YouVersion Logo
Search Icon

ယေဇကျေလ 41

41
1ထို​နောက်​မှ ဗိ​မာန်​တော်သို့​ခေါ်၍ တံ​ခါး​တိုင်​တို့​ကို​တိုင်း​လျှင်၊ နှစ်​ဖက်၌ တံ​ခါး​တိုင်​ထု​သည် ဗိ​မာန်​တော်​ထု​နှင့်​အ​မျှ ခြောက်​တောင်​ရှိ၏။ 2ဗိ​မာန်​တော်​တံ​ခါး​ဝ​အ​ကျယ်​ကား ဆယ်​တောင်​ရှိ၏။ တံ​ခါး​ဝ​တစ်​ဖက်​နှင့် တစ်​ဖက်​လည်း ငါး​တောင်​စီ​ကျယ်၏။ ဗိ​မာန်​တော်​ကို​တိုင်း၍၊ အ​လျား​ကား အ​တောင်​လေး​ဆယ်၊ အ​နံ​ကား အ​တောင်​နှစ်​ဆယ်​ရှိ၏။ 3ထို​နောက်၊ အ​ထဲ​သို့​ဝင်၍ အ​ရာ​ရာ​တို့​ကို​တိုင်း​လျှင်၊ တံ​ခါး​တိုင် နှစ်​တောင်၊ တံ​ခါး​ဝ​ခြောက်​တောင်၊ တံ​ခါး​ဝ တစ်​ဖက်​တစ်​ချက် ခု​နစ်​တောင်​စီ​ရှိ၏။ 4ထို​အ​ခန်း​သည် ဗိ​မာန်​တော်​အ​နံ​နှင့် တ​ညီ​တည်း​ဖြစ်​လျက်၊ အ​လျား​အ​တောင်​နှစ်​ဆယ်၊ အ​နံ​လည်း အ​တောင်​နှစ်​ဆယ်​ရှိ​သည်​ကို တိုင်း၍၊ ဤ​အ​ခန်း​ကား အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န​ဖြစ်​သည်​ဟု ငါ့​အား​ပြော​ဆို၏။
ထ​ရံ​အ​ခန်း​များ
5ထို​နောက်၊ အိမ်​တော်​ထ​ရံ​ကို​တိုင်း၍ အ​ထု​ခြောက်​တောင်​ရှိ၏။ အိမ်​တော်​ပတ်​လည် ထ​ရံ​အ​ခန်း​တို့​သည် အ​နံ လေး​တောင်​စီ​ရှိ၏။ 6ထ​ရံ​အ​ခန်း​တို့​သည် အ​စဉ်​အ​တိုင်း​သုံး​ဆယ်၊ အ​ဆင့်​သုံး​ဆင့်​ပေါင်း သုံး​ဆယ်​သုံး​လီ​ရှိ​ကြ၏။ ထို​အ​ခန်း​တို့​သည် အိမ်​တော်​ထ​ရံ​ထဲ​သို့ မ​ဝင်​ဘဲ ထ​ရံ​အောက်​ပိုင်း​ထွက်​သော​ခြေ​အ​ပေါ်​မှာ မှီ​နေ​ကြ၏။ 7ထ​ရံ​အ​ခန်း​အောက်​ဆင့်​မှ​သည် ဒု​တိ​ယ​အ​ဆင့်​သို့​လည်း​ကောင်း၊ ဒု​တိ​ယ​အ​ဆင့်​မှ​သည် တ​တိ​ယ​အ​ဆင့်​သို့​လည်း​ကောင်း တက်​သည်​အ​တိုင်း၊ အိမ်​တော်​ထ​ရံ​ပတ်​လည် တစ်​လျှောက်​လုံး ဆက်​ကာ​ဆက်​ကာ ဆုတ်၍၊ အ​ခန်း​နေ​ရာ​သည် အ​စဉ်​အ​တိုင်း ကျယ်​လျက် အ​ဆင့်​ဆင့်​တက်၏။ 8အိမ်​တော်​အ​ထက်​ပိုင်း​ပတ်​လည်၌ အ​မြင့်​ဆုံး​သော ထ​ရံ​အ​ခန်း​တို့​သည် ခြောက်​တောင်​ရှည်​သော ကျူ​တစ်​ပြန်​မျှ ကျယ်​ကြ၏။ 9ထ​ရံ​အ​ခန်း​ပြင်​ဘက်၌ ကာ​သော​ထ​ရံ​သည် အ​ထု​ငါး​တောင်​ရှိ၏။ ကျန်​ကြွင်း​သော​အ​ရပ်​သည် ထ​ရံ​အ​ခန်း​တို့​နှင့် ဆိုင်၏။ 10အိမ်​တော်​ပတ်​လည်၌ ထ​ရံ​အ​ခန်း​တို့​သည် အိမ်​တော်​တံ​တိုင်း​အ​ခန်း​တို့​နှင့် အ​တောင်​နှစ်​ဆယ်​ကွာ​လျက်​ရှိ​ကြ၏။ 11ထ​ရံ​အ​ခန်း​တို့​သည် ကျန်​ကြွင်း​သော​အ​ရပ်​သို့​ဖွင့်၍ မြောက်​ဘက်​သို့​လည်း​ကောင်း၊ တောင်​ဘက်​သို့​လည်း​ကောင်း မျက်​နှာ​ပြု​ကြ၏။ ကျန်​ကြွင်း​သော​အ​ရပ်​သည် ပတ်​လည်၌ အ​နံ​ငါး​တောင်​ရှိ၏။
အ​နောက်​တံ​တိုင်း
12လွတ်​လပ်​သော အ​ရပ်​ကို​ပိတ်၍ အ​နောက်​ဘက်၌​ရှိ​သော တံ​တိုင်း​သည် အ​လျား အ​တောင်​ခု​နစ်​ဆယ်​ရှိ၍၊ အိမ်​တော်​ပတ်​လည် တံ​တိုင်း​သည်​လည်း အ​ထု​ငါး​တောင်၊ အ​လျား​အ​တောင်​ကိုး​ဆယ်​ရှိ၏။
ဗိ​မာန်​တော်​အ​ကျယ်​အ​ဝန်း
13ထို​သို့ အိမ်​တော်​ကို​တိုင်း၍ လွတ်​လပ်​သော​အ​ရပ်၊ အိမ်​တော်​ထ​ရံ၊ တံ​တိုင်း​ပါ​လျက် အ​လျား အ​တောင်​တစ်​ရာ​ရှိ၏။ 14အ​ရှေ့​မျက်​နှာ၌ လွတ်​လပ်​သော​အ​ရပ်​ပါ​လျက်၊ အိမ်​တော်​ဦး​အ​တိုင်း​အ​ရှည်​လည်း အ​တောင်​တစ်​ရာ​ရှိ၏။
အ​သေး​စိတ်​အ​ချက်​များ
15လွတ်​လပ်​သော​အ​ရပ်၌ ကာ​သော​ရှေ့​တံ​တိုင်း​နှင့် နောက်​တံ​တိုင်း​ကို တိုင်း၍၊ တစ်​ဖက်​တစ်​ချက်၌​ရှိ​သော ထ​ရံ​အ​ခန်း​ပါ​လျက် အ​လျား​အ​တောင်​တစ်​ရာ​ရှိ၏။
16အ​တွင်း​ဗိ​မာန်​နှင့် တံ​တိုင်း​မုခ်​များ၊ တံ​ခါး​ခုံ​များ၊ ကျဉ်း​သော​ပြတင်း​ပေါက်​များ၊ တံ​ခါး​ခုံ​ရှိ​သ​မျှ တစ်​ဖက်​တစ်​ချက်​သုံး​ဆင့်​ရှိ​သော ထ​ရံ​အ​ခန်း​နံ​ရံ​များ​တို့​သည် မြေ​မှ​ပြတင်း​ပေါက်​တိုင်​အောင် ပျဉ်​ပြား​နှင့် ဖုံး​အုပ်​လျက်​ရှိ၏။ ပြတင်း​ပေါက်​တို့​သည်​လည်း ကွယ်​ကာ​လျက် ရှိ​ကြ၏။
17တံ​ခါး​ပေါက်​ရှိ​သ​မျှ​အ​ထက်၊ အ​တွင်း​ဗိ​မာန်​ပြင်​ဘက်၊ အိမ်​တော်​အ​တွင်း​ပြင် ထ​ရံ​ပတ်​လည်၌ ခေ​ရု​ဗိမ်​နှင့် စွန်​ပ​လွံ​ပင်​ပုံ​ထု၍၊ 18ခေ​ရု​ဗိမ်​နှစ်​ခု​ကြား​မှာ စွန်​ပ​လွံ​ပင်​တစ်​ခု​စီ​ရှိ၏။ ခေ​ရု​ဗိမ်​တစ်​ခု၌ မျက်​နှာ​နှစ်​ခု​စီ​ပါ​လျက်၊ 19စွန်​ပ​လွံ​ပင်​နှစ်​ခု​ကြား​မှာ တစ်​ဖက်၌​လူ​မျက်​နှာ၊ တစ်​ဖက်၌ ခြင်္သေ့​မျက်​နှာ​ကို ပြ​ကြ၏။ 20ထို​သို့ အိမ်​တော်​ပတ်​လည်၊ မြေ​မှ​သည် တံ​ခါး​ပေါက်​အ​ထက်​တိုင်​အောင် ဗိ​မာန်​တော်​ထ​ရံ၌ ခေ​ရု​ဗိမ်​နှင့် စွန်​ပ​လွံ​ပင် အ​ရုပ်​ထု​လျက်​ရှိ၏။ 21ဗိ​မာန်​တော်​တိုင်​တို့​သည် လေး​ထောင့်​ဖြစ်​ကြ၏။ သန့်​ရှင်း​ရာ​ဌာ​န​နှင့် မျက်​နှာ​ချင်း​တူ​ကြ၏။
သစ်​သား​ယဇ်​ပ​လ္လင်
22သစ်​သား​ယဇ်​ပ​လ္လင်​သည် အ​မြင့်​သုံး​တောင်၊ အ​လျား​နှစ်​တောင်၊ အ​နံ​နှစ်​တောင်​ရှိ၏။ ပ​လ္လင်​ထောင့်၊ ဖိ​နပ်၊ နံ​ရံ​တို့​သည် သစ်​သား​ဖြင့်​ပြီး​ကြ၏။ ဤ​စား​ပွဲ​ကား၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​မှာ တင်​သော စား​ပွဲ​ပေ​တည်း​ဟု ငါ့​အား​ပြော​ဆို၏။
တံ​ခါး​များ
23ဗိ​မာန်​တော်​နှင့် သန့်​ရှင်း​ရာ​ဌာ​န၌ တံ​ခါး​ပေါက် တစ်​ပေါက်​စီ​ရှိ၍၊ 24တံ​ခါး​တို့​သည်​လည်း တပ်​သော တံ​ခါး​ရွက်​နှစ်​ရွက်​စီ​ရှိ၏။ 25ဗိ​မာန်​တော်​ထ​ရံ၌​ထု​သ​ကဲ့​သို့ တံ​ခါး​ရွက်​တို့၌ ခေ​ရု​ဗိမ်​နှင့် စွန်​ပ​လွံ​ပင်​ပုံ​ထု​လျက်​ရှိ၏။ မုခ်​ဦး​အ​ထက်​မှာ ထုပ်​တင်​လျက်​ရှိ၏။ 26မုခ်​နံ​ရံ၊ အိမ်​တော်​အ​ခန်း​ထ​ရံ​တို့​သည် ထုပ်​များ၊ ကျဉ်း​သော ပြတင်း​ပေါက်​များ၊ စွန်​ပ​လွံ​ပင်​များ​နှင့် ပြည့်​စုံ​ကြ၏။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in