YouVersion Logo
Search Icon

တမန်တော် 3

3
ခေသန်ဘဲဟှူ ဒေါန်းဇားဟှို ကျန်းမာစေကြောန်း
1တနေ့မာ ပေတရုန ယောဟန်လေဟှာ ဆုတောန်းခီဖြစ်ဟှူ နေဒန်ဇာ သောင်းနာရီမာ ဗိမာန်တော်ဟှို သွားဂေ့ဟှယ်။ 2မွီးဂဒဲဟှ ခေသန်ဘဲဟှူ လူတယော့‑က်ဟှာ တင့်တယ် ဆိုဘီး ခေါ်ဟှူ ခွဗော့‑က်ဝမာ ရှိနေဟှယ်။ ဗိမာန်တော်ဟှို လာဂေ့ဟှူ လူလေနားဟှ ကပ်တောန်းဟှို့တွပ် အယ်လူဟှို နေ့တိုင်း ထမ်းလာဂေ့ဘီး ခွဗော့‑က်ဝမာ ခ္လဟှားဂေ့ဟှယ်။ 3အယ်လူဟှာ ပေတရုန ယောဟန်လေ ဗိမာန်တော်ထဲဟှို ဝမ်ဟှို့လောက်နေဇာဟှို ဗြင်ဟှူ ခီမာ တခုခုပေးဟှို့တွပ် တောန်းလျှော့‑က်လေဟှယ်။ 4သူးနို့ဟှာ အယ်လူဟှို စေ့စေ့ကေ့လေဟှယ်။ အယ်ဘီးန ပေတရုန ယောဟန်ဟှ “နို့လေဟှို ကေ့!” ဆိုဘီး ပြောလေဟှယ်။ 5အယ်ကြောန့် အယ်လူဟှာ သူးနို့နားဟှ တခုခုရမယ်ဆို ထန်ဘီး သူးနို့ဟှို ကေ့လေဟှယ်။ 6အယ်ဘေမဲ့ ပေတရုဟှ “ငါ့မာ ရွှေလည်း မှေ့ဟှ။ ငွေလည်း မှေ့ဟှ။ အယ်ဘေမဲ့ ငါ့မာ ရှိဟှူဇာဟှို နန့်ဟှိုပေးမယ်။ နာဇရက်ဗြို့သား ယေရှုခရစ်တော်ရဲ့ နာမန ထဘီးလမ်းရှော့‑က်!” ဆိုဘီး ပြောလေဟှယ်။ 7အယ်ဘီးန သူ့ရဲ့ ညာဖတ်လတ်ဟှို ဆွဲဒန်လေဟှယ်။ ရှစ်ရှင်းဘဲ့ အယ်လူရဲ့ ခေဒေါ့‑က်န ခေမျစ်စိလေဟှာ သန်မာလာဘီး 8သူဟှ ထခူဘီး၊ ထရပ်ဘီးဟှာ စဘီးဟှာ လမ်းရှော့‑က်လေဟှယ်။ အယ်ဘီးန သူဟှာ ခူပေါ့‑က်ဘီး၊ ဘုရားသခင်ဟှို ချီးမွမ်းဘီး သူးနို့နတူးဒူး ဗိမာန်တော်ထဲဟှို ဝမ်ဟှားဟှယ်။ 9အယ်နေရာမာ ရှိနေဟှူ လူလေဟှ လမ်းရှော့‑က်ဘီး ဘုရားသခင်ဟှို ချီးမွမ်းနေဟှူ အယ်လူဟှို ဗြင်ဟှားဟှူ ခီမာ 10အယ်လူဟှာ ဗိမာန်တော်ရဲ့ တင့်တယ်ခွဗော့‑က်မာ ထိုင်နေဟှူ ဒေါန်းဇားဖြစ်ဟှယ် ဆိုဇာဟှို မှတ်မိဟှားဟှူ ခီမာ သူးနို့ ဂူလောင်းဟှာ အယ်လူမာ ဖြစ်ဟှားဇာလေဟှို အံ့ဩဘီး တွေဝေဟှားဂေ့ဟှယ်။
ဗိမာန်တော်ထဲမာ ပေတရုရဲ့ တရားစကားကြောန်း
11အယ်လူဟှာ ပေတရုန ယောဟန်လေဟှို ပိုက်နေဒူးမာ လူလေဟှ အံ့ဩဘီးဟှာ ရှောလမုန်ရဲ့ မုခ်ဦးဆောန်နားမာ ရှိနေဟှူ သူးနို့နားဟှို ပ္လေးလာဂေ့ဟှယ်။ 12ပေတရုဟှာ လူလေဟှို ဗြင်ဟှူ ခီမာ “ဣသရေလူမျိုးလေ၊ ဖြားဖြစ်ကြောန့် နန်းနို့ အံ့ဩနေဂေ့ဟှယ်နူး။ ဖြားဖြစ်ကြောန့် နို့လေဟှို စိုက်ကေ့နေဂေ့နူး။ နို့လေရဲ့ တဂိုး၊ နို့လေရဲ့ သီလန အယ်လူဟှို လမ်းရှော့‑က်နိုင်အောန် လောက်ပေးဟှယ် ဆိုဘီး နန်းနို့ ထန်နေဂေ့ဇာလော။ 13အာဗြဟံ၊ ဣဇာက်၊ ယာကုပ်ရဲ့ ဘုရားသခင်၊ နို့လေ ဘိုးဘေးလေရဲ့ ဘုရားသခင်ဟှာ သူ့ရဲ့ စေခံယေရှုဟှို ဖောင်းသရေတော်ထန်ရှားစေဟှယ်။ ပိလတ်ဟှာ အယ်သခင်ဟှို လွှတ်ပေးဟှို့တွပ် ဆောင်းဖြတ်ဟှယ်။ အယ်ဘေမဲ့လည်း နန်းနို့ဟှာ အယ်သခင်ဟှို အာဏာပိုင်လေဟှို အပ်ဘီး ပိလတ်ရဲ့ ရှေ့မာ ငြင်းပယ်ဂေ့ဟှယ်။ 14#မ ၂၇.၁၅–၂၃; မာ ၁၅.၆–၁၄; လု ၂၃.၁၃–၂၃; ယော ၁၉.၁၂–၁၅နန်းနို့ဟှ သန့်ရှင်းဖြောန့်မတ်ဟှူ သခင်ဟှို ငြင်းပယ်ဂေ့ဘီး လူသတ်မားဟှို လွှတ်ပေးဟှို့တွပ် တောန်းဆိုဂေ့ဟှယ်။ 15နန်းနို့ဟှာ သတ်ပေးပိုင်ဟှူ သူဟှို သတ်ဂေ့ဟှယ်။ အယ်ဘေမဲ့ ဘုရားသခင်ဟှာ အယ်သခင်ဟှို သေရှင်းဟှနေ ထမြော့‑က်စေဟှယ်။ နို့လေဟှာ အယ်ဖြစ်ပျစ်ရဲ့ သတ်သေလေ ဖြစ်ဂေ့ဟှယ်။ 16အယ်သခင်ရဲ့ နာမတော်တဂိုးန အယ်ခေသန်ဘဲဟှူလူဟှာ သန်စွမ်းလာဟှယ်။ အယ်သခင်ရဲ့ နာမတော်ဟှို ယောင်ကြည်လိုက်ဟှူန ခု နန်းနို့လေ တွိဗြင်ရဂေ့ဟှူ မှုရာလေ ဖြစ်လာဟှယ်။ နန်းနို့လေဟှ ဗြင်ရတိုင်းဘဲ့ ယေရှုဟှို ယောင်ကြည်ရှင်းဟှဘဲ့ အယ်လူဟှို ကျန်းမာလာစေဟှယ်။”
17“ညီကိုလေ၊ ခု နန်းနိုဟှာ နန်းနို့လေရဲ့ ခေါန်းဆောန်မျိုးဘဲ့ ကိုယ်လောက်ဇာဟှို ကိုယ်သိဘဲန လောက်ဂေ့ကြောန်းဟှို ငါသိဟှယ်။ 18အယ်ဘေမဲ့ ခရစ်တော်ဟှာ သေခံရဟှို့ကြောန်းဟှို ပရောဖက်လေ ဂူလောင်းဟှို ဘုရားသခင်ဟှ ဗျာဒိတ်ပေးဟှားဟှယ်။ အယ်မျိုး ဖြစ်လာဇာဟှ အယ်ဗျာဒိတ်တော်ဟှို ပ္လဲ့ဇောင်ဟှို့တွပ် ဖြစ်ဟှယ်။ 19အယ်ကြောန့် ဘုရားသခင်ဟှာ နန်းနို့ ပြစ်လေဟှို လွှတ်ပေးနိုင်ဟှို့တွပ်ကြောန့် နောန်ဒရဘီး ပ္လောန်းလဲဂေ့။ အယ်မျိုးလောက်မယ် ဆိုဟှာ၊ 20ဘုရားသခင်နားဟှနေ ဝိညာဉ်ခွန်အား ရော့‑က်လာဘီး နန်းနို့တွပ် ဝီးကော့‑က်ဟှားဟှူ မေရှိယဖြစ်ဟှူ ယေရှုဟှို နန်းနို့နားဟှို စေလွှတ်လေ့မယ်။ 21ရှေးရှေးဟှ သန့်ရှင်းဟှူ ပရောဖက်လေဟှတဆင့် ပေးလိုက်ဟှူ ဘုရားသခင်ရဲ့ ဗျာဒိတ်တော်နညီ ဂူလောင်းဟှို သစ်ပ္လောန်းလဲဟှားဟှူ ကာလရော့‑က်ခန်ထိ အယ်သခင်ဟှာ ကောန်းဂန်ဘောင်မာ ရှိနေမယ်။ 22အယ်ကြောန့် မောရှေဟှာ ‘နန်းနို့ရဲ့ ဘုရားသခင် ထာဝရဘုရားဟှာ ငါ့ဟှို စေလွှတ်မျိုးဘဲ့#၃.၂၂ ငါ့ဟှို စေလွှတ်မျိုးဘဲ့၊ အယ်မျိုးမှုဘဲနေဟှာ ငါ့မျိုးဘဲ့။ ပရောဖက်တပါးဟှို နန်းနို့နားဟှို လွှတ်လေ့မယ်။ အယ်သခင်ဟှာ နန်းနို့ရဲ့ ညီကိုလေထဲဟှ ဖြစ်လေ့မယ်။ အယ်သခင် ပြောဇာလေ ဂူလောင်းဟှို နန်းနို့ဟှာ နားထောန်ရဂေ့လေ့မယ်။ 23အယ်ပရောဖက်ရဲ့ စကားဟှို နားထောန်ဘဲ့ဟှူ လူတိုင်းဟှာ ဘုရားသခင်ရဲ့ လူမျိုးတော်ဟှနေ ဖယ်ရှားဘီး ဖျစ်ဆီးခံရလေ့မယ်’ ဆိုဘီး ပြောဟှယ်။ 24ရှမွေလဟှနေစဘီး ဗျာဒိတ်တော်အားဖြင့် ဟောပြောဂေ့ဟှူ တခြားပရောဖက်လေဟှ အယ်နေ့ရစ်လေမာ ဖြစ်ပျစ်မယ့် ကြောန်းရာလေဟှို ကြေညာဂေ့ဟှယ်။ 25ပရောဖက်လေအားဖြင့် ဘုရားသခင်ပေးဟှူ ဂဒိတော်လေဟှာ နန်းနို့တွပ် ဖြစ်ဟှယ်။ နန်းနို့ ဘိုးဘေးလေန ဘုရားသခင် လောက်ဟှားဟှူ ပဋိညာဉ်ဟှလည်း နန်းနို့တွပ် ဖြစ်ဟှယ်။ ဘုရားသခင်ဟှ အာဗြဟံဟှို ‘နန့်ရဲ့ မ္လေးမ္လစ်လေအားဖြင့် လောကသားလေဟှာ ကောန်းဂျီးမင်္ဂလာဟှို ခံစားရလေ့မယ်’ ဆိုဘီး ပြောလေဟှယ်။ 26အယ်ကြောန့် နန်းနို့ဟှာ ကောန်းဘဲဟှူဇာလေဟှို စွန့်ပစ်ဘီး ကောန်းဂျီးခံစားရဟှို့တွပ် ဘုရားသခင်ဟှာ သူ့ရဲ့ စေခံဟှို နန်းနို့နားဟှို စေလွှတ်လိုက်ဟှယ်” ဆိုဘီး ပြောလေဟှယ်။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in