ရှင်​ဘု​ရင် တည်​ထောင်​တော်​မူ​သော အိမ်​တော်​ကို ယ​ခု​ပြု​ပြင်​ကြ၏။ 12ငါ​တို့​ဘိုး​ဘေး​တို့​သည် ကောင်း​ကင်​ဘုံ၏​အ​ရှင် ဘု​ရား​သ​ခင်၏ အ​မျက်​တော်​ကို နှိုး​ဆော်​သော​ကြောင့်၊ သူ​တို့​ကို ခါ​လ​ဒဲ​မင်း၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​လက်​သို့ အပ်​တော်​မူ​သ​ဖြင့်၊ ထို​ရှင်​ဘု​ရင်​သည် ဤ​အိမ်​တော်​ကို ဖျက်​ဆီး၍၊ ပြည်​သား​တို့​ကို ဗာ​ဗု​လုန်​မြို့​သို့ သိမ်း​သွား၏။#၄ ရာ၊ ၂၅:၈-၁၂၊ ၆ ရာ၊ ၃၆:၁၇-၂၀၊ ယေ၊ ၅၂:၁၂-၁၅။ 13ဗာ​ဗု​လုန်​ရှင်​ဘု​ရင် ကု​ရု​သည်၊ နန်း​စံ​ပ​ထ​မ​နှစ်​တွင် ဤ​ဗိ​မာန်​တော်​ကို ပြု​ပြင်​ရ​မည်​အ​ကြောင်း မိန့်​တော်​မူ၏။#ဧဇ၊ ၁:၂-၁၁။ 14နေ​ဗု​ခဒ်​နေ​ဇာ​သည် ယေ​ရု​ရှ​လင်​မြို့၏ ဗိ​မာန်​တော်​ထဲ​က​ထုတ်၍၊ ဘု​ရား​သ​ခင်၏​အိမ်​တော်​နှင့် ဆိုင်​သော်​လည်း၊ ဗာ​ဗု​လုန်​မြို့၏ ဗိ​မာန်​သို့ ဆောင်​သွား​သော ရွှေ​တန်​ဆာ၊ ငွေ​တန်​ဆာ​တို့​ကို ကု​ရု​မင်း​ကြီး​သည် ဗာ​ဗု​လုန်​မြို့၏​ဗိ​မာန်​ထဲ​က တစ်​ဖန်​ထုတ်၍၊ ရှေ​ရှ​ဗာ​ဇာ​အ​မည်​နှင့် မြို့​ဝန်​အ​ရာ၌ ခန့်​ထား​သော​သူ​လက်​သို့ အပ်​တော်​မူ​လျက်၊ 15ဤ​တန်​ဆာ​တို့​ကို ယူ၍ ယေ​ရု​ရှ​လင်​မြို့၏ ဗိ​မာန်​တော်​သို့ ဆောင်​သွား​လော့။ ဘု​ရား​သ​ခင်၏​အိမ်​တော်​ကို မိ​မိ​နေ​ရာ၌ တည်​ပြန်​စေ​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ 16ထို​ရှေ​ရှ​ဗာ​ဇာ​သည် လာ၍ ယေ​ရု​ရှ​လင်​မြို့၏ ဘု​ရား​အိမ်​တော်​အ​မြစ်​ကို ချ​ထား​သ​ဖြင့်၊ ထို​အ​ချိန်​မှ​စ၍ ယ​ခု​တိုင်​အောင် ငါ​တို့​သည်​တည်​လုပ်​လျက် လက်​စ​မ​သတ်​သေး​ဟု ပြန်​ပြော​ကြ၏။ 17သို့​ဖြစ်၍၊ ယေ​ရု​ရှ​လင်​မြို့၌ ဘု​ရား၏​အိမ်​တော်​ကို တည်​ရ​မည်​အ​ကြောင်း၊ ကု​ရု​မင်း​ကြီး​အ​မိန့်​တော် ရှိ​သည် မ​ရှိ​သည်​ကို သိ​လို​သ​ဖြင့်၊ ဗာ​ဗု​လုန်​မြို့ ဘ​ဏ္ဍာ​တော်​တိုက်၌ ရှာ​ဖွေ​စေ​ခြင်း​ငှာ၊ အ​လို​တော်​ရှိ​လျှင် ရှာ​ဖွေ​စေ​တော်​မူ​ပါ။ နောက်​တစ်​ဖန် ဤ​အ​မှု၌ အ​လို​တော်​ရှိ​သည်​အ​တိုင်း ကျွန်​တော်​တို့​ဆီ​သို့ အ​မိန့်​တော်​စာ​ကို ပေး​လိုက်​တော်​မူ​ပါ​ဟု လျှောက်​စာ၌ ပါ​သ​တည်း။

Currently Selected:

ဧဇရ 5: JBMLE

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in