YouVersion Logo
Search Icon

ယေဇကျေလ 42

42
သန့်​ရှင်း​ရာ​အ​ရပ်
1ထို​နောက်​မှ မြောက်​လမ်း​ဖြင့် ပြင်​တံ​တိုင်း​ထဲ​သို့ ခေါ်​သွား၍၊ အိမ်​တော်​မြောက်​ဘက်၊ လွတ်​လပ်​သော အ​ရပ်​ရှေ့​မှာ​ရှိ​သော အ​ခန်း​များ​ကို ပြ​လေ၏။ 2ထို​အ​ခန်း​တို့​သည် မြောက်​တံ​ခါး​အ​ထိ၊ အ​လျား အ​တောင်​တစ်​ရာ၊ အ​နံ အ​တောင်​ငါး​ဆယ်​ရှိ​ကြ၏။ 3အ​တောင်​နှစ်​ဆယ်​ရှိ​သော အ​တွင်း​တံ​တိုင်း​ရှေ့၊ ပြင်​တံ​တိုင်း ကျောက်​ခင်း​ရှေ့​တွင် တစ်​ဖက်​တစ်​ချက်၌ နံ​ရံ​အ​ခန်း သုံး​ဆင့်​ရှိ၏။ 4ထို​အ​ခန်း​များ​ရှေ့​မှာ တစ်​တောင်​ကျယ်​သော လမ်း​နှင့်​တ​ကွ အ​တွင်း​ဘက်​သို့​ဝင်၍၊ အ​နံ ဆယ်​တောင်​ရှိ​သော စင်္ကြံ​ရှိ၏။ အ​ခန်း​တံ​ခါး​တို့​သည် မြောက်​ဘက်​သို့ မျက်​နှာ​ပြု​ကြ၏။ 5အ​ထက်​ခန်း​တို့​သည် ကျဉ်း​ကြ၏။ သူ​တို့၏​ကြမ်း​ပြင်​သည် အောက်​ခန်း​ကြမ်း​ပြင်၊ အ​လယ်​ခန်း ကြမ်း​ပြင်​နှင့်​မ​ညီ၊ အ​ထဲ​သို့​ဝင်​လျက် ရှိ​ကြ၏။ 6အ​ကြောင်း​မူ​ကား၊ အ​ခန်း​သုံး​ဆင့်​ရှိ​သော်​လည်း၊ ထို​အ​ခန်း​တို့​သည် အ​ခြား​တံ​တိုင်း​ကဲ့​သို့ တိုင်​မ​ရှိ၊ သို့​ဖြစ်၍၊ အောက်​ခန်း​နှင့် အ​လယ်​ခန်း​ထက် သာ၍​ကျဉ်း​ကြ၏။ 7ထို​အ​ခန်း​များ တစ်​ဖက်​တစ်​ချက်၊ ပြင်​တံ​တိုင်း​ဘက်​မှာ အ​ခန်း​များ​ရှေ့၌​ကာ​သော နံ​ရံ​သည် အ​လျား အ​တောင်​ငါး​ဆယ်​ရှိ၏။ 8ပြင်​တံ​တိုင်း​နှင့် ဆိုင်​သော​အ​ခန်း​တို့​သည် အ​လျား အ​တောင်​ငါး​ဆယ်​ရှိ​ကြ၏။ ဗိ​မာန်​တော်​ရှေ့​မှာ အ​လျား​သည် အ​တောင်​တစ်​ရာ ရှိ၏။ 9ပြင်​တံ​တိုင်း​မှ​လာ၍၊ ထို​အ​ခန်း​များ​ခြေ​ရင်း အ​ရှေ့​ဘက်၌ ဝင်​ရာ​လမ်း​ရှိ၏။ 10အိမ်​တော်​တောင်​ဘက်၊ လွတ်​လပ်​သော​အ​ရပ်​ကို​ကာ​သော တံ​တိုင်း​နံ​ရံ၌​လည်း အ​ခန်း​များ​ရှိ​ကြ၏။ 11ထို​အ​ခန်း​စု​ရှေ့​မှာ ရှိ​သော​စင်္ကြံ​မှ​စ၍ အ​ခန်း​အ​လျား​အ​နံ၊ ထွက်​ရာ​ဝင်​ရာ တံ​ခါး​ရှိ​သ​မျှ​တို့​သည် မြောက်​အ​ခန်း​စု​နှင့် ပုံ​သ​ဏ္ဌာန်​တူ​ကြ၏။ 12တောင်​ခန်း​တံ​ခါး​တို့​သည်​လည်း မြောက်​ခန်း​တံ​ခါး​တို့​နှင့် တူ​သည်​ဖြစ်၍၊ တံ​တိုင်း​တစ်​ဖက်​တစ်​ချက်၊ အ​ရှေ့​သို့​မျက်​နှာ​ပြု​သော စင်္ကြံ​ဦး၌ ဝင်​ရာ​တံ​ခါး​ဝ​ရှိ၏။
13တိုင်း​သော​သူ​က​လည်း၊ လွတ်​လပ်​သော​အ​ရပ်​ရှေ့​မှာ မြောက်​ခန်း​နှင့် တောင်​ခန်း​တို့​သည် သန့်​ရှင်း​သော​အ​ခန်း၊ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​ချဉ်း​ကပ်​သော ယဇ်​ပု​ရော​ဟိတ်​တို့​သည် အ​လွန်​သန့်​ရှင်း​သော​အ​ရာ​များ​ကို စား​ရ​သော​အ​ခန်း ဖြစ်​ကြ၏။ ထို​အ​ရပ်​သည် သန့်​ရှင်း​သော​ကြောင့် အ​လွန်​သန့်​ရှင်း​သော​အ​ရာ၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ အ​ပြစ်​ဖြေ​ရာ​ယဇ်၊ ဒု​စ​ရိုက်​ဖြေ​ရာ​ယဇ်​တို့​ကို ထား​ရာ​အ​ရပ်​ဖြစ်၏။ 14ယဇ်​ပု​ရော​ဟိတ်​တို့​သည် ဝင်​သော​အ​ခါ အ​မှု​တော်​ဆောင် အ​ဝတ်​ကို​ဝတ်​လျက်၊ သန့်​ရှင်း​သော​အ​ရပ်​မှ ပြင်​တံ​တိုင်း​သို့ မ​ထွက်​ရ။ ထို​အ​ဝတ် သန့်​ရှင်း​သော​ကြောင့် ချွတ်​ထား၍ အ​ခြား​သော​အ​ဝတ်​ကို ဝတ်​ပြီး​မှ၊ လူ​များ​ရှိ​ရာ​သို့ ထွက်​သွား​ရ​ကြ​မည်​ဟု ငါ့​အား​ပြော​ဆို၏။
ဗိ​မာန်​တော်​မြေ​ယာ​အ​ကျယ်​အ​ဝန်း
15အ​တွင်း​ဗိ​မာန်​တော်​ကို တိုင်း​ပြီး​သည်​နောက်၊ အ​ရှေ့​တံ​ခါး​ပြင်​သို့ ခေါ်​သွား၍၊ 16တိုင်း​စ​ရာ​ကျူ​လုံး​နှင့် အ​ရှေ့​မျက်​နှာ​ကို​တိုင်း​လျှင် ကျူ​လုံး​အ​ပြန် ငါး​ရာ​ရှိ၏။ 17မြောက်​မျက်​နှာ​ကို​တိုင်း​လျှင်​လည်း ကျူ​လုံး အ​ပြန်​ငါး​ရာ​ရှိ၏။ 18တောင်​မျက်​နှာ​ကို​တိုင်း​လျှင်​လည်း ကျူ​လုံး အ​ပြန်​ငါး​ရာ​ရှိ၏။ 19အ​နောက်​မျက်​နှာ​ကို​တိုင်း​လျှင်​လည်း ကျူ​လုံး အ​ပြန်​ငါး​ရာ​ရှိ၏။ 20လေး​မျက်​နှာ​ကို​တိုင်း၍ ပတ်​လည်၌​ရှိ​သော တံ​တိုင်း​သည် သန့်​ရှင်း​သော​အ​ရပ်၊ မ​သန့်​ရှင်း​သော​အ​ရပ်​တို့​ကို ပိုင်း​ခြား​လျက်၊ အ​လျား အ​ပြန်​ငါး​ရာ၊ အ​နံ​လည်း အ​ပြန်​ငါး​ရာ​ရှိ၏။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in