YouVersion Logo
Search Icon

ယေဇကျေလ 47

47
ဗိ​မာန်​တော်​မှ​စီး​သော​ရေ
1ထို​နောက်​မှ အိမ်​တော်​တံ​ခါး​သို့ တစ်​ဖန်​ငါ့​ကို​ဆောင်​ခဲ့၍၊ တံ​ခါး​ခုံ​အောက်​မှာ အ​ရှေ့​ဘက်​သို့​ထွက်​သော ရေ​ကို​ငါ​မြင်၏။ အိမ်​တော်​ဦး​သည် အ​ရှေ့​သို့​မျက်​နှာ​ပြု၍၊ ရေ​သည် အိမ်​တော်​တံ​ခါး​ခုံ​လက်​ယာ​အောက်၊ ယဇ်​ပ​လ္လင်​တော် တောင်​ဘက်​မှ စီး​သွား​လေ၏။#ဇာ၊ ၁၄:၈။ ယော၊ ၇:၃၈။ ဗျာ၊ ၂၂:၁။ 2တစ်​ဖန် မြောက်​တံ​ခါး​လမ်း​ဖြင့် ငါ့​ကို​ထုတ်၍ ပြင်၌​ဝိုင်း​သွား​လျက်၊ အ​ရှေ့​သို့​မျက်​နှာ​ပြု​သော ပြင်​တံ​ခါး​လမ်း​ဝ​သို့ ရောက်​သော​အ​ခါ၊ လက်​ယာ​ဘက်​မှ​စီး​သော ရေ​ကို​ငါ​မြင်၏။ 3ကြိုး​ကို​ကိုင်​သော​သူ​သည် အ​ရှေ့​သို့​သွား​ပြီး​လျှင်၊ အ​တောင်​တစ်​တောင် စေ့​အောင်​တိုင်း၍ ငါ့​ကို ရေ​ကူး​စေ၏။ ရေ​သည် ဖ​မျက်​သို့ မီ​လေ၏။ 4တစ်​ဖန် အ​တောင်​တစ်​ထောင်​စေ့​အောင် တိုင်း၍ ရေး​ကူး​စေ​ပြန်​လျှင်၊ ရေ​သည် ဒူး​ကို​မီ​လေ၏။ တစ်​ဖန် အ​တောင်​တစ်​ထောင်​စေ့​အောင် တိုင်း၍ ကူး​စေ​ပြန်​လျှင်၊ ရေ​သည်​ခါး​ကို မီ​လေ၏။ 5တစ်​ဖန် အ​တောင်​တစ်​ထောင်​စေ့​အောင် တိုင်း​သော​အ​ခါ မ​ကူး​နိုင်​သော​မြစ် ဖြစ်​လေ၏။ ရေ​ထ​သော​ကြောင့် နင်း၍​မ​ကူး​နိုင်၊ ခြေ​ထောက်၍ မ​မီ​ဘဲ ကူး​ရ​သော​မြစ်​ဖြစ်၏။ 6ထို​သူ​က၊ အ​ချင်း​လူ​သား၊ ဤ​အ​ရာ​ကို မြင်​သည်​မ​ဟုတ်​လော​ဟု ပြော​ပြီး​မှ တစ်​ဖန်​ငါ့​ကို​ခေါ်​သွား၍ မြစ်​နား​သို့​ပြန်​စေ၏။ 7ပြန်​စဉ်​အ​ခါ မြစ်​နား​နှစ်​ဖက်၌ များ​စွာ​သော အ​ပင်​တို့​ကို ငါ​မြင်၏။ 8ထို​သူ​က​လည်း၊ ဤ​ရေ​သည် အ​ရှေ့​သို့​စီး၍ တော​ကို​လျှောက်​ပြီး​မှ၊ အိုင်​ထဲ​သို့​ဝင်​တတ်​သော​အား​ဖြင့် အိုင်​ရေ​သည် ချို​လိမ့်​မည်။ 9အ​သက်​ရှင်၍ လှုပ်​ရှား​တတ်​သော သ​တ္တ​ဝါ​အ​မျိုး​မျိုး​တို့​သည် ထို​မြစ်​ရေ ရောက်​သ​မျှ​သော အ​ရပ်​တို့၌ အ​သက်​ရှင်၍၊ အ​လွန်​များ​စွာ​သော ငါး​တို့​လည်း ရှိ​ကြ​လိမ့်​မည်။ ထို​မြစ်​ရေ​သည် ချို​သော​ကြောင့်၊ ရောက်​သ​မျှ​သော​အ​ရပ်​တို့၌ သ​တ္တ​ဝါ​အ​မျိုး​မျိုး​တို့​သည် အ​သက်​ရှင်​ကြ​လိမ့်​မည်။ 10အိုင်​နား​မှာ တံ​ငါ​တို့​သည်​ရပ်၍၊ အင်္ဂေ​ဒိ​ရွာ​မှ​စ၍ ဧ​နေ​ဂ​လိမ်​ရွာ​တိုင်​အောင် ပိုက်​ကွန်​ဖြန့်​ချ​ရာ​အ​ရပ် ဖြစ်​လိမ့်​မည်။ ငါး​အ​မျိုး​မျိုး​တို့​သည် မ​ဟာ​ပင်​လယ်​ငါး​ကဲ့​သို့ အ​လွန်​များ​ပြား​ကြ​လိမ့်​မည်။ 11ရွှံ့​ဗွက်​ရည်​နှင့် ရွှံ့​အိုင်​ရေ​မူ​ကား မ​ချို​ရ၊ အ​စဉ်​ငန်​ရ​လိမ့်​မည်။ 12မြစ်​ကမ်း​နား​နှစ်​ဖက်၌ စား​စ​ရာ​ကောင်း​သော အ​ပင်​အ​မျိုး​မျိုး ပေါက်​ကြ​လိမ့်​မည်။ အ​ရွက်​လည်း မ​ညှိုး​မ​နွမ်း​ရ။ အ​သီး​လည်း မ​ပြတ်​ရ။ လ​တိုင်း​အ​စဉ် နု​သော​အ​သီး​ကို သီး​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ သန့်​ရှင်း​ရာ​ဌာ​န​ထဲ​က​ထွက်​သ​တည်း။ အ​သီး​သည် စား​စ​ရာ​ဖို့​ဖြစ်၏။ အ​ရွက်​သည် အ​နာ​ရော​ဂါ​ငြိမ်း​စ​ရာ​ဖို့ ဖြစ်​သည်​ဟု ငါ့​အား​ပြော​ဆို၏။#ဗျာ၊ ၂၂:၂။
မြေ​အ​ပိုင်း​အ​ခြား
13အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​အ​တိုင်း၊ ဣ​သ​ရေ​လ​အ​မျိုး တစ်​ဆယ်​နှစ်​မျိုး​အ​မွေ​ခံ​ရ​သော မြေ​အ​ပိုင်း​အ​ခြား​မူ​ကား၊ ယော​သပ်​သည် မြေ​အ​ပိုင်း​အ​ခြား နှစ်​ခု​ကို​ယူ​ရ​မည်။ 14ဘိုး​ဘေး​တို့​အား ငါ​ကျိန်​ဆို​သည်​အ​တိုင်း ငါ​ပေး​ရ​သော​ထို​မြေ​သည် သင်​တို့​အ​မွေ​ဖြစ်၍၊ သင်​တို့​သည် အ​ချင်း​ချင်း​အ​မွေ​ခံ​ရ​ကြ​မည်။ 15မြေ​မြောက်​ဘက်​အ​ပိုင်း​အ​ခြား​သည် မ​ဟာ​ပင်​လယ် တစ်​ဖက်​တစ်​ချက်၊ ဟေ​သ​လုန်​လမ်း၊ ဇေ​ဒဒ်​လမ်း​သို့​လိုက်​လျက်၊ 16ဟာ​မတ်​မြို့​နှင့် ဗေ​ရော​သာ​မြို့​ကို​လည်း​ကောင်း၊ ဒ​မာ​သက်​နယ်​နှင့် ဟာ​မတ်​နယ်​စပ်​ကြား​မှာ သိ​ဗ​ရိမ်​မြို့​ကို​လည်း​ကောင်း၊ ဟော​ရန်​မြို့​အ​နား​မှာ၊ ဟာ​ဇာ​ဟ​တ္တိ​ကုန်း​မြို့​ကို​လည်း​ကောင်း​ဝိုင်း၍၊ 17တစ်​ဖန် ပင်​လယ်​နှင့်​ကွာ​ပြီး​မှ ဒ​မာ​သက်​နယ်​အ​နား၌ ဟာ​ဇ​ရေ​နန်​မြို့၊ မြောက်​ဘက်၌ ဇိ​ဖြုန်​မြို့၊ ဟာ​မတ်​မြို့​ပါ​ရ​မည်။ ဤ​ရွေ့​ကား မြောက်​ဘက် အ​ပိုင်း​အ​ခြား​ဖြစ်​သ​တည်း။ 18အ​ရှေ့​ဘက်​အ​ပိုင်း​အ​ခြား​သည် ဟော​ရန်​မြို့၊ ဒ​မာ​သက်​မြို့၊ ဂိ​လဒ်​ပြည်၊ ယော်​ဒန်​မြစ်​နား ဣ​သ​ရေ​လ​ပြည်​နယ်​ကို လျှောက်၍၊ အ​ရှေ့​ပင်​လယ်၌ ဆုံး​ရ​မည်။ ဤ​ရွေ့​ကား၊ အ​ရှေ့​ဘက်​အ​ပိုင်း​အ​ခြား ဖြစ်​သ​တည်း။ 19တောင်​ဘက်​အ​ပိုင်း​အ​ခြား​သည် တာ​မာ​မြို့​မှ​စ၍ ကာ​ဒေ​ရှ​မြို့၊ မေ​ရိ​ဘ​ရေ​တိုင်​အောင်​လည်း​ကောင်း၊ မ​ဟာ​ပင်​လယ်​ထဲ​သို့ ဝင်​သော မြစ်​တိုင်​အောင်​လည်း​ကောင်း လျှောက်​သွား​ရ​မည်။ ဤ​ရွေ့​ကား၊ တောင်​ဘက်​အ​ပိုင်း​အ​ခြား ဖြစ်​သ​တည်း။ 20အ​နောက်​ဘက်၌ မ​ဟာ​ပင်​လယ်​သည် တောင်​ဘက်​မှ​စ၍၊ ဟာ​မတ်​မြို့ တစ်​ဖက်​တစ်​ချက်​တိုင်​အောင် ပိုင်း​ခြား​လျက်​ရှိ​ရ​မည်။ ဤ​ရွေ့​ကား၊ အ​နောက်​ဘက် အ​ပိုင်း​အ​ခြား​ဖြစ်​သ​တည်း။
21ထို​မြေ​ကို ဣ​သ​ရေ​လ​အ​မျိုး အ​သီး​အ​သီး​တို့​အား​ဝေ​ရ​မည်။ 22အ​မျိုး​သား​ချင်း အ​မွေ​ခံ​ဖို့​လည်း​ကောင်း၊ သင်​တို့​တွင်​နေ၍ သား​သ​မီး​ဖွား​မြင်​သော တစ်​ပါး​အ​မျိုး​သား​ချင်း အ​မွေ​ခံ​ဖို့​လည်း​ကောင်း စာ​ရေး​တံ​ချ၍ မြေ​ကို​ဝေ​ရ​မည်။ ထို​တစ်​ပါး​အ​မျိုး​သား​တို့​ကို ပြည်၌​ဖွား​မြင်​သော ဣ​သ​ရေ​လ​အ​မျိုး​သား​ကဲ့​သို့ မှတ်​ရ​မည်။ သူ​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့် အ​တူ မြေ​ကို အ​မွေ​ခံ​ရ​ကြ​လိမ့်​မည်။ 23တစ်​ပါး​အ​မျိုး​သား​နေ​လေ​ရာ​ရာ​ခ​ရိုင်၌ သူ့​အ​မွေ​ခံ​စ​ရာ​မြေ​ကို ပေး​ရ​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in