YouVersion Logo
Search Icon

ယေဇကျေလ 45

45
သန့်​ရှင်း​သော​မြေ
1သင်​တို့​သည် မြေ​ကို အ​မွေ​ခံ​ခြင်း​ငှာ စာ​ရေး​တံ​ချ၍ ပိုင်း​ခြား​သော​အ​ခါ၊ သန့်​ရှင်း​သော​မြေ​တစ်​ကွက်​ကို ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​ရ​ကြ​မည်။ ထို​အ​ကွက်​သည် အ​လျား​ကျူ​လုံး​အ​ပြန် နှစ်​သောင်း​ငါး​ထောင်၊ အ​နံ တစ်​သောင်း​ရှိ​ရ​မည်။ နယ်​နိ​မိတ်​ရှိ​သ​မျှ​သည်​လည်း သန့်​ရှင်း​ရ​မည်။ 2ထို​မြေ​ကွက်​အ​လယ်၌ အ​လျား​အ​တောင်​ငါး​ရာ၊ အ​နံ​လည်း အ​တောင်​ငါး​ရာ​ရှိ​သော စ​တု​ရန်း​အ​ကွက်​သည် သန့်​ရှင်း​ရာ​ဌာ​န​ဖို့ ဖြစ်​ရ​မည်။ ထို​အ​ကွက်​ပတ်​လည်၌ သန့်​ရှင်း​သော​နယ်​လည်း အ​တောင်​ငါး​ဆယ် ရှိ​ရ​မည်။ 3ထို​သို့ အ​လျား​နှစ်​သောင်း​ငါး​ထောင်၊ အ​နံ တစ်​သောင်း​ကို​တိုင်း​ပြီး​မှ အ​လွန်​သန့်​ရှင်း​သော​အ​ရပ်​နှင့် သန့်​ရှင်း​သော​ဌာ​န​တည်​ရာ ဖြစ်​ရ​မည်။ 4ထို​သန့်​ရှင်း​သော​မြေ​သည် ထာ​ဝ​ရ​ဘု​ရား၏ အ​မှု​တော်​ကို​ဆောင်​ခြင်း​ငှာ အ​ထံ​တော်​သို့​ချဉ်း​ကပ်၍၊ သန့်​ရှင်း​ရာ​ဌာ​န၏​အ​မှု​စောင့်၊ ယဇ်​ပု​ရော​ဟိတ်​တို့​အ​ဖို့ ဖြစ်​ရ​မည်။ သူ​တို့​အိမ်​ဆောက်​စ​ရာ​နှင့် သန့်​ရှင်း​ရာ​ဌာ​န တည်​စ​ရာ​ဖို့ သန့်​ရှင်း​သော​မြေ​ဖြစ်​ရ​မည်။ 5အ​လျား နှစ်​သောင်း​ငါး​ထောင်၊ အ​နံ တစ်​သောင်း​ရှိ​သော အ​ကွက်​သည် အိမ်​တော်​အ​မှု​စောင့်​လေ​ဝိ​လူ​တို့​နေ​ရာ အ​ခန်း​နှစ်​ဆယ် တည်​ဆောက်​စ​ရာ​ဖို့ ဖြစ်​ရ​မည်။ 6မြို့​တော်​နှင့်​ဆိုင်​သော​မြေ​သည် သန့်​ရှင်း​သော​အ​ရပ် တစ်​ဖက်​တစ်​ချက်၌ အ​လျား တစ်​သောင်း​ငါး​ထောင်၊ အ​နံ ငါး​ထောင်​ရှိ၍၊ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​အ​ဖို့ ဖြစ်​ရ​မည်။
မင်း​သား​အ​တွက်​မြေ​ယာ
7သန့်​ရှင်း​သော​မြေ​ကွက်​နှင့် မြို့​တော် နယ်​နိ​မိတ် အ​နောက်​ဘက်​တစ်​လျှောက်​လုံး​တစ်​ပိုင်း၊ အ​ရှေ့​ဘက်​တစ်​လျှောက်​လုံး​တစ်​ပိုင်း​သည် မင်း​သား​အ​ဖို့ ဖြစ်​ရ​မည်။ 8ငါ၏​မင်း​သား​တို့​သည် နောက်​တစ်​ဖန် ငါ၏​လူ​တို့​ကို မ​ညှဉ်း​ဆဲ​မည်​အ​ကြောင်း၊ ထို​မြေ​သည် ဣ​သ​ရေ​လ​ပြည်၌ မင်း​သား​ပိုင်​သော​မြေ ဖြစ်​ရ​မည်။ ကြွင်း​သော​မြေ​ကို ဣ​သ​ရေ​လ​အ​မျိုး​အ​နွယ် အ​သီး​အ​သီး​တို့​အား ပေး​ဝေ​ရ​မည်။
မင်း​သား​အ​တွက်​စည်း​ကမ်း​များ
9အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ အို ဣ​သ​ရေ​လ​မင်း​သား​တို့၊ ရောင့်​ရဲ​သော​စိတ်​ရှိ​ကြ​လော့။ အ​နိုင်​အ​ထက်​ပြု​ခြင်း၊ လု​ယူ​ခြင်း​အ​မှု​တို့​ကို ပယ်​ရှား၍၊ တ​ရား​သော​အ​မှု ဟုတ်​မှန်​သော​အ​မှု​တို့​ကို ပြု​ကြ​လော့။ နောက်​တစ်​ဖန် ငါ၏​လူ​တို့​ကို မ​ညှဉ်း​ဆဲ​မ​နှိပ်​စက်​ကြ​နှင့်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။
အ​ချိန်​နှင့်​အ​တိုင်း​အ​တာ
10မှန်​သော​ချိန်​ခွင်၊ မှန်​သော​ဧ​ဖာ၊ မှန်​သော​ဗတ်​တို့​ကို သုံး​ရ​ကြ​မည်။#ဝတ်၊ ၁၉:၃၆။ 11ဧ​ဖာ​နှင့်​ဗတ်​သည် အ​ညီ​အ​မျှ​ရှိ​ရ​မည်။ နှစ်​ပါး​သည် ဟော​မဲ​ကို အ​မှီ​ပြု၍၊ ဧ​ဖာ​သည် တစ်​ဟော​မဲ​တွင် ဆယ်​စု​တစ်​စု၊ ဗတ်​သည်​လည်း တစ်​ဟော​မဲ​တွင် ဆယ်​စု​တစ်​စု​ရှိ​ရ​မည်။ 12ဂေ​ရာ​နှစ်​ဆယ်​ကို တစ်​ကျပ်၊ အ​ကျပ်​ခြောက်​ဆယ်​ကို တစ်​မာ​နေ​ရှိ​ရ​မည်။
ပူ​ဇော်​သ​ကာ​များ
13ချီး​မြှောက်​ရာ ပူ​ဇော်​သ​ကာ​ပြု​သော​အ​ခါ၊ ဂျုံ​ဆန်​ဖြစ်​စေ၊ မု​ယော​ဆန်​ဖြစ်​စေ၊ တစ်​ဟော​မဲ​တွင် တစ်​ဩ​မဲ​ကို ပူ​ဇော်​ရ​မည်။ 14ဆီ​နှင့်​ဆိုင်​သော ပ​ညတ်​ဟူ​မူ​ကား၊ တစ်​ကော​ရ​တွင် ဗတ်​ဆယ်​စု​တစ်​စု​ကို ပူ​ဇော်​ရ​မည်။ တစ်​ဟော​မဲ​သည် ဆယ်​ဗတ်​ဖြစ်​သော​ကြောင့် တစ်​ကော​ရ​သည် ဆယ်​ဗတ်​ဖြစ်​သ​တည်း။ 15သူ​တို့​အ​ပြစ်​ကို ဖြေ​ခြင်း​ငှာ ဣ​သ​ရေ​လ​ကျက်​စား​ရာ၊ ရေ​များ​သော​အ​ရပ်၌​ရှိ​သော သိုး​နှစ်​ရာ​တွင် သိုး​သ​ငယ်​တစ်​ကောင်​ကို ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​နှင့်​တ​ကွ မီး​ရှို့​ရာ​ယဇ်၊ မိတ်​သ​ဟာ​ယ​ယဇ်​တို့​ကို​ပူ​ဇော်​ရ​ကြ​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ 16ထို​ချီး​မြှောက်​ရာ ပူ​ဇော်​သ​ကာ​ကို ပြည်​သူ​ပြည်​သား​အ​ပေါင်း​တို့​သည် ဣ​သ​ရေ​လ​မင်း​သား​အား ဆက်​ရ​ကြ​မည်။ 17မင်း​သား​သည်​လည်း ပွဲ​သ​ဘင်​နေ့၊ လ​ဆန်း​နေ့၊ ဥ​ပုသ်​နေ့၊ ဣ​သ​ရေ​လ​အ​မျိုး ပ​ရိ​သတ်​စည်း​ဝေး​သော နေ့​ရက်​အ​စဉ်​အ​တိုင်း မီး​ရှို့​ရာ​ယဇ်၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ သွန်း​လောင်း​ရာ ပူ​ဇော်​သ​ကာ​တို့​ကို ပူ​ဇော်​ရ​မည်။ ဣ​သ​ရေ​လ​အ​မျိုး၏​အ​ပြစ်​ကို ဖြေ​ခြင်း​ငှာ အ​ပြစ်​ဖြေ​ရာ​ယဇ်၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ မီး​ရှို့​ရာ​ယဇ်၊ မိတ်​သ​ဟာ​ယ​ယဇ်​ကို​လည်း ပူ​ဇော်​ရ​မည်။
ပွဲ​တော်​များ
(ထွ၊ ၁၂:၁-၂၀။ ဝတ်၊ ၂၃:၃၃-၄၃)
18အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ပ​ထ​မ​လ တစ်​ရက်​နေ့​တွင်၊ အ​ပြစ်​မ​ပါ၊ အ​သက်​ပျို​သော နွား​ထီး​တစ်​ကောင်​ကို​ယူ၍ သန့်​ရှင်း​ရာ​ဌာ​န​ကို စင်​ကြယ်​စေ​ရ​မည်။ 19ယဇ်​ပု​ရော​ဟိတ်​သည် အ​ပြစ်​ဖြေ​ရာ​ယဇ်​ကောင် အ​သွေး​အ​ချို့​ကို​ယူ၍ အိမ်​တော်​တိုင်၌​လည်း​ကောင်း၊ ယဇ်​ပ​လ္လင် အောက်​ထစ် လေး​ထောင့်၌​လည်း​ကောင်း၊ အ​တွင်း​တံ​တိုင်း တံ​ခါး​တိုင်၌​လည်း​ကောင်း ထည့်​ရ​မည်။ 20ထို​မှ​တစ်​ပါး၊ မှား​ယွင်း​သော​သူ​နှင့် မိုက်​သော​သူ​အ​တွက် ခု​နစ်​ရက်​နေ့​တွင်၊ ထို​နည်း​တူ ပူ​ဇော်၍၊ အိမ်​တော်​အ​တွက် အ​ပြစ်​ဖြေ​ရာ​မင်္ဂ​လာ​ကို ပြု​ရ​မည်။
21ပ​ထ​မ​လ တစ်​ဆယ်​လေး​ရက်​နေ့​တွင်၊ ပ​သ​ခါ​ပွဲ​ကို ခံ​ရ​မည်။ ခု​နစ်​ရက်​ပတ်​လုံး​ပွဲ​ခံ​စဉ်​တွင် တ​ဆေး​မဲ့​မုန့်​ကို​သာ စား​ရ​မည်။#ထွ၊ ၁၂:၁-၂၀။ တော၊ ၂၈:၁၆-၂၅။ 22ထို​နေ့၌ မင်း​သား​သည် ကိုယ်​ဖို့​လည်း​ကောင်း၊ ပြည်​သူ​ပြည်​သား အ​ပေါင်း​တို့​ဖို့​လည်း​ကောင်း၊ နွား​ထီး​တစ်​ကောင်​ကို အ​ပြစ်​ဖြေ​ရာ​ယဇ် ပူ​ဇော်​ရ​မည်။ 23ပွဲ​နေ့​ခု​နစ်​ရက်​ပတ်​လုံး ထာ​ဝ​ရ​ဘု​ရား​အား မီး​ရှို့​ရာ​ယဇ်​ကို နွား​ထီး​ခု​နစ်​ကောင်၊ အ​ပြစ်​မ​ပါ​သော​သိုး​ထီး ခု​နစ်​ကောင်​ကို​လည်း​ကောင်း၊ အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့ ဆိတ်​သ​ငယ် တစ်​ကောင်​ကို​လည်း​ကောင်း နေ့​တိုင်း​ပူ​ဇော်​ရ​မည်။ 24နွား​ဖြစ်​စေ၊ သိုး​ဖြစ်​စေ၊ တစ်​ကောင်​တစ်​ကောင်​နှင့် ပါ​ရ​သော ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ဖို့ မုန့်​ညက်​တစ်​ဧ​ဖာ၊ ဆီ​တစ်​ဟိန်​ကို ပြင်​ဆင်​ရ​မည်။ 25သ​တ္တ​မ​လ တစ်​ဆယ်​ငါး​ရက်​နေ့​တွင်၊ ပွဲ​ခံ၍ ယ​ခင်​အ​ပြစ်​ဖြေ​ရာ​ယဇ်၊ မီး​ရှို့​ရာ​ယဇ်၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ ဆီ​ပူ​ဇော်​သ​ကာ​ပြု​သည်​အ​တိုင်း ခု​နစ်​ရက်​ပတ်​လုံး​ပြု​ရ​မည်။#ဝတ်၊ ၂၃:၃၃-၃၆။ တော၊ ၂၉:၁၂-၃၈။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in