YouVersion Logo
Search Icon

တမန်တော် 2

2
သန့်ရှင်းဟှူဝိညာဉ်တော် ဆင်းလာကြောန်း
1ပင်တေကုတ္တေပွဲနေ့ ရော့‑က်လာဟှူ ခီမာ ယောင်ကြည်သူလေ ဂူလောင်းဟှာ တနေရာထဲမာ စုနေဂေ့ဟှယ်။ 2အယ်ခီမာ လေပြင်းမှောန်ဒိုင်းသံမျိုး ကောန်းဂန်ဟှနေ ရောက်တရစ် ပေါ်လာဘီးန သူးနို့လေ ထိုင်နေဟှူ အီတအီလောင်းဟှို ပ္လဲ့ဟှားလေဟှယ်။ 3အယ်ဘီးန သူးနို့ဟှာ ဖြာထွပ်နေဟှူ မီးလျှာလေမျိုးဟှို ဗြင်ရဂေ့ဘီး သူးနို့ထတ်မာ ရှိနေဂေ့ဟှယ်။ 4သူးနို့ ဂူလောင်းဟှာ သန့်ရှင်းဟှူဝိညာဉ်တော်န ပ္လဲ့နေဘီး ဝိညာဉ်တော်ဟှ သူးနို့လေ ပြောနိုင်ဟှူတိုင်း တခြားဘာသာစကားလေန စဘီးဟှာ ပြောဂေ့ဟှယ်။
5အယ်ကာလမာ ကောန်းဂန်အော့‑က် တိုင်းပြည်သီးသီးဟှ ဘုရားသခင်ဟှို ကြော့‑က်ဂေ့ဟှူ ယုဒလူမျိုးလေဟှာ ယေရုရှလင်ဗြို့မာ တဲနေဂေ့ဟှယ်။ 6အယ်သံဟှို ကြားရဟှူ ခီမာ လူအောက်ဂီးဟှာ စုလာဂေ့ဟှယ်။ တဗဲ့တော်လေ ပြောဟှူဇာဟှို သူးနို့ အားလောင်းဟှ သူးနို့ ဘာသာစကားန ကြားရဂေ့ဟှူကြောန့် အံ့ဩဟှားဂေ့ဟှယ်။ 7သူးနို့ဟှာ အံ့ဩနေဘီး “အယ်မျိုး ပြောနေဂေ့ဟှူ လူလေဟှာ ဂါလိလဲနယ်သားလေမား! 8အယ်ဆိုဟှာ နို့လေ ဂူလောင်းဟှာ နို့လေရဲ့ ဘာသာစကားတိုင်း ကြားရဂေ့ဇာဟှ ဖယ်မျိုးနူး။ 9နို့လေဟှာ ပါသိပြည်၊ မေဒိပြည်၊ ဧလံပြည်၊ မေသောပေါတာမိပြည်၊ ယုဒပြည်၊ ကပ္ပဒေါကိပြည်၊ ပုန္တုပြည်၊ အာရှိပြည်၊ 10ဖြူဂိပြည်၊ ပံဖုလိပြည်၊ အဲဂုတ္တုပြည်၊ ကုရေနေဗြို့နီး လိဗုနယ်ဟှ ဖြစ်ဟှယ်။ တချို့ဟှ ရောမဗြို့ဟှနေ ရော့‑က်လာဟှူ 11ယုဒလူမျိုးလေန ယုဒဘာသာဟှို ပ္လောန်းလဲလာဂေ့ဟှူ လူမျိုးခြားလေ ဖြစ်ဂေ့ဟှယ်။ နို့လေ တချို့ဟှ ကရေတေကျွန်းသားန အာရပ်ပြည်သားလေ ဖြစ်ဂေ့ဟှယ်။ အယ်ဘေမဲ့ အယ်လူလေဟှာ ဘုရားသခင်ရဲ့ အံ့ဩဘွယ်မှုတော်ဟှို နို့လေရဲ့ ဘာသာစကားန ပြောဇာဟှို နို့လေ ကြားရဂေ့ဟှယ်” ဆိုဘီး ပြောဂေ့ဟှယ်။ 12သူးနို့လေဟှ အံ့ဩတွေဝေဟှားဘီး “အယ်မူဇာဟှ ဖယ်မျိုးနူး” ဆိုဘီး ရှင်းရှင်းပြောနေဂေ့ဟှယ်။
13အယ်ဘေမဲ့ တခြားလူလေဟှ “အယ်လူလေဟှာ ရစ်မောနေဂေ့ဟှယ်” ဆိုဘီး ရယ်ဇားဂေ့ဟှယ်။
ပေတရုရဲ့ တရားစကားကြောန်း
14အယ်ဘီးန ပေတရုဟှာ တမန်တော် တဆယ့်တပါးန တူးဒူရပ်ဘီး က္လယ်ဟှူသံန “ယုဒမျိုးသားလေန ယေရုရှလင်ဗြို့မာ နေဟှူလူလေ အယ်မူဇာဟှို နန်းနို့ဟှို ပြောပြမယ်။ ငါ့စကားဟှို နားထောန်ဂေ့။ 15အယ်လူလေဟှာ နန်းနို့ထန်နေမျိုး ယစ်မောနေဇာ မှုဟှ။ ခုမှ မိုးလန်းကိုးနာရီဘဲ့ ရှိသေးဟှယ်။ 16အယ်မူဇာဟှာ ပရောဖက်ယောလ ဟောဟှားဇာ ဖြစ်ဟှယ်။ အယ်ပရောဖက်ဟှ”
17“ ‘ဘုရားသခင်ဟှ မိန့်တော်မူဟှယ်။ ငါဟှာ နော့‑က်ဆောင်း နေ့ရစ်လေမာ လူလေထတ်ဟှို ငါ့ရဲ့ ဝိညာဉ်တော်ဟှို လောန်းခ္လမယ်။
နန်းနို့ရဲ့ သားမီးလေဟှာ ငါ့ရဲ့ တရားတော်ဟှို ပရောဖက်ဉာဏ်န ဟောပြောဂေ့လေ့မယ်။
လူငယ်လေဟှာ ရူပါရောင်လေဟှို ဗြင်ရဂေ့လေ့မယ်။
ဖိုးသန်ဂီးလေဟှာ အိမတ်လေဟှို မတ်ဂေ့လေ့မယ်။
18ငါ့ရဲ့ စေခံ ယော့‑က်ကျားလေန မီးမလေထတ်ဟှို
ငါ့ရဲ့ ဝိညာဉ်တော်ဟှို လောန်းခ္လမယ်။
အယ်ဘီးဟှာ သူးနို့ဟှ ပရောဖက်ပြုဂေ့လေ့မယ်။
19ထတ်ကောန်းဂန်မာ နိမိတ်လတ်ခဏာလေန
အော့‑က်ရပ် မ္လေဂီးထတ်မာ
သွီး၊ မီးလျှံ၊ မီးခိုးလောင်းန အံ့ဩဘွယ်လေဟှို ငါပြမယ်။
20သခင်ဘုရားရဲ့ အံ့ဩဘွယ် ထူးမြတ်ဟှူနေ့ ရော့‑က်လာခန်မာ နေဟှာ မှောန်မိုက်ဟှားဘီး
လဟှလည်း သွီးမျိုးဘဲ့ နီဟှားလေ့မယ်။’ ”
21“‘အယ်ခီမာ ဘုရားသခင်ရဲ့ နာမတော်ဟှို အော်ခေါ်ဂေ့ဟှူ လူတိုင်းဟှာ
ကယ်တန်ရှင်းဟှို ခံရဂေ့လေ့မယ်။’ ”
22“ဣသရေလမျိုးသားလေ၊ အယ်စကားလေဟှို နားထောန်ဂေ့! ဘုရားသခင်ဟှာ နာဇရက်ဗြို့သား ယေရှုအားဖြင့် အံ့ဩဘွယ်လေန နိမိတ်လတ်ခဏာလေဟှို ပြတော်မူဟှယ်။ ကိုယ်တော်ဟှာ ဘုရားသခင်ရဲ့ ခွမ့်အာဏာန ပ္လဲ့ဝဟှူလူဖြစ်ဟှယ် ဆိုဇာဟှို ထန်းထန်ရှားရှားဟှာ သတ်သေပြဟှားဟှယ်။ အယ်မူဇာဟှာ နန်းနို့ရှေ့မာ ဖြစ်ဟှားဟှူကြောန့် နန်းနို့ ကိုယ်တိုင် သိရဂေ့ဟှယ်။ 23#မ ၂၇.၃၅; မာ ၁၅.၂၄; လု ၂၃.၃၃; ယော ၁၉.၁၈ဘုရားသခင်ဟှာ သူ့ရဲ့ကြံစည်တော်တိုင်း ယေရှုဟှို နန်းနို့ လတ်ထဲဟှို အပ်လိုက်ဟှယ်။ နန်းနို့ဟှ ကိုယ်တော့်ဟှို အဓမ္မလူလေလတ်န ကားစင်တန်ဘီး သတ်ဂေ့ဟှယ်။ 24#မ ၂၈.၅,၆; မာ ၁၆.၆; လု ၂၄.၅ အယ်ဘေမဲ့ ဘုရားသခင်ဟှ ကိုယ်တော့်ဟှို သေရှင်းတဂိုးဟှနေ လွတ်မြော့‑က်စေဘီး ထမြော့‑က်စေလေဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ သေမန်းဟှာ ကိုယ်တော့်ဟှို မြဲဒမ်း ခယ်နှောန်ဟှားဟှို့ ဖြစ်နိုင်ဟှ။ 25ဒါဝိဒ်ဟှ ကိုယ်တော်ကြောန်းဟှို၊”
“ ‘ငါဟှာ သခင်ဘုရားဟှို မြဲဒမ်း ဗြင်ရဟှယ်။
ကိုယ်တော်ဟှာ ငါ့ညာဖတ်မာ ရှိနေဟှူကြောန့် ငါမာ တောင်လှောက်ဇာ မှေ့ဟှ။
26အယ်ကြောန့် ငါ့စိနှလောင်းဟှာ ရွှင်လန်းနေဘီး
ငါ့ရဲ့ နှောက်ဟှာ ဝန်းသာရှင်းန ပ္လဲ့နေဟှယ်။
ငါ့ရဲ့ ကိုယ်ခန္ဓာဟှာ မျှော်လင့်ရှင်းထဲမာ ငြီသတ်နေမယ်။
27ဖြားဖြစ်ကြောန့်နူးဆိုဟှာ ကိုယ်တော်ဟှာ
ကျွန်တော်ဟှို မရဏာနိုင်ငံမာ ပစ်ဟှားဟှို့ မှုဟှ။
ကိုယ်တော်ရဲ့ သန့်ရှင်းဟှူ လူလေဟှို
သန်းခ္လိုင်းထဲမာ ပေါက်ပျစ်စေဟှို့ မှုဟှ။
28ကိုယ်တော်ဟှ ကျွန်တော်ဟှို သတ်ရှင်ဟှူလမ်းလေဟှို ပြပေးဟှယ်။
ကိုယ်တော်ဟှာ ကျွန်တော့်ဟှို ကိုယ်တော်ရဲ့ မျစ်မှော့‑က်တော်ထဲမာ ဝန်းသာဇာန ပ္လဲ့စေလေမယ်’ ” ဆိုဘီး ပြောဟှယ်။
29“ညီကိုလေ၊ နို့လေရဲ့ ဘိုးဘေး ဒါဝိဒ်မန်းဂီးကြောန်းဟှို နန်းနို့ဟှို ငါ ရှင်းရှင်းလန်းလန်းဟှား ပြောရှင်ဟှယ်။ သူဟှာ သေလွန်ဘီး သင်္ဂြိုဟ်ဇာဟှို ခံရဟှယ်။ သူ့ရဲ့ သန်းခ္လိုင်းဟှာ အယ်နေ့ထိ နို့လေနတူးဒူ ရှိသေးဟှယ်။ 30သူဟှာ ပရောဖက်ဖြစ်ဘီး သူ့ရဲ့ သားမ္လေးတယော့‑က်ဟှို သူ့ရဲ့ ပလ္လင်ထတ်မာ ထိုင်စေမယ် ဆိုဘီး ဘုရားသခင်ဟှ သူ့ဟှို သစ်စာပြုဘီး ဂဒိပေးဟှားကြောန်းဟှို သိဟှားဟှယ်။ 31နောင်ခါမာ ဘုရားသခင်ဟှ ဖယ်မျိုးလောက်မယ် ဆိုဇာဟှို သိဟှူကြောန့်” မေရှိယရဲ့ ထမြော့‑က်ရှင်းကြောန်းဟှို
“‘ကိုယ်တော့်ဟှို မရဏာနိုင်ငံမာ ပစ်ဟှားဟှ။
သူ့ရဲ့ ခန္ဓာဟှို သန်းခ္လိုင်းထဲမာ ပေါက်ပျစ်စေဟှို့ မှုဟှ’ ” ဆိုဘီး ကြိုတန်ပြောဟှားဟှယ်။
32ဘုရားသခင်ဟှ အယ်ယေရှုဟှို သေရာဟှနေ ထမြော့‑က်စေတော်မူဟှယ်။ နို့လေ ဂူလောင်းဟှာ အယ်ဖြစ်ပျစ်ရဲ့ သတ်သေဖြစ်ဂေ့ဟှယ်။ 33ကိုယ်တော်ဟှာ ဘုရားသခင်ရဲ့ ညာဖတ်မာ ချီးမြှင့်ဇာခံဘီးန ဂဒိပေးဟှားတိုင်း သန့်ရှင်းဟှူဝိညာဉ်တော်ဟှို ဖနားဟှနေ ခံယူလေဟှယ်။ ခု နန်းနို့လေ တွိဗြင်ဘီး ကြားသိဂေ့ဟှူ ဝိညာဉ်တော်ဟှို နို့လေထတ်ဟှို လောန်းခ္လလေဟှယ်။ 34ဒါဝိဒ်ဟှာ ကောန်းဂန်ဘောင်ဟှို တတ်ဟှားဇာ မှုဟှ။ အယ်ဘေမဲ့ သူဟှ၊
“ ‘ထာဝရဘုရားဟှ ငါ့သခင်ဟှို
35နန့်ရဲ့ ရန်သူလေဟှို နန့်ရဲ့ ခေတန်ခေါင်ဖြစ် ငါထားဟှားခီထိ
ငါ့ရဲ့ ညာဖတ်မာ ထိုင်နေပါ ဆိုဘီး မိန့်တော်မူဟှားဟှယ်’ ဆိုဘီး ပြောလေဟှယ်။”
36“အယ်ကြောန့် ဣသရေလလူမျိုး ဂူလောင်းဟှာ မေရှိယဖြစ်နရော၊ သခင်ဖြစ်နရော ဘုရားသခင် ခန့်ဟှားဟှူသူဟှို နန်းနို့ ကားစင်တန်လိုက်ဂေ့ဟှူ ယေရှုဘဲ့ဖြစ်ဟှယ် ဆိုဇာဟှို သေးသေချားချာဟှား သိမှတ်ဟှားဂေ့” ဆိုဘီး လူအောက်ဂီးဟှို ဟောလေဟှယ်။
37လူလေဟှာ အယ်စကားဟှို ကြားဂေ့ဟှူ ခီမာ ရရာတိုင်း စိသောက ဖြစ်ဟှားဂေ့ဘီး ပေတရုန တခြားတမန်တော်လေဟှို “ညီကိုလေ၊ နို့လေဟှ ဖယ်မျိုးလောက်ရဟှို့နူး” ဆိုဘီး မေးဂေ့ဟှယ်။
38ပေတရုဟှ “နန်းနို့ ပြစ်လေဟှို ခွမ့်လွှတ်ပေးဇာခံရဟှို့တွပ် နောန်ဒရဂေ့ဘီး ယေရှုခရစ်တော်ရဲ့ နာမန နန်းနို့ ယော့‑က်စီတိုင်း ဗတ္တိဇံဟှိုခံဂေ့။ အယ်ဆိုဟှာ နန်းနို့ဟှာ ဆုလတ်ဆောန်ဖြစ် သန့်ရှင်းဟှူဝိညာဉ်တော်ဟှို ရဂေ့လေ့မယ်။ 39ဖြားဖြစ်ကြောန့်နူးဆိုဟှာ ဘုရားသခင်ရဲ့ ဂဒိတော်ဟှာ နန်းနို့ တွပ်ရော၊ နန်းနို့ သားမီးလေတွပ်ရော၊ ဝီးမာရှိနေဟှူ လူလေတွပ်ရော ဖြစ်ဟှယ်။ တနည်းအားဖြင့်ဆိုဟှာ နို့လေရဲ့ ဘုရားသခင်ခေါ်ဟှားခံရဟှူ လူလေ ဂူလောင်းတွပ်လည်း ဖြစ်ဟှယ်” ဆိုဘီး သူးနို့ဟှို ပြောလေဟှယ်။
40ပေတရုဟှာ တခြားစကားဘောန်းဇောင်နလည်း တောန်းဗန်းဘီး “နန်းနို့ ကိုယ်တိုင် အယ်ဆိုးညစ်ဟှူ လူလေထတ်ဟှို ရော့‑က်လာမယ့် ပြစ်ဒန်ဟှနေ ကန်းလွတ်စေဂေ့” ဆိုဘီး သူးနို့ဟှို တိုက်တွန်းလေဟှယ်။ 41လူလေဘောင်ဂီးဟှ သူ့ရဲ့ တရားစကားဟှို ယောင်ကြည်ဂေ့ဘီး ဗတ္တိဇံခံဂေ့ဟှယ်။ အယ်နေ့မာ လူလေဟှာ ၃,၀၀၀ လော့‑က် တိုးပွားဟှားလေဟှယ်။ 42အယ်လူလေဟှာ တမန်တော်လေရဲ့ သွန်သန်ဇာဟှို ခံယူဂေ့ဘီး၊ မုဟှိုဖဲ့ဂေ့ဘီး၊ မိတ်သဟာယ ဖွဲ့ဂေ့ဘီးဟှာ ဆုတောန်းဇာလေနဘဲ့ ခီဟှို ကူစေဂေ့ဟှယ်။
ယောင်ကြည်သူလေရဲ့ သတ်ရှင်ရှင်းကြောန်း
43တမန်တော်လေဟှာ အံ့ဩဘွယ်ရာလေန နိမိတ်လတ်ခဏာလေဟှို ပြဂေ့ဟှူကြောန့် လူတိုင်းဟှာ ကြော့‑က်လန့်နေဂေ့ဟှယ်။ 44#တ ၄.၃၂–၃၅ ယောင်ကြည်သူလေဟှာ တစုဒဲနေဂေ့ဘီးဟှာ သူးနို့ရဲ့ အောက်စာလေဟှို ယော့‑က်နယော့‑က် ဝီမျှဂေ့ဟှယ်။ 45သူးနို့ရဲ့ အောက်စာလေန ပိုင်ဆိုင်ဇာလေဟှို ရောန်းဂေ့ဘီးဟှာ လိုအပ်ဟှူ လူလေဟှို ပေးဂေ့ဟှယ်။ 46သူးနို့ဟှာ နေ့တိုင်း ဗိမာန်တော်မာ စုနေဂေ့ဟှယ်။ သူးနို့ရဲ့ အီလေမာလည်း မုဟှိုဖဲ့ဂေ့ဘီး စေဒနာစိန ဝန်းသာအားရ စားဇာလေဟှို ဝီမျှဘီး စားဂေ့ဟှယ်။ 47သူးနို့ဟှာ ဘုရားသခင်ဟှို ချီးမွမ်းဘီး လူလေရှေ့မာလည်း မျစ်နှာသာ ရဂေ့ဟှယ်။ သခင်ဘုရားဟှလည်း ကယ်တန်ရှင်း ခံရဟှူလူလေဟှို နေ့တိုင်း တိုးပွားစေဟှယ်။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in