YouVersion Logo
Search Icon

ယေဇကျေလ 46

46
မင်း​သား​နှင့်​ပွဲ​နေ့​များ
1အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ အ​ရှေ့​သို့ မျက်​နှာ​ပြု​သော အ​တွင်း​တံ​တိုင်း တံ​ခါး​ကို အ​လုပ်​လုပ်​သော​နေ့ ခြောက်​ရက်​ပတ်​လုံး ပိတ်​ထား​ရ​မည်။ ဥ​ပုသ်​နေ့​နှင့် လ​ဆန်း​နေ့၌ ဖွင့်​ထား​ရ​မည်။ 2မင်း​သား​သည် ထို​တံ​ခါး​မုခ်​ဖြင့်​ဝင်၍ တံ​ခါး​တိုင်​အ​နား​မှာ ရပ်​နေ​ရ​မည်။ ယဇ်​ပု​ရော​ဟိတ်​တို့​သည် မင်း​သား​မီး​ရှို့​ရာ​ယဇ်၊ မိတ်​သ​ဟာ​ယ​ယဇ်​တို့​ကို ပူ​ဇော်၍၊ သူ​သည် တံ​ခါး​ခုံ၌ ဦး​ညွှတ်​ချ​ပြီး​မှ ပြင်​သို့​ထွက်​သွား​ရ​မည်။ သို့​ရာ​တွင်၊ ညဉ့်​ဦး​ယံ​မ​ရောက်​မီ ထို​တံ​ခါး​ကို မ​ပိတ်​ရ။ 3ထို​နည်း​တူ၊ ဥ​ပုသ်​နေ့​နှင့် လ​ဆန်း​နေ့၌ ပြည်​သူ​ပြည်​သား​တို့​သည် ထို​တံ​ခါး​ဝ​နား​မှာ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​တွင် ဦး​ညွှတ်​ချ​ရ​ကြ​မည်။ 4ဥ​ပုသ်​နေ့၌ မင်း​သား​သည် မီး​ရှို့​ရာ​ယဇ်​ဖို့ အ​ပြစ်​မ​ပါ​သော သိုး​သ​ငယ် ခြောက်​ကောင်၊ အ​ပြစ်​မ​ပါ​သော သိုး​ထီး​တစ်​ကောင်​ကို ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ ဆောင်​ခဲ့​ရ​မည်။ 5ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ဖို့ သိုး​ထီး​တစ်​ကောင်​နှင့် မုန့်​ညက်​တစ်​ဧ​ဖာ၊ ဆီ​တစ်​ဟိန်​ကို​လည်း​ကောင်း၊ သိုး​သ​ငယ်​နှင့် အ​လို​ရှိ​သ​မျှ​ကို​လည်း​ကောင်း ပူ​ဇော်​ရ​မည်။ 6လ​ဆန်း​နေ့၌ အ​ပြစ်​မ​ပါ​သော နွား​ထီး​တစ်​ကောင်၊ သိုး​သ​ငယ်​ခြောက်​ကောင်၊ သိုး​ထီး​တစ်​ကောင်​ကို ပူ​ဇော်​ရ​မည်။ 7ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ဖို့ နွား​တစ်​ကောင်​နှင့် မုန့်​ညက်​တစ်​ဧ​ဖာ၊ သိုး​တစ်​ကောင်​နှင့် တစ်​ဧ​ဖာ၊ သိုး​သ​ငယ်​နှင့် အ​လို​ရှိ​သ​မျှ​ကို​လည်း​ကောင်း၊ မုန့်​ညက်​တစ်​ဧ​ဖာ​နှင့် ဆီ​တစ်​ဟိန်​ကို​လည်း​ကောင်း ပူ​ဇော်​ရ​မည်။
8မင်း​သား​ဝင်​သော​အ​ခါ အ​ရှေ့​တံ​ခါး​မုခ်​ဖြင့် ဝင်​ရ​မည်။ ထို​တံ​ခါး​မုခ်​ဖြင့်​လည်း ထွက်​ရ​မည်။ 9ပြည်​သူ​ပြည်​သား​တို့​သည် ဓ​မ္မ​ပွဲ​ခံ​ချိန်​ကာ​လ၌၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​သို့ ဝင်​သော​အ​ခါ၊ ဦး​ညွှတ်​ချ​ခြင်း​ငှာ မြောက်​တံ​ခါး​ဖြင့် ဝင်​သော​သူ​သည် တောင်​တံ​ခါး​ဖြင့် ထွက်​ရ​မည်။ တောင်​တံ​ခါး​ဖြင့် ဝင်​သော​သူ​သည် မြောက်​တံ​ခါး​ဖြင့် ထွက်​ရ​မည်။ ဝင်​သော​တံ​ခါး​ဖြင့် မ​ထွက်​ရ။ ဝင်​သော​တံ​ခါး တစ်​ဖက်​တစ်​ချက်၌​ရှိ​သော တံ​ခါး​ဖြင့်​ထွက်​ရ​မည်။ 10ပြည်​သား​တို့​တွင် မင်း​သား​ဖြစ်​သော​သူ​သည် သူ​တို့​ဝင်​သော​အ​ခါ ဝင်​ရ​မည်။ သူ​တို့​ထွက်​သော​အ​ခါ ထွက်​ရ​မည်။ 11ပွဲ​ခံ၍ ပ​ရိ​သတ်​စည်း​ဝေး​ရာ​ကာ​လ၌ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ဖို့၊ နွား​တစ်​ကောင်​နှင့် မုန့်​ညက်​တစ်​ဧ​ဖာ၊ သိုး​တစ်​ကောင်​နှင့် တစ်​ဧ​ဖာ၊ သိုး​သ​ငယ်​နှင့် အ​လို​ရှိ​သ​မျှ​ကို​လည်း​ကောင်း၊ မုန့်​ညက်​တစ်​ဧ​ဖာ​နှင့် ဆီ​တစ်​ဟိန်​ကို​လည်း​ကောင်း ပူ​ဇော်​ရ​မည်။ 12မင်း​သား​သည် အ​လို​လို​ပြု​သော မီး​ရှို့​ရာ​ယဇ်၊ မိတ်​သ​ဟာ​ယ​ယဇ်​ကို မိ​မိ​အ​လို​အ​လျောက် ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​သ​ကာ ပြု​သော​အ​ခါ၊ အ​ရှေ့​သို့​မျက်​နှာ​ပြု​သော တံ​ခါး​ကို​ဖွင့်​ရ​မည်။ သူ​သည် ဥ​ပုသ်​နေ့၌​မီး​ရှို့​ရာ​ယဇ်၊ မိတ်​သ​ဟာ​ယ​ယဇ်​ကို ပူ​ဇော်​သ​ကဲ့​သို့ ပူ​ဇော်​ရ​မည်။ ပူ​ဇော်​ပြီး​မှ​ထွက်​သွား၍ တံ​ခါး​ကို ပိတ်​ထား​ရ​မည်။
နေ့​စဉ်​ပြု​ရန်​ပူ​ဇော်​သ​ကာ
13နေ့​တိုင်း​အ​စဉ်၊ ထာ​ဝ​ရ​ဘု​ရား​အား မီး​ရှို့​ရာ​ယဇ်​ဖို့ အ​ပြစ်​မ​ပါ၊ အ​ခါ​လည် သော သိုး​သ​ငယ်​တစ်​ကောင်​ကို နံ​နက်​အ​ချိန်၌ ပူ​ဇော်​ရ​မည်။ 14နံ​နက်​တိုင်း​အ​စဉ်၊ ထို​သိုး​သ​ငယ်​နှင့်​အ​တူ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ဖို့ မုန့်​ညက်​တစ်​ဧ​ဖာ​တွင် ခြောက်​စု​တစ်​စု ကို​လည်း​ကောင်း၊ မုန့်​ညက်​နှင့်​ရော​ရ​သော ဆီ​လေး​လော​ဃ​ကို​လည်း​ကောင်း ပူ​ဇော်​ရ​မည်။ ဤ​ရွေ့​ကား၊ ထာ​ဝ​ရ​ဘု​ရား​အား အ​စဉ်​အ​မြဲ​ပြု​ရ​သော ဘော​ဇဉ်​ပူ​ဇော်​သ​ကာ တ​ရား​ပေ​တည်း။ 15ထို​သို့​မီး​ရှို့​ရာ​ယဇ်​ကို နံ​နက်​တိုင်း အ​စဉ်​မ​ပြတ် ပူ​ဇော်​စ​ရာ​ဖို့ သိုး​သ​ငယ်​ကို​လည်း​ကောင်း၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​နှင့် ဆီ​ကို​လည်း​ကောင်း ပြင်​ဆင်​ရ​မည်။
မင်း​သား​နှင့်​တိုင်း​ပြည်
16အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ မင်း​သား​သည် မိ​မိ​သား၌ လက်​ဆောင်​တစ်​စုံ​တစ်​ခု​ကို​ပေး​လျှင်၊ ထို​လက်​ဆောင်​သည် အ​မွေ​ဥ​စ္စာ​ဖြစ်၍၊ သား​တော်​သည်​အ​မွေ​ခံ​လျက် သိမ်း​ယူ​ရ​မည်။ 17မိ​မိ​ကျွန်၌ အ​မွေ​ဥ​စ္စာ​လက်​ဆောင်​တစ်​စုံ​တစ်​ခု​ကို ပေး​လျှင်​မူ​ကား၊ လွတ်​ရာ​နှစ်​သ​က္က​ရာဇ်​တိုင်​ရုံ​မျှ​သာ ထို​ကျွန်​သည် ပိုင်​ရ​မည်။ နောက်​မှ မင်း​သား​လက်​သို့​ပြန်​ရောက်​ရ​မည်။ သား​မူ​ကား၊ အ​စဉ်​အ​မြဲ​အ​မွေ​ခံ​ရ​မည်။#ဝတ်၊ ၂၅:၁၀။ 18ထို​မှ​တစ်​ပါး၊ မင်း​သား​သည် ပြည်​သား​အ​မွေ​မြေ​ကို အ​နိုင်​အ​ထက်​ယူ၍ မြေ​ရှင်​ကို​မ​နှင်​ထုတ်​ရ။ မိ​မိ​ပိုင်​သော မြေ​ထဲ​က မိ​မိ​သား​တို့​အား အ​မွေ​ပေး​ရ​မည်။ ငါ၏​လူ​တို့​သည် မိ​မိ​တို့​ပိုင်​သော အ​မွေ​မြေ၌​မ​နေ​ရ​ဘဲ အ​ရပ်​ရပ်​သို့ ကွဲ​ပြား​စေ​ခြင်း​ငှာ မ​ပြု​ရ။
ဗိ​မာန်​တော်​မီး​ဖို​များ
19ထို​နောက်​မှ တံ​ခါး​အ​နား၌​ရှိ​သော​ဝင်​ဝ​ဖြင့် ငါ့​ကို​ဆောင်​သွား၍၊ မြောက်​သို့​မျက်​နှာ​ပြု​သော ယဇ်​ပု​ရော​ဟိတ် သန့်​ရှင်း​သော အ​ခန်း​များ​ထဲ​သို့ သွင်း​သ​ဖြင့်၊ အ​နောက်​ဘက်၌​ရှိ​သော အ​ရပ်​တစ်​ခု​ကို ငါ​မြင်၏။ 20ဤ​အ​ရပ်​ကား၊ ယဇ်​ပု​ရော​ဟိတ်​တို့​သည် ဒု​စ​ရိုက်​ဖြေ​ရာ​ယဇ်၊ အ​ပြစ်​ဖြေ​ရာ​ယဇ်​ကို​ပြုတ်၍၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ကို ဖုတ်​ရ​သော အ​ရပ်​ဖြစ်၏။ လူ​များ​ကို သန့်​ရှင်း​စေ​ခြင်း​ငှာ၊ ထို​အ​ရာ​တို့​ကို ပြင်​တံ​တိုင်း​ထဲ​သို့ မ​ထုတ်​ရ​ကြ​ဟု ငါ့​အား​ပြော​ဆို၏။ 21တစ်​ဖန် ပြင်​တံ​တိုင်း​ထဲ​သို့ ငါ့​ကို​ခေါ်​သွင်း၍ တံ​တိုင်း​ထောင့် လေး​ထောင့်​တို့​ကို လျှောက်​သွား​စေ​သ​ဖြင့်၊ ထို​လေး​ထောင့်​တို့၌ တံ​တိုင်း​ငယ် တစ်​ခု​စီ​ရှိ​သည်​ကို ငါ​မြင်၏။ 22ထို​တံ​တိုင်း​ငယ်​တို့​သည် အ​လျား​အ​တောင် လေး​ဆယ်၊ အ​နံ​အ​တောင် သုံး​ဆယ်​ရှိ၍၊ အ​တိုင်း​အ​ရှည် တ​ညီ​တ​ညွတ်​တည်း ဖြစ်​ကြ၏။ 23ထို​လေး​ထောင့်​တို့ အ​တွင်း​ပတ်​လည်၌ ချက်​ပြုတ်​စ​ရာ​ဖို့ အ​စဉ်​အ​တိုင်း ခုံ​လောက်​တန်း​များ ရှိ​ကြ၏။ 24ဤ​အ​ရပ်​တို့​ကား အိမ်​တော်​အ​မှု​စောင့်​တို့​သည် လူ​များ​ပူ​ဇော်​သော​ယဇ်​ကောင်​တို့​ကို ပြုတ်​ရ​သော​အ​ရပ်​ဖြစ်​ကြ​သည်​ဟု ငါ့​အား​ပြော​ဆို၏။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in