YouVersion Logo
Search Icon

ယေဇကျေလ 43

43
ဗိ​မာန်​တော်​သို့​ဘု​ရား​သ​ခင့်​ဘုန်း​တော်
1ထို​နောက်​မှ အ​ရှေ့​ဘက်​သို့​မျက်​နှာ​ပြု​သော တံ​ခါး​ဝ​သို့ တစ်​ဖန်​ခေါ်​သွား၏။ 2ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင့်​ဘုန်း​တော်​သည် အ​ရှေ့​မျက်​နှာ​မှ​လာ၍၊ အ​သံ​သည် သ​မု​ဒ္ဒ​ရာ​သံ​ကဲ့​သို့ ဖြစ်၏။ ရောင်​ခြည်​တော်​အား​ဖြင့် မြေ​တစ်​ပြင်​လုံး လင်း၏။#ယေ​ဇ၊ ၁၀:၃-၄၊ ၁၈-၁၉၊ ၁၁:၂၂-၂၃။ ဗျာ၊ ၁:၁၅။ 3ငါ​မြင်​သော ရူ​ပါ​ရုံ​သည် မြို့​တော်​ကို​ဖျက်​ဆီး​ခြင်း​ငှာ လာ​သော​အ​ခါ၊ ငါ​မြင်​သော ရူ​ပါ​ရုံ​နှင့်​တူ၏။ ထင်​ရှား​သော​အ​ရာ​တို့​သည် ခေ​ဗာ​မြစ်​နား​မှာ ငါ​မြင်​ဖူး​သော အ​ရာ​များ​ကဲ့​သို့​ဖြစ်၍၊ ငါ​သည် ပျပ်​ဝပ်​လျက်​နေ၏။ 4ထာ​ဝ​ရ​ဘု​ရား၏​ဘုန်း​တော်​သည် အ​ရှေ့​ဘက်​သို့ မျက်​နှာ​ပြု​သော တံ​ခါး​လမ်း​ဖြင့် အိမ်​တော်​ထဲ​သို့ ဝင်​တော်​မူ၏။ 5ထို​အ​ခါ ဝိ​ညာဉ်​တော်​သည် ငါ့​ကို​ချီ​လျက် အ​တွင်း​တံ​တိုင်း​ထဲ​သို့ ဆောင်​သွား၍၊ ထာ​ဝ​ရ​ဘု​ရား၏ ဘုန်း​တော်​သည် တစ်​အိမ်​လုံး​ကို ဖြည့်​တော်​မူ၏။ 6အ​ရင်​လူ​သည် ငါ့​အ​နား​မှာ​ရပ်​နေ​လျက်၊ အိမ်​တော်​ထဲ​က ငါ့​အား မိန့်​တော်​မူ​သော​အ​သံ​ကို ငါ​ကြား​သည်​ကား၊ 7အ​ချင်း​လူ​သား၊ ဤ​အ​ရပ်​သည် ငါ့​ပ​လ္လင်​တည်​ရာ အ​ရပ်၊ ငါ့​ခြေ​ဖ​ဝါး နင်း​မြဲ​အ​ရပ်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​တွင် အ​စဉ်​အ​မြဲ ငါ့​နေ​ရာ​အ​ရပ် ဖြစ်၏။ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​များ​နှင့် အ​မျိုး​သား​များ​တို့​သည် မှား​ယွင်း​ခြင်း အား​ဖြင့်​လည်း​ကောင်း၊ ရှင်​ဘု​ရင်၏​အ​သေ​ကောင်​အား​ဖြင့်​လည်း​ကောင်း မြင့်​ရာ​အ​ရပ်​တို့၌ ငါ၏​နာ​မ​တော်​မြတ်​ကို နောက်​တစ်​ဖန် မ​ရှုတ်​ချ​ရ​ကြ။ 8သူ​တို့​တံ​ခါး​ခုံ​ကို​လည်း ငါ့​တံ​ခါး​ခုံ​အ​နား​မှာ​လည်း​ကောင်း၊ သူ​တို့​တိုင်​ကို​လည်း ငါ့​တိုင်​အ​နား​မှာ​လည်း​ကောင်း တည်​စိုက်​လျက်၊ ငါ​နှင့် သူ​တို့​စပ်​ကြား​မှာ နံ​ရံ​တစ်​ခု​တည်း​သာ​ရှိ​လျက်၊ သူ​တို့ ပြု​မိ​သော စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​အ​မှု​တို့​ဖြင့်၊ ငါ၏​နာ​မ​တော်​မြတ်​ကို ရှုတ်​ချ​သော​ကြောင့်၊ ငါ​သည်​အ​မျက်​ထွက်၍ သူ​တို့​ကို ဖျက်​ဆီး​ပြီ။ 9ယ​ခု​မူ​ကား၊ သူ​တို့​မှား​ယွင်း​ခြင်း​အ​မှု​များ​နှင့် ရှင်​ဘု​ရင်၏​အ​သေ​ကောင်​များ​ကို ငါ​မှ​ဝေး​စွာ ပယ်​ရှား​ကြ​စေ။ ငါ​သည်​လည်း သူ​တို့​တွင် အ​စဉ်​အ​မြဲ​နေ​မည်။ 10အ​ချင်း​လူ​သား၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ကိုယ်​ဒု​စ​ရိုက်​အ​ပြစ်​ကြောင့် ရှက်​ကြောက်​စေ​ခြင်း​ငှာ အိမ်​တော်​ကို​ပြ​လော့။ အိမ်​တော်​ပုံ​ကို သူ​တို့​တိုင်း​ကြ​စေ​လော့။ 11သူ​တို့​သည် ကိုယ်​ပြု​မိ​သော​အ​မှု​များ​ကြောင့် အ​မှန်​ရှက်​ကြောက်​လျှင်၊ အိမ်​ပုံ​သ​ဏ္ဌာန်​နှင့် ထွက်​ရာ​ဝင်​ရာ တံ​ခါး​ဝ​များ၊ ကျင့်​ရ​သ​မျှ​သော​ထုံး​စံ​များ၊ စီ​ရင်​ထုံး​ဖွဲ့​ချက် တ​ရား​အ​လုံး​စုံ​တို့​ကို​ပြ​လော့။ သူ​တို့​သည် ထုံး​စံ​များ​နှင့် စီ​ရင်​ထုံး​ဖွဲ့​ချက် အ​လုံး​စုံ​တို့​ကို ကျင့်​စောင့်​စေ​ခြင်း​ငှာ သူ​တို့​ရှေ့​မှာ ရေး​ထား​လော့။ 12တောင်​ထိပ်​ပေါ်​မှာ​တည်​သော အိမ်​တော်၏​တ​ရား​ဟူ​မူ​ကား၊ အိမ်​တော်​နယ်​နိ​မိတ်​ရှိ​သ​မျှ​တို့​သည် အ​လွန်​သန့်​ရှင်း​ရ​ကြ​မည်။ ဤ​ရွေ့​ကား၊ အိမ်​တော်၏​တ​ရား​ပေ​တည်း။
ယဇ်​ပ​လ္လင်
13ယဇ်​ပ​လ္လင်​အ​တိုင်း အ​ရှည်​ကား၊ သံ​တောင်​ဖြင့် တိုင်း​လျှင်၊ ဖိ​နပ်​အ​မြင့်​တစ်​တောင်၊ အ​ကျယ်​တစ်​တောင်၊ ပတ်​လည်​အ​နား​ပတ် အ​ကျယ်​တစ်​ထွာ​ရှိ၍၊ ယဇ်​ပ​လ္လင် ပြင်​ဘက်၌ တည်​ရ၏။#ထွ၊ ၂၇:၁-၂။ ၆​ရာ၊ ၄:၁။ 14အောက်​အ​ထစ်​သည် မြေ​နှင့်​နှစ်​တောင်​ကွာ၍ အ​ကျယ်​တစ်​တောင်​ရှိ​ရ​မည်။ ငယ်​သော​အ​ထစ်​နှင့် ကြီး​သော​အ​ထစ်​သည် လေး​တောင်​ကွာ၍ အ​ကျယ်​တစ်​တောင် ရှိ​ရ​မည်။ 15ယဇ်​ပ​လ္လင်​အ​မြင့်​သည်​လည်း လေး​တောင်​ရှိ​ရ​မည်။ ဦး​ချို​လေး​ချောင်း​လည်း တက်​ရ​မည်။ 16ယဇ်​ပ​လ္လင်​သည် စ​တု​ရန်း​ဖြစ်၍၊ အ​လျား တစ်​ဆယ်​နှစ်​တောင်၊ အ​နံ​လည်း တစ်​ဆယ်​နှစ်​တောင် ရှိ​ရ​မည်။ 17အောက်​အ​ထစ်​သည်​လည်း စ​တု​ရန်း​ဖြစ်၍ အ​လျား တစ်​ဆယ်​လေး​တောင်၊ အ​နံ​လည်း တစ်​ဆယ်​လေး​တောင် ရှိ​ရ​မည်။ အ​နား​ပတ်​သည်​လည်း အ​ကျယ်​တစ်​ထွာ​ရှိ​ရ​မည်။ ဖိ​နပ်​သည် ယဇ်​ပ​လ္လင်​ပတ်​လည်၌ တစ်​တောင်​ထွက်၍၊ တက်​ရာ​လမ်း​သည် အ​ရှေ့​သို့ မျက်​နှာ​ပြု​ရ​မည်။
ယဇ်​ပ​လ္လင်​ကို​သ​န့်​စင်​စေ​ခြင်း
18တစ်​ဖန် အ​ချင်း​လူ​သား၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​အ​တိုင်း၊ မီး​ရှို့​ရာ​ယဇ်​ကို​ပူ​ဇော်၍ အ​သွေး​ကို​ဖျန်း​ဖို့​ရာ၊ ယဇ်​ပ​လ္လင်​ကို​တည်​သော​နေ့၌ ကျင့်​ရ​သော​တ​ရား​ဟူ​မူ​ကား၊ 19အ​မှု​တော်​ကို​ဆောင်၍ ငါ့​ထံ​သို့ ချဉ်း​ကပ်​သော လေ​ဝိ​အ​မျိုး၊ ဇာ​ဒုတ်​သား ယဇ်​ပု​ရော​ဟိတ်​တို့​အား အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့၊ ပျို​သော​နွား​ထီး​တစ်​ကောင်​ကို အပ်​ရ​မည်။ 20နွား​အ​သွေး​အ​ချို့​ကို​ယူ၍ ယဇ်​ပ​လ္လင်​ဦး​ချို လေး​ချောင်း၊ အ​ထစ်​လေး​ထောင့်၊ အ​နား​ပတ်​ကို​လူး​သော​အား​ဖြင့် သန့်​ရှင်း​စင်​ကြယ်​စေ​ရ​မည်။ 21အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့ နွား​ကောင်​ကို​ယူ၍ သန့်​ရှင်း​ရာ​ဌာ​န​ပြင်၊ ဗိ​မာန်​တော်​အ​တွင်း​တွင် ခန့်​ထား​သော​အ​ရပ်၌ မီး​ရှို့​ရ​မည်။ 22ဒု​တိ​ယ​နေ့၌​လည်း အ​ပြစ်​မ​ရှိ​သော ဆိတ်​သ​ငယ်​ကို​ယူ၍၊ အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့ ပူ​ဇော်​ရ​မည်။ ယဇ်​ပ​လ္လင်​ကို နွား​အ​သွေး​နှင့် သန့်​ရှင်း​စေ​သ​ကဲ့​သို့ ဆိတ်​အ​သွေး​နှင့် သန့်​ရှင်း​စေ​ရ​မည်။ 23ထို​သို့​ယဇ်​ပ​လ္လင်​ကို သန့်​ရှင်း​စေ​ပြီး​သည်​နောက်၊ အ​ပြစ်​မ​ရှိ၊ ပျို​သော​နွား​ထီး​နှင့် အ​ပြစ်​မ​ရှိ​သော ဆိတ်​ထီး​ကို ထာ​ဝ​ရ​ဘု​ရား ရှေ့​တော်၌ ပူ​ဇော်​ရ​မည်။ 24ယဇ်​ပု​ရော​ဟိတ်​တို့​သည် ဆား​ကို​တင်​လျက်၊ ထို​ယဇ်​ကောင်​တို့​ကို ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ မီး​ရှို့၍ ပူ​ဇော်​ရ​မည်။ 25ခု​နစ်​ရက်​ပတ်​လုံး တစ်​နေ့​တစ်​နေ့​လျှင်၊ ဆိတ်​တစ်​ကောင်​ကို အ​ပြစ်​ဖြေ​ရာ​ယဇ်​ပြု၍ ပူ​ဇော်​ရ​မည်။ အ​ပြစ်​မ​ရှိ၊ ပျို​သော​နွား​ထီး​တစ်​ကောင်​နှင့် သိုး​ထီး​တစ်​ကောင်​ကို​လည်း ပူ​ဇော်​ရ​မည်။ 26ခု​နစ်​ရက်​ပတ်​လုံး ယဇ်​ပ​လ္လင်​ကို သန့်​ရှင်း​စင်​ကြယ်​စေ၍၊ ကိုယ်​ကို​လည်း ယဇ်​ပု​ရာ​ဟိတ်​အ​ရာ၌ ခန့်​ထား​ရ​ကြ​မည်။ 27ခု​နစ်​ရက်​စေ့​သော​နောက် အ​ဋ္ဌ​မ​နေ့၌​လည်း​ကောင်း၊ ထို​နေ့​မှ​စ၍​လည်း​ကောင်း၊ ယဇ်​ပု​ရော​ဟိတ်​တို့​သည် ယဇ်​ပ​လ္လင်​ပေါ်​မှာ သင်​တို့​မီး​ရှို့​ရာ​ယဇ်​များ​နှင့် မိတ်​သ​ဟာ​ယ​ယဇ်​များ​ကို ပူ​ဇော်​ရ​ကြ​မည်။ ငါ​သည်​လည်း၊ သင်​တို့​လက်​ခံ​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။#ထွ၊ ၂၉:၃၅-၃၇။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy